လူေတာ္ေတာ္မ်ားမ်ားဒုကၡေတြ႕ေနရတဲ့ လိမ္နည္းအသစ္တစ္ခု

လိမ်နည်း အသစ် တစ်ခုကြောင့် လူတော်တော်များများ ဒီကာလထဲ ဒုက္ခ တွေ့နေရပါတယ်။

လိမ်နည်းကတော့ ရိုးပါတယ် ဝင်ကြေး နှစ်ထောင်သွင်းပြီး facebook မှာ တစ်ရက်ကို post သုံးခု တင်ပေးတာနဲ့ တစ်ပတ်ကို ငါးထောင်ပြန်ရမယ်ဆိုပြီး လိမ်နေကြတာပါ။

သင်က လူတစ်ယောက်ကို ဒီအလုပ်လုပ်ဖို့ ထပ်ခေါ်ပေးနိုင်ရင် တစ်ထောင်ပေးပါတယ်လို့ ဆိုပါတယ်။

တစ်ထောင် ပေးတာကလဲ သင်ခေါ်လာတဲ့ လူဆီက တစ်ထောင်နူတ်ပြီး သက်ဆိုင်ရာ Messenger gp ရဲ့ admin ဆီကို တစ်ထောင် သွင်းရတာပါတဲ့။

အဲ့တော့ Gp admin တွေက အရှုံးမရှိပါဘူး။ Gp admin ကလဲ အနည်းဆုံး 18 ယောက်မက ရှိပါတယ်။

ကျနော့်သူငယ်ချင်း ခံလိုက်ရတဲ့ Gp မှာ ဆို Member ၆၀၀ ကျော်ရှိပါတယ်။ လူ ၆၀၀ ကို ငွေနှစ်ထောင်နူန်းနဲ့ တွက်ကြည့်ပါ။

ပြီးတော့ သူတို့က တစ်ပတ်ပြည့်တာနဲ့ gp admin နေရာတွေက ထွက်ပြီး gp ထဲက လူတွေချည်းချန်ထားခဲ့တာပါ။

ဒီလိမ်နည်းကြောင့် ဘယ်နှစ်ယောက် အလိမ်ခံရပြီးပြီလဲ မသိပါဘူး။

အကယ်၍ သင့်သူငယ်ချင်းက သင့်ကို ဒီအလုပ်လုပ်ဖို့ လာဆွယ်လို့ပိုက်ဆံ အလကားရတယ် နှစ်ထောင်ထဲနဲ့ ဘာမှမဖြစ်ပါဘူးလေ ဆိုပြီးတွေးမိရင် ရှည်ရှည်ဝေးဝေး မစဉ်းစားပါနဲ့

နှစ်သက်ရာ မုန့် ၂၀၀၀ ဖိုးသာ ပြေးဝယ်စားလိုက်ပါ။

အဲ့တာကမှ အကျိုး ရှိပါလိမ့်မယ်။

အလိမ်ခံရခြင်းမှ ကင်းဝေးပါစေ။

သင်ကြောင့်လဲ နောက်ထပ်လူတွေ ထပ်အလိမ်မခံရပါစေနဲ့။

Credit

Zawgyi

လိမ္နည္း အသစ္ တစ္ခုေၾကာင့္ လူေတာ္ေတာ္မ်ားမ်ား ဒီကာလထဲ ဒုကၡ ေတြ႕ေနရပါတယ္။

လိမ္နည္းကေတာ့ ႐ိုးပါတယ္ ဝင္ေၾကး ႏွစ္ေထာင္သြင္းၿပီး facebook မွာ တစ္ရက္ကို post သုံးခု တင္ေပးတာနဲ႔ တစ္ပတ္ကို ငါးေထာင္ျပန္ရမယ္ဆိုၿပီး လိမ္ေနၾကတာပါ။

သင္က လူတစ္ေယာက္ကို ဒီအလုပ္လုပ္ဖို႔ ထပ္ေခၚေပးႏိုင္ရင္ တစ္ေထာင္ေပးပါတယ္လို႔ ဆိုပါတယ္။

တစ္ေထာင္ ေပးတာကလဲ သင္ေခၚလာတဲ့ လူဆီက တစ္ေထာင္ႏူတ္ၿပီး သက္ဆိုင္ရာ Messenger gp ရဲ႕ admin ဆီကို တစ္ေထာင္ သြင္းရတာပါတဲ့။

အဲ့ေတာ့ Gp admin ေတြက အရႈံးမရွိပါဘူး။ Gp admin ကလဲ အနည္းဆုံး 18 ေယာက္မက ရွိပါတယ္။

က်ေနာ့္သူငယ္ခ်င္း ခံလိုက္ရတဲ့ Gp မွာ ဆို Member ၆၀၀ ေက်ာ္ရွိပါတယ္။ လူ ၆၀၀ ကို ေငြႏွစ္ေထာင္ႏူန္းနဲ႔ တြက္ၾကည့္ပါ။

ၿပီးေတာ့ သူတို႔က တစ္ပတ္ျပည့္တာနဲ႔ gp admin ေနရာေတြက ထြက္ၿပီး gp ထဲက လူေတြခ်ည္းခ်န္ထားခဲ့တာပါ။

ဒီလိမ္နည္းေၾကာင့္ ဘယ္ႏွစ္ေယာက္ အလိမ္ခံရၿပီးၿပီလဲ မသိပါဘူး။

အကယ္၍ သင့္သူငယ္ခ်င္းက သင့္ကို ဒီအလုပ္လုပ္ဖို႔ လာဆြယ္လို႔ပိုက္ဆံ အလကားရတယ္ ႏွစ္ေထာင္ထဲနဲ႔ ဘာမွမျဖစ္ပါဘူးေလ ဆိုၿပီးေတြးမိရင္ ရွည္ရွည္ေဝးေဝး မစဥ္းစားပါနဲ႔

ႏွစ္သက္ရာ မုန႔္ ၂၀၀၀ ဖိုးသာ ေျပးဝယ္စားလိုက္ပါ။

အဲ့တာကမွ အက်ိဳး ရွိပါလိမ့္မယ္။

အလိမ္ခံရျခင္းမွ ကင္းေဝးပါေစ။

သင္ေၾကာင့္လဲ ေနာက္ထပ္လူေတြ ထပ္အလိမ္မခံရပါေစနဲ႔။

Credit