“အသက္ ၁၀၀ ေက်ာ္ၿပီ ျဖစ္ၿပီး တစ္ေယာက္ တ ည္းေနကာ ကိုယ္တိုင္ ထင္းေခြ ေရခပ္ သစ္ပင္စိုက္ ေနတဲ့ ပူတာအိုက ဖြားသက္ရွည္

“အသက် ၁၀၀ ကျော်ပြီ ဖြစ်ပြီး တစ်ယောက် တ ည်းနေကာ ကိုယ်တိုင် ထင်းခွေ ရေခပ် သစ်ပင်စိုက် နေတဲ့ ပူတာအိုက ဖွားသက်ရှည်”

မတွေ့တာ သုံးနှစ်လောက် ကြာသွားတဲ့ နောက် အဖွား အသက် လေးနှစ်လောက် ပြန်ငယ် သွားတယ်။ ရယ်စရာတော့ ကောင်းသား။ အရင်တစ်ကြိမ်က အဖွားရဲ့မြေး ပြော ပြတာက အသက်

၁၁၀။ အခု တစ်ကြိမ် အဖွားရဲ့ မြေးမလေး ပြော ပြတာက ၁၀၆ နှစ်တဲ့။ အဖွားက ပူတာအိုက ရဝ မ် လူမျိးပါ။ တကယ်တော့ အသက် ၁၀၀ ဝန်းကျ င် ရောက်နေတဲ့ အဖွားအိုကတော့ သူ့ရဲ့ မွေးနေ့

ကို မှတ်မိနေမှာ မဟုတ်ပါဘူး သူ့အတွက် လည်း အရေးကြီးမှာ မဟုတ်ဘူး..။ ကျန်တဲ့ သူ့ သား သ မီး မြေးမြစ် ဆိုတာတွေ ကလည်း ကိုယ့် အဖွားကို ဘယ်နှစ်က မွေးလဲဆိုတာ မေးကြည့် ဖို့ရာက

အဖွားရဲ့ အမေလည်း မရှိတော့ဘူး ဆိုတော့ သူတို့လည်း ဘယ်အတိ အကျ သိနိုင်ပါ့မလဲ..။ အ သက် ၁၀၀ ကျော်တဲ့အထိ ကိုယ့်ဘာသာ တစ် ယောက် တည်းနေ၊ ထင်းခွေ၊ ရေခပ်၊ သစ်ပင်

စိုက်ကို ကျန်းကျန်း မာမာနဲ့ လုပ်နေနိုင် သေးတ ယ် ဆိုတော့ အဖွားဘယ်လို နေလဲဆိုတာ သိရ အောင် အဖွားရဲ့ အိမ်လေးပေါ် အထိ တက်ကြည့်ခဲ့တယ်။ အဖွားရဲ့ အိမ်လေးမှာ ပေါ်မှာ အိပ်ယာ

ခင်းနဲ့ ခြင်ထောင်၊ ပြီးတော့ မီးဖိုထဲမှာ အိုးခွက်ပန်းကန် အချို့၊ ဒါပဲ ရှိတယ်။ ကူဖေါ်လောင်ဖက်ရအောင် မြေးမလေးတွေက အိမ်ကို လာနေတာတောင် တစ်ယောက်တည်းပဲ နေချင်လို့ ပြန်လွှတ်

တယ် တဲ့။ တတ်နိုင်တဲ့ ပမာ ဏ ငွေနည်းနည်း က လေးကို ကန်တော့ လိုက်တော့ ပြုံးပြုံးကြီး ကျေ နပ်နေတဲ့ အဖွားကို ကြည့်ရတာ အလွန် စိတ်ချ မ်းသာဖို့ ကောင်းတာပဲ။ အပေါင်းအသင်း နဲလာ

တာကို သတိထားမိတယ်။ အနေဝေးလို့ အဆက် အသွယ် ပြတ်သွားတာတွေ ရှိသလို၊ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ အဆက်အသွယ် ပြတ်သွားတာ တွေလည်း ရှိတယ်။ တကယ်တော့ ဘဝ

မှာ ပျော်ရွှင်စွာ နေဖို့ရာအတွက် ရောင့်ရဲတင်း တိ မ် တတ်တဲ့ စိတ်ထား တခုရယ်၊ အပြန်မလှန် နားလည်မှူရှိတဲ့ လက်တစ်ဆုပ်စာ ရင်းနှီးခင်မင်ရတဲ့ သူတစ်ချို့ရယ်ရှိရင် ရပါပြီ။ ဒါ့ထက် တစ် ဆ င့်

တက်ပြီး ပြောရရင် တစ်ယောက် တည်းနေ တစ်စိတ်တည်း ထားနိုင်တာတော့ အကောင်းဆုံးပါပဲ။လောက သဘောဆန္ဒနဲ့ ပြောရရင်တော့ မိမိကို ယ်တိုင်လည်း အသက်ရွယ် ကြီးရလာ ပြီနောက်

ပိုင်းမှာ ဝင်ငွေနဲနဲ ထွက်ငွေနဲနဲ နဲ့ သစ်ပင်စိုက်ရင်းပဲ အေးအေးနေ ချင်တယ်။ ပြီးတော့ တောင်ပံသာလျှင် ဝန်ရှိသော ငှက်ကဲ့သို့ ဆိုတဲ့ စကားလို ဘာကိုမှ မတွယ်တာ မငြိတွယ်ဘဲ နေချင်တယ်၊

ဘဝရဲ့ နောက်ဆုံး ကာလတွေကို အလိုနည်းတဲ့ဘဝနဲ့ပဲ ကုန်ဆုံး သွားချင်တယ်။ လောဘ လျှော့ဖို့ဆိုတာ အပြောလွယ် သဘောက် လက်တွေ့ထိ မ်းချုပ် ဖို့ရာတော့ တကယ် ခက်ပါတယ် လေ။

ကိုယ့် လောဘကို ကိုယ်သိနေဖို့ ဆင်ခြင်ရဦးမှာပါ။ သတိထားရ ဦးမှာပါလေ…။ crd ; Thu Hain

Zawgyi

“အသက္ ၁၀၀ ေက်ာ္ၿပီ ျဖစ္ၿပီး တစ္ေယာက္ တ ည္းေနကာ ကိုယ္တိုင္ ထင္းေခြ ေရခပ္ သစ္ပင္စိုက္ ေနတဲ့ ပူတာအိုက ဖြားသက္ရွည္”

မေတြ႕တာ သုံးႏွစ္ေလာက္ ၾကာသြားတဲ့ ေနာက္ အဖြား အသက္ ေလးႏွစ္ေလာက္ ျပန္ငယ္ သြားတယ္။ ရယ္စရာေတာ့ ေကာင္းသား။ အရင္တစ္ႀကိမ္က အဖြားရဲ႕ေျမး ေျပာ ျပတာက အသက္

၁၁၀။ အခု တစ္ႀကိမ္ အဖြားရဲ႕ ေျမးမေလး ေျပာ ျပတာက ၁၀၆ ႏွစ္တဲ့။ အဖြားက ပူတာအိုက ရဝ မ္ လူမ်ိးပါ။ တကယ္ေတာ့ အသက္ ၁၀၀ ဝန္းက် င္ ေရာက္ေနတဲ့ အဖြားအိုကေတာ့ သူ႔ရဲ႕ ေမြးေန႔

ကို မွတ္မိေနမွာ မဟုတ္ပါဘူး သူ႔အတြက္ လည္း အေရးႀကီးမွာ မဟုတ္ဘူး..။ က်န္တဲ့ သူ႔ သား သ မီး ေျမးျမစ္ ဆိုတာေတြ ကလည္း ကိုယ့္ အဖြားကို ဘယ္ႏွစ္က ေမြးလဲဆိုတာ ေမးၾကည့္ ဖို႔ရာက

အဖြားရဲ႕ အေမလည္း မရွိေတာ့ဘူး ဆိုေတာ့ သူတို႔လည္း ဘယ္အတိ အက် သိႏိုင္ပါ့မလဲ..။ အ သက္ ၁၀၀ ေက်ာ္တဲ့အထိ ကိုယ့္ဘာသာ တစ္ ေယာက္ တည္းေန၊ ထင္းေခြ၊ ေရခပ္၊ သစ္ပင္

စိုက္ကို က်န္းက်န္း မာမာနဲ႔ လုပ္ေနႏိုင္ ေသးတ ယ္ ဆိုေတာ့ အဖြားဘယ္လို ေနလဲဆိုတာ သိရ ေအာင္ အဖြားရဲ႕ အိမ္ေလးေပၚ အထိ တက္ၾကည့္ခဲ့တယ္။ အဖြားရဲ႕ အိမ္ေလးမွာ ေပၚမွာ အိပ္ယာ

ခင္းနဲ႔ ျခင္ေထာင္၊ ၿပီးေတာ့ မီးဖိုထဲမွာ အိုးခြက္ပန္းကန္ အခ်ိဳ႕၊ ဒါပဲ ရွိတယ္။ ကူေဖၚေလာင္ဖက္ရေအာင္ ေျမးမေလးေတြက အိမ္ကို လာေနတာေတာင္ တစ္ေယာက္တည္းပဲ ေနခ်င္လို႔ ျပန္လႊတ္

တယ္ တဲ့။ တတ္ႏိုင္တဲ့ ပမာ ဏ ေငြနည္းနည္း က ေလးကို ကန္ေတာ့ လိုက္ေတာ့ ၿပဳံးၿပဳံးႀကီး ေက် နပ္ေနတဲ့ အဖြားကို ၾကည့္ရတာ အလြန္ စိတ္ခ် မ္းသာဖို႔ ေကာင္းတာပဲ။ အေပါင္းအသင္း နဲလာ

တာကို သတိထားမိတယ္။ အေနေဝးလို႔ အဆက္ အသြယ္ ျပတ္သြားတာေတြ ရွိသလို၊ စိတ္သေဘာထားခ်င္း မတိုက္ဆိုင္လို႔ အဆက္အသြယ္ ျပတ္သြားတာ ေတြလည္း ရွိတယ္။ တကယ္ေတာ့ ဘဝ

မွာ ေပ်ာ္႐ႊင္စြာ ေနဖို႔ရာအတြက္ ေရာင့္ရဲတင္း တိ မ္ တတ္တဲ့ စိတ္ထား တခုရယ္၊ အျပန္မလွန္ နားလည္မႉရွိတဲ့ လက္တစ္ဆုပ္စာ ရင္းႏွီးခင္မင္ရတဲ့ သူတစ္ခ်ိဳ႕ရယ္ရွိရင္ ရပါၿပီ။ ဒါ့ထက္ တစ္ ဆ င့္

တက္ၿပီး ေျပာရရင္ တစ္ေယာက္ တည္းေန တစ္စိတ္တည္း ထားႏိုင္တာေတာ့ အေကာင္းဆုံးပါပဲ။ေလာက သေဘာဆႏၵနဲ႔ ေျပာရရင္ေတာ့ မိမိကို ယ္တိုင္လည္း အသက္႐ြယ္ ႀကီးရလာ ၿပီေနာက္

ပိုင္းမွာ ဝင္ေငြနဲနဲ ထြက္ေငြနဲနဲ နဲ႔ သစ္ပင္စိုက္ရင္းပဲ ေအးေအးေန ခ်င္တယ္။ ၿပီးေတာ့ ေတာင္ပံသာလွ်င္ ဝန္ရွိေသာ ငွက္ကဲ့သို႔ ဆိုတဲ့ စကားလို ဘာကိုမွ မတြယ္တာ မၿငိတြယ္ဘဲ ေနခ်င္တယ္၊

ဘဝရဲ႕ ေနာက္ဆုံး ကာလေတြကို အလိုနည္းတဲ့ဘဝနဲ႔ပဲ ကုန္ဆုံး သြားခ်င္တယ္။ ေလာဘ ေလွ်ာ့ဖို႔ဆိုတာ အေျပာလြယ္ သေဘာက္ လက္ေတြ႕ထိ မ္းခ်ဳပ္ ဖို႔ရာေတာ့ တကယ္ ခက္ပါတယ္ ေလ။

ကိုယ့္ ေလာဘကို ကိုယ္သိေနဖို႔ ဆင္ျခင္ရဦးမွာပါ။ သတိထားရ ဦးမွာပါေလ…။ crd ; Thu Hain