ဒသာေကာက္ကိန္းအရ တနလၤာသားသမီးမ်ားအတြက္ တစ္သက္တာ ကံေကာင္းခ်ိန္၊ကံညံ့ခ်ိန္မ်ား

ဒသာကောက်ကိန်းအရ တနင်္လာသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

ဗေဒင်ပညာမှာ ဒသာကောက်ကိန်းဆိုတာမျိုးရှိပါတယ်။ ဒါကလက်ဆန်းမှာရော လက်ရိုးမှာရောရှိနေတာပါ။ ကျွန်တော် ဗေဒင်ပညာကို စတင်လေ့လာချိန်မှာ လက်ဆန်းကို အထူးပြုလေ့လာခဲ့သူပါ။

ဆရာနဲ့ အချိန်ပြည့် လက်ထက်သင်ခွင့် မရနိုင်တော့ လက်ဆန်း ပညာက ကိုယ်တိုင် self-studyလုပ်ဖို့ အထိုက်အလျောက် လက်လှမ်းမီတယ်လို့ ဆိုရမှာပါ။

တစ်ရက်တော့ မှတ်မှတ်ရရ လက်ရိုးဆရာ တစ်ယောက်နဲ့ ဆုံပါတယ်။ ထိုဆရာက ကောဇာအစီးအနင်း ထက် ဒသာနဲ့ ဟောတာကို အားသန်တဲ့သူပါ။ သူ ကျွန်တော်ကို ဒသာအပိုင်းအခြား တွေနဲ့ဟောတာ အလွန်မှန်ကန်တာတွေ့ရတယ်။

ဒါကြောင့် ဒသာအပိုင်းအခြားတွေ ဘယ်လောက်များများထိ ရှိနေလဲ။ ဘယ်လောက်မှန်ကန်မှုရှိလဲ လေ့လာခဲ့ပါတယ်။ လက်ဆန်းမှာလဲ ဒဿကောက်ကိန်းတွေ အများအပြားတွေ့ရပါတယ်။ အတော်လဲ မှန်ကန်တာကို တွေ့ရပါတယ်။

ဒသာဟောကိန်းတွေကို လက်တွေ့မှာ ချိန်ထိုးကြည့်တာ အတော့်ကိုမှန်ကန်ပါတယ်။ အခုပြောပြချင်တာက နေ့နံအလိုက် ကံကောင်းချိန်၊ ကံညံ့ချိန်တွေကို ပြောပြချင်တာပါ။ လူတစ်ယောက်ချင်းစီရဲ့ ဖွားဇာတာအရ၊ နာမည်အရ၊ ပစ္စပ္ပုန်ကြိုးစားမှုတွေအရ

အခုရေးပေးမယ့် အချိန်ကာလတွေထဲက ကံကောင်းချိန်ကာလ၊ ကံညံ့ချိန် ကာလ တွေက မိတ်ဆွေတို့အတွက် ၁၀၀%မမှန်ကန်နိုင်ပါ။

ဒါပေမယ့် ၇၀%လောက်သော သူတွေအတွက်မှန်ကန် နိုင်ပြီးတော့ ၃၀%သောသူတွေအတွက် လွဲချော်မှုတွေ ရှိနေပါလိမ့်မယ်။

ဒီနေ့မှာတော့ တနင်္လာသားသမီးတွေရဲ့ တစ်သက်တာကံကောင်း၊ကံညံ့သောဒသာကာလလေးတွေကိုပြောပေးလိုက်ပါမယ်။

လူငယ် လူရွယ် တွေအနေနဲ့ မိမိရဲ့ ကောင်းတဲ့ဒသာတွေကျရောက်နေချိန်မှာ ပိုမိုအားထည့်ပြီး ကြိုးစားနိုင်ဖို့နဲ့ ကံညံ့တဲ့ဒသာနှစ်ပိုင်းတွေ ဖြတ်သန်းချိန်မှာတော့ သတိ၊ ဉာဏ်ပညာဦးဆောင်ပြီး ဖြတ်သန်းသွားနိုင်ဖို့ အထူးရည်ရွယ်ပါတယ်။
ကဲစကြရအောင်

တနင်္လာသားသမီးတွေရဲ့

အသက် ၇နှစ် ၆လ ပြည့်ချိန်မှ… အသက် ၉နှစ် ၊ ၄လ၊ ၁၅ရက်အတွင်း ကာလ

အသက် ၁၈နှစ် တင်းတင်းပြည့်ချိန်မှ ….အသက်၁၉နှစ် တင်းတင်းပြည့်ချိန်အတွင်း ကာလ

အသက် ၂၇နှစ် ၃လ ပြည့်ချိန်မှ….အသက် ၂၉နှစ် ၄လ ၁၅ရက်အတွင်းကာလ

အသက် ၄၁နှစ် ၃လ ပြည့်ချိန် မှ အသက် ၄၂နှစ် ၆လအတွင်း ကာလ

အသက် ၅၀နှစ် တင်းတင်းပြည့်ချိန်မှ အသက် ၅၂နှစ် ၄လ ၁၅ရက်အတွင်း ကာလ

အသက် ၇၉နှစ် ၆လ ပြည့်ချိန်မှ အသက်၈၁နှစ် တင်းတင်းပြည့်ချိန်ကာလများဟာ၇၀%သော တနင်္လာ သားသမီး များအတွက် ကြံတိုင်းအောင် ဆောင်တိုင်းမြောက် တဲ့ကာလပဲဖြစ်ပါတယ်။

အထက်ပါအသက်အပိုင်းအခြားတွေက မိမိတို့ အလိုရှိရာပန်းတိုင်ကို ဆုပ်ကိုင်နိုင်မယ့်ကာလတွေပါပဲ။ ကောင်းသောအသက်အပိုင်းအခြားတွေမှာ အချိန်မဖြုန်းဖို့အထူးလိုအပ်ပါတယ်။

တနင်္လာသားသမီးများအတွက် ကံညံ့ချိန်အသက်အပိုင်းအခြားတွေကတော့

အသက် ၅နှစ် ၇လမှ ၁၅ရက် မှ အသက် ၇နှစ် ၆လ ပြည့်ချိန်အတွင်းကာလ

အသက် ၁၇နှစ် တင်းတင်းပြည့်ချိန်မှ အသက် ၁၈နှစ်တင်းတင်းပြည့်ချိန်အတွင်းကာလ

အသက် ၂၅နှစ်၊ ၁လ၊ ၁၅ရက် ကာလမှ … အသက် ၂၇နှစ် ၃လ ပြည့်ချိန်အတွင်းကာလ

အသက် ၄၀နှစ် တင်းတင်းပြည့်ချိန်မှ …အသက် အသက် ၄၁နှစ် ၃လ ပြည့်ချိန်အတွင်းကာလ

အသက် ၆၆နှစ် ၇လ ၁၅ရက်မှ …အသက် ၆၉နှစ်တင်းတင်းပြည့်ချိန် အတွင်းကာလ

အသက် ၇၈နှစ်တင်းတင်းပြည့်ချိန်မှ …အသက် ၇၉နှစ် ၆လ ပြည့်ချိန် အတွင်းကာလများဟာ တနင်္လာသားသမီးတွေ အတွက် ကံညံ့နေချိန်တွေပဲဖြစ်ပါတယ်။

ကံညံ့နေချိန်မှာ ခင်ပွန်းကြီးဆယ်ပါးကို မမေ့ပါနဲ့။ အရာရာကိုချင့်ချိန်ပြီး ဆောင်ရွက်ပါ။ မိမိလုပ်ချင်တာကို မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။ နားလည်သူတွေကို တိုင်ပင်လိုက် ပါ။
တတ်နိုင်သမျှ ပရဟိတ ကုသိုလ်တွေ၊ ဝေယျာဝစ္စ ကုသိုလ်တွေ များများလုပ်ပေးပါ။ တနင်္လာ သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ ။

ငြိမ်းအေးလူ

၀၉၇၇၅၅၅၅၆၉၅

၀၉၄၄၅၅၅၅၆၉၅

Zawgyi

ဒသာေကာက္ကိန္းအရ တနလၤာသားသမီးမ်ားအတြက္ တစ္သက္တာ ကံေကာင္းခ်ိန္၊ကံညံ့ခ်ိန္မ်ား

ေဗဒင္ပညာမွာ ဒသာေကာက္ကိန္းဆိုတာမ်ိဳးရွိပါတယ္။ ဒါကလက္ဆန္းမွာေရာ လက္႐ိုးမွာေရာရွိေနတာပါ။ ကြၽန္ေတာ္ ေဗဒင္ပညာကို စတင္ေလ့လာခ်ိန္မွာ လက္ဆန္းကို အထူးျပဳေလ့လာခဲ့သူပါ။

ဆရာနဲ႔ အခ်ိန္ျပည့္ လက္ထက္သင္ခြင့္ မရႏိုင္ေတာ့ လက္ဆန္း ပညာက ကိုယ္တိုင္ self-studyလုပ္ဖို႔ အထိုက္အေလ်ာက္ လက္လွမ္းမီတယ္လို႔ ဆိုရမွာပါ။

တစ္ရက္ေတာ့ မွတ္မွတ္ရရ လက္႐ိုးဆရာ တစ္ေယာက္နဲ႔ ဆုံပါတယ္။ ထိုဆရာက ေကာဇာအစီးအနင္း ထက္ ဒသာနဲ႔ ေဟာတာကို အားသန္တဲ့သူပါ။ သူ ကြၽန္ေတာ္ကို ဒသာအပိုင္းအျခား ေတြနဲ႔ေဟာတာ အလြန္မွန္ကန္တာေတြ႕ရတယ္။

ဒါေၾကာင့္ ဒသာအပိုင္းအျခားေတြ ဘယ္ေလာက္မ်ားမ်ားထိ ရွိေနလဲ။ ဘယ္ေလာက္မွန္ကန္မႈရွိလဲ ေလ့လာခဲ့ပါတယ္။ လက္ဆန္းမွာလဲ ဒႆေကာက္ကိန္းေတြ အမ်ားအျပားေတြ႕ရပါတယ္။ အေတာ္လဲ မွန္ကန္တာကို ေတြ႕ရပါတယ္။

ဒသာေဟာကိန္းေတြကို လက္ေတြ႕မွာ ခ်ိန္ထိုးၾကည့္တာ အေတာ့္ကိုမွန္ကန္ပါတယ္။ အခုေျပာျပခ်င္တာက ေန႔နံအလိုက္ ကံေကာင္းခ်ိန္၊ ကံညံ့ခ်ိန္ေတြကို ေျပာျပခ်င္တာပါ။ လူတစ္ေယာက္ခ်င္းစီရဲ႕ ဖြားဇာတာအရ၊ နာမည္အရ၊ ပစၥပၸဳန္ႀကိဳးစားမႈေတြအရ

အခုေရးေပးမယ့္ အခ်ိန္ကာလေတြထဲက ကံေကာင္းခ်ိန္ကာလ၊ ကံညံ့ခ်ိန္ ကာလ ေတြက မိတ္ေဆြတို႔အတြက္ ၁၀၀%မမွန္ကန္ႏိုင္ပါ။

ဒါေပမယ့္ ၇၀%ေလာက္ေသာ သူေတြအတြက္မွန္ကန္ ႏိုင္ၿပီးေတာ့ ၃၀%ေသာသူေတြအတြက္ လြဲေခ်ာ္မႈေတြ ရွိေနပါလိမ့္မယ္။

ဒီေန႔မွာေတာ့ တနလၤာသားသမီးေတြရဲ႕ တစ္သက္တာကံေကာင္း၊ကံညံ့ေသာဒသာကာလေလးေတြကိုေျပာေပးလိုက္ပါမယ္။

လူငယ္ လူ႐ြယ္ ေတြအေနနဲ႔ မိမိရဲ႕ ေကာင္းတဲ့ဒသာေတြက်ေရာက္ေနခ်ိန္မွာ ပိုမိုအားထည့္ၿပီး ႀကိဳးစားႏိုင္ဖို႔နဲ႔ ကံညံ့တဲ့ဒသာႏွစ္ပိုင္းေတြ ျဖတ္သန္းခ်ိန္မွာေတာ့ သတိ၊ ဉာဏ္ပညာဦးေဆာင္ၿပီး ျဖတ္သန္းသြားႏိုင္ဖို႔ အထူးရည္႐ြယ္ပါတယ္။
ကဲစၾကရေအာင္

တနလၤာသားသမီးေတြရဲ႕

အသက္ ၇ႏွစ္ ၆လ ျပည့္ခ်ိန္မွ… အသက္ ၉ႏွစ္ ၊ ၄လ၊ ၁၅ရက္အတြင္း ကာလ

အသက္ ၁၈ႏွစ္ တင္းတင္းျပည့္ခ်ိန္မွ ….အသက္၁၉ႏွစ္ တင္းတင္းျပည့္ခ်ိန္အတြင္း ကာလ

အသက္ ၂၇ႏွစ္ ၃လ ျပည့္ခ်ိန္မွ….အသက္ ၂၉ႏွစ္ ၄လ ၁၅ရက္အတြင္းကာလ

အသက္ ၄၁ႏွစ္ ၃လ ျပည့္ခ်ိန္ မွ အသက္ ၄၂ႏွစ္ ၆လအတြင္း ကာလ

အသက္ ၅၀ႏွစ္ တင္းတင္းျပည့္ခ်ိန္မွ အသက္ ၅၂ႏွစ္ ၄လ ၁၅ရက္အတြင္း ကာလ

အသက္ ၇၉ႏွစ္ ၆လ ျပည့္ခ်ိန္မွ အသက္၈၁ႏွစ္ တင္းတင္းျပည့္ခ်ိန္ကာလမ်ားဟာ၇၀%ေသာ တနလၤာ သားသမီး မ်ားအတြက္ ႀကံတိုင္းေအာင္ ေဆာင္တိုင္းေျမာက္ တဲ့ကာလပဲျဖစ္ပါတယ္။

အထက္ပါအသက္အပိုင္းအျခားေတြက မိမိတို႔ အလိုရွိရာပန္းတိုင္ကို ဆုပ္ကိုင္ႏိုင္မယ့္ကာလေတြပါပဲ။ ေကာင္းေသာအသက္အပိုင္းအျခားေတြမွာ အခ်ိန္မျဖဳန္းဖို႔အထူးလိုအပ္ပါတယ္။

တနလၤာသားသမီးမ်ားအတြက္ ကံညံ့ခ်ိန္အသက္အပိုင္းအျခားေတြကေတာ့

အသက္ ၅ႏွစ္ ၇လမွ ၁၅ရက္ မွ အသက္ ၇ႏွစ္ ၆လ ျပည့္ခ်ိန္အတြင္းကာလ

အသက္ ၁၇ႏွစ္ တင္းတင္းျပည့္ခ်ိန္မွ အသက္ ၁၈ႏွစ္တင္းတင္းျပည့္ခ်ိန္အတြင္းကာလ

အသက္ ၂၅ႏွစ္၊ ၁လ၊ ၁၅ရက္ ကာလမွ … အသက္ ၂၇ႏွစ္ ၃လ ျပည့္ခ်ိန္အတြင္းကာလ

အသက္ ၄၀ႏွစ္ တင္းတင္းျပည့္ခ်ိန္မွ …အသက္ အသက္ ၄၁ႏွစ္ ၃လ ျပည့္ခ်ိန္အတြင္းကာလ

အသက္ ၆၆ႏွစ္ ၇လ ၁၅ရက္မွ …အသက္ ၆၉ႏွစ္တင္းတင္းျပည့္ခ်ိန္ အတြင္းကာလ

အသက္ ၇၈ႏွစ္တင္းတင္းျပည့္ခ်ိန္မွ …အသက္ ၇၉ႏွစ္ ၆လ ျပည့္ခ်ိန္ အတြင္းကာလမ်ားဟာ တနလၤာသားသမီးေတြ အတြက္ ကံညံ့ေနခ်ိန္ေတြပဲျဖစ္ပါတယ္။

ကံညံ့ေနခ်ိန္မွာ ခင္ပြန္းႀကီးဆယ္ပါးကို မေမ့ပါနဲ႔။ အရာရာကိုခ်င့္ခ်ိန္ၿပီး ေဆာင္႐ြက္ပါ။ မိမိလုပ္ခ်င္တာကို မိမိတစ္ဦးတည္း ဆုံးျဖတ္ခ်က္မခ်လိုက္ပါနဲ႔။ နားလည္သူေတြကို တိုင္ပင္လိုက္ ပါ။
တတ္ႏိုင္သမွ် ပရဟိတ ကုသိုလ္ေတြ၊ ေဝယ်ာ၀စၥ ကုသိုလ္ေတြ မ်ားမ်ားလုပ္ေပးပါ။ တနလၤာ သားသမီးမ်ားအားလုံး ေကာင္းေသာလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ။ ။

ၿငိမ္းေအးလူ

၀၉၇၇၅၅၅၅၆၉၅

၀၉၄၄၅၅၅၅၆၉၅