ေဟတုပစၥေယာ တစ္လုံးတည္းျဖင့္ ဘဝကူးေကာင္းခဲ့သူ

မိုးညှင်းဆရာတော်ကြီးကျောင်းကို ဥပုသ်စောင့်လာတဲ့ အထဲက စာမတတ် ပေမတတ် ဆင်းရဲနွမ်းပါးတဲ့ အဖွားအိုကြီးတစ်ယောက် က ဆရာတော် ကြီးကို ပုတီးစိပ် သင် ပေးဖို့ လျှောက်ထားသတဲ့

ဒီတော့ ဆရာတော်ကြီးက အဖွားကြီး စာကလည်း မတတ် ဉာဏ်ကလည်း ထိုင်းမယ့်ပုံဆိုတော့ ထွေထွေထူးထူး ပြောမနေတော့ဘူး ဟေတုပစ္စယော စိပ်လို့မိန့်ကြား တော်မူလိုက်ပါသတဲ့

အဲဒီအခါ အဖွားကြီးအိုက အချိန်ရှိသမျှ ဟေတုပစ္စယော ဟေတုပစ္စယော လို့ ရွတ်နေတော့တာပါပဲ ဥပုသ်စောင့်သွားရင် ပုတီးက လေး တချောက် ချောက်နဲ့ ဟေတု ပစ္စယော ဟေတုပစ္စယော အိမ်မှာ ထမင်းချက်ရင်လည်း ဟေတုပစ္စယော ဟေတုပစ္စယော ဟင်းရွက်ခူးသွား ထင်းချိုးသွားလည်း ဒီဟေ တုပစ္စယော ပဲ ရွတ်နေတော့ တာပါပဲတဲ့

ကြာတော့ အဖွားအိုကြီးဟာ သူ့နာမယ်အရင်း ပျောက်သွားပြီး ဒေါ်ဟေတု လို့ိတောင်မှ ခေါ်ကြပါသတဲ့ ခေါ်တာတော့ နောက်ပြောင်ပြီးတော့ ခေါ်တာပါသူများတွေ ဝိပဿနာတရားတွေကို ရွတ်နေ ပြောနေကြတဲ့အချိန်မှာ ဒီအဖွားအိုကြီးက ဟေတုပစ္စယော တစ်လုံးတည်း ရွတ်နေ တော့ အထင်သေး အမြင်သေးနဲ့ ဒေါ်ဟေတု လို့ နှိမ်ပြီးတော့ ခေါ်ကြတာပါပဲ

အဖွားအိုကလည်း ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်ပါဘူး ဆရာတော်ကြီးကိုယ်တိုင်က စိပ်ခိုင်းထာတာဆိုတော့ယုံယုံကြည်ကြည်နဲ့ပဲစိပ်နေတာပါတစ်နေ့တော့ ပရိသတ်ရေ အသက်အတိုင်း နေကြတာဆိုတော့ ဒေါ်ဟေတုကြီး ကွယ်လွန်သွားပါလေရော ဒေါ်ဟေတုကြီး ကွယ်လွန်သွားတော့ ဆင်းရဲသား တစ်ကောင်ကြွက်မို့အ ရပ်က ဝိုင်းပြီးတော့ သဂြိုဟ်လိုက်ကြရရှာပါသတဲ့

ဒေါ်ဟေတုကြီး ဆုံးတဲ့အချိန်မှာ မိုးညှင်းဆရာတော်ကြီးက မုံရွာ သမ္ဖုဒ္ဓေမှာ မရှိဘူး ဆရာတော်ကြီးက အောက်ပြည်အောက်ရွာမှာ တစ်ဆောင်းလုံးတစ်နွေလုံးလှည့် ပြီးတော့ တရားဟောတော်မူတာ ဝါဆိုခါနားနီးတော့မှပဲ ကျောင်းကို ပြန်ကြွတော်မူတာ

ဆရာတော်ကြီး ကျောင်းကို ပြန်ရောက်လာတော့ ဒေါ်ဟေတုကြီးဆုံးတာ နှစ်လ သုံးလ ကြာသွားပြီရောက်ရောက်ချင်းလည်းဆရာတော်ကြီးကိုဘယ်သူကမှဒေါ်ဟေ တု ကြီး ဆုံးတဲ့အကြောင်း မလျှောက်မိကြဘူး

ဆင်းရဲနွမ်းပါးတဲ့သူဆိုတော့လည်း မေ့မေ့ပျောက်ပျောက်နဲ့ နေကြတာပါပဲ ဆရာတော်ကြီးကလည်း သမ္ဗုဒ္ဓေဘုရားကြီး တည်တဲ့ကိစ္စ ပဋ္ဌာန်း ဝိပဿနာ တရား ပြတဲ့ ကိ စ္စတွေနဲ့ မအားမလပ်မို့

ဒေါ်ဟေတု ပျောက်နေတာကိုလည်း တော်တော်နဲ့ သတိမထားမိဘူးပေါ့ ဆရာတော်ကြီး သတိထားမိတဲ့ တစ်နေ့မှာ-ဟဲ့ဒေါ်ဟေတု ကြီးတစ်ယောက် မမြင်ပါလားဆုံး သွား တာ ကြာပေါ့ ဆရာတော် အောက်ပိုင်းကို ကြွနေတုန်းကတည်းကပါပဲ

နင်တို့ ဘယ်လို သဂြိုဟ်လိုက်ကြတုန်းရွာထုံးစံ ရပ်ထုံးစံပေါ့ဘုရား ဒီလိုပဲ ဝိုင်းပြီးတော့ မြေမြုပ်သဂြိုဟ်လိုက်ကြတာပါပဲဘုရား ဟဲ့သူတော်ကောင်းမကြီးကွယ့်ဒီလို မလုပ်ကောင်းဘူး ပြန်ဖော်ကြ ပြန်ဖော်ကြ လို့ အမိန့်ရှိတော့ ဆရာတော်ကြီး အမိန့်မို့ မလှနျဆနျရဲတာနဲ့ဲ ပြန်ဖော်ကြရတာပေါ့

ဒေါ်ဟေတုအလောင်းကို ပြန်ဖော်လိုက်တော့ ပရိသတ်ရေ နှစ်လကျော် သုံးလလောက်တောင် ကြာပြီ အရိုးတောင်ဆွေးလောက်ပြီထင်ရတဲ့ ဒေါ်ဟေတုကြီးဟာ အ ကောင်မပျက် ရုပ်မပျက် မပုပ်မသိုးဘဲနဲ့

အသားအရေတွေ ဝါဝင်းလို့ အကောင်းပကတိအတိုင်း စိုစိုပြေပြေ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပါပဲတဲ့ ဒေါ်ဟေတုအတွက် မိုးညှင်း ဆရာတော် ကြီးက ဦးစီးပြီး တော့ သံဃာတော်တွေ အများကြီးပင့်ပြီး ဈာပနပွဲ စည်စည်ကားကားနဲ့ သဂြိုဟ်ကြပြန်ပါသတဲ့ ဒီတော့ ပရိသတ်ရေ ဟေတုပစ္စယော တစ်လုံးတည်း စိပ်တာ နဲ့တင် သေလွန်တဲ့အခါမှာတောင် မပုပ်မသိုး ရှိတယ်ဆိုတာဟာ လက်တွေ့သာဓက တစ်ခုပါပဲ

ဒီတော့ ၂၄- ပစ္စည်းတော့ ရကြမှာပါ ဒေါ်ဟေတုထက်တော့ ဉာဏ်ကောင်းကြမှာပါ ၂၄-ပစ္စည်း ရွတ်ကြပါ အသိဉာဏ် မရှိရှာတဲ့ ဒေါ်ဟေတုထက်ပိုပြီးတော့အားထုတ် ကြပါ

လောလော ဆယ် တရားချစ်ခင်သူတော်စင်တွေ နိဗ္ဗာန်ရောက်ဖို့ဆိုတာ အသာထားလိုက်ကြပါဦး ရုပ်တွေ နာမ်တွေ သစ္စာ လေးပါတွေ ပညတ် ပရမတ်တွေ နောက်မှ ပြောကြရအောင်ပါ အန္တရာယ်ကင်းဖို့ိရယ် ချမ်းသာဖို့ရယ်က ခုလောလောဆယ်မှာ ပိုပြီး အရေးကြီးတယ်

အန္တရာယ်ကင်းပြီ ချမ်းသာပြီဆိုတော့မှ အမျိုးဘာသာ သာသနာကောင်းကျိုးတွေရော နိဗ္ဗာန်ရောက်ကြောင်းတွေပါလုပ်နိုင်ကြမှာပေါ့ပဋ္ဌာန်းရွတ်ရင်ဘယ်လိုကောင်း ကျိုးတွေရမယ်ဆိုတဲ့

အကျိုးကျေးဇူးရှိပုံ သာဓက သက်သေတွေကို နိကာယ်ငါးရပ် ပိဋကသုံးပုံထဲက အကြောင်းအရာတွေကိုမပြောဘဲ ယခုပစ္စုပ္ပန် လက်တွေ့သာဓကလေး တွေကိုချည်း ပဲ ဦးဇင်း ပြောပြသွားပါ့မယ်။

အရှင်အာစာရာလင်္ကာရ(စစ်ကိုင်း ရွှေဟင်္သာ)

မူရင်း ခရက်ဒစ်

Zawgyi

မိုးညႇင္းဆရာေတာ္ႀကီးေက်ာင္းကို ဥပုသ္ေစာင့္လာတဲ့ အထဲက စာမတတ္ ေပမတတ္ ဆင္းရဲႏြမ္းပါးတဲ့ အဖြားအိုႀကီးတစ္ေယာက္ က ဆရာေတာ္ ႀကီးကို ပုတီးစိပ္ သင္ ေပးဖို႔ ေလွ်ာက္ထားသတဲ့

ဒီေတာ့ ဆရာေတာ္ႀကီးက အဖြားႀကီး စာကလည္း မတတ္ ဉာဏ္ကလည္း ထိုင္းမယ့္ပုံဆိုေတာ့ ေထြေထြထူးထူး ေျပာမေနေတာ့ဘူး ေဟတုပစၥေယာ စိပ္လို႔မိန္႔ၾကား ေတာ္မူလိုက္ပါသတဲ့

အဲဒီအခါ အဖြားႀကီးအိုက အခ်ိန္ရွိသမွ် ေဟတုပစၥေယာ ေဟတုပစၥေယာ လို႔ ႐ြတ္ေနေတာ့တာပါပဲ ဥပုသ္ေစာင့္သြားရင္ ပုတီးက ေလး တေခ်ာက္ ေခ်ာက္နဲ႔ ေဟတု ပစၥေယာ ေဟတုပစၥေယာ အိမ္မွာ ထမင္းခ်က္ရင္လည္း ေဟတုပစၥေယာ ေဟတုပစၥေယာ ဟင္း႐ြက္ခူးသြား ထင္းခ်ိဳးသြားလည္း ဒီေဟ တုပစၥေယာ ပဲ ႐ြတ္ေနေတာ့ တာပါပဲတဲ့

ၾကာေတာ့ အဖြားအိုႀကီးဟာ သူ႔နာမယ္အရင္း ေပ်ာက္သြားၿပီး ေဒၚေဟတု လို႔ိေတာင္မွ ေခၚၾကပါသတဲ့ ေခၚတာေတာ့ ေနာက္ေျပာင္ၿပီးေတာ့ ေခၚတာပါသူမ်ားေတြ ဝိပႆနာတရားေတြကို ႐ြတ္ေန ေျပာေနၾကတဲ့အခ်ိန္မွာ ဒီအဖြားအိုႀကီးက ေဟတုပစၥေယာ တစ္လုံးတည္း ႐ြတ္ေန ေတာ့ အထင္ေသး အျမင္ေသးနဲ႔ ေဒၚေဟတု လို႔ ႏွိမ္ၿပီးေတာ့ ေခၚၾကတာပါပဲ

အဖြားအိုကလည္း ဘယ္သူေတြ ဘာေျပာေျပာ ဂ႐ုမစိုက္ပါဘူး ဆရာေတာ္ႀကီးကိုယ္တိုင္က စိပ္ခိုင္းထာတာဆိုေတာ့ယုံယုံၾကည္ၾကည္နဲ႔ပဲစိပ္ေနတာပါတစ္ေန႔ေတာ့ ပရိသတ္ေရ အသက္အတိုင္း ေနၾကတာဆိုေတာ့ ေဒၚေဟတုႀကီး ကြယ္လြန္သြားပါေလေရာ ေဒၚေဟတုႀကီး ကြယ္လြန္သြားေတာ့ ဆင္းရဲသား တစ္ေကာင္ႂကြက္မို႔အ ရပ္က ဝိုင္းၿပီးေတာ့ သၿဂိဳဟ္လိုက္ၾကရရွာပါသတဲ့

ေဒၚေဟတုႀကီး ဆုံးတဲ့အခ်ိန္မွာ မိုးညႇင္းဆရာေတာ္ႀကီးက မုံ႐ြာ သမၹဳေဒၶမွာ မရွိဘူး ဆရာေတာ္ႀကီးက ေအာက္ျပည္ေအာက္႐ြာမွာ တစ္ေဆာင္းလုံးတစ္ေႏြလုံးလွည့္ ၿပီးေတာ့ တရားေဟာေတာ္မူတာ ဝါဆိုခါနားနီးေတာ့မွပဲ ေက်ာင္းကို ျပန္ႂကြေတာ္မူတာ

ဆရာေတာ္ႀကီး ေက်ာင္းကို ျပန္ေရာက္လာေတာ့ ေဒၚေဟတုႀကီးဆုံးတာ ႏွစ္လ သုံးလ ၾကာသြားၿပီေရာက္ေရာက္ခ်င္းလည္းဆရာေတာ္ႀကီးကိုဘယ္သူကမွေဒၚေဟ တု ႀကီး ဆုံးတဲ့အေၾကာင္း မေလွ်ာက္မိၾကဘူး

ဆင္းရဲႏြမ္းပါးတဲ့သူဆိုေတာ့လည္း ေမ့ေမ့ေပ်ာက္ေပ်ာက္နဲ႔ ေနၾကတာပါပဲ ဆရာေတာ္ႀကီးကလည္း သမၺဳေဒၶဘုရားႀကီး တည္တဲ့ကိစၥ ပ႒ာန္း ဝိပႆနာ တရား ျပတဲ့ ကိ စၥေတြနဲ႔ မအားမလပ္မို႔

ေဒၚေဟတု ေပ်ာက္ေနတာကိုလည္း ေတာ္ေတာ္နဲ႔ သတိမထားမိဘူးေပါ့ ဆရာေတာ္ႀကီး သတိထားမိတဲ့ တစ္ေန႔မွာ-ဟဲ့ေဒၚေဟတု ႀကီးတစ္ေယာက္ မျမင္ပါလားဆုံး သြား တာ ၾကာေပါ့ ဆရာေတာ္ ေအာက္ပိုင္းကို ႂကြေနတုန္းကတည္းကပါပဲ

နင္တို႔ ဘယ္လို သၿဂိဳဟ္လိုက္ၾကတုန္း႐ြာထုံးစံ ရပ္ထုံးစံေပါ့ဘုရား ဒီလိုပဲ ဝိုင္းၿပီးေတာ့ ေျမျမဳပ္သၿဂိဳဟ္လိုက္ၾကတာပါပဲဘုရား ဟဲ့သူေတာ္ေကာင္းမႀကီးကြယ့္ဒီလို မလုပ္ေကာင္းဘူး ျပန္ေဖာ္ၾက ျပန္ေဖာ္ၾက လို႔ အမိန္႔ရွိေတာ့ ဆရာေတာ္ႀကီး အမိန္႔မို႔ မလွန်ဆန်ရဲတာနဲ႔ဲ ျပန္ေဖာ္ၾကရတာေပါ့

ေဒၚေဟတုအေလာင္းကို ျပန္ေဖာ္လိုက္ေတာ့ ပရိသတ္ေရ ႏွစ္လေက်ာ္ သုံးလေလာက္ေတာင္ ၾကာၿပီ အ႐ိုးေတာင္ေဆြးေလာက္ၿပီထင္ရတဲ့ ေဒၚေဟတုႀကီးဟာ အ ေကာင္မပ်က္ ႐ုပ္မပ်က္ မပုပ္မသိုးဘဲနဲ႔

အသားအေရေတြ ဝါဝင္းလို႔ အေကာင္းပကတိအတိုင္း စိုစိုေျပေျပ လတ္လတ္ဆတ္ဆတ္ ရွိေနတုန္းပါပဲတဲ့ ေဒၚေဟတုအတြက္ မိုးညႇင္း ဆရာေတာ္ ႀကီးက ဦးစီးၿပီး ေတာ့ သံဃာေတာ္ေတြ အမ်ားႀကီးပင့္ၿပီး ဈာပနပြဲ စည္စည္ကားကားနဲ႔ သၿဂိဳဟ္ၾကျပန္ပါသတဲ့ ဒီေတာ့ ပရိသတ္ေရ ေဟတုပစၥေယာ တစ္လုံးတည္း စိပ္တာ နဲ႔တင္ ေသလြန္တဲ့အခါမွာေတာင္ မပုပ္မသိုး ရွိတယ္ဆိုတာဟာ လက္ေတြ႕သာဓက တစ္ခုပါပဲ

ဒီေတာ့ ၂၄- ပစၥည္းေတာ့ ရၾကမွာပါ ေဒၚေဟတုထက္ေတာ့ ဉာဏ္ေကာင္းၾကမွာပါ ၂၄-ပစၥည္း ႐ြတ္ၾကပါ အသိဉာဏ္ မရွိရွာတဲ့ ေဒၚေဟတုထက္ပိုၿပီးေတာ့အားထုတ္ ၾကပါ

ေလာေလာ ဆယ္ တရားခ်စ္ခင္သူေတာ္စင္ေတြ နိဗၺာန္ေရာက္ဖို႔ဆိုတာ အသာထားလိုက္ၾကပါဦး ႐ုပ္ေတြ နာမ္ေတြ သစၥာ ေလးပါေတြ ပညတ္ ပရမတ္ေတြ ေနာက္မွ ေျပာၾကရေအာင္ပါ အႏၲရာယ္ကင္းဖို႔ိရယ္ ခ်မ္းသာဖို႔ရယ္က ခုေလာေလာဆယ္မွာ ပိုၿပီး အေရးႀကီးတယ္

အႏၲရာယ္ကင္းၿပီ ခ်မ္းသာၿပီဆိုေတာ့မွ အမ်ိဳးဘာသာ သာသနာေကာင္းက်ိဳးေတြေရာ နိဗၺာန္ေရာက္ေၾကာင္းေတြပါလုပ္ႏိုင္ၾကမွာေပါ့ပ႒ာန္း႐ြတ္ရင္ဘယ္လိုေကာင္း က်ိဳးေတြရမယ္ဆိုတဲ့

အက်ိဳးေက်းဇူးရွိပုံ သာဓက သက္ေသေတြကို နိကာယ္ငါးရပ္ ပိဋကသုံးပုံထဲက အေၾကာင္းအရာေတြကိုမေျပာဘဲ ယခုပစၥဳပၸန္ လက္ေတြ႕သာဓကေလး ေတြကိုခ်ည္း ပဲ ဦးဇင္း ေျပာျပသြားပါ့မယ္။

အရွင္အာစာရာလကၤာရ(စစ္ကိုင္း ေ႐ႊဟသၤာ)

မူရင္း ခရက္ဒစ္