ဦးေခါင္းေဆးမဂၤလာ ေအာင္ေၾကာင္းျဖာ

၁၇.၄.၂၀၂၁ နေ့ဟာမြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါတယ် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်သို့ကူးပြောင်းသော နှစ်ဆန်းတစ်ရက်နေ့မှစတင်၍ တစ်နှစ်တာ ကာလပတ်လုံး ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံစေရန်ဘုန်းတန်ခိုးတက်စေရန်၊ ကျန်းမာချမ်းသာစေရန်၊ ကံပွင့်လာဘ်ပွင့်စေရန်၊

ကြံစည်သမျှအောင်မြင်တိုးတက်စေရန်ရတနာဥစ္စာစည်းစိမ်ပွားများစေရန်၊ ဘေးအပေါင်းရန်အပေါင်းမှ ကင်းဝေးစေရန်ရှေးဆရာကြီးများ စီစဉ်ညွှန်ကြားအပ်သောခေါင်းဆေးမင်္ဂလာမင်္ဂလာ နှစ်ဦးယတြာ အစီအရင်ကို ( ၇ ) ရက် သား သမီးများအတွက် အန္တရယ်ကင်း ဘေးရှင်းပြီး ကောင်းကြိုးသုခရရှိစေရန် မေတ္တာရှေ့ထားတင်ပြ ပေးလိုက် ပါသည်။

၁၇.၄.၂၀၂၁ စနေနေ့ (နှစ်ဆန်းတရက်နေ့)မှာ နေ့သားအလိုက်အချိန်ကောင်းများ

တနင်္ဂနွေ သားသမီးများ နံနက် ၉နာရီမှ ၁၀နာရီခွဲအတွင်း နေ့လည် ၁နာရီခွဲမှ ၃နာရီအတွင်း

တနင်္လာ သားသမီးများ နံနက် ၇နာရီခွဲမှ ၉နာရီ အတွင်း နံနက် ၁၀နာရီခွဲမှ ၁၂နာရီအတွင်း

အင်္ဂါသားသမီးများ နံနက်၇နာရီခွဲမှ ၉နာရီ အတွင်း နေ့လည်၁၂နာရီမှ ၁နာရီခွဲအတွင်း

ဗုဒ္ဓဟူးနှင့် ရာဟုသားသမီးများ နံနက်၉နာရီမှ ၁၀နါရီခွဲအတွင်း နေ့လည် ၁၂နာရီမှ ၁နာရီခွဲအတွင်း

ကြာသပတေး သားသမီးများ နံနက်၁၀နါရီခွဲမှ ၁၂နာရီအတွင်း နေ့လည်၁နာရီခွဲမှ ၃နာရီအတွင်း

သောကြာ သားသမီးများ နံနက် ၇နာရီခွဲမှ ၉နာရီအတွင်း နံနက်၁၀နာရီခွဲမှ ၁၂နာရီအတွင်း

စနေ သားသမီးများ နံနက်၉နာရီမှ ၁၀နါရီခွဲအတွင်း နေ့လည် ၁၂နာရီမှ ၁နာရီခွဲအတွင်း

ထိုအချိန်များ တစ်ချိန်မမှီတစ်ချိန် ပြုလုပ်ဆောင်ရွက်နိုင်ပါသည် ။

လိုအပ်သောပစ္စည်းများကိုကြိုတင်စီစဉ်ထားရန်

ဆောင်ပန်းများကိုကြွေပုဂံပန်းတစ်ချပ်ထဲထည့်၍အမြင့်တစ်နေရာတွင်ထားပါ နင်းကြမ်းအရွက်အလက်များလင်ပန်းထဲတွင်စုထည့်ပြီးကို ရေသန့်ဘူးဘေးမှာချထားပါ ။

ရေသန့်တစ်ပုံးထားပါ တရော်ကင်ပွန်းခေါင်းလျှော်ရည်ကို ငွေဖလားတစ်လုံးဖြင့်သက်သက် ထည့်ထားပါ။( ငွေဖလားမရှိပါက ကော်ဖလားသုံးပါ ) ဖလားထဲတွင်အမွှေးနံ့သာရည်ကိုရောစပ်တွဲဖတ်ပြီးသုံးစွဲနိုင်သည်။

ဦးခေါင်းဆေးမင်္ဂလာဆောင်ရွက်ပုံ
အထက်တွင်ဖော်ပြပေးထားသောနေ့သား အလိုက် မင်္ဂလာအချိန်ကျရောက်သော အခါတွင် ပြုလုပ် ဆောင်ရွက်မည့်သူသည် သန်ပြန့်သန့်ရှင်းသောနေရာတွင် မျက်နှာမူရမည့်အရပ်ကို မျက်နှာမူ၍ ထိုင်ပါ။

နင်းကြမ်းအရွက်အလက်များကို ခြေနှစ်ဖက်ဖြင့်စုံနင်း၍ထားပါ ဆောင်ပန်းထည့်ထားသော ကြွေပုဂံပန်းကိုရှေ့မှာခံ၍ဦးခေါင်းလျှော်ချပါ ပြီးလျှင် မျက်နှာမူထားသော အရပ်ကို ၎င်းကြွေပုဂံပန်းကိုကိုယ်တိုင်ယူသွားပြီး ကြွေပုဂံထဲမှ ဆောင်ပန်းများကိုအမြင့်တစ်နေရာတွင် စွန့်ပစ်ပါ။

နင်းကြမ်းအရွက်အလက်များကို နင်းကြမ်းစွန့်ပစ်ရမည့်အရပ်နေရာတွင် ခပ်ဝေးဝေးလေး သွား စွန့်ပစ်ပေးပါ ဦးခေါင်းကိုရေသန့်ဖြင့် လောင်းချပြီးတရော်ကင်ပွန်းရေသန့်ဖြင့် ခေါင်းလျှော်ပါ။

ရေမိုးချိုးလိုက ချိုးနိုင်သော်လည်း ထိုနေ့အတွက် နောက်ထက် ထပ်မံ၍ခေါင်းလျှော်စရာမလိုတော့ဘဲ ခေါင်းမှ ရေများကို သန့်ပြန့်သောပုဝါဖြင့်သုတ်ပါ။

သန့်ရှင်းစင်ကြယ်သောအဝတ်အစားများ ဝတ်ဆင်၍ ဘုရားရှေ့တွင်ဘုရားရှိခိုးသီလခံယူခြင်းများဆောင်ရွက်ပြီးထိုနေ့အတွက် ကောင်းမှုကုသိုလ်တတ်နိုင်သမျှများများပြုပေးပါ ခေါင်းဆေးခြင်းမင်္ဂလာ အောင်မြင်ပြီ ဖြစ်ပါသည် ။

တနင်္ဂနွေသားသမီးများ ဆောင်ပန်း + မေမြို့ ( ၅ )ပွင့် ကံကော်( ၂ )ညွှန့် သပြေ( ၆ ) ညွှန့် နင်းကြမ်း + ဇီး( ၃ )ညွှန့် ဒန်း( ၇ )ညွှန့် ဝါး ( ၄ ) ညွှန့် မျက်နှာမူရာအရပ် + အနောက်ရပ် နင်းကြမ်းများစွန့်ပစ်ရာအရပ် တောင်အရပ်တွင်စွန့် ပြစ်ပါ ။

တနင်္လာသားသမီးများ ဆောင်ပန်း + သပြေ ( ၆ )ညွှန့် ဇီး ( ၃ )ညွှန့် ဒန်း ( ၇ )ညွှန့် နင်းကြမ်း + ပျဉ်းတော်သိမ် ( ၅ )ညွှန့် အုန်း ( ၁ )ညွှန့် ဝါး ( ၄ ) ညွှန့် မျက်နှာမူရာအရပ်+ အနောက်မြောက် နင်းကြမ်းစွန့်ပစ်ရာအရပ် + အနောက် တောင်အရပ်

အင်္ဂါသားသမီးများ ဆောင်ပန်း + အုန်း ( ၁ )ညွှန့် ရွက်လှ ( ၄ ) ညွှန့် ဒန်း ( ၇ ) ညွှန့် နင်းကြမ်း + သီဟို ( ၆ ) ညွှန့် ကြံ ( ၂ ) ညွှန့် ပျဉ်းတော်သိမ် ( ၅ ) ညွှန့် မျက်နှာမူရာအရပ် + မြောက် အရပ် နင်းကြမ်းစွန့်ရာအရပ် + အနောက်အရပ်

ဗုဒ္ဓဟူးသားသ္မီးများ ဆောင်ပန်း+ ကန့်ကော် ( ၂ )ညွှန့် မေမြို့ ( ၅)ညွှန့် အုန်း ( ၁ ) ညွှန့် နင်းကြမ်း+ ဒန်း ( ၇ ) ညွှန့် ဇီး ( ၃ )ညွှန့် သီဟို ( ၆ )ညွှန့် မျက်နှာမူရာအရပ်+ အရှေ့မြောက်အရပ် နင်းကြမ်းစွန့်ပစ်ရာအရပ်+ အနောက် မြောက်အရပ်

ကြာသပတေးသားသမီးများ ဆောင်ပန်း + ကံကော် ( ၂ ) ညွှန့် ဇီး( ၃ )ညွှန့် သီဟို ( ၆ )ညွှန့် နင်းကြမ်း + ဝါး ( ၄ )ညွှန့် ဒန်း( ၇ )ညွှန့် အုန်း တစ်ညွှန့် မျက်နှာမူရာအရပ် + အရှေ့တောင်အရပ် နင်းကြမ်းစွန့်ပစ်ရာအရပ် + အရှေ့မြောက်အရပ်

သောကြာသားသမီးများ ဆောင်ပန်း+ ဇီး ( ၃ )ညွှန့် ဒန်း ( ၇ )ညွှန့် ရွက်လှ ( ၄ )ညွှန့် နင်းကြမ်း + ကြံ ( ၂ ) ညွှန့် ပျဉ်းတော်သိမ် ( ၅ ) ညွှန့် အုန်း( ၆ )ညွှန့် မျက်နှာမူရာအရပ် + အနောက် တောင်အရပ် နင်းကြမ်းစွန့်ပစ်ရာအရပ် + အရှေ့ တောင်အရပ်

စနေသားသမီးများ ဆောင်ပန်း + ရွက်လှ ( ၄ )ညွှန့် အုန်း ( ၁ )ညွှန့် မေမြို့ ( ၅ )ညွန့် နင်းကြမ်း + ဇီး ( ၃ ) ညွန့် သီဟို ( ၆ )ညွန့် ကြံ ( ၂ )ညွန့် မျက်နှာမူရာအရပ် + အရှေ့အရပ် နင်းကြမ်းစွန့်ပစ်ရာအရပ် + မြောက်အရပ် ။

နှစ်သစ်မင်္ဂလာအခါသမယတွင် ( ၇ )ရက်သားသမီးများအားလုံး ဦးခေါင်းဆေးမင်္ဂလာကိုဆောင်ရွက်ခြင်းဖြင့်ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပြီး ကပ်ကြီး ( ၃ )ပါးမှ ကျော်လွှားလွတ်မြောက် နိုင်ကြပါစေ

Zawgyi

၁၇.၄.၂၀၂၁ ေန႔ဟာျမန္မာႏွစ္ဆန္းတစ္ရက္ေန႔ျဖစ္ပါတယ္ ျမန္မာသကၠရာဇ္ ၁၃၈၃ ခုႏွစ္သို႔ကူးေျပာင္းေသာ ႏွစ္ဆန္းတစ္ရက္ေန႔မွစတင္၍ တစ္ႏွစ္တာ ကာလပတ္လုံး က်က္သေရမဂၤလာအေပါင္းႏွင့္ျပည့္စုံေစရန္ဘုန္းတန္ခိုးတက္ေစရန္၊ က်န္းမာခ်မ္းသာေစရန္၊ ကံပြင့္လာဘ္ပြင့္ေစရန္၊

ႀကံစည္သမွ်ေအာင္ျမင္တိုးတက္ေစရန္ရတနာဥစၥာစည္းစိမ္ပြားမ်ားေစရန္၊ ေဘးအေပါင္းရန္အေပါင္းမွ ကင္းေဝးေစရန္ေရွးဆရာႀကီးမ်ား စီစဥ္ၫႊန္ၾကားအပ္ေသာေခါင္းေဆးမဂၤလာမဂၤလာ ႏွစ္ဦးယၾတာ အစီအရင္ကို ( ၇ ) ရက္ သား သမီးမ်ားအတြက္ အႏၲရယ္ကင္း ေဘးရွင္းၿပီး ေကာင္းႀကိဳးသုခရရွိေစရန္ ေမတၱာေရွ႕ထားတင္ျပ ေပးလိုက္ ပါသည္။

၁၇.၄.၂၀၂၁ စေနေန႔ (ႏွစ္ဆန္းတရက္ေန႔)မွာ ေန႔သားအလိုက္အခ်ိန္ေကာင္းမ်ား

တနဂၤေႏြ သားသမီးမ်ား နံနက္ ၉နာရီမွ ၁၀နာရီခြဲအတြင္း ေန႔လည္ ၁နာရီခြဲမွ ၃နာရီအတြင္း

တနလၤာ သားသမီးမ်ား နံနက္ ၇နာရီခြဲမွ ၉နာရီ အတြင္း နံနက္ ၁၀နာရီခြဲမွ ၁၂နာရီအတြင္း

အဂၤါသားသမီးမ်ား နံနက္၇နာရီခြဲမွ ၉နာရီ အတြင္း ေန႔လည္၁၂နာရီမွ ၁နာရီခြဲအတြင္း

ဗုဒၶဟူးႏွင့္ ရာဟုသားသမီးမ်ား နံနက္၉နာရီမွ ၁၀နါရီခြဲအတြင္း ေန႔လည္ ၁၂နာရီမွ ၁နာရီခြဲအတြင္း

ၾကာသပေတး သားသမီးမ်ား နံနက္၁၀နါရီခြဲမွ ၁၂နာရီအတြင္း ေန႔လည္၁နာရီခြဲမွ ၃နာရီအတြင္း

ေသာၾကာ သားသမီးမ်ား နံနက္ ၇နာရီခြဲမွ ၉နာရီအတြင္း နံနက္၁၀နာရီခြဲမွ ၁၂နာရီအတြင္း

စေန သားသမီးမ်ား နံနက္၉နာရီမွ ၁၀နါရီခြဲအတြင္း ေန႔လည္ ၁၂နာရီမွ ၁နာရီခြဲအတြင္း

ထိုအခ်ိန္မ်ား တစ္ခ်ိန္မမွီတစ္ခ်ိန္ ျပဳလုပ္ေဆာင္႐ြက္ႏိုင္ပါသည္ ။

လိုအပ္ေသာပစၥည္းမ်ားကိုႀကိဳတင္စီစဥ္ထားရန္

ေဆာင္ပန္းမ်ားကိုေႂကြပုဂံပန္းတစ္ခ်ပ္ထဲထည့္၍အျမင့္တစ္ေနရာတြင္ထားပါ နင္းၾကမ္းအ႐ြက္အလက္မ်ားလင္ပန္းထဲတြင္စုထည့္ၿပီးကို ေရသန္႔ဘူးေဘးမွာခ်ထားပါ ။

ေရသန္႔တစ္ပုံးထားပါ တေရာ္ကင္ပြန္းေခါင္းေလွ်ာ္ရည္ကို ေငြဖလားတစ္လုံးျဖင့္သက္သက္ ထည့္ထားပါ။( ေငြဖလားမရွိပါက ေကာ္ဖလားသုံးပါ ) ဖလားထဲတြင္အေမႊးနံ႔သာရည္ကိုေရာစပ္တြဲဖတ္ၿပီးသုံးစြဲႏိုင္သည္။

ဦးေခါင္းေဆးမဂၤလာေဆာင္႐ြက္ပုံ
အထက္တြင္ေဖာ္ျပေပးထားေသာေန႔သား အလိုက္ မဂၤလာအခ်ိန္က်ေရာက္ေသာ အခါတြင္ ျပဳလုပ္ ေဆာင္႐ြက္မည့္သူသည္ သန္ျပန္႔သန္႔ရွင္းေသာေနရာတြင္ မ်က္ႏွာမူရမည့္အရပ္ကို မ်က္ႏွာမူ၍ ထိုင္ပါ။

နင္းၾကမ္းအ႐ြက္အလက္မ်ားကို ေျခႏွစ္ဖက္ျဖင့္စုံနင္း၍ထားပါ ေဆာင္ပန္းထည့္ထားေသာ ေႂကြပုဂံပန္းကိုေရွ႕မွာခံ၍ဦးေခါင္းေလွ်ာ္ခ်ပါ ၿပီးလွ်င္ မ်က္ႏွာမူထားေသာ အရပ္ကို ၎ေႂကြပုဂံပန္းကိုကိုယ္တိုင္ယူသြားၿပီး ေႂကြပုဂံထဲမွ ေဆာင္ပန္းမ်ားကိုအျမင့္တစ္ေနရာတြင္ စြန္႔ပစ္ပါ။

နင္းၾကမ္းအ႐ြက္အလက္မ်ားကို နင္းၾကမ္းစြန္႔ပစ္ရမည့္အရပ္ေနရာတြင္ ခပ္ေဝးေဝးေလး သြား စြန္႔ပစ္ေပးပါ ဦးေခါင္းကိုေရသန္႔ျဖင့္ ေလာင္းခ်ၿပီးတေရာ္ကင္ပြန္းေရသန္႔ျဖင့္ ေခါင္းေလွ်ာ္ပါ။

ေရမိုးခ်ိဳးလိုက ခ်ိဳးႏိုင္ေသာ္လည္း ထိုေန႔အတြက္ ေနာက္ထက္ ထပ္မံ၍ေခါင္းေလွ်ာ္စရာမလိုေတာ့ဘဲ ေခါင္းမွ ေရမ်ားကို သန္႔ျပန္႔ေသာပုဝါျဖင့္သုတ္ပါ။

သန္႔ရွင္းစင္ၾကယ္ေသာအဝတ္အစားမ်ား ဝတ္ဆင္၍ ဘုရားေရွ႕တြင္ဘုရားရွိခိုးသီလခံယူျခင္းမ်ားေဆာင္႐ြက္ၿပီးထိုေန႔အတြက္ ေကာင္းမႈကုသိုလ္တတ္ႏိုင္သမွ်မ်ားမ်ားျပဳေပးပါ ေခါင္းေဆးျခင္းမဂၤလာ ေအာင္ျမင္ၿပီ ျဖစ္ပါသည္ ။

တနဂၤေႏြသားသမီးမ်ား ေဆာင္ပန္း + ေမၿမိဳ႕ ( ၅ )ပြင့္ ကံေကာ္( ၂ )ၫႊန္႔ သေျပ( ၆ ) ၫႊန္႔ နင္းၾကမ္း + ဇီး( ၃ )ၫႊန္႔ ဒန္း( ၇ )ၫႊန္႔ ဝါး ( ၄ ) ၫႊန္႔ မ်က္ႏွာမူရာအရပ္ + အေနာက္ရပ္ နင္းၾကမ္းမ်ားစြန္႔ပစ္ရာအရပ္ ေတာင္အရပ္တြင္စြန္႔ ျပစ္ပါ ။

တနလၤာသားသမီးမ်ား ေဆာင္ပန္း + သေျပ ( ၆ )ၫႊန္႔ ဇီး ( ၃ )ၫႊန္႔ ဒန္း ( ၇ )ၫႊန္႔ နင္းၾကမ္း + ပ်ဥ္းေတာ္သိမ္ ( ၅ )ၫႊန္႔ အုန္း ( ၁ )ၫႊန္႔ ဝါး ( ၄ ) ၫႊန္႔ မ်က္ႏွာမူရာအရပ္+ အေနာက္ေျမာက္ နင္းၾကမ္းစြန္႔ပစ္ရာအရပ္ + အေနာက္ ေတာင္အရပ္

အဂၤါသားသမီးမ်ား ေဆာင္ပန္း + အုန္း ( ၁ )ၫႊန္႔ ႐ြက္လွ ( ၄ ) ၫႊန္႔ ဒန္း ( ၇ ) ၫႊန္႔ နင္းၾကမ္း + သီဟို ( ၆ ) ၫႊန္႔ ႀကံ ( ၂ ) ၫႊန္႔ ပ်ဥ္းေတာ္သိမ္ ( ၅ ) ၫႊန္႔ မ်က္ႏွာမူရာအရပ္ + ေျမာက္ အရပ္ နင္းၾကမ္းစြန္႔ရာအရပ္ + အေနာက္အရပ္

ဗုဒၶဟူးသားသၼီးမ်ား ေဆာင္ပန္း+ ကန္႔ေကာ္ ( ၂ )ၫႊန္႔ ေမၿမိဳ႕ ( ၅)ၫႊန္႔ အုန္း ( ၁ ) ၫႊန္႔ နင္းၾကမ္း+ ဒန္း ( ၇ ) ၫႊန္႔ ဇီး ( ၃ )ၫႊန္႔ သီဟို ( ၆ )ၫႊန္႔ မ်က္ႏွာမူရာအရပ္+ အေရွ႕ေျမာက္အရပ္ နင္းၾကမ္းစြန္႔ပစ္ရာအရပ္+ အေနာက္ ေျမာက္အရပ္

ၾကာသပေတးသားသမီးမ်ား ေဆာင္ပန္း + ကံေကာ္ ( ၂ ) ၫႊန္႔ ဇီး( ၃ )ၫႊန္႔ သီဟို ( ၆ )ၫႊန္႔ နင္းၾကမ္း + ဝါး ( ၄ )ၫႊန္႔ ဒန္း( ၇ )ၫႊန္႔ အုန္း တစ္ၫႊန႔္ မ်က္ႏွာမူရာအရပ္ + အေရွ႕ေတာင္အရပ္ နင္းၾကမ္းစြန္႔ပစ္ရာအရပ္ + အေရွ႕ေျမာက္အရပ္

ေသာၾကာသားသမီးမ်ား ေဆာင္ပန္း+ ဇီး ( ၃ )ၫႊန္႔ ဒန္း ( ၇ )ၫႊန္႔ ႐ြက္လွ ( ၄ )ၫႊန္႔ နင္းၾကမ္း + ႀကံ ( ၂ ) ၫႊန္႔ ပ်ဥ္းေတာ္သိမ္ ( ၅ ) ၫႊန္႔ အုန္း( ၆ )ၫႊန္႔ မ်က္ႏွာမူရာအရပ္ + အေနာက္ ေတာင္အရပ္ နင္းၾကမ္းစြန္႔ပစ္ရာအရပ္ + အေရွ႕ ေတာင္အရပ္

စေနသားသမီးမ်ား ေဆာင္ပန္း + ႐ြက္လွ ( ၄ )ၫႊန္႔ အုန္း ( ၁ )ၫႊန္႔ ေမၿမိဳ႕ ( ၅ )ၫြန္႔ နင္းၾကမ္း + ဇီး ( ၃ ) ၫြန္႔ သီဟို ( ၆ )ၫြန္႔ ႀကံ ( ၂ )ၫြန္႔ မ်က္ႏွာမူရာအရပ္ + အေရွ႕အရပ္ နင္းၾကမ္းစြန္႔ပစ္ရာအရပ္ + ေျမာက္အရပ္ ။

ႏွစ္သစ္မဂၤလာအခါသမယတြင္ ( ၇ )ရက္သားသမီးမ်ားအားလုံး ဦးေခါင္းေဆးမဂၤလာကိုေဆာင္႐ြက္ျခင္းျဖင့္ေကာင္းက်ိဳးလိုရာဆႏၵမ်ား ျပည့္ဝၿပီး ကပ္ႀကီး ( ၃ )ပါးမွ ေက်ာ္လႊားလြတ္ေျမာက္ ႏိုင္ၾကပါေစ