မင်္ဂလာပါ ပရိတ်သတ်ကြီးတို့ရေ အခြေအနေ ဆင်းရဲ မှု ချမ်းသာမှု ကွာခြင် ကွာပေမဲ့ မြန်မာ လူမျိုး အများစု ဟာတော့ သူတစ်ပါးအပေါ် ကူညီတတ်မှု တွေဟာ တော့ တစ်စိတ်တည်း
တစ်သားတည်းလို့ မြင်မိပါတယ်။အရမ်းကို စည်းလုံး လွန်းကြတဲ့ မြန်မာ ပြည်သူ တွေ အားလုံး ဒီမိုကရေစီ နဲ့ ထိုက်တန်တယ်လို့လဲမြင်မိပါတယ်။
လဲကျသူကို ဆွဲထူဖို့ ဒုက္ခရောက်နေသူ ကို ကူညီဖို့ စိတ်ဓာတ် တွေမှာတော့ မြန်မာ ပြည်သူ ပြည်သား အများစုဟာ ညီလွန်းကြပါတယ်
အခု ဖော်ပြ ပေးထားတဲ့ ပုံရိပ် လေးတွေ ထဲက ကိုရင်လေး နှစ်ပါး ဟာ ဆိုရင်တော့ ပြည်သူ တွေ အတွက် ထမင်းနဲ့ ဟင်း တွေကို လိုက်လံ ဝေငှ ပေးနေတာပဲ ဖြစ်ပါတယ်။
ပုံမှန် အရဆိုရင် လူသား တွေကပဲ ဗုဒ္ဓသား တော်တွေကို ဆွမ်းကပ် လှူကြ လေ့ ရှိကြတာပါ ဒီကိုရင် လေးတွေဟာ တော့ သူတို့ ဆွမ်းခံလို့ ရသမျှ ထမင်း နဲ့ ဟင်း တွေကို လိုက်လံ
ဝေငှ ပေး ခဲ့တာပဲ ဖြစ်ပါတယ် မနေ့က မတ်လ ၂၇ရက်နေ့သပိတ်စစ်ကြောင်း အပြီး မှာ ကိုရင် လေးတွေဟာ သူတို့ ဆွမ်းခံသမျှ ရရှိတဲ့ ဆွမ်းဟင်း ဆွမ်း ထမင်း တွေကို
ဝေငှ နေတာပဲ ဖြစ်ပါတယ်။အဆင်ပြေတဲ့ ပြည် သူ တွေ အိမ်က ဆွမ်းခံကာ အဆင်မပြေတဲ့ ပြည် သူတွေ ဆီကို ပြန်လည် ဝေငှ ခဲ့တာပါ။
ရပ်ကွက် ထဲမှပြည်သူတွေဟာလဲကြွပ်ကြွပ်အိတ်လေး တွေ နဲ့ အတူ ထွက် ယူ ကြတယ်လို့လဲ ရေးသား ထားပါသေးတယ်။တကယ့်ကို ကြည်နူး ဖို့ ကောင်းတဲ့ လုပ်ရပ် လေးပါပဲ။
အရာရာ မှာ စည်းလုံး လွန်း တဲ့ ကိုယ့်အတွက် ကိုကိုယ်မကြည့် အားလုံး အတွက်ကိုသာ ရှေးရှုကြတဲ့ ဒီလို လူ သားတွေ အတွက် ထိုက်တန်တဲ့
ဒီမိုကရေစီ အမြန် ရရှိပါစေနော် ဖတ်ရှုအားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံး သာယာတဲ့ နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပြီး ဘေး အန္တရာယ်များ ကင်းရှင်း ကြပါစေ။
Zawgyi