ည‌တိုင္းက်ီးၿပိဳ သံၾကားေနရတာ

ည‌တိုင်း ကျီးပြို သံကြားနေရတာ အဲ့ဒါကြောင့် ဗဟုသုတအနေနဲ့ တင်လိုက်တာပါနော်

ဘုန်းကြီး နဲ့ ခွေး မငတ်သေးဘူးခေတ်ပျက်ခြင်း/မပျက်ခြင်း နိမိတ်များ

ကြက်တွေ အိပ်တန်းမမှန်တော့ရင်။

ကျီးတွေ ညပိုင်းအော်ဟစ်ဆူညံကြရင်။

ခွေးတွေ နေ့/ည အူသံပေးရင်။

သေချာပီ ခေတ်ပျက်မယ်ဆိုတဲ့ နိမိတ်။

ပတ်ဝန်းကျင်ကိုသတိထားမိကြရဲ့လား ?

ကြက်တွေ အိပ်တန်းမှန်နေသေးရင်

ကျီးတွေ အရုဏ်မတက်ခင်မှာအသံကြားနေရရင်

ခွေးတွေ နေ့/ညရက်ဆက်အူသံမကြားရရင်

ခေတ်ဆိုတာမပျက်သေးဆိုတဲ့ နိမိတ်ပဲ။ ဒါကိုရှေးပညာရှိတွေက ခေတ်ပျက်ခြင်းနိမိတ် [ ၃ ]မျိုးဆိုပြီးကဗျာလေးစီထားခဲ့ကြပြန်တယ်။

ရော – ခွေး၊ ဒု – ကြက်၊ ဝဂ် – သတ်၊ တဲ့

ရော ခွေး -ဆိုတာက ရောဂန္တရ ရောဂါကပ်ဘေးကြီးတစ်ခုကျရောက်လာတော့မယ်ဆိုလျှင်တဲ့
နိမိတ်တစ်ခုအနေအားဖြင့် တစ်လောကလုံးမှာရှိကြတဲ့ခွေးတွေဟာ လမ်းမပေါ်ကိုထွက်ကြပြီး
နေ့/ညမပျက်အူနေကြသတဲ့။

ဒု ကြက် -ဆိုတာက ဒုဗ္ဘက္ခန္တရ ငတ်မွတ်ခေါင်းပါးခြင်းကပ်ကြီးတစ်ခု ကျရောက်တော့မယ်လျှင်တဲ့ နိမိတ်အားဖြင့် တစ်လောကလုံးမှာရှိကြတဲ့

ကြက်တွေဟာ အိပ်တန်းမမှန်ကြတော့သလို ကျီးတွေဟာလည်း နေ့/ညမပျက်အော်ဟစ်ပြီးတော့နေကြသတဲ့။

ဝဂ် သတ် -ဆိုတာက ဝဂ်ဆိုတာ ဝဂ္ဂ ဆိုတဲ့ပါဠိကနေလာတာ

အဓိပ္ပါယ်က အပေါင်းစု အဖွဲ့အစည်းဖြစ်သတဲ့ အဲဒီဝဂ္ဂဆိုတဲ့ အဖွဲ့အစည်းတွေ ။အသင်းတွေပေ့ါ တစ်ဖွဲ့တစ်ဖွဲ့နဲ့။တစ်သင်း နဲ့တစ်သင်း။ တစ်ရွာနဲ့တစ်ရွာ။ တစ်မြို့နဲ့တစ်မြို့။ ညီညွတ်ခြင်းတွေမရှိတော့ရင် ခိုက်ရန်ဒေါသတွေဖြစ်ပွားလာရင်။သတ္တန္တရ လက်နက်ကပ်ဘေးကြီးကျရောက်တော့မယ်ဆိုတာပါပဲ။

လမ်းမပေါ်တက်ပြီး ခွေးတွေ နေ့/ညမအူကြသေးဘူး။ကြက်တွေ အိပ်တန်းမှန်နေကြသေးသလို ကျီးတွေရဲ့အသံအရုဏ်မတက်ခင်ကြားရဆဲ။ တစ်မြို့နဲ့တစ်မြို့။တစ်တိုင်းနဲ့တစ်တိုင်း။
ညီညွတ်နေကြသေးတယ်။

ခေတ်ကြီးပျက်ရင် တဲ့ ဘုန်းကြီးနဲ့ခွေးပဲ အရင်ဆုံးငတ်မှာတဲ့လေ လက်ရှိအခြေနေထိတော့ တစ်ခြားသောထေရဝါဒနိုင်ငံရဟန်းဘုန်းကြီးတွေ ဆွမ်းကိစ္စအတွက်အခက်ခဲရှိတယ်လို့
မကြားရသေးသလို။

မြန်မာနိုင်ငံအတွင်းမှာ သီတင်းသုံးကြတဲ့ ဘုန်းကြီးသလီရှင်တွေလည်း ဆွမ်းကိစ္စတစ်ရပ်အခက်ခဲရှိတယ်လို့လည်း မကြားမိသေးပါဘူး ဒီလိုအားလုံး အဆင်ပြေနေတဲ့ပုံဆိုရင်ခေတ်မပျက်သေးပါဘူး အားတင်းထားကြစေလိုပါတယ်

မကြာခင်ကာလမှာ ဆေးကောင်းကောင်းနဲ့ ဒီရောဂါတွေကိုတိုက်ဖြတ်နိုင်ပါလိမ့်မယ် ယခုလက်ရှိအချိန်ခါကာလလေးမှာတော့

“လောဘကြောင့် ငတ်မွတ်ခေါင်းပါးခြင်းကပ် ကျရောက်လာတယ်ဆိုတာသိရင်”

“ဒေါသကြောင့် လက်နက်ဘေးကပ် ကျရောက်လာတယ်ဆိုတာသိရင်”

“မောဟကြောင့် ရောဂါကပ်ဘေးကြီး ကျရောက်လာတယ်ဆိုတာသိရင်”

အတက်နိုင်ဆုံး လောဘ ဒေါသ မောဟတွေကို ထိန်းသိမ်းကြရင်းနဲ့လောကကြီးအေးချမ်းလာစေဖို့မေတ္တာတရားများသာနေ့စဉ်ပွား၍နေထိုင်ကြစေလိုကြောင်း။ Crd to ဖန်ခါးမြေအရှင်

Zawgyi

ည‌တိုင္း က်ီးၿပိဳ သံၾကားေနရတာ အဲ့ဒါေၾကာင့္ ဗဟုသုတအေနနဲ႔ တင္လိုက္တာပါေနာ္

ဘုန္းႀကီး နဲ႔ ေခြး မငတ္ေသးဘူးေခတ္ပ်က္ျခင္း/မပ်က္ျခင္း နိမိတ္မ်ား

ၾကက္ေတြ အိပ္တန္းမမွန္ေတာ့ရင္။

က်ီးေတြ ညပိုင္းေအာ္ဟစ္ဆူညံၾကရင္။

ေခြးေတြ ေန႔/ည အူသံေပးရင္။

ေသခ်ာပီ ေခတ္ပ်က္မယ္ဆိုတဲ့ နိမိတ္။

ပတ္ဝန္းက်င္ကိုသတိထားမိၾကရဲ႕လား ?

ၾကက္ေတြ အိပ္တန္းမွန္ေနေသးရင္

က်ီးေတြ အ႐ုဏ္မတက္ခင္မွာအသံၾကားေနရရင္

ေခြးေတြ ေန႔/ညရက္ဆက္အူသံမၾကားရရင္

ေခတ္ဆိုတာမပ်က္ေသးဆိုတဲ့ နိမိတ္ပဲ။ ဒါကိုေရွးပညာရွိေတြက ေခတ္ပ်က္ျခင္းနိမိတ္ [ ၃ ]မ်ိဳးဆိုၿပီးကဗ်ာေလးစီထားခဲ့ၾကျပန္တယ္။

ေရာ – ေခြး၊ ဒု – ၾကက္၊ ဝဂ္ – သတ္၊ တဲ့

ေရာ ေခြး -ဆိုတာက ေရာဂႏၲရ ေရာဂါကပ္ေဘးႀကီးတစ္ခုက်ေရာက္လာေတာ့မယ္ဆိုလွ်င္တဲ့
နိမိတ္တစ္ခုအေနအားျဖင့္ တစ္ေလာကလုံးမွာရွိၾကတဲ့ေခြးေတြဟာ လမ္းမေပၚကိုထြက္ၾကၿပီး
ေန႔/ညမပ်က္အူေနၾကသတဲ့။

ဒု ၾကက္ -ဆိုတာက ဒုဗၻကၡႏၲရ ငတ္မြတ္ေခါင္းပါးျခင္းကပ္ႀကီးတစ္ခု က်ေရာက္ေတာ့မယ္လွ်င္တဲ့ နိမိတ္အားျဖင့္ တစ္ေလာကလုံးမွာရွိၾကတဲ့

ၾကက္ေတြဟာ အိပ္တန္းမမွန္ၾကေတာ့သလို က်ီးေတြဟာလည္း ေန႔/ညမပ်က္ေအာ္ဟစ္ၿပီးေတာ့ေနၾကသတဲ့။

ဝဂ္ သတ္ -ဆိုတာက ဝဂ္ဆိုတာ ဝဂၢ ဆိုတဲ့ပါဠိကေနလာတာ

အဓိပၸါယ္က အေပါင္းစု အဖြဲ႕အစည္းျဖစ္သတဲ့ အဲဒီဝဂၢဆိုတဲ့ အဖြဲ႕အစည္းေတြ ။အသင္းေတြေပ့ါ တစ္ဖြဲ႕တစ္ဖြဲ႕နဲ႔။တစ္သင္း နဲ႔တစ္သင္း။ တစ္႐ြာနဲ႔တစ္႐ြာ။ တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕။ ညီၫြတ္ျခင္းေတြမရွိေတာ့ရင္ ခိုက္ရန္ေဒါသေတြျဖစ္ပြားလာရင္။သတၱႏၲရ လက္နက္ကပ္ေဘးႀကီးက်ေရာက္ေတာ့မယ္ဆိုတာပါပဲ။

လမ္းမေပၚတက္ၿပီး ေခြးေတြ ေန႔/ညမအူၾကေသးဘူး။ၾကက္ေတြ အိပ္တန္းမွန္ေနၾကေသးသလို က်ီးေတြရဲ႕အသံအ႐ုဏ္မတက္ခင္ၾကားရဆဲ။ တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕။တစ္တိုင္းနဲ႔တစ္တိုင္း။
ညီၫြတ္ေနၾကေသးတယ္။

ေခတ္ႀကီးပ်က္ရင္ တဲ့ ဘုန္းႀကီးနဲ႔ေခြးပဲ အရင္ဆုံးငတ္မွာတဲ့ေလ လက္ရွိအေျခေနထိေတာ့ တစ္ျခားေသာေထရဝါဒႏိုင္ငံရဟန္းဘုန္းႀကီးေတြ ဆြမ္းကိစၥအတြက္အခက္ခဲရွိတယ္လို႔
မၾကားရေသးသလို။

ျမန္မာႏိုင္ငံအတြင္းမွာ သီတင္းသုံးၾကတဲ့ ဘုန္းႀကီးသလီရွင္ေတြလည္း ဆြမ္းကိစၥတစ္ရပ္အခက္ခဲရွိတယ္လို႔လည္း မၾကားမိေသးပါဘူး ဒီလိုအားလုံး အဆင္ေျပေနတဲ့ပုံဆိုရင္ေခတ္မပ်က္ေသးပါဘူး အားတင္းထားၾကေစလိုပါတယ္

မၾကာခင္ကာလမွာ ေဆးေကာင္းေကာင္းနဲ႔ ဒီေရာဂါေတြကိုတိုက္ျဖတ္ႏိုင္ပါလိမ့္မယ္ ယခုလက္ရွိအခ်ိန္ခါကာလေလးမွာေတာ့

“ေလာဘေၾကာင့္ ငတ္မြတ္ေခါင္းပါးျခင္းကပ္ က်ေရာက္လာတယ္ဆိုတာသိရင္”

“ေဒါသေၾကာင့္ လက္နက္ေဘးကပ္ က်ေရာက္လာတယ္ဆိုတာသိရင္”

“ေမာဟေၾကာင့္ ေရာဂါကပ္ေဘးႀကီး က်ေရာက္လာတယ္ဆိုတာသိရင္”

အတက္ႏိုင္ဆုံး ေလာဘ ေဒါသ ေမာဟေတြကို ထိန္းသိမ္းၾကရင္းနဲ႔ေလာကႀကီးေအးခ်မ္းလာေစဖို႔ေမတၱာတရားမ်ားသာေန႔စဥ္ပြား၍ေနထိုင္ၾကေစလိုေၾကာင္း။ Crd to ဖန္ခါးေျမအရွင္