လွ်ပ္စစ္ေမာ္တာ တစ္လုံးမွမပါပဲ ဂ်ိဳးျဖဴကန္ရဲ႕ ရန္ကုန္တစ္ၿမိဳ႕လုံးကို ေရေပးေဝေနတဲ့ စနစ္

ရန်ကုန်မှာ နေတာမှန်ရင် ဂျိုးဖြူရေကို သုံးဖူးကြပါလိမ့်မယ်။ ဂျိုးဖြူရေ ဘယ်လိုဖြန့်ဝေလဲဆိုတာ လေ့လာကြည့်ရအောင် ဂျိုးဖြူရေလှောင်ကန်ဟာ ၁၇၉၂ ဧက ကျယ်ဝန်းပြီး၊ ရန်ကုန်မြို့မှ (၅၅) မိုင်အကွာအဝေးမှာရှိတဲ့ တိုက်ကြီးမြို့နယ်မှာ

တည်ရှိပါတယ်။ ဂျိုးဖြူရေလှောင်ကန်ကို (၁၉၃၇) ခုနှစ်မှာ အင်္ဂလိပ်အင်ဂျင်နီယာ နှစ်ဦးက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး၊ ၁၉၄၀ ခုနှစ်မှာ ရေစတင် ပေးဝေခဲ့တာဖြစ်ပါတယ်။ ရေပေးဝေတဲ့စနစ်ဟာ ၄၃ ပေအရှည်ရှိတဲ့ သံပိုက်လုံးတွေနဲ့

စတင်သွယ်တန်းခဲ့ပါတယ်။ သံပိုက်လုံးအမျိုးအစားကတော့ ၅၆ လက်မအကျယ်ရှိတဲ့ မိုင်းစတီးပိုက် အမျိုးအစားပဲ ဖြစ်ပါတယ်။ ဂျိုးဖြူရေကန်ထဲမှ ရေတွေရဲ့ အရင်းအမြစ်က မိုးရေဖြစ်ပြီး mini Laboratory မှာ ဂျိုးဖြူကန်မှ ရေရဲ့အရောင်၊

အဆင့်အတန်းနဲ့ ရေသိပ်သည်းဆ အနည်ထိုင်မှုကို တိုင်းတာချက်အရ ဂျိုးဖြူရေဟာ ကျမ်းမာရေးအတွက် အထူးသင့်တော်တဲ့ Ph level အမျိုးအစားထဲမှာ ပါဝင်ခဲ့ပါတယ်။ ယခုဆိုရင် နှစ်ပေါင်း ၈၃ နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ဂျိုးဖြူ

ရေလှောင်ကန်ဟာ တချို့ကုန်းကျော်တံတားရှိတဲ့ နေရာက အများပြည်သူတွေရဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ဂျိုးဖြူပိုက်လိုင်းအတွင်း အောက်စီဂျင်ရောက်ရှိမှု နည်းတာမှအပ ၂၀၁၇ မတ်လ ၁၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အစိုးရ

ကြေငြာချက်အရ 5.8 မီတာစကေး ရှိတဲ့ မြေငလျှင်ဒဏ်ကိုတောင် ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ ဂျိုးဖြူကန်ရဲ့ ရေပေးဝေမှုစနစ်က လျှပ်စစ်မော်တာတလုံးမှ အသုံးပြုမပါပဲ Gavity ကမ္ဘာ့မြေစွဲအားအရ ရေကို မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းမှုကနေ

ရန်ကုန်မြို့တမြို့လုံးကို ရေပေးဝေတဲ့စနစ် ဖြစ်ပါတယ်လို့ ဂျိုးဖြူရေကန် ထိန်းသိမ်းစောင့်ရှောက်ရေး လျှပ်စစ်အင်ဂျင်နီယာမှူးကြီးက ပြောပြသွားပါတယ်။ ရေစတင်ပေးဝေတဲ့နေရာ Terminal က ရေအောက် ၁၄၂ ပေ အနက်မှာတည်ရှိပြီး၊

အရှည် ၇၅၅ပေ ၊ ထု ၁၄ ပေ ၁၅ ပေခန့်အထူ (၂၀၁၉ ခုနှစ်၊ မတ်လ တိုင်းထွာချက်အရ ခန့်မှန်းအတိုင်းအတာ) ရှိကြောင်း သိရှိရပါတယ်။ ကိုကျော်ဇောလင်းရဲ့ ပြောပြချက်များကို စာအဖြစ်ပြန်လည် ရေးသားဖော်ပြပါသည်။ ခရက်ဒစ်.

Zawgyi

ရန္ကုန္မွာ ေနတာမွန္ရင္ ဂ်ိဳးျဖဴေရကို သုံးဖူးၾကပါလိမ့္မယ္။ ဂ်ိဳးျဖဴေရ ဘယ္လိုျဖန႔္ေဝလဲဆိုတာ ေလ့လာၾကည့္ရေအာင္ ဂ်ိဳးျဖဴေရေလွာင္ကန္ဟာ ၁၇၉၂ ဧက က်ယ္ဝန္းၿပီး၊ ရန္ကုန္ၿမိဳ႕မွ (၅၅) မိုင္အကြာအေဝးမွာရွိတဲ့ တိုက္ႀကီးၿမိဳ႕နယ္မွာ

တည္ရွိပါတယ္။ ဂ်ိဳးျဖဴေရေလွာင္ကန္ကို (၁၉၃၇) ခုႏွစ္မွာ အဂၤလိပ္အင္ဂ်င္နီယာ ႏွစ္ဦးက စတင္တည္ေဆာက္ခဲ့တာျဖစ္ၿပီး၊ ၁၉၄၀ ခုႏွစ္မွာ ေရစတင္ ေပးေဝခဲ့တာျဖစ္ပါတယ္။ ေရေပးေဝတဲ့စနစ္ဟာ ၄၃ ေပအရွည္ရွိတဲ့ သံပိုက္လုံးေတြနဲ႔

စတင္သြယ္တန္းခဲ့ပါတယ္။ သံပိုက္လုံးအမ်ိဳးအစားကေတာ့ ၅၆ လက္မအက်ယ္ရွိတဲ့ မိုင္းစတီးပိုက္ အမ်ိဳးအစားပဲ ျဖစ္ပါတယ္။ ဂ်ိဳးျဖဴေရကန္ထဲမွ ေရေတြရဲ႕ အရင္းအျမစ္က မိုးေရျဖစ္ၿပီး mini Laboratory မွာ ဂ်ိဳးျဖဴကန္မွ ေရရဲ႕အေရာင္၊

အဆင့္အတန္းနဲ႔ ေရသိပ္သည္းဆ အနည္ထိုင္မႈကို တိုင္းတာခ်က္အရ ဂ်ိဳးျဖဴေရဟာ က်မ္းမာေရးအတြက္ အထူးသင့္ေတာ္တဲ့ Ph level အမ်ိဳးအစားထဲမွာ ပါဝင္ခဲ့ပါတယ္။ ယခုဆိုရင္ ႏွစ္ေပါင္း ၈၃ ႏွစ္သက္တမ္းရွိၿပီျဖစ္တဲ့ ဂ်ိဳးျဖဴ

ေရေလွာင္ကန္ဟာ တခ်ိဳ႕ကုန္းေက်ာ္တံတားရွိတဲ့ ေနရာက အမ်ားျပည္သူေတြရဲ႕ စည္းကမ္းမဲ့ အမႈိက္စြန႔္ပစ္မႈေၾကာင့္ ဂ်ိဳးျဖဴပိုက္လိုင္းအတြင္း ေအာက္စီဂ်င္ေရာက္ရွိမႈ နည္းတာမွအပ ၂၀၁၇ မတ္လ ၁၃ ရက္ေန႔မွာ ျဖစ္ပြားခဲ့တဲ့ အစိုးရ

ေၾကျငာခ်က္အရ 5.8 မီတာစေကး ရွိတဲ့ ေျမငလွ်င္ဒဏ္ကိုေတာင္ ႀကံ့ႀကံ့ခံႏိုင္ခဲ့ပါတယ္။ ဂ်ိဳးျဖဴကန္ရဲ႕ ေရေပးေဝမႈစနစ္က လွ်ပ္စစ္ေမာ္တာတလုံးမွ အသုံးျပဳမပါပဲ Gavity ကမာၻ႔ေျမစြဲအားအရ ေရကို ျမင့္ရာမွ နိမ့္ရာသို႔ စီးဆင္းမႈကေန

ရန္ကုန္ၿမိဳ႕တၿမိဳ႕လုံးကို ေရေပးေဝတဲ့စနစ္ ျဖစ္ပါတယ္လို႔ ဂ်ိဳးျဖဴေရကန္ ထိန္းသိမ္းေစာင့္ေရွာက္ေရး လွ်ပ္စစ္အင္ဂ်င္နီယာမႉးႀကီးက ေျပာျပသြားပါတယ္။ ေရစတင္ေပးေဝတဲ့ေနရာ Terminal က ေရေအာက္ ၁၄၂ ေပ အနက္မွာတည္ရွိၿပီး၊

အရွည္ ၇၅၅ေပ ၊ ထု ၁၄ ေပ ၁၅ ေပခန႔္အထူ (၂၀၁၉ ခုႏွစ္၊ မတ္လ တိုင္းထြာခ်က္အရ ခန႔္မွန္းအတိုင္းအတာ) ရွိေၾကာင္း သိရွိရပါတယ္။ ကိုေက်ာ္ေဇာလင္းရဲ႕ ေျပာျပခ်က္မ်ားကို စာအျဖစ္ျပန္လည္ ေရးသားေဖာ္ျပပါသည္။ ခရက္ဒစ္.