အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့ အသက် 12နှစ်အရွယ် Rhiley Morrison အမည်ရှိတဲ့ကောင်လေးဟာ သံလိုက်အလုံးပေါင်း 54 ခုကိုမျိုချခဲ့တဲ့အတွက် အရေပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ် ။
ဖြစ်စဉ်ကတော့ Rhiley ဟာ မိခင်ဖြစ်သူကိူ မတော်တဆ သံလိုက် 2 လုံးမျိုချမိလိုက်ကြောင်း ပြောပြခဲ့ပါတယ် ။ မိခင်ကလည်း ဆေးရုံသို့ခေါ်ဆောင်သွားပြီး X-rays ရိုက်ကြည့်ခဲ့ချိန်မှာတော့ သံလိုက်အတော်များများကို မျိုချထားမှန်းတွေ့လိုက်ရပါတော့တယ် ။
ဆရာဝန်တွေက သံလိုက်အလုံပေါင်း 25 -30 ခုအထိ မျိုချထားတာလို့ ခန့်မှန်းထားပေမဲ့လည်း 6 နာရီကြာခွဲစိတ်ကုသမှု ခံယူအပြီးမှာတော့ သံလိုက်အလုံးပေါင်း 54 ခု မျိုချထားမှန်း သိခဲ့ရပါတယ် ။
မိခင်ရဲ့ပြောပြချက်အရ Rhiley ဟာ စိတ်ဝေဒနာရှင်လေးဖြစ်ပြီး ၊ အထီးကျန်စိတ်ဝေဒနာ ခံစားနေရသူပါ ။ သို့ပေမဲ့လည်း သိပ္ပံဘာသာရပ်ကို အတော်လေးစိတ်ဝင်စားပြီး ပြီးခဲ့တဲ့ ခရစ်စမတ်က
သံလိုက်နဲ့ပြုလုပ်ထားတဲ့အရုပ်မျိုး ဝယ်ပေးဖို့ မိခင်ကို ပူဆာခဲ့ဖူးပါတယ် ။ သို့ပေမဲ့လည်း သူ့ရဲ့မုန့်ဖိုးနဲ့နောက်ဆုံး အခုလို သံလိုက်အလုံးလေးတွေ ဝယ်ယူလာခဲ့တာပါ ။ ကလေးသဘာဝအရ စူးစမ်းလိုစိတ်တွေကြောင့် ယခုလိုအဖြစ်မျိုးကြုံတွေ့ခဲ့ရတာဖြစ်ကြောင်း မိခင်ကပြောပြခဲ့ပါတယ် ။ ခရက်ဒစ်
Zawgyi
အဂၤလန္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 12ႏွစ္အရြယ္ Rhiley Morrison အမည္႐ွိတဲ့ေကာင္ေလးဟာ သံလိုက္အလံုးေပါင္း 54 ခုကိုမ်ိဳခ်ခဲ့တဲ့အတြက္ အေရေပၚခြဲစိတ္ကုသမႈခံယူခဲ့ရပါတယ္ ။
ျဖစ္စဥ္ကေတာ့ Rhiley ဟာ မိခင္ျဖစ္သူကိူ မေတာ္တဆ သံလိုက္ 2 လံုးမ်ိဳခ်မိလိုက္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ မိခင္ကလည္း ေဆးရံုသို႔ေခၚေဆာင္သြားၿပီး X-rays ႐ိုက္ၾကည့္ခဲ့ခ်ိန္မွာေတာ့ သံလိုက္အေတာ္မ်ားမ်ားကို မ်ိဳခ်ထားမွန္းေတြ႔လိုက္ရပါေတာ့တယ္ ။
ဆရာဝန္ေတြက သံလိုက္အလံုေပါင္း 25 -30 ခုအထိ မ်ိဳခ်ထားတာလို႔ ခန္႔မွန္းထားေပမဲ့လည္း 6 နာရီၾကာခြဲစိတ္ကုသမႈ ခံယူအၿပီးမွာေတာ့ သံလိုက္အလံုးေပါင္း 54 ခု မ်ိဳခ်ထားမွန္း သိခဲ့ရပါတယ္ ။
မိခင္ရဲ႕ေျပာျပခ်က္အရ Rhiley ဟာ စိတ္ေဝဒနာ႐ွင္ေလးျဖစ္ၿပီး ၊ အထီးက်န္စိတ္ေဝဒနာ ခံစားေနရသူပါ ။ သို႔ေပမဲ့လည္း သိပၸံဘာသာရပ္ကို အေတာ္ေလးစိတ္ဝင္စားၿပီး ၿပီးခဲ့တဲ့ ခရစ္စမတ္က
သံလိုက္နဲ႔ျပဳလုပ္ထားတဲ့အ႐ုပ္မ်ိဳး ဝယ္ေပးဖို႔ မိခင္ကို ပူဆာခဲ့ဖူးပါတယ္ ။ သို႔ေပမဲ့လည္း သူ႔ရဲ႕မုန္႔ဖိုးနဲ႔ေနာက္ဆံုး အခုလို သံလိုက္အလံုးေလးေတြ ဝယ္ယူလာခဲ့တာပါ ။ ကေလးသဘာဝအရ စူးစမ္းလိုစိတ္ေတြေၾကာင့္ ယခုလိုအျဖစ္မ်ိဳးၾကံဳေတြ႔ခဲ့ရတာျဖစ္ေၾကာင္း မိခင္ကေျပာျပခဲ့ပါတယ္ ။ ခရက္ဒစ္