ဒသာေကာက္ကိန္းအရ အဂၤါသားသမီးမ်ားအတြက္ တစ္သက္တာ ကံေကာင္းခ်ိန္၊ကံညံ့ခ်ိန္မ်ား

ဒသာကောက်ကိန်းအရ အင်္ဂါသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

ဒီနေ့ အလှည့်ကျတာကတော့ အင်္ဂါသားသမီးတွေအတွက် ပဲဖြစ်ပါတယ်။ ဒီဒသာကောက်ကိန်းတွေဟာ လူတော်တော်များများ အတွက် ၇၀% မှန်ကန်လေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အင်္ဂါနေ့ဖွားဖြစ်တာမို့ ကံကောင်းချိန်၊ ကံညံ့ချိန်တွေအလိုက် ချိန်ဆပြီးဆောင်ရွက်လေ့ရှိပါတယ်။

ကံကောင်းခါနီးအချိန်တွေမှာ ဘာ တွေကြိုပြင်ထားမလဲ…. ကံကောင်းချိန်မှာ အဆင်သင့်ဖြစ်ဖို့ လိုပါတယ်။ မိုးတော့ရွာပါရဲ့ ခံစရာအိုးမရှိသလိုမျိုး၊ နေတော့ပူပါရဲ့ စပါးလှန်ဖို့ အဆင်သင့်မလုပ်ထားရင်လဲ အဆင်မပြေသလိုပါပဲ။

ဒီလိုပါပဲ…ကံညံ့တော့မယ့် ကာလတွေ ရောက်ခါနီးမှာ လောဘ၊ဒေါသ၊မောဟနည်းအောင် ကြိုတင် ပြင် ဆင်ထားဖို့လိုတယ်။ ငွေတွေမလိုအပ်ရင် မသုံးစွဲဖို့လိုတယ်… ၊ခရီးရှည်ထွက်ဖို့ပြင်ဆင်ရသူလိုပဲ။ကံညံ့ချိန်တွေမှာ အဓိဌာန်တွေ ကြိုဝင်ထားခြင်းဖြင့်…အညံ့အဆိုးတွေလဲ သိသာစွာလျော့ပါးသွားစေနိုင်ပါတယ်…။

ဇာတာရှင်အင်္ဂါနေ့ဖွားတွေအတွက်

အသက် ၅နှစ် တင်းတင်းပြည့်ချိန်မှ…အသက် ၆နှစ်တင်းတင်းပြည့်ချိန် အတွင်းကာလ

အသက် ၁၆နှစ် ၆လ မှစ၍ …အသက် ၁၈နှစ် ၇လ ၁၅ရက် အတွင်းကာလ

အသက်၂၈နှစ် ၉လမှစ၍… အသက် ၃၀တင်းတင်းပြည့်ချိန်အတွင်းကာလ

အသက်၃၉နှစ် ၉လ မှစ၍….အသက်၄၂နှစ် ၁လ ၁၅ရက် အတွင်းကာလ

အသက်၅၅နှစ် ၆လမှစ၍ .. အသက်၅၇နှစ်တင်းတင်းပြည့်ချိန်အတွင်းကာလ

အသက်၆၆နှစ်တင်းတင်းပြည့်ပြီးချိန်မှ…..၆၈နှစ် ၇လ ၁၅ရက် အတွင်းကာလများသည် အင်္ဂါသားသမီးတွေအတွက် ယေဘုယျအားဖြင့်ကံကောင်းချိန်တွေပါ..။ ကံကောင်းချိန်မှာ ကောင်းတဲ့စိတ်နဲ့ ကောင်းတဲ့ ကာယကံ၊ဝစီကံတွေဖြစ် ဖို့လိုပါတယ်။

ဇာတာရှင်အင်္ဂါနေ့ဖွားတွေအတွက် ကံအားနည်းချိန်အသက်အပိုင်းအခြားတွေကတော့

အသက် ၆နှစ်တင်းတင်းပြည့်ပြီးချိန်မှ…အသက်၇နှစ်တင်းတင်းပြည့်ချိန်အတွင်းကာလ

အသက် ၁၈နှစ် ၇လ ၁၅ရက်အတွင်းမှ….အသက် ၂၀နှစ် ၉လ အတွင်းကာလ

အသက် ၃၀ တင်းတင်းပြည့်ချိန် မှ…အသက်၃၁နှစ် ၃လ အတွင်းကာလ

အသက် ၄၂ နှစ် ၁လ ၁၅ရက်အတွင်း မှ…အသက်၄၄ နှစ် ၆လ အတွင်းကာလ

အသက် ၅၇နှစ်တင်းတင်းပြည့်ချိန် မှ…အသက် ၅၈နှစ် ၆လ အတွင်းကာလ

အသက် ..၆၈နှစ် ၇လ ၁၅ရက်အတွင်း မှ ..အသက်၇၁ နှစ် ၃လ အတွင်းကာလများသည်လဲ

အင်္ဂါနေ့ဖွားတွေ အတွက် သတိနဲ့ယှဉ်ပြီးနေထိုင်ရမဲ့ နှစ်အပိုင်းအခြားတွေပါပဲ..။ သတိထားမိလားမသိဘူး… အင်္ဂါ သားသမီးတွေဟာ ကံကောင်းချိန်တွေပြီးရင် ကပ်လျက်ပဲ ကံညံ့ချိန်က တွဲပါလာတာပါ။

ဒါဟာ ယူတတ်ရင်အခွင့် ကောင်းတစ်ခုပါပဲ…။ ကံကောင်းချိန်တွေကို သေချာစီမံထားနိုင်ရင် ကံညံ့ချိန်တွေကို လျော့ပါးသက်သာအောင် အထူး ဆောင်ရွက်လို့ရတယ်ဆိုတာပါပဲ….။ အသေးစိပ်တော့ မပြောပြတော့ပါဘူး…ကိုယ်တိုင်ကိုယ်ကျတွေးဆဆင်ခြင် နိုင်လိမ့်မယ် ထင်ပါတယ်..။

အင်္ဂါသားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပါစေ…။

ငြိမ်းအေးလူ

09775555695

09445555695

Zawgyi

ဒသာေကာက္ကိန္းအရ အဂၤါသားသမီးမ်ားအတြက္ တစ္သက္တာ ကံေကာင္းခ်ိန္၊ကံညံ့ခ်ိန္မ်ား

ဒီေန႔ အလွည့္က်တာကေတာ့ အဂၤါသားသမီးေတြအတြက္ ပဲျဖစ္ပါတယ္။ ဒီဒသာေကာက္ကိန္းေတြဟာ လူေတာ္ေတာ္မ်ားမ်ား အတြက္ ၇၀% မွန္ကန္ေလ့ရွိပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လဲ အဂၤါေန႔ဖြားျဖစ္တာမို႔ ကံေကာင္းခ်ိန္၊ ကံညံ့ခ်ိန္ေတြအလိုက္ ခ်ိန္ဆၿပီးေဆာင္႐ြက္ေလ့ရွိပါတယ္။

ကံေကာင္းခါနီးအခ်ိန္ေတြမွာ ဘာ ေတြႀကိဳျပင္ထားမလဲ…. ကံေကာင္းခ်ိန္မွာ အဆင္သင့္ျဖစ္ဖို႔ လိုပါတယ္။ မိုးေတာ့႐ြာပါရဲ႕ ခံစရာအိုးမရွိသလိုမ်ိဳး၊ ေနေတာ့ပူပါရဲ႕ စပါးလွန္ဖို႔ အဆင္သင့္မလုပ္ထားရင္လဲ အဆင္မေျပသလိုပါပဲ။

ဒီလိုပါပဲ…ကံညံ့ေတာ့မယ့္ ကာလေတြ ေရာက္ခါနီးမွာ ေလာဘ၊ေဒါသ၊ေမာဟနည္းေအာင္ ႀကိဳတင္ ျပင္ ဆင္ထားဖို႔လိုတယ္။ ေငြေတြမလိုအပ္ရင္ မသုံးစြဲဖို႔လိုတယ္… ၊ခရီးရွည္ထြက္ဖို႔ျပင္ဆင္ရသူလိုပဲ။ကံညံ့ခ်ိန္ေတြမွာ အဓိဌာန္ေတြ ႀကိဳဝင္ထားျခင္းျဖင့္…အညံ့အဆိုးေတြလဲ သိသာစြာေလ်ာ့ပါးသြားေစႏိုင္ပါတယ္…။

ဇာတာရွင္အဂၤါေန႔ဖြားေတြအတြက္

အသက္ ၅ႏွစ္ တင္းတင္းျပည့္ခ်ိန္မွ…အသက္ ၆ႏွစ္တင္းတင္းျပည့္ခ်ိန္ အတြင္းကာလ

အသက္ ၁၆ႏွစ္ ၆လ မွစ၍ …အသက္ ၁၈ႏွစ္ ၇လ ၁၅ရက္ အတြင္းကာလ

အသက္၂၈ႏွစ္ ၉လမွစ၍… အသက္ ၃၀တင္းတင္းျပည့္ခ်ိန္အတြင္းကာလ

အသက္၃၉ႏွစ္ ၉လ မွစ၍….အသက္၄၂ႏွစ္ ၁လ ၁၅ရက္ အတြင္းကာလ

အသက္၅၅ႏွစ္ ၆လမွစ၍ .. အသက္၅၇ႏွစ္တင္းတင္းျပည့္ခ်ိန္အတြင္းကာလ

အသက္၆၆ႏွစ္တင္းတင္းျပည့္ၿပီးခ်ိန္မွ…..၆၈ႏွစ္ ၇လ ၁၅ရက္ အတြင္းကာလမ်ားသည္ အဂၤါသားသမီးေတြအတြက္ ေယဘုယ်အားျဖင့္ကံေကာင္းခ်ိန္ေတြပါ..။ ကံေကာင္းခ်ိန္မွာ ေကာင္းတဲ့စိတ္နဲ႔ ေကာင္းတဲ့ ကာယကံ၊ဝစီကံေတြျဖစ္ ဖို႔လိုပါတယ္။

ဇာတာရွင္အဂၤါေန႔ဖြားေတြအတြက္ ကံအားနည္းခ်ိန္အသက္အပိုင္းအျခားေတြကေတာ့

အသက္ ၆ႏွစ္တင္းတင္းျပည့္ၿပီးခ်ိန္မွ…အသက္၇ႏွစ္တင္းတင္းျပည့္ခ်ိန္အတြင္းကာလ

အသက္ ၁၈ႏွစ္ ၇လ ၁၅ရက္အတြင္းမွ….အသက္ ၂၀ႏွစ္ ၉လ အတြင္းကာလ

အသက္ ၃၀ တင္းတင္းျပည့္ခ်ိန္ မွ…အသက္၃၁ႏွစ္ ၃လ အတြင္းကာလ

အသက္ ၄၂ ႏွစ္ ၁လ ၁၅ရက္အတြင္း မွ…အသက္၄၄ ႏွစ္ ၆လ အတြင္းကာလ

အသက္ ၅၇ႏွစ္တင္းတင္းျပည့္ခ်ိန္ မွ…အသက္ ၅၈ႏွစ္ ၆လ အတြင္းကာလ

အသက္ ..၆၈ႏွစ္ ၇လ ၁၅ရက္အတြင္း မွ ..အသက္၇၁ ႏွစ္ ၃လ အတြင္းကာလမ်ားသည္လဲ

အဂၤါေန႔ဖြားေတြ အတြက္ သတိနဲ႔ယွဥ္ၿပီးေနထိုင္ရမဲ့ ႏွစ္အပိုင္းအျခားေတြပါပဲ..။ သတိထားမိလားမသိဘူး… အဂၤါ သားသမီးေတြဟာ ကံေကာင္းခ်ိန္ေတြၿပီးရင္ ကပ္လ်က္ပဲ ကံညံ့ခ်ိန္က တြဲပါလာတာပါ။

ဒါဟာ ယူတတ္ရင္အခြင့္ ေကာင္းတစ္ခုပါပဲ…။ ကံေကာင္းခ်ိန္ေတြကို ေသခ်ာစီမံထားႏိုင္ရင္ ကံညံ့ခ်ိန္ေတြကို ေလ်ာ့ပါးသက္သာေအာင္ အထူး ေဆာင္႐ြက္လို႔ရတယ္ဆိုတာပါပဲ….။ အေသးစိပ္ေတာ့ မေျပာျပေတာ့ပါဘူး…ကိုယ္တိုင္ကိုယ္က်ေတြးဆဆင္ျခင္ ႏိုင္လိမ့္မယ္ ထင္ပါတယ္..။

အဂၤါသားသမီးမ်ားအားလုံး ေကာင္းေသာလိုအင္ဆႏၵေတြ ျပည့္ဝႏိုင္ၾကပါေစ…။

ၿငိမ္းေအးလူ

09775555695

09445555695