ဘာျဖစ္လို႔ျမန္မာအကၡရာေတြ ဝိုင္းေနသလဲသိခ်င္ရင္ ဆက္ဖတ္ၾကည့္လိုက္ပါ

သုမောင်ရဲ့By the way ဆိုတဲ့ စာအုပ်ထဲမှာပါတယ်။ သူ့ကို နိုင်ငံခြားသားတစ်ယောက်က မေးတာ “ခင်ဗျားတို့မြန်မာစာကအဝိုင်းလေးတွေချည်းပဲနော်”တဲ့။သုမောင် အံ့သြသွားတယ်။သူသတိမထားမိခဲ့တဲ့အရာမို့လို့။ ဘာဖြစ်လို့မြန်မာအက္ခရာတွေ ဝိုင်းနေသလဲသိချင်ရင်ဆက်ဖတ်ကြည့်လိုက်ပါ ။

မြန်မာဗျည်း(၃၃)လုံး ဆိုတာ ဘယ်လို စတင်ဖြစ်ပေါ်လာသလဲ ။ သေချာဖတ်ကြည့်ပါ။ဗဟုသုတ ရပါတယ်။မြန်မာဗျည်း( ၃၃-လုံး) ဖြစ်ပေါ်လာပုံအကြောင်းပြောရာ မှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။

မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာBC- 500 လောက်ကနေ700 -ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။ခရစ်နှစ်ဦးပိုင်းလောက်မှာ

အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာရာမှဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊နီတိ ကျမ်း၊ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။

အဲဒီ အက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီးအဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင် ကျ ဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။

မြန်မာအက္ခရာ ဆိုရာ မှာ ဗျည်းရော၊ သရရော ပါ ဝင်ပါ တယ် ။ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အဝိုင်းပုံရေးတော့ မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။

ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ဝိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင်သိနိုင်ပါ တယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မဝိုင်းသေးဘူး။ဝ-၀ကလေး ဝိုင်းဝိုင်းရေးလို့ပြောလို့ မရသေး ဘူး။

ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အဝိုင်းရေးတော့ ပိုအဆင်ပြေတယ်။အဲဒီလိုအဝိုင်း ရေးတဲ့ ခေတ် ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး အမည်ပေးတာပါ။ ဒီတော့ မြန်မာဗျည်းတွေဟာ မဝိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲက -ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။

ဗျည်းတွေကိုအမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ပုံသဏ္ဍာန်အရ အမည် ပေးတာရော တွေ့ရ တယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အ က္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။ အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။

ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့က ကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။

ပုံသဏ္ဍာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။ ပုံသဏ္ဍာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။ ခွေခွေ က လေး နေလို့ခ-ခွေး ၊ လုံးလုံးကလေး နေလို့ စ-လုံး၊ လိမ်ခွေနေလို့ ဆ-လိမ်၊ အောက်ကွဲနေလို့ ဇ-ကွဲ၊ ဘေးကမျဉ်းဆွဲထားလို့ ဈ-မျဉ်းဆွဲ၊ ရင်ကလေးကောက် နေလို့ ဍ-ရင် ကောက်၊ ဝမ်းပူနေလို့ တ-ဝမ်းပူ၊

အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊ မတ်မတ် စောက်စောက် ရှိလို့ ပ-စောက်၊ အ ထက် ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊ကုန်းနေလို့ ဘ-ကုန်း၊ပက်လက်လန်နေလို့ ယ-ပက်လက်၊အဖျားက ကောက်နေ လို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဍာန် အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဍာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဍာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်း နှိုင်း အမည်ပေးတာ ဖြစ်ပါတယ်။

ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊ဝမ်းဘဲနဲ့တူလို့ ဌ-ဝမ်းဘဲ၊ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊ဆင် ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။

င-မ-ဝ-သ-ဟ တို့ကိုတော့ အမည်မပေးတာတွေ့ရပါတယ်။ည- ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြား ခေါ်ပါတယ်။မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။

ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။သံယောဇဉ်တို့၊ ဝိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလို ပေါ့။ဒီနေရာမှာ ပါဠိဘာသာ မှာသုံး တဲ့ ညနဲ့ မြန် မာ ဘာသာမှာသုံးတဲ့

ညကို ခွဲခြားမှတ်ရမယ်။ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ဉ ပဲသုံးတယ်။ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံ ထွက် ရတာပေါ့။ရှေ့က ညကို အ သတ်အသံထွက်ရတယ်။

/ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။ အချုပ်အားဖြင့် ပါဠိမှာညဟာ ဉ ၂-လုံးတွဲဖြစ် တယ်။

ဉ ရော၊ ညရော သုံးတယ်။မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံး မှာ ညကြီးသုံးပြီးအသတ်မှာ

ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါ တယ်။မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ)က ခြေထောက် တိုတယ်။

ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ် ပေါ့။လကို လည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာ

တခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက်ခေါ်တယ်ပြော ပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓ ဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို

အောက်ကချိုင့်နေတယ်။( ဗထက်ခြိုက် ပြောင်းပြန် ပုံ စံမျိုးပေါ့။)ဈ (ဈမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။

ဈ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဍာန် ရှိပါတယ်။ စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။ ဘေးက မျဉ်းဆွဲထားလို့ ဈမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။ကဲ ဒီ လောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။

Credit- မောင်ခင်မင်(ဓနုဖြူ)

Zawgyi

သုေမာင္ရဲ႕By the way ဆိုတဲ့ စာအုပ္ထဲမွာပါတယ္။ သူ႔ကို ႏိုင္ငံျခားသားတစ္ေယာက္က ေမးတာ “ခင္ဗ်ားတို႔ျမန္မာစာကအဝိုင္းေလးေတြခ်ည္းပဲေနာ္”တဲ့။သုေမာင္ အံ့ၾသသြားတယ္။သူသတိမထားမိခဲ့တဲ့အရာမို႔လို႔။ ဘာျဖစ္လို႔ျမန္မာအကၡရာေတြ ဝိုင္းေနသလဲသိခ်င္ရင္ဆက္ဖတ္ၾကည့္လိုက္ပါ ။

ျမန္မာဗ်ည္း(၃၃)လုံး ဆိုတာ ဘယ္လို စတင္ျဖစ္ေပၚလာသလဲ ။ ေသခ်ာဖတ္ၾကည့္ပါ။ဗဟုသုတ ရပါတယ္။ျမန္မာဗ်ည္း( ၃၃-လုံး) ျဖစ္ေပၚလာပုံအေၾကာင္းေျပာရာ မွာ ဗ်ည္းေရာ သရေရာ ျမန္မာအကၡရာ ဘယ္လိုျဖစ္ေပၚလာတယ္ဆိုတာက စေျပာဖို႔လိုမွာေပါ့။

ျမန္မာအကၡရာဟာ အိႏၵိယႏိုင္ငံမွာBC- 500 ေလာက္ကေန700 -ေက်ာ္အထိ ထြန္းကားခဲ့တဲ့ ျဗာဟၼီ (Brahmi) အကၡရာက ဆင္းသက္လာေၾကာင္း ပညာရွင္ေတြက မိန႔္ဆိုၾကတယ္။ခရစ္ႏွစ္ဦးပိုင္းေလာက္မွာ

အိႏၵိယႏိုင္ငံသားေတြ အေရွ႕ေတာင္အာရွကို သေဘၤာႀကီးေတြနဲ႔ ႐ြက္လြင့္လာရာမွဗုဒၶဘာသာ၊ ဟိႏၵဴဘာသာ၊ အကၡရာ၊နီတိ က်မ္း၊ဓမၼသတ္က်မ္း စတဲ့ ယဥ္ေက်းမႈေတြပါလာၿပီး အေရွ႕ေတာင္အာရွ ႏိုင္ငံေတြမွာ ထြန္းကားတာပါ။

အဲဒီ အကၡရာဟာ မြန္လူမ်ိဳးေတြဆီ အရင္ေရာက္ၿပီးအဲဒီကမွတဆင့္ ျမန္မာေတြဆီေရာက္တယ္။ျမန္မာေတြက အဲဒီအကၡရာေတြကို ျမန္မာစကားသံေတြနဲ႔ အံဝင္ခြင္ က် ျဖစ္ေအာင္ လိုအပ္သလို မြမ္းမံအသုံးျပဳရာက ျမန္မာအကၡရာ ေပၚေပါက္လာတယ္လို႔ ယူဆၾကပါတယ္။

ျမန္မာအကၡရာ ဆိုရာ မွာ ဗ်ည္းေရာ၊ သရေရာ ပါ ဝင္ပါ တယ္ ။ဗ်ည္းေတြကို အမည္ေပးပုံက စိတ္ဝင္စားစရာ ေကာင္းပါတယ္။ ဘယ္တုန္းကစၿပီး ကႀကီး-ခေခြး-ဂငယ္-ဃႀကီး-စတဲ့အမည္ေတြ ေပးတာလဲလို႔ စဥ္းစားၾကည့္ရင္ ျမန္မာအကၡရာေတြကို ေပ႐ြက္ေပၚမွာ ကညစ္နဲ႔ အဝိုင္းပုံေရးေတာ့ မွ ျဖစ္လိမ့္မယ္လို႔ ဆိုခ်င္ပါတယ္။

ေက်ာက္စာ စေရးထိုးတဲ့ ပုဂံေခတ္တုန္းကေတာ့ ခုလို ဝိုင္းဝိုင္းစက္စက္ မဟုတ္ေၾကာင္း ပုဂံေက်ာက္စာေတြကိုၾကည့္ရင္သိႏိုင္ပါ တယ္။ အဲဒီတုန္းက ေက်ာက္ေပၚမွာ ေဆာက္တို႔၊ ဘာတို႔နဲ႔ ထြင္းရတာမို႔ ေလးေထာင့္ပုံေတြ ထြင္းတယ္၊ မဝိုင္းေသးဘူး။ဝ-၀ကေလး ဝိုင္းဝိုင္းေရးလို႔ေျပာလို႔ မရေသး ဘူး။

ေပေပၚမွာေရးေတာ့ ေလးေထာင့္ေရးရင္ အဆင္မေျပဘူး။ ေပ႐ြက္အေၾကာေတြ စုတ္ျပတ္ႏိုင္တယ္။ အဝိုင္းေရးေတာ့ ပိုအဆင္ေျပတယ္။အဲဒီလိုအဝိုင္း ေရးတဲ့ ေခတ္ ေရာက္မွ ဗ်ည္းေတြရဲ႕ ပုံသ႑ာန္ကိုၾကည့္ၿပီး အမည္ေပးတာပါ။ ဒီေတာ့ ျမန္မာဗ်ည္းေတြဟာ မဝိုင္းခင္တုန္းက ကႀကီး-ခေခြး စတဲ့ အမည္ေတြ မရေသးဘဲက -ခ-လို႔ပဲ ေခၚလိမ့္မယ္ထင္တယ္။

ဗ်ည္းေတြကိုအမည္ေပးရာမွာ ဂုဏ္အရည္အေသြးအရ အမည္ေပးတာေရာ၊ပုံသ႑ာန္အရ အမည္ ေပးတာေရာ ေတြ႕ရ တယ္။ ကႀကီး၊ ဃႀကီး၊ ဏႀကီး၊ ဠႀကီး ဆိုတဲ့ အ ကၡရာေလးလုံးကို ႀကီးေလးလုံး-လို႔ေခၚၾကတယ္။ အဲ ဃႀကီး၊ ဏႀကီး၊ ဠႀကီးတို႔မွာေတာ့ ဂငယ္၊ နငယ္၊ လ(ငယ္) ဆိုတဲ့ အတြဲေတြ ရွိတယ္မဟုတ္လား။

ဒါေၾကာင့္ အႀကီးအငယ္ခြဲၿပီး အငယ္ေတြထက္ အ႐ြယ္ပမာဏႀကီးတဲ့ အကၡရာေတြကို ႀကီး-ထည့္ၿပီး ေခၚၾကတာေပါ့။ကႀကီးက်ေတာ့ ကငယ္ မရွိဘဲ ဘာျဖစ္လို႔က ႀကီးလို႔ေခၚရသလဲလို႔ ေမးစရာေပါ့။ဗ်ည္း ၃၃-လုံးမွာ ေရွ႕ဆုံးက ေခါင္းေဆာင္ဗ်ည္းျဖစ္လို႔ ကႀကီးလို႔ ေခၚတယ္လို႔လည္း ယူဆၾကတယ္။ ၃၃-လုံးမွာ အႀကီးဆုံးေပါ့။

ပုံသ႑ာန္က ဂငယ္ထက္ ၂-ဆ ႀကီးေနလို႔ ကႀကီးလို႔ေခၚတယ္လို႔လည္း ဆိုၾကတယ္။ ပုံသ႑ာန္အရ အမည္ေပးတဲ့ဗ်ည္းေတြကို ၾကည့္ပါ။ ေခြေခြ က ေလး ေနလို႔ခ-ေခြး ၊ လုံးလုံးကေလး ေနလို႔ စ-လုံး၊ လိမ္ေခြေနလို႔ ဆ-လိမ္၊ ေအာက္ကြဲေနလို႔ ဇ-ကြဲ၊ ေဘးကမ်ဥ္းဆြဲထားလို႔ ဈ-မ်ဥ္းဆြဲ၊ ရင္ကေလးေကာက္ ေနလို႔ ဍ-ရင္ ေကာက္၊ ဝမ္းပူေနလို႔ တ-ဝမ္းပူ၊

အငယ္အေထြးေလးျဖစ္လို႔ ဒ-ေဒြး (ဒေထြး)၊ေအာက္ပိုင္းကၿခိဳက္(ခ်ိဳင့္) ေနလို႔ ဓ-ေအာက္ၿခိဳက္၊ မတ္မတ္ ေစာက္ေစာက္ ရွိလို႔ ပ-ေစာက္၊ အ ထက္ ပိုင္းကၿခိဳက္(ခ်ိဳင့္)ေနလို႔ ဗ-ထက္ၿခိဳက္၊ကုန္းေနလို႔ ဘ-ကုန္း၊ပက္လက္လန္ေနလို႔ ယ-ပက္လက္၊အဖ်ားက ေကာက္ေန လို႔ ရ-ေကာက္-ဆိုၿပီး ပုံသ႑ာန္ အရ အမည္ေပးတာ ေတြ႕ႏိုင္ပါတယ္။အကၡရာတခ်ိဳ႕ရဲ႕ အမည္ေတြက ပုံသ႑ာန္ကို ႐ိုး႐ိုးေဖာ္ျပတာမဟုတ္ဘဲ ပုံသ႑ာန္တူတဲ့ အရာဝတၳဳေတြနဲ႔ ခိုင္း ႏႈိင္း အမည္ေပးတာ ျဖစ္ပါတယ္။

ေရွးကသုံးတဲ့ သံလ်င္းလို႔ေခၚတဲ့ ထမ္းစင္မွာပါတဲ့ ခ်ိတ္ေလးကို ေကာက္ေကာက္ကေလးမို႔ ဋ-သံလ်င္းခ်ိတ္၊ဝမ္းဘဲနဲ႔တူလို႔ ဌ-ဝမ္းဘဲ၊ေရမႈတ္နဲ႔တူလို႔ ဎ-ေရမႈတ္၊ဆင္ ရဲ႕ေျခေထာက္ကို ခတ္ရတဲ့ ထူးလိုအကြင္း ၂-ကြင္းပါလို႔ ထ-ဆင္ထူးလို႔ ေခၚေၾကာင္း ေတြ႕ႏိုင္ပါတယ္။

င-မ-ဝ-သ-ဟ တို႔ကိုေတာ့ အမည္မေပးတာေတြ႕ရပါတယ္။ည- ယ-လ တို႔ကိုေတာ့ သာမန္အားျဖင့္ အမည္ မေပးေပမယ့္ လိုအပ္တဲ့အခါ ညႀကီး၊ ယပက္လက္၊ လ(ငယ္)လို႔ အမည္ေပးပါတယ္။ဉ ကို ဉ ကေလး၊ ည ကို ညႀကီးလို႔ ခြဲျခား ေခၚပါတယ္။ျမန္မာဗ်ည္း ၃၃-လုံးမွာ ည(ညႀကီး) ပဲပါတယ္။

ဉ (ဉ ကေလး) ကိုေတာ့ အသတ္အကၡရာအျဖစ္ပဲ သုံးတယ္။သံေယာဇဥ္တို႔၊ ဝိညာဥ္တို႔၊ အစဥ္အၿမဲ-တို႔မွာ သုံးသလို ေပါ့။ဒီေနရာမွာ ပါဠိဘာသာ မွာသုံး တဲ့ ညနဲ႔ ျမန္ မာ ဘာသာမွာသုံးတဲ့

ညကို ခြဲျခားမွတ္ရမယ္။ပါဠိဗ်ည္း ၃၃-လုံးမွာ ည မသုံးဘူး။ဉ ပဲသုံးတယ္။ဒါေၾကာင့္ ပုည ကို ပုဥ္+ဉ လို႔ အသံ ထြက္ ရတာေပါ့။ေရွ႕က ညကို အ သတ္အသံထြက္ရတယ္။

/ပုန္+ညာ့/လို႔ အသံထြက္ရတာေပါ့။ဒီလိုပဲ ပညာ/ပဥ္+ဉာ/ပ်င္ညာ။သုည/သုဥ္+ဉ /သုန္ညာ့၊ လို႔ အသံထြက္ရတယ္။ အခ်ဳပ္အားျဖင့္ ပါဠိမွာညဟာ ဉ ၂-လုံးတြဲျဖစ္ တယ္။

ဉ ေရာ၊ ညေရာ သုံးတယ္။ျမန္မာမွာေတာ့ ညႀကီး ဉ ကေလးလို႔ ခြဲသုံးတယ္။ ဗ်ည္း ၃၃-လုံး မွာ ညႀကီးသုံးၿပီးအသတ္မွာ

ဉ သုံးတယ္လို႔ ခြဲျခားမွတ္သားႏိုင္ပါ တယ္။ျမန္မာစာမွာ ဉ နဲ႔ ဥနဲ႔ ေရာေထြးတတ္တယ္။ဉ (ဉ ကေလး) က ေျခေထာက္ ရွည္တယ္။ဥ (ဘဲဥ၊ ၾကက္ဥ-မွာပါတဲ့ အကၡရာ ဥ)က ေျခေထာက္ တိုတယ္။

ယပက္လက္ကို ရေကာက္နဲ႔ ယွဥ္ၿပီး ယပက္လက္လို႔ ခြဲျခားေခၚတယ္။ေရွ႕က ရကို ရႀကီး၊ ယကို ယငယ္လို႔လည္း ခြဲေခၚေသးတယ္။ ရႀကီးနဲ႔ ရငယ္ ေပါ့။လကို လည္း ဠနဲ႔ ယွဥ္ၿပီး လငယ္လို႔ ေခၚႏိုင္ပါတယ္။အကၡရာအမည္ေတြနဲ႔ပတ္သက္ၿပီး ေျပာစရာ

တခုက ဓေအာက္ၿခိဳက္ကို ေအာက္ကခ်ိဳင့္ေနလို႔ ဓေအာက္ၿခိဳက္ေခၚတယ္ေျပာ ၿပီး ေရးေတာ့ ေအာက္က မခ်ိဳင့္ပါလားလို႔ ေမးစရာရွိတယ္။ ပုဂံေခတ္ ေက်ာက္စာေတြမွာ စေရးတုန္းက ဓ ဟာ အခုလို ေအာက္က ပိတ္မေနဘူး။ ဗ ေစာက္ထိုးေရးသလို

ေအာက္ကခ်ိဳင့္ေနတယ္။( ဗထက္ၿခိဳက္ ေျပာင္းျပန္ ပုံ စံမ်ိဳးေပါ့။)ဈ (ဈမ်ဥ္းဆြဲ) ကို စလုံးယပင့္-ဆိုၿပီး မွားသင္တဲ့ ဆရာမကေလးေတြ ရွိတယ္လို႔ ၾကားရတယ္။

ဈ ဟာ မူလအကၡရာမွာ သီျခားပုံသ႑ာန္ ရွိပါတယ္။ စလုံးကို ယပင့္ထားတာ မဟုတ္ပါဘူး။ ေဘးက မ်ဥ္းဆြဲထားလို႔ ဈမ်ဥ္းဆြဲ ေခၚတယ္လို႔ မွတ္သင့္ပါတယ္။ကဲ ဒီ ေလာက္ဆိုရင္ ျပည့္စုံၿပီထင္ပါတယ္။

Credit- ေမာင္ခင္မင္(ဓႏုျဖဴ)