အိမ္ေဖာ္နဲ႔ ေဖာက္ျပန္တဲ့ ခင္ပြန္းသည္ အေၾကာင္းကို အိမ္ရွင္မဆီမွာေဖာ္ထုတ္ခဲ့တဲ့ ၾကက္တူ ေ႐ြး

အိမ်ဖော်နဲ့ ဖောက်ပြန်တဲ့ ခင်ပွန်းသည် အကြော င်းကို အိမ်ရှင်မဆီမှာ ဖော်ထုတ်ခဲ့တဲ့ ကြက်တူ ရွေး

ကြက်တူရွေး ကဲ့သို့ လူစကား မတောက် တခေါ က် ပြောတတ်တဲ့ အိမ်မွေးတိရစ္ဆာန်တွေဟာ တစ် ခါတလေ ရာဇဝတ်မှု တွေကို ဖော်ထုတ်ရာမှာ လိ မ္မာပါးနပ်ကြပါတယ်။ ဒါဟာ ဖြစ်ရိုး ဖြစ်စဉ်တော့ မဟုတ်ပေမယ့် တစ်ချို့သော ကိစ္စရပ်တွေမှာ

တော့ ၎င်း အိမ်မွေး တိရစ္ဆာန်တွေရဲ့ အကူအညီဟာ လူတွေ ကူညီနိုင်တာထက် ထိရောက် တတ်ပါတယ် အခုလည်း အိမ်မွေး ကြက်တူရွေး တစ်ကောင်ဟာ အိမ်ဖော်နဲ့ ဖောက်ပြန်တဲ့ ခင်ပွန်သည် အကြောင်းကို ဖောက်သည် ပြန်ချခဲ့ ပါတယ်။ ဒီ

လို ပြုလုပ်ခဲ့တဲ့ အတွက် အိမ်ရှင် အိမ်ထောင် သ ည် ယောက်ျားဟာ ဇနီးနဲ့ ကွာရှင်းရမလို ထောင်ဒ ဏ် ကျခံရမလို အထိကို ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အဲဒီမိသားစုရဲ့ နာမည်တွေကို ဖော်ပြမထားပေမယ့် ဒီသတင်းကို ကြက်တူရွေးက အိမ်ရှင်မ

ရှေ့မှာ စာရွတ်သလို တတွတ် တွတ်ရွတ် ဆိုခဲ့ပါတယ်။ အိမ်ရှင်မကလည်း ပထမတော့ ကြက်တူ ရွေးတို့ သာလိကာတို့ ထုံးစံအတိုင်း ပေါက်တက်ကရ လျှောက်ပြော နေတယ်ပဲ မှတ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီကစ္စဟာ အမှန်တ

ကယ်ဖြစ်တယ် ဆိုတာကို ရိပ်မိခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ခင်ပွန်းသည်ကို တပ်အပ်စွပ်စွဲတဲ့အခါ ခင်ပွန်းသည်က လုံးဝမဟုတ်ကြော င်း၊ အိမ်ဖော် အမျိုးသမီးကို လက်ဖျားနဲ့ပင် မထိဘူးကြောင်း ဗြောင်လိမ်တဲ့အခါ အိမ်ရှင်မက

လုံး၀ မနေသာတော့ပဲ ရဲစခန်းကို သွားရောက် တို င်တန်း ခဲ့ပါတယ်။ ဒီအဖြစ် ပျက်ဟာ ကူဝိတ် နိုင် ငံ Gulf ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တာပါ။ တရား သူကြီးတွေဟာ အိမ်ရှင်မရဲ့ စွပ်စွဲချက်ကို လက်ခံခဲ့ပြီး သက်သေအဖြစ် တင်သွင်းတဲ့ အိမ်မွေးကြ က်တူရွေးကိုတော့ တရားဥပဒေအရ အကြုံးမဝင်

ဘူးလို့ ငြင်းပယ် ခဲ့ပါတယ်။ ဒီပြစ်မှုသာ ခိုင်လုံရ င် ကူဝိတ်မှာတော့ ထောင်ဒဏ်အနှစ် 20 လောက်အထိ ချမှတ်နိုင်တဲ့ အမှု ဖြစ်ပါတယ်။ ဒါပေမယ့် တရားသူကြီး တွေဟာ အဓိက သက်သေ အဖြစ် တင်သွင်းတဲ့ ကြက်တူရွေးကို ငြင်းပယ်ခဲ့ လို့သာ အိမ်ထောင်ရှင် အမျိုးသား သက်သာရာရ ခဲ့ခြင်း

ဖြစ်ပါတယ်။ ဒါကို အိမ်ရှင်မက မကျေနပ် သေး ဘဲသူမရဲ့ ခင်ပွန်းဟာ အလုပ်ကနေ စောစောပြန်ရောက် နေတတ်ပြီး သူမကိုယ်တိုင် ရုံးစောစောပြ န်လာတဲ့ နေ့တွေဆိုရင် ပြဿနာ ရှာလေ့ရှိ ကြော င်း၊ ဒါဟာ လင်ယောက်ျားရဲ့ ဖောက်ပြန်မှု တွက်

သံသယ ဖြစ်စရာ အချက် ဖြစ်ကြောင်း လျှောက် လဲ ခဲ့ပေမယ့် တရားရုံးက သံသယ ဖြစ်ခြင်းဟာ ခိုင်လုံတဲ့ အကြောင်း ပြချက် မဟုတ်ဖူးလို့ ကြား နာမှု 2နာရီအကြာမှာ အမှုကို ရုပ်သိမ်းခဲ့ ပါတယ်။ ဒါပေမယ့် ယခုနှစ် အစောပိုင်း တုန်းကတော့

ကြ က်တူရွေး တကောင်ကပဲ ပိုင်ရှင်ဖြစ်တဲ့ Suzy ဆိုတဲ့ အမျိူးသမီးရဲ့ဖောက်ပြန်မှုကို ဖော်ထုတ်ခဲ့လို့ Suzy ဟာ ချစ်သူ Chris ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရကြောင်း သတင်းတစ်ရပ်က ဆိုထားပါတယ်။

အဲဒီကြက်တူရွေးက Chris ရဲ့ရှေ့မှာ ” Gray ကို ချစ်တယ် Gray ကိုချစ်တယ်.. “လို့ မကြာ ခဏ ပြောခဲ့တဲ့အတွက် Suzy ကို မသင်္ကာလို့ Chris ကိုယ်တိုင် လက်ပူးလက်ကြပ် ဖော်ထုတ်နိုင်ခဲ့ တ ယ်လို့ သိရပါတယ်။

Zawgyi

အိမ္ေဖာ္နဲ႔ ေဖာက္ျပန္တဲ့ ခင္ပြန္းသည္ အေၾကာ င္းကို အိမ္ရွင္မဆီမွာ ေဖာ္ထုတ္ခဲ့တဲ့ ၾကက္တူ ေ႐ြး

ၾကက္တူေ႐ြး ကဲ့သို႔ လူစကား မေတာက္ တေခါ က္ ေျပာတတ္တဲ့ အိမ္ေမြးတိရစာၦန္ေတြဟာ တစ္ ခါတေလ ရာဇဝတ္မႈ ေတြကို ေဖာ္ထုတ္ရာမွာ လိ မၼာပါးနပ္ၾကပါတယ္။ ဒါဟာ ျဖစ္႐ိုး ျဖစ္စဥ္ေတာ့ မဟုတ္ေပမယ့္ တစ္ခ်ိဳ႕ေသာ ကိစၥရပ္ေတြမွာ

ေတာ့ ၎ အိမ္ေမြး တိရစာၦန္ေတြရဲ႕ အကူအညီဟာ လူေတြ ကူညီႏိုင္တာထက္ ထိေရာက္ တတ္ပါတယ္ အခုလည္း အိမ္ေမြး ၾကက္တူေ႐ြး တစ္ေကာင္ဟာ အိမ္ေဖာ္နဲ႔ ေဖာက္ျပန္တဲ့ ခင္ပြန္သည္ အေၾကာင္းကို ေဖာက္သည္ ျပန္ခ်ခဲ့ ပါတယ္။ ဒီ

လို ျပဳလုပ္ခဲ့တဲ့ အတြက္ အိမ္ရွင္ အိမ္ေထာင္ သ ည္ ေယာက္်ားဟာ ဇနီးနဲ႔ ကြာရွင္းရမလို ေထာင္ဒ ဏ္ က်ခံရမလို အထိကို ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ပါ။ အဲဒီမိသားစုရဲ႕ နာမည္ေတြကို ေဖာ္ျပမထားေပမယ့္ ဒီသတင္းကို ၾကက္တူေ႐ြးက အိမ္ရွင္မ

ေရွ႕မွာ စာ႐ြတ္သလို တတြတ္ တြတ္႐ြတ္ ဆိုခဲ့ပါတယ္။ အိမ္ရွင္မကလည္း ပထမေတာ့ ၾကက္တူ ေ႐ြးတို႔ သာလိကာတို႔ ထုံးစံအတိုင္း ေပါက္တက္ကရ ေလွ်ာက္ေျပာ ေနတယ္ပဲ မွတ္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဒီကစၥဟာ အမွန္တ

ကယ္ျဖစ္တယ္ ဆိုတာကို ရိပ္မိခဲ့တယ္လို႔ ဆိုပါတယ္။ ေနာက္ပိုင္းမွာ ခင္ပြန္းသည္ကို တပ္အပ္စြပ္စြဲတဲ့အခါ ခင္ပြန္းသည္က လုံးဝမဟုတ္ေၾကာ င္း၊ အိမ္ေဖာ္ အမ်ိဳးသမီးကို လက္ဖ်ားနဲ႔ပင္ မထိဘူးေၾကာင္း ေျဗာင္လိမ္တဲ့အခါ အိမ္ရွင္မက

လုံး၀ မေနသာေတာ့ပဲ ရဲစခန္းကို သြားေရာက္ တို င္တန္း ခဲ့ပါတယ္။ ဒီအျဖစ္ ပ်က္ဟာ ကူဝိတ္ ႏိုင္ ငံ Gulf ျပည္နယ္အတြင္းမွာ ျဖစ္ခဲ့တာပါ။ တရား သူႀကီးေတြဟာ အိမ္ရွင္မရဲ႕ စြပ္စြဲခ်က္ကို လက္ခံခဲ့ၿပီး သက္ေသအျဖစ္ တင္သြင္းတဲ့ အိမ္ေမြးၾက က္တူေ႐ြးကိုေတာ့ တရားဥပေဒအရ အႀကဳံးမဝင္

ဘူးလို႔ ျငင္းပယ္ ခဲ့ပါတယ္။ ဒီျပစ္မႈသာ ခိုင္လုံရ င္ ကူဝိတ္မွာေတာ့ ေထာင္ဒဏ္အႏွစ္ 20 ေလာက္အထိ ခ်မွတ္ႏိုင္တဲ့ အမႈ ျဖစ္ပါတယ္။ ဒါေပမယ့္ တရားသူႀကီး ေတြဟာ အဓိက သက္ေသ အျဖစ္ တင္သြင္းတဲ့ ၾကက္တူေ႐ြးကို ျငင္းပယ္ခဲ့ လို႔သာ အိမ္ေထာင္ရွင္ အမ်ိဳးသား သက္သာရာရ ခဲ့ျခင္း

ျဖစ္ပါတယ္။ ဒါကို အိမ္ရွင္မက မေက်နပ္ ေသး ဘဲသူမရဲ႕ ခင္ပြန္းဟာ အလုပ္ကေန ေစာေစာျပန္ေရာက္ ေနတတ္ၿပီး သူမကိုယ္တိုင္ ႐ုံးေစာေစာျပ န္လာတဲ့ ေန႔ေတြဆိုရင္ ျပႆနာ ရွာေလ့ရွိ ေၾကာ င္း၊ ဒါဟာ လင္ေယာက္်ားရဲ႕ ေဖာက္ျပန္မႈ တြက္

သံသယ ျဖစ္စရာ အခ်က္ ျဖစ္ေၾကာင္း ေလွ်ာက္ လဲ ခဲ့ေပမယ့္ တရား႐ုံးက သံသယ ျဖစ္ျခင္းဟာ ခိုင္လုံတဲ့ အေၾကာင္း ျပခ်က္ မဟုတ္ဖူးလို႔ ၾကား နာမႈ 2နာရီအၾကာမွာ အမႈကို ႐ုပ္သိမ္းခဲ့ ပါတယ္။ ဒါေပမယ့္ ယခုႏွစ္ အေစာပိုင္း တုန္းကေတာ့

ၾက က္တူေ႐ြး တေကာင္ကပဲ ပိုင္ရွင္ျဖစ္တဲ့ Suzy ဆိုတဲ့ အမ်ိဴးသမီးရဲ႕ေဖာက္ျပန္မႈကို ေဖာ္ထုတ္ခဲ့လို႔ Suzy ဟာ ခ်စ္သူ Chris ရဲ႕ စြန႔္ပစ္ျခင္းကို ခံခဲ့ရေၾကာင္း သတင္းတစ္ရပ္က ဆိုထားပါတယ္။

အဲဒီၾကက္တူေ႐ြးက Chris ရဲ႕ေရွ႕မွာ ” Gray ကို ခ်စ္တယ္ Gray ကိုခ်စ္တယ္.. “လို႔ မၾကာ ခဏ ေျပာခဲ့တဲ့အတြက္ Suzy ကို မသကၤာလို႔ Chris ကိုယ္တိုင္ လက္ပူးလက္ၾကပ္ ေဖာ္ထုတ္ႏိုင္ခဲ့ တ ယ္လို႔ သိရပါတယ္။