ရှာမှရှားသော ငွေဗွေ
အရင်တခါ post တင်ဖူးတာက စီးပွားဗွေ
ယခု post က ရှာမှရှားသော ငွေဗွေ
စီးပွားဗွေ က တနင်္ဂနွေဂြိုဟ်ခုံ လက်သူကြွယ်အောက်
ငွေဗွေ က တနင်္လာဂြိုဟ်ခုံ တွင် ပေါ်ထွန်းသည်
ယခု ဗွေကား ဗွေဘုရင် ဟုခေါ်ဆိုရမည့် ခရုပတ်ဗွေ တနင်္လာဂြိုဟ်ခုံတွင် ပါရှိလာသည်
တနင်္လာဂြိုဟ်ခုံ ၏ သဘောသဘာဝ အရ ငွေနာမ် ထွန်းသည်
တဖန် အေးစက်ခြင်း တည်ငြိမ်ခြင်း သတ္တိရှိခြင်း တို့ကိုဆောင်သော
စစ်သည်တော် ဟု တင်စားသည့် တနင်္လာ သဘောသဘာဝအရ
ယောင်္ကျားလေးဖြစ်လျှင် စစ်ဗိုလ်ချုပ်ထိဖြစ်နိုင်သည် ။
ဒီနေ့မနက် fb မှ fri တယောက်က သူ့ဘဝ ရှေ့ရေးအတွက် အကြံဉာဏ်တောင်းခံလာသည်
ဘွဲ့ရပြီးပါက company ၊ bank ဝန်ထမ်းလုပ်ရမည်လား
အိမ်က စတိုးဆိုင်ကိုပဲ ကွပ်ကဲရမည်လား မေးလာသည်
အမှန်အတိုင်း ပြောရလျင် သူ့လက္ခဏာ ကို ကျွန်တော်အားမရပါ
ကံလမ်းကြောင်းကလဲ အထက်ထိမတက် အောင်မြင်ရေးလမ်းကြောင်းလည်း ရှာမတွေ့ တော့
ဝန်ထမ်းလုပ်စေချင်သည့် စိတ် ဖြစ်ပေါ်လာမိသည်
သူ မှ ရုတ်တရက် အဲဒါ ဘာဗွေလေးလည်းဟု မေးမှ zoom ချဲ့လိုက်မှ ငွေဗွေ လေးကိုသွားတွေ့မိပါသည်
ငွေဗွေ ပါသူကား သူများနဲ့ ဈေးယှဉ်ရောင်းလျင် သူက သာပါမည်
အပြိုင်အဆိုင် တွေက သူကို မမှီ
ပြိုင်လာလျင်လည်း လဲပြိုကုန်မည်
ကျွန်တော် အကြံဉာဏ် ပိုင်နိုင်စွာပေးလိုက်ပါသည်
စတိုးဆိုင်သာ ကွပ်ကဲ
လုံးဝ ဝန်ထမ်း မလုပ်နဲ့ ဟု ပြောလိုက်ပါသည်
နောက် ထူးခြားမှုတချက် သူ့လက်ကောက်ဝတ် အရစ် လေးခု ပါနေခြင်းဖြစ်သည်
သုံးခုပါလျင်ပင် ပြီးပြည့်စုံသူ ဖြစ်နိုင်မှတော့
လေးခု ဆိုလျင်ကား အတိုင်းထက်အလွန်
😃
မုန်းမာန်
Zawgyi
ရွာမွရွားေသာ ေငြေဗြ
အရင္တခါ post တင္ဖူးတာက စီးပြားေဗြ
ယခု post က ရွာမွရွားေသာ ေငြေဗြ
စီးပြားေဗြ က တနဂၤေႏြၿဂိဳဟ္ခံု လက္သူႂကြယ္ေအာက္
ေငြေဗြ က တနလၤာၿဂိဳဟ္ခံု တြင္ ေပၚထြန္းသည္
ယခု ေဗြကား ေဗြဘုရင္ ဟုေခၚဆိုရမည့္ ခရုပတ္ေဗြ တနလၤာၿဂိဳဟ္ခံုတြင္ ပါရွိလာသည္
တနလၤာၿဂိဳဟ္ခံု ၏ သေဘာသဘာဝ အရ ေငြနာမ္ ထြန္းသည္
တဖန္ ေအးစက္ျခင္း တည္ၿငိမ္ျခင္း သတၲိရွိျခင္း တို႔ကိုေဆာင္ေသာ
စစ္သည္ေတာ္ ဟု တင္စားသည့္ တနလၤာ သေဘာသဘာဝအရ
ေယာက်ၤားေလးျဖစ္လၽွင္ စစ္ဗိုလ္ခ်ဳပ္ထိျဖစ္ႏိုင္သည္ ။
ဒီေန႔မနက္ fb မွ fri တေယာက္က သူ႔ဘဝ ေရွ႕ေရးအတြက္ အၾကံဥာဏ္ေတာင္းခံလာသည္
ဘြဲ႕ရၿပီးပါက company ၊ bank ဝန္ထမ္းလုပ္ရမည္လား
အိမ္က စတိုးဆိုင္ကိုပဲ ကြပ္ကဲရမည္လား ေမးလာသည္
အမွန္အတိုင္း ေျပာရလ်င္ သူ႔လကၡဏာ ကို ကၽြန္ေတာ္အားမရပါ
ကံလမ္းေၾကာင္းကလဲ အထက္ထိမတက္ ေအာင္ျမင္ေရးလမ္းေၾကာင္းလည္း ရွာမေတြ႕ ေတာ့
ဝန္ထမ္းလုပ္ေစခ်င္သည့္ စိတ္ ျဖစ္ေပၚလာမိသည္
သူ မွ ရုတ္တရက္ အဲဒါ ဘာေဗြေလးလည္းဟု ေမးမွ zoom ခ်ဲ့လိုက္မွ ေငြေဗြ ေလးကိုသြားေတြ႕မိပါသည္
ေငြေဗြ ပါသူကား သူမ်ားနဲ႔ ေစ်းယွဥ္ေရာင္းလ်င္ သူက သာပါမည္
အၿပိဳင္အဆိုင္ ေတြက သူကို မမွီ
ၿပိဳင္လာလ်င္လည္း လဲၿပိဳကုန္မည္
ကၽြန္ေတာ္ အၾကံဥာဏ္ ပိုင္ႏိုင္စြာေပးလိုက္ပါသည္
စတိုးဆိုင္သာ ကြပ္ကဲ
လံုးဝ ဝန္ထမ္း မလုပ္နဲ႔ ဟု ေျပာလိုက္ပါသည္
ေနာက္ ထူးျခားမႈတခ်က္ သူ႔လက္ေကာက္ဝတ္ အရစ္ ေလးခု ပါေနျခင္းျဖစ္သည္
သံုးခုပါလ်င္ပင္ ၿပီးျပည့္စံုသူ ျဖစ္ႏိုင္မွေတာ့
ေလးခု ဆိုလ်င္ကား အတိုင္းထက္အလြန္
😃
မုန္းမာန္