အနာဂတ္တြင္ ေသဆုံးသူေတြရဲ႕ခႏၶာကိုယ္ေတြကို ေရနဲ႔သာၾသဂႋုဟ္ေတာ့မည္

ခေတ်အဆက်ဆက်မှာ သေဆုံးသွားတဲ့သူတွေကို နည်းမျိုးစုံနဲ့ သြင်္ဂိုဟ်ခဲ့ကြပါတယ်။ အစတုန်းကတော့ ကျောက်ဖျာတွေ တောင်တွေမှာ ဒီအတိုင်းချိတ်ဆွဲထားကြပြီး နောက်တော့မြေမြုပ်သြင်္ဂိုဟ်ကြပါတယ်။ နောက်တော့ ဂူသွင်းသြင်္ဂိုဟ်ခြင်း မီးနဲ့သြင်္ဂိုဟ်ခြင်းတွေကိုပါ ပြုလုပ်လာကြပါတယ်။

ယခုအခါမှာတော့ နည်းပညာမြင့်မားလာသည်နဲ့ အညီ ရေနဲ့ သြင်္ဂိုဟ်တော့ပါမယ်။ water cremation လို့ခေါ်တဲ့ဒီနည်းလမ်းမှာ ရေသြင်္ဂိုဟ်စက်ကို အသုံးပြုမှာဖြစ်ပါတယ်။

ရေသြင်္ဂိုဟ်စက်ကို Resomator လို့ခေါ်ပြီး ဒီနည်းလမ်းကိုအသုံးပြုတဲ့ဖြစ်စဉ်ကို green cremation (သို့) ဇီဝသြင်္ဂိုဟ်ခြင်း လို့ခေါ်နိုင်ပါတယ်။ မြောက်အမေရိက သြင်္ဂိုဟ်ခြင်းဆိုင်ရာအဖွဲ့အစည်းက ၂၀၀၆ခုနှစ်တည်းက စလို့ဒီနည်းလမ်းကို စမ်းသပ်ခဲ့တာဖြစ်ပြီး အခုတော့အောင်မြင်သွားတာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ သေဆုံးသူရဲ့ခန္ဓာကိုယ်ကို ဒီစက်ထဲကို ထည့်လိုက်မှာဖြစ်ပါတယ်။ စက်ထဲက စတီးကန်ထဲမှာ ပိုတက်ဆီယမ်ဟိုက်ဒြောက်ဆိုဒ် ၊ အညိုရောင်အယ်ကာလိုင်း(Alkaline Hydrolysis) နဲ့ ရေတွေကိုဖြည့်ထားမှာဖြစ်ပါတယ်။ ဒီအထဲမှာအလောင်းကိုစိမ်လိုက်ပြီး စတီးကန်ကို ဖိအားပေးကာ ၁၆၀ဒီဂရီဆဲစီးယပ်(၃၂၀ဒီဂရီဖာရင်ဟိုက်) နဲ့အပူပေးထားမှာဖြစ်ပါတယ်။

၄နာရီခန့်ကြာပြီးတဲ့နောက်မှာတော့ အသားတွေဟာအရည်ထဲမှာ ပျော်ဝင်ကာပျောက်ပျက်သွားမှာဖြစ်ပါတယ်။ အညစ်အကြေးအရေတွေကို စွန့်ပစ်လိုက်မှာဖြစ်ပြီး ကျန်ရစ်ခဲ့တဲ့အရိုးပြာတွေကိုတော့ မိသားစုဝင်တွေကို ပြန်ပေးလိုက်မှာဖြစ်ပါတယ်။

အပူပေးတာခြင်း အတူတူ ဒီနည်းလမ်းဟာ ပုံမှန် မီးသြင်္ဂိုဟ်တဲ့နည်းလမ်းထက် ပိုပြီးကောင်းမွန်ပါတယ်။ အကြောင်းကတော့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့အပြင် ၊ ကာဘွန်ဒိုင်အောက်ဆိုဒ်လောင်ကျွမ်းမှုကလည်း ၈၀ရာခိုင်နှုန်းအထိသက်သာစေလို့ဖြစ်ပါတယ်။

ဒီလိုသက်သာရခြင်းကတော့ အရည်ထဲမှာ အပူပေးပြီး သဘာဝဓာတ်ငွေ့တွေနဲ့လောင်ကျွမ်းစေတာကြောင့်ဖြစ်ပါတယ်။ အားနည်းချက်ကတော့ အချိန်ကြာမြင့်တာဖြစ်ပြီး ကြာချိန်ကိုအနည်းဆုံးလျှော့ချနိုင်ဖို့ ကြိုးစားလျှက်ရှိပါတယ်။
ဒါ့အပြင် အသုံးပြုလိုက်ပြီးထွက်လာတဲ့ ရေတွေကို ဘယ်လိုစွန့်ထုတ်မလဲ ဆိုတာနဲ့ ကုန်ကျစရိတ်အနည်းအများ စတာတွေကတော့ စဉ်းစားစရာပါ။

ဒီရေသြင်္ဂိုဟ်စက် Resomator တွေဟာ အမေရိကန်နိုင်ငံက ပြည်နယ်တွေဖြစ်တဲ့ ကယ်လီဖိုးနီးယား ၊ ချီကာဂို ၊ မင်နီဆိုးတာ နဲ့ ဖလော်ရီဒါတို့က မြို့တွေမှာ ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၀ခုနှစ်မှာ စတင်အသုံးပြုမယ်လို့သိရပါတယ်။ မီးသြင်္ဂိုဟ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပြီး ဆိုးကျိုးတွေရှိနေတာဖြစ်တဲ့အတွက် ဒီနည်းလမ်းထက်ကောင်းမွန်တဲ့နည်းလမ်းနဲ့ သြင်္ဂိုဟ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးက ကြိုးစားလျှက်ရှိပါတယ်။

Zawgyi

ေခတ္အဆက္ဆက္မွာ ေသဆုံးသြားတဲ့သူေတြကို နည္းမ်ိဳးစုံနဲ႔ ၾသဂႋုဟ္ခဲ့ၾကပါတယ္။ အစတုန္းကေတာ့ ေက်ာက္ဖ်ာေတြ ေတာင္ေတြမွာ ဒီအတိုင္းခ်ိတ္ဆြဲထားၾကၿပီး ေနာက္ေတာ့ေျမျမဳပ္ၾသဂႋုဟ္ၾကပါတယ္။ ေနာက္ေတာ့ ဂူသြင္းၾသဂႋုဟ္ျခင္း မီးနဲ႔ၾသဂႋုဟ္ျခင္းေတြကိုပါ ျပဳလုပ္လာၾကပါတယ္။

ယခုအခါမွာေတာ့ နည္းပညာျမင့္မားလာသည္နဲ႔ အညီ ေရနဲ႔ ၾသဂႋုဟ္ေတာ့ပါမယ္။ water cremation လို႔ေခၚတဲ့ဒီနည္းလမ္းမွာ ေရၾသဂႋုဟ္စက္ကို အသုံးျပဳမွာျဖစ္ပါတယ္။

ေရၾသဂႋုဟ္စက္ကို Resomator လို႔ေခၚၿပီး ဒီနည္းလမ္းကိုအသုံးျပဳတဲ့ျဖစ္စဥ္ကို green cremation (သို႔) ဇီဝၾသဂႋုဟ္ျခင္း လို႔ေခၚႏိုင္ပါတယ္။ ေျမာက္အေမရိက ၾသဂႋုဟ္ျခင္းဆိုင္ရာအဖြဲ႕အစည္းက ၂၀၀၆ခုႏွစ္တည္းက စလို႔ဒီနည္းလမ္းကို စမ္းသပ္ခဲ့တာျဖစ္ၿပီး အခုေတာ့ေအာင္ျမင္သြားတာျဖစ္ပါတယ္။

ပထမဆုံးအေနနဲ႔ ေသဆုံးသူရဲ႕ခႏၶာကိုယ္ကို ဒီစက္ထဲကို ထည့္လိုက္မွာျဖစ္ပါတယ္။ စက္ထဲက စတီးကန္ထဲမွာ ပိုတက္ဆီယမ္ဟိုက္ေျဒာက္ဆိုဒ္ ၊ အညိဳေရာင္အယ္ကာလိုင္း(Alkaline Hydrolysis) နဲ႔ ေရေတြကိုျဖည့္ထားမွာျဖစ္ပါတယ္။ ဒီအထဲမွာအေလာင္းကိုစိမ္လိုက္ၿပီး စတီးကန္ကို ဖိအားေပးကာ ၁၆၀ဒီဂရီဆဲစီးယပ္(၃၂၀ဒီဂရီဖာရင္ဟိုက္) နဲ႔အပူေပးထားမွာျဖစ္ပါတယ္။

၄နာရီခန႔္ၾကာၿပီးတဲ့ေနာက္မွာေတာ့ အသားေတြဟာအရည္ထဲမွာ ေပ်ာ္ဝင္ကာေပ်ာက္ပ်က္သြားမွာျဖစ္ပါတယ္။ အညစ္အေၾကးအေရေတြကို စြန႔္ပစ္လိုက္မွာျဖစ္ၿပီး က်န္ရစ္ခဲ့တဲ့အ႐ိုးျပာေတြကိုေတာ့ မိသားစုဝင္ေတြကို ျပန္ေပးလိုက္မွာျဖစ္ပါတယ္။

အပူေပးတာျခင္း အတူတူ ဒီနည္းလမ္းဟာ ပုံမွန္ မီးၾသဂႋုဟ္တဲ့နည္းလမ္းထက္ ပိုၿပီးေကာင္းမြန္ပါတယ္။ အေၾကာင္းကေတာ့ သဘာဝပတ္ဝန္းက်င္ကို မထိခိုက္ေစတဲ့အျပင္ ၊ ကာဘြန္ဒိုင္ေအာက္ဆိုဒ္ေလာင္ကြၽမ္းမႈကလည္း ၈၀ရာခိုင္ႏႈန္းအထိသက္သာေစလို႔ျဖစ္ပါတယ္။

ဒီလိုသက္သာရျခင္းကေတာ့ အရည္ထဲမွာ အပူေပးၿပီး သဘာဝဓာတ္ေငြ႕ေတြနဲ႔ေလာင္ကြၽမ္းေစတာေၾကာင့္ျဖစ္ပါတယ္။ အားနည္းခ်က္ကေတာ့ အခ်ိန္ၾကာျမင့္တာျဖစ္ၿပီး ၾကာခ်ိန္ကိုအနည္းဆုံးေလွ်ာ့ခ်ႏိုင္ဖို႔ ႀကိဳးစားလွ်က္ရွိပါတယ္။
ဒါ့အျပင္ အသုံးျပဳလိုက္ၿပီးထြက္လာတဲ့ ေရေတြကို ဘယ္လိုစြန႔္ထုတ္မလဲ ဆိုတာနဲ႔ ကုန္က်စရိတ္အနည္းအမ်ား စတာေတြကေတာ့ စဥ္းစားစရာပါ။

ဒီေရၾသဂႋုဟ္စက္ Resomator ေတြဟာ အေမရိကန္ႏိုင္ငံက ျပည္နယ္ေတြျဖစ္တဲ့ ကယ္လီဖိုးနီးယား ၊ ခ်ီကာဂို ၊ မင္နီဆိုးတာ နဲ႔ ဖေလာ္ရီဒါတို႔က ၿမိဳ႕ေတြမွာ ေရာက္ရွိေနၿပီျဖစ္ၿပီး ၂၀၂၀ခုႏွစ္မွာ စတင္အသုံးျပဳမယ္လို႔သိရပါတယ္။ မီးၾသဂႋုဟ္ျခင္းဟာ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစၿပီး ဆိုးက်ိဳးေတြရွိေနတာျဖစ္တဲ့အတြက္ ဒီနည္းလမ္းထက္ေကာင္းမြန္တဲ့နည္းလမ္းနဲ႔ ၾသဂႋုဟ္ႏိုင္ဖို႔ ကမာၻ႔ႏိုင္ငံအသီးသီးက ႀကိဳးစားလွ်က္ရွိပါတယ္။