ဖေ့ဘုတ်မွာ နာမည်ကြီးနေတဲ့စုံတွဲလေး…
အခုတလောမြန်မာပြည်သူတွေရဲ့ Facebook တခွင်မှာ လူကြိုက်နှစ်သက်မှုအများဆုံး ခံယူနေရတဲ့ စုံတွဲလေးပါ။ အပြင်ပန်းကြည့်ရင်တော့ မလိုက်ဖက်ဘူးလို့မြင်မိမှာပါ သို့သော် သူတို့နှစ်ယောက်ရဲ့ အချစ်သံယောစဉ်တွေဟာ ဘယ်လောက်ထိခိုင်မြဲနေပြီလဲဆိုတာကိုတော့ ဒီဓါတ်ပုံလေးတွေ ကြည့်ရုံနဲ့ သိရှိနိုင်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ ဆိုရှယ်အကောင့်တွေမှာ သူတို့နှစ်ယောက်ရဲ့ အချစ်သက်တမ်း ၃ နှစ်နဲ့ ၆လပြည့်အဖြစ် မှတ်တမ်းတင်ပုံရိုက်ကူးခဲ့ပြီး မျှဝေခဲ့ရာမှ လူကြိုက်နှစ်သက်မှု အများဆုံးခံခဲ့ရပါတယ်။
ဝေဖန်တဲ့မှတ်ချက်တချို့ကို တွေ့ရပေမယ့် နှစ်သက်အားကျတဲ့မှတ်ချက်တွေလဲ အများကြီး ပိုင်ဆိုင်ခဲ့ရပါတယ်။ကောင်မလေးရဲ့ ဆိုရှယ်အကောင့်မှာ သူမရဲ့ချစ်သူကို စတွေ့ခဲ့တုန်းက ရာထူးရော အလုပ်ရော မရှိခဲ့ဘူးလို့ဆိုပါတယ်။သူမနဲ့တွေ့ပြီးနောက်ပိုင်းမှာ ပြောင်းလွဲလာတဲ့ကောင်းလေးရဲ့ လုပ်ရပ်ကလဲတကယ်ကိုနှစ်သက်စရာပါ။သူ့အတွက် ဘဝကိုအကြီးမားဆုံးပြောင်းလွဲပစ်လိုက်တယ်လို့ ဆိုရမှာပါ။
တကယ်တမ်းတော့ သွေးမတော်တဲ့သူနှစ်ယောက် အတူပေါင်းပြီး ရှေ့ဆက်ဖို့ရာက တစ်ယောက်ကိုတစ်ယောက် ညှိနုှိင်းနားလည်ပေးနိုင်မှုကလဲ အရေးကြီးပါတယ်။ဒါကြောင့် ဒီကောင်လေးနဲ့ကောင်းမလေးကိုလဲ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝနားလည်ပေးနိုင်ပြီးခရီးဆုံးထိ လျှောက်လမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်….
Zawgyi