မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကို သက်စေပြီး သွေးကို တက်စေ နိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။
လူကို အကျိုးပွားစေသည်။ ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
(၁) နားကိုက်= ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက် ကျအောင် ညှစ်ထည့်ပေးပါ။(၂) သွားကိုက်= ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။(၃) ကလေး ကျောပူ ခေါင်းပူ= ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)
(၄) ခေါင်းတခြမ်းကိုက်= ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကိုယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်း စေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။
(၆) သားသမီး ဝေးလိုသော်=
ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည် တပန်းကန်ကို ဥတုသွေးလာပြီးသည့် နောက်သုံးရက် ဆက်တိုက် သောက် ပေးပါ။(၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျားကျ သွားပါမည်။(၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ် ကောင်းစေ့ အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။
(၉) ပွေးနာ၊ အရေပြား ယားနာ= ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။(၁၀) အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည်သောက်ပေးပါ။(၁၁) လည်ချောင်းနာ၊ အသံဝင်= ပသ်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။
(၁၂) အိုင်းအနာ၊ အဖုအနာ= ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက် ခြောက်မှုန့်ကို ဖြူးပေးပါ။(၁၃) အရေပြားအနာများ= (အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည် အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက် ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုး ရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။
(၁၄) ဗိုက်ကြောပြတ်= (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက်ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ (၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။ (၁၆) ကလေး သန်ကျ= ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။ (၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့် ထည့်၍ မီးဖြင့်အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။
(၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့် ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။ (၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။ (၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။
(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး=ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။(၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စသ်စားပေးပါ။ ကျန်းမာရေးကို လုံးဝ မထိခိုက်စေဘဲ ပိုမို၍ သွက်လက် ထက်မြက်စေကြောင်း အိန္ဒိယဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။
(၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူ ရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက် စေ၏။(၂၄) အစာအိမ်အချဉ်ပေါက်လေနာ= ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့် ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက် တခွက်တင် ကျိုပြီး ပူပူလေးသောက်ပေးပါ။ တုပ်ကွေး ရောဂါများကိုပင် ပျောက်ကင်း စေနိုင်ပါသည်။
(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ= မျောက်သား ကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်= ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။(၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ် ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။
(၂၉) သူငယ်နာ ကျောပူခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျား အထိ သပ်ချပေးပါ။(၃၀) မီးဖွားပြီးစ အပုပ်ဆန်= ပင်စိမ်းရွက် ကြော်စားပါ။
(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်=
ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။ (သို့) ငါးပနော်နှင့် ကြော်စားပါ။
(၃၂) ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။(၃၃) ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။(၃၄) ချောင်းဆိုးနပန်းနာ= ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။
(၃၅) သလိပ်ကပ် ချွဲကျပ်= ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည် ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက် အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ် မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်= ပင်စိမ်း အစေ့ကို အခြောက်လှန်းပြီး အနည်းငယ် ထောင်းပါ၊ နွားနို့ သကြား တို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ် အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။
(၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည် ပြု၍ သောက်ပေးပါ။(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့= ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူ ကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင် တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်း များအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေ ပါသည်။
(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်= ပင်စိမ်း ရွက်ကို ငါးကျည်း ခြောက်နှင့် ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွား ပြီးစ အပုပ်ဆန်တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစား မှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်းစေ၏။
ပင်စိမ်း၏ ဂုဏ်အစွမ်းအကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံး ပေးခြင်းဖြင့် ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။
Crd -လီလီနန်းထိုက်
Zawgyi
ျမန္မာေဆးက်မ္း အလိုအရ ပင္စိမ္းသည္ ပူ၏၊ စပ္၏၊ အနည္းငယ္ခါး၏၊ ေလသလိပ္ကို ႏိုင္၏၊ ဆီးကိုႏိုင္၏၊ ေလကို သက္ေစၿပီး ေသြးကို တက္ေစ ႏိုင္သည္၊ ရင္က်ပ္နာ၊ အစာမေၾက၊ ခြၽဲက်ပ္နာတို႔ကို ႏိုင္၏၊ ေခ်ာင္းဆိုးနာ၊ ပိုးနာ၊ ထိုးက်င္ေသာအနာကို ပယ္ႏိုင္၏။အစာေၾကာျခင္း၊ ခံတြင္းေကာင္းျခင္း၊ အနံပေကာင္းျခင္း၊ အသံသာျခင္း၊ အသက္ရွည္ျခင္းကို ရရွိေစသည္။
လူကို အက်ိဳးပြားေစသည္။ ပင္စိမ္း႐ြက္ ပင္စိမ္းအေစ့မ်ားကို ျမန္မာ့ေဆးဝါးအျဖစ္ အသုံးျပဳပုံမ်ားမွာ ေအာက္ပါ အတိုင္း ျဖစ္ပါသည္။
(၁) နားကိုက္= ပင္စိမ္း႐ြက္ကို မီးအုံးၿပီး နားထဲသို႔ အရည္ ႏွစ္စက္ေလာက္ က်ေအာင္ ညႇစ္ထည့္ေပးပါ။(၂) သြားကိုက္= ပင္စိမ္းသတၳဳရည္ႏွင့္ င႐ုတ္ေကာင္း၊ ပ႐ုတ္တို႔ကို ႀကိတ္ၿပီး အလုံးကေလးမ်ားလုံး၍ သြားပိုးစားသည့္ သြားအေခါင္းထဲသို႔ ထည့္ေပးပါ။ ေပ်ာက္ကင္းသြားပါမည္။(၃) ကေလး ေက်ာပူ ေခါင္းပူ= ပင္စိမ္း႐ြက္နဲ႔ ကြမ္း႐ြက္ ဆတူယူ၍ က်ပ္ခိုးႏွင့္ နႏြင္းမႈန႔္ အနည္းငယ္ျဖင့္ ေရာႀကိတ္ၿပီး လိမ္းေပးပါ။ (တကိုယ္လုံး ခပ္ပါးပါး လိမ္းေပးပါ)
(၄) ေခါင္းတျခမ္းကိုက္= ပင္စိမ္း႐ြက္သတၳဳရည္ လတ္လတ္ဆတ္ဆတ္ ညႇစ္ရည္ကိုယူ၍ နားထင္ႏွင့္ နဖူးတြင္ လိမ္းေပးပါ။(၅) ဆီးခ်ဳပ္၊ ဆီးေအာင့္၊ အသည္းေရာင္၊ အသားဝါ= ႏွမ္းေစ့ႏွင့္ ပင္စိမ္း ေစ့ကို ဆတူႀကိတ္ၿပီး ထန္းလ်က္နဲ႔ ေတ၍ ဆီးကင္းေလာက္ အလုံးေလးမ်ား လုံးထားပါ။ေျခာက္ေအာင္ ေနလွန္းၿပီး နံနက္-ည တလုံးက်စီ စားေပးပါ။ထိုသို႔စားေပးျခင္းျဖင့္ လိပ္ေခါင္းေရာဂါ၊ ျမင္းသ႐ိုက္နာ ေရာဂါမ်ား ေပ်ာက္၏။
(၆) သားသမီး ေဝးလိုေသာ္=
ပင္စိမ္း႐ြက္ လက္တြင္းတဆုပ္ ျပဳတ္ရည္ တပန္းကန္ကို ဥတုေသြးလာၿပီးသည့္ ေနာက္သုံးရက္ ဆက္တိုက္ ေသာက္ ေပးပါ။(၇) အဖ်ားနာတာရွည္= နံနက္ေစာေစာ ပင္စိမ္း႐ြက္သတၳဳရည္ ေႂကြဇြန္းသတၳဳရည္ တဇြန္းက် ေသာက္ေပးပါ၊ အဖ်ားက် သြားပါမည္။(၈) ငွက္ဖ်ား= ပင္စိမ္း လတ္လတ္ဆတ္ဆတ္ ေလး-ငါး႐ြက္မွ်ကို င႐ုတ္ ေကာင္းေစ့ အနက္ သုံးေစ့၊ တပတ္လွ်င္ ႏွစ္ႀကိမ္ မွန္မွန္ေသာက္ေပးပါ။
(၉) ေပြးနာ၊ အေရျပား ယားနာ= ပင္စိမ္း႐ြက္ကို သံပုရာရည္ႏွင့္ ေရာၿပီး ညက္ေနေအာင္ ေထာင္းပါ၊ ထိုေထာင္းထားသည့္ အ႐ြက္ျဖင့္ ပြတ္တိုက္ေပးပါ အုံေပးပါ။(၁၀) အစာမေၾက၊ ဝမ္းကိုက္= ပင္စိမ္း႐ြက္ျပဳတ္ရည္ကို ေသာက္ေပးပါ။ သတၳဳရည္ေသာက္ေပးပါ။(၁၁) လည္ေခ်ာင္းနာ၊ အသံဝင္= ပသ္စိမ္းေစ့ (ပင္ပြား)ကို ေရစိမ္၍ ထိုေရကို ေသာက္ေပးပါ။
(၁၂) အိုင္းအနာ၊ အဖုအနာ= ပင္စိမ္း႐ြက္ျပဳတ္ရည္ကို အဖုအနာမ်ားႏွင့္ အိုင္းနာမ်ားအေပၚ ဖန္ရည္ေဆးေပးပါ။ အနာ၌ ပိုးတြယ္ခဲ့လွ်င္ ပင္စိမ္း႐ြက္ ေျခာက္မႈန႔္ကို ျဖဴးေပးပါ။(၁၃) အေရျပားအနာမ်ား= (အေရျပားေရာဂါဟူသမွ်) ပင္စိမ္း႐ြက္ သတၳဳရည္ (၅၀)က်ပ္သား၊ ႏွမ္းဆီ (၁၅)က်ပ္သား ေရာ၍ မီးမွ်ဥ္းမွ်ဥ္းႏွင့္ ေရခန္းသည္ အထိ ခ်က္ေပးပါ။ ထိုဆီျဖင့္ အေရျပားနာ၊ ယားယံနာ ဟူသမွ် လိမ္းေပးပါ။ယင္းဆီသည္ ေရေႏြးအၾကမ္းပန္းကန္ တလုံးထဲသို႔ ဆီႏွစ္စက္ သုံးစက္ ခ်ေပးၿပီး ပူပူေလး မႈတ္၍ ေသာက္ေပးပါက ႏွာေစး အေအးမိ ေခ်ာင္းဆိုး ေရာဂါမ်ားကိုပင္ ေပ်ာက္ေစပါသည္။ ထိုဆီျဖင့္ လိမ္းထားပါက မွက္ ျဖင္မ်ား မကိုက္ပါ။
(၁၄) ဗိုက္ေၾကာျပတ္= (ကိုယ္ဝန္ေဆာင္) ဗိုက္ေၾကာျပတ္ၿပီး ယားယံေနပါက ပင္စိမ္း႐ြက္ေျခာက္မႈန႔္ ျဖဴးၿပီး ပြတ္သပ္ေပးပါ (၁၅) ဝက္ၿခံ၊ တင္းတိပ္၊ ညႇင္း၊ အျဖဴကြက္=ပင္စိမ္း႐ြက္ သတၳဳရည္ကို လိမ္းေပးပါ။ (၁၆) ကေလး သန္က်= ပင္စိမ္းသတၳဳရည္ကို တိုက္ေပးပါ။ (၁၇) နားအူ၊ နားကိုက္၊ နားျပည္ယို= ပင္စိမ္း႐ြက္ သတၳဳရည္ကို ဇြန္းျဖင့္ ထည့္၍ မီးျဖင့္အပူေပးပါ။ ထိုသတၳဳရည္ ေႏြးေႏြး ႏွစ္စက္ သုံးစက္ခန႔္ ထည့္ပါ။
(၁၈) ႏွာေခါင္းႏွာပိတ္၊ ႏွာေခါင္းအတြင္းေျမႇးေရာင္= ပင္စိမ္း႐ြက္ကို အေျခာက္လွန္းၿပီး ညက္ေနေအာင္ အမႈန႔္ ေထာင္းပါ။ ႏွာေဆးအျဖစ္ အသုံးျပဳပါ။ (၁၉) ငွက္ဖ်ားတုန္ခ်မ္း= ပင္စိမ္းအျမစ္ကို ေရသုံးခြက္တခြက္တင္ က်ိဳၿပီး ေသာက္ေပးပါ။ ေခြၽးထြက္လာၿပီး အဖ်ားက်သြားပါမည္။ (၂၀) ပ်ား၊ ပု႐ြက္ဆိတ္၊ ကင္း အဆိပ္ရွိအေကာင္ ကိုက္လွ်င္=ပင္စိမ္းပင္ ပၪၥငါးပါးကို ထုေထာင္းၿပီး အုံေပးပါ။
(၂၁) လည္ေခ်ာင္းနာ၊ ပန္းနာ၊ ေခ်ာင္းေျခာက္ဆိုး=ပင္စိမ္းပြင့္ အတ့လိုက္ကို ခ်င္းေျခာက္၊ ၾကက္သြန္နီႏွင့္ ထုေထာင္း၍ ပ်ားရည္ႏွင့္ ေရာ၍ လွ်က္ေပးပါ။ သလိပ္မရသည့္ ေခ်ာင္းဆိုးနာမ်ား ေပ်ာက္ကင္းေစပါသည္။(၂၂) သားသမီး ေဝးလိုေသာ= အမ်ိဳးသားမ်ား ပင္စိမ္း႐ြက္ဆယ္႐ြက္ကို ေန႔စသ္စားေပးပါ။ က်န္းမာေရးကို လုံးဝ မထိခိုက္ေစဘဲ ပိုမို၍ သြက္လက္ ထက္ျမက္ေစေၾကာင္း အိႏၵိယေဆးသုေတသနမွ ထုတ္ႏုတ္ေဖာ္ျပခဲ့၏။
(၂၃) ေခ်ာင္းဆိုးေပ်ာက္= ပင္စိမ္း႐ြက္ သတၳဳရည္ကို ပ်ားရည္ႏွင့္ ဆတူ ေရာၿပီး တေန႔သုံးႀကိမ္ ေသာက္ေပးပါ။ သလိပ္႐ႊင္ၿပီး ေခ်ာင္းဆိုးေပ်ာက္ ေစ၏။(၂၄) အစာအိမ္အခ်ဥ္ေပါက္ေလနာ= ပင္စိမ္း႐ြက္ေျခာက္ကို ေရေႏြးစိမ္၍ ေရေႏြးၾကမ္းေသာက္သလို ေသာက္ေပးပါ၊ ကေလးမ်ား ေလထိုး၊ ေလေအာင့္ ေရာဂါပါ ေပ်ာက္ကင္းေစႏိုင္ပါသည္။(၂၅) အေအးမိ၊ ႏွာေစး၊ ေခ်ာင္းဆိုး= ပင္စိမ္း႐ြက္အစိုကို သုံးခြက္ တခြက္တင္ က်ိဳၿပီး ပူပူေလးေသာက္ေပးပါ။ တုပ္ေကြး ေရာဂါမ်ားကိုပင္ ေပ်ာက္ကင္း ေစႏိုင္ပါသည္။
(၂၆) အဆုတ္ေရာဂါ၊ ပန္းေသ ေရာဂါ၊ မ်က္စိေရာဂါ၊ ေခ်ာင္ဆိုးပန္းနာ= ေမ်ာက္သား ကိုကင္၍ ပင္စိမ္းႏိုင္ႏိုင္ႏွင့္ ေၾကာ္စားပါ။(၂၇) ေလငန္း၊ ေလျဖတ္၊ အဆစ္ေရာင္= ပင္စိမ္းပၪၥငါးပါးကို ေရေႏြးေဖ်ာ၍ အေငြ႕ကိုရႉေပးပါ။(၂၈) ေႁမြႏွင့္ အဆိပ္ရွိသတၱဝါ ကိုက္ခဲပါက= ပင္စိမ္း႐ြက္ႏွင့္ ပ်ဥ္းေတာ္သိမ္ ႐ြက္ကို ဆတူႀကိတ္၍ ဆီးသီးလုံးခန႔္ နံနက္တလုံး၊ ညတလုံး စားေပးပါ။ ကိုက္ခံရသည့္ ဒဏ္ရာတြင္ ႀကိတ္ဖတ္ကို အုံ၍ အဝတ္ျဖင့္ စည္းေပးပါ။
(၂၉) သူငယ္နာ ေက်ာပူေခါင္းပူ= ပင္စိမ္း႐ြက္၊ ကြမ္း႐ြက္၊ နႏြင္းမႈန႔္၊ က်ပ္ခိုး အနည္းငယ္ ေရာႀကိတ္၍ ကေလးကို ခပ္ပါးပါး လိမ္းေပးပါ။ ဦးေခါင္းမွ ေျခဖ်ား အထိ သပ္ခ်ေပးပါ။(၃၀) မီးဖြားၿပီးစ အပုပ္ဆန္= ပင္စိမ္း႐ြက္ ေၾကာ္စားပါ။
(၃၁) ပန္းေသ၊ ပန္းညႇိဳး၊ ဝမ္းပ်က္=
ပင္စိမ္း႐ြက္ကို ငါးခူ၊ ငါးက်ည္းႏွင့္ျဖစ္ေစ ဆိတ္သား၊ ခိုသားႏွင့္ျဖစ္ေစ ေၾကာ္စားေပးပါ။ (သို႔) ငါးပေနာ္ႏွင့္ ေၾကာ္စားပါ။
(၃၂) ဆီးေရာဂါ= ပင္စိမ္း႐ြက္ရည္ လိမ္းေပးပါ။ အပူၿငိမ္းၿပီး အဆိပ္ကို ေၾကေစသည္။(၃၃) ကင္းၿမီးေကာက္ကိုက္= ပင္စိမ္း႐ြက္ႀကိတ္၍ အုံေပးပါ။(၃၄) ေခ်ာင္းဆိုးနပန္းနာ= ပင္စိမ္းပြင့္၊ ခ်င္းေျခာက္၊ ၾကက္သြန္ျဖဴ ထုေထာင္း၍ ပ်ားရည္ႏွင့္ လ်က္ေပးပါ။
(၃၅) သလိပ္ကပ္ ခြၽဲက်ပ္= ပင္စိမ္း႐ြက္ကို လက္တဆုပ္ခန႔္ခူး၍ အရည္ ထြက္ေစရန္ ႀကိတ္ေျခညႇစ္ေပးပါ။ ထြက္လာသည့္ အရည္အား ေရက်က္ ေအးႏွင့္ ေသာက္ေပးပါ။ တေန႔လွ်င္ ႏွစ္ႀကိမ္ ေသာက္ေပးပါ။ ေန႔လယ္ မြန္းတည့္ ေသာက္ပါ။ သုံးရက္ ဆက္ေသာက္ေပးပါ။(၃၆) ဆီးေရာဂါ၊ ေသြးအက်ိတ္ အခဲေရာဂါ၊ ဆီးပုပ္၊ ဓာတ္ပုပ္၊ သလိပ္ပုပ္= ပင္စိမ္း အေစ့ကို အေျခာက္လွန္းၿပီး အနည္းငယ္ ေထာင္းပါ၊ ႏြားႏို႔ သၾကား တို႔ႏွင့္ ေဖ်ာ္ေသာက္ေပးပါ။ အထက္ပါ ေရာဂါမ်ားသာမက ေသြးအက်ိတ္ အခဲ ေရာဂါမ်ားပင္ ေပ်ာက္ကင္းေစပါသည္။
(၃၇) ဆီးေအာင့္၊ အေမာသက္သာ=ပင္စိမ္းေစ့ကို သၾကားရည္ႏွင့္ ေဖ်ာ္ရည္ ျပဳ၍ ေသာက္ေပးပါ။(၃၈) မစားခ်င္၊ မေသာက္ခ်င္၊ အစာအိမ္ေလနာ၊ ဝမ္းနာ=ပင္စိမ္း႐ြက္ သတၳဳရည္ျပဳ၍ ေသာက္ေပးပါ။(၃၉) ႏွလုံး၊ ေက်ာက္ကပ္ေရာဂါ၊ ႏွမ္းေစ့= ပင္စိမ္းႏွင့္ ထန္းလ်က္ကို ဆတူ ႀကိတ္၍ ပ်ားရည္ႏွင့္ေတပါ။ နံနက္ တလုံး၊ ညအိပ္ရာဝင္ တလုံး စားေပးပါ။ ထိုသို႔ စားေပးျခင္းျဖင့္ သြားဖုံးေရာင္ျခင္း၊ သြားကိုက္ျခင္း၊ နားကိုက္ျခင္း မ်ားအျပင္ ေပြး၊ ဝဲ၊ ႏွင္းခူနာႏွင့္ ျမင္းသ႐ိုက္ေရာဂါမ်ားကိုပါ ေပ်ာက္ကင္းေစ ပါသည္။
(၄၀) သားက်ည္းကိုက္၊ သားအိမ္ေလွ်ာ၊ ႏို႔ေခ်ာင္းပိတ္၊ ဆီးေအာင့္= ပင္စိမ္း ႐ြက္ကို ငါးက်ည္း ေျခာက္ႏွင့္ ေၾကာ္စားေပးပါ။ ထိုသို႔ စားေပးျခင္းျဖင့္ မီးဖြား ၿပီးစ အပုပ္ဆန္တတ္ေသာ ေရာဂါမ်ားပင္ ေပ်ာက္ကင္းေစ ပါသည္။ အစား မွား၍ ေဆးမွား၍ ေအာ့အန္ျခင္းမ်ားကိုပင္ ေပ်ာက္ကင္းေစ၏။
ပင္စိမ္း၏ ဂုဏ္အစြမ္းအက်ိဳးမ်ားကား မ်ားျပားလွပါသည္။ ဉာဏ္ရွိသလို စားသုံး ေပးျခင္းျဖင့္ ေရာဂါမ်ားကို ေပ်ာက္ကင္းေစသည့္ ပင္စိမ္း႐ြက္မ်ား ျဖစ္ပါသည္။
Crd -လီလီနန္းထိုက္