အိမ်ခြေပေါင်းတစ်သောင်းနဲ့ ကျောင်းပေါင်းတစ်ထောင်နစ်မြုပ်နေတဲ့ နတ်မြို့ (ခေါ်)ကျောက်မြို့ဟောင်းအကြောင်းပဲဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်သည် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပြီး
အနီးဝန်းကျင်တစ်ဝိုက်တွင် ထူးခြားအံ့ဖွယ် ကျောက်မောင်းတောင်တော်စေတီ၊ ရှေးဟောင်းပျော်တောင်ဘုရား၊ ဂျိုးတောင် တောင်မကြီးဘုရား၊ တော်ရှောဘုရား၊ မော်နိုင်းကျောင်းတိုက် ရွှေကူကုန်းမြေ၊ ကျောက်လှုပ်လဲ့စေတီ၊ ကင်းကန်တောင် ဆုတောင်းပြည့် စေတီတော်၊ ကင်းမြင်သာကန်စသည့်
ဒေသန္တရခရီးသွားလေ့လာလည်ပတ်၊ ဖူးမြော်ကြည်ညိုဖွယ် နေရာများစွာရှိတယ်လို့ဆိုပါတယ်။ ယခုအခါ ထိုနေရာများအပြင် တောတောင်ရှုခင်းများနှင့် လေ့လာလည်ပတ်ဖူးမြော်ကြည်ညိုစရာ တစ်ခုထွက်ပေါ်လာသည့် ရှေးနှစ်ပေါင်းများစွာက မောင်ပျင်း (ခေါ်) စောနန္ဒဘုရင် တည်ထားခဲ့သော
အိမ်ခြေပေါင်းတစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင်ရှိ မြို့ကြီးကို နတ်ဖွက်ထားခဲ့သည်ဟုဆိုကြသည့် နတ်မြို့ (ခေါ်)ကျောက်မြို့ဟောင်းကြီးပင် ဖြစ်ပါတယ်။ အဆိုပါနတ်မြို့ (ခေါ်)ကျောက်မြို့ဟောင်းကြီးသည် ဝန်းသိုမြို့နယ်အဆုံး ပင်လည်ဘူးမြို့နယ်နှင့် ထိစပ်နေသည့် အောင်းပင်ကျေးရွာ၏ မြောက်ဘက်သုံးမိုင်ခန့်အကွာ
ဝိန်ဘာတောင်တွင် တည်ရှိတယ်လို့ဆိုပါတယ်။ ကျောက်ဆောင်ကျောက်တံတိုင်းကြီးများနှင့် တစ်မိုင်ပတ်လည်ခန့် ကာရံထားပြီး မြို့ဝင်ပေါက် (၄)ခုရှိပါတယ်။ ထို့အပြင်ထူးခြားသည့် ကျောက်စေတီ၊ ကျောက်မဏ္ဍပ်၊ ယမ်းထောင်းသော ကျောက်ဆုံ၊ ကျောက်ကျည်ပွေ့၊ ကျောက်အမြောက်၊ နတ်ရေကန်၊ ဥစ္စာတိုက်၊ ကျောက်လှေ၊
ကျောက်ထိုင်ခုံ၊ နှစ်ပေါင်း(၅၆)နှစ်ရှိ စူဠာမုနိစေတီတော်၊ ကျောက်ဘီလူး၊ ကျောက်ဟင်္သာ၊ ကျောက်နံရံကြီးများ၊ နတ်ခြေရာများ၊ ကျောက်မျှော်စင် စသည့်နေရာများကို လေ့လာဖူးမြော်ရမည်ဖြစ်ပြီး ကျောက်မျှော်စင်မှ ပင်လည်ဘူး နယ်ကွင်း၊ မိုင်းသုံကွင်း၊ ဂျိုးတောင်ကွင်း၊ အောင်းပင်အုပ်စုကွင်းတို့၏ သဘာဝတောတောင်ရှုခင်းများနှင့်
သစ်ရိပ်၊ ဝါးရိပ်ဖြင့် စိတ်အေးချမ်းသာစွာ ကြည့်ရှုခံစားနိုင်ကြမှာ ဖြစ်ပါတယ်။အဆိုပါ နတ်မြို့(ခေါ်)ကျောက်မြို့ဟောင်းသို့ ရပ်ဝေးရပ်နီးမှ ခရီးသွားလေ့လာကြမည်ဆိုလျှင် ဝန်းသို-ကျောက်မြောင်း- ကွန်းပေါင်း- လက်ပံကျင်း- အောင်းပင်ရွာထိ ၁၂မိုင်ခန့် ကား/ဆိုင်ကယ် များဖြင့် လည်းကောင်း၊ အောင်းပင်ရွာမှ
ကျောက်မြို့ဟောင်းထိ (၃)မိုင်ခန့်ခြေလျှင်ဖြင့်လည်းကောင်း ဆိုင်ကယ်ဖြင့် လည်းကောင်းသွားရောက်လေ့လာနိုင်ကြပြီး လမ်းတစ်လျှောက်တွင်လည်း သစ်ရိပ်၊ ဝါးရိပ်များ၏ တောတောင် သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်ကြမှာ ဖြစ်ပါတယ်။အဆုံးထိဖတ်ရှုပေးကြတဲ့ စာဖတ်ပရိတ်သတ်ကြီးလဲ ကျေးဇူးအထူးတင်ရှိပါတယ်။
Zawgyi
အိမ္ေျခေပါင္းတစ္ေသာင္းနဲ႔ ေက်ာင္းေပါင္းတစ္ေထာင္နစ္ျမဳပ္ေနတဲ့ နတ္ၿမိဳ႕ (ေခၚ)ေက်ာက္ၿမိဳ႕ေဟာင္းအေၾကာင္းပဲျဖစ္ပါတယ္။ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေကာလင္းခ႐ိုင္၊ ဝန္းသိုၿမိဳ႕နယ္သည္ ဝန္းသိုေစာ္ဘြားႀကီး ဦးေအာင္ျမတ္၏ သမိုင္းဝင္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး
အနီးဝန္းက်င္တစ္ဝိုက္တြင္ ထူးျခားအံ့ဖြယ္ ေက်ာက္ေမာင္းေတာင္ေတာ္ေစတီ၊ ေရွးေဟာင္းေပ်ာ္ေတာင္ဘုရား၊ ဂ်ိဳးေတာင္ ေတာင္မႀကီးဘုရား၊ ေတာ္ေရွာဘုရား၊ ေမာ္ႏိုင္းေက်ာင္းတိုက္ ေ႐ႊကူကုန္းေျမ၊ ေက်ာက္လႈပ္လဲ့ေစတီ၊ ကင္းကန္ေတာင္ ဆုေတာင္းျပည့္ ေစတီေတာ္၊ ကင္းျမင္သာကန္စသည့္
ေဒသႏၲရခရီးသြားေလ့လာလည္ပတ္၊ ဖူးေျမာ္ၾကည္ညိဳဖြယ္ ေနရာမ်ားစြာရွိတယ္လို႔ဆိုပါတယ္။ ယခုအခါ ထိုေနရာမ်ားအျပင္ ေတာေတာင္ရႈခင္းမ်ားႏွင့္ ေလ့လာလည္ပတ္ဖူးေျမာ္ၾကည္ညိဳစရာ တစ္ခုထြက္ေပၚလာသည့္ ေရွးႏွစ္ေပါင္းမ်ားစြာက ေမာင္ပ်င္း (ေခၚ) ေစာနႏၵဘုရင္ တည္ထားခဲ့ေသာ
အိမ္ေျခေပါင္းတစ္ေသာင္း၊ ေက်ာင္းေပါင္းတစ္ေထာင္ရွိ ၿမိဳ႕ႀကီးကို နတ္ဖြက္ထားခဲ့သည္ဟုဆိုၾကသည့္ နတ္ၿမိဳ႕ (ေခၚ)ေက်ာက္ၿမိဳ႕ေဟာင္းႀကီးပင္ ျဖစ္ပါတယ္။ အဆိုပါနတ္ၿမိဳ႕ (ေခၚ)ေက်ာက္ၿမိဳ႕ေဟာင္းႀကီးသည္ ဝန္းသိုၿမိဳ႕နယ္အဆုံး ပင္လည္ဘူးၿမိဳ႕နယ္ႏွင့္ ထိစပ္ေနသည့္ ေအာင္းပင္ေက်း႐ြာ၏ ေျမာက္ဘက္သုံးမိုင္ခန႔္အကြာ
ဝိန္ဘာေတာင္တြင္ တည္ရွိတယ္လို႔ဆိုပါတယ္။ ေက်ာက္ေဆာင္ေက်ာက္တံတိုင္းႀကီးမ်ားႏွင့္ တစ္မိုင္ပတ္လည္ခန႔္ ကာရံထားၿပီး ၿမိဳ႕ဝင္ေပါက္ (၄)ခုရွိပါတယ္။ ထို႔အျပင္ထူးျခားသည့္ ေက်ာက္ေစတီ၊ ေက်ာက္မ႑ပ္၊ ယမ္းေထာင္းေသာ ေက်ာက္ဆုံ၊ ေက်ာက္က်ည္ေပြ႕၊ ေက်ာက္အေျမာက္၊ နတ္ေရကန္၊ ဥစၥာတိုက္၊ ေက်ာက္ေလွ၊
ေက်ာက္ထိုင္ခုံ၊ ႏွစ္ေပါင္း(၅၆)ႏွစ္ရွိ စူဠာမုနိေစတီေတာ္၊ ေက်ာက္ဘီလူး၊ ေက်ာက္ဟသၤာ၊ ေက်ာက္နံရံႀကီးမ်ား၊ နတ္ေျခရာမ်ား၊ ေက်ာက္ေမွ်ာ္စင္ စသည့္ေနရာမ်ားကို ေလ့လာဖူးေျမာ္ရမည္ျဖစ္ၿပီး ေက်ာက္ေမွ်ာ္စင္မွ ပင္လည္ဘူး နယ္ကြင္း၊ မိုင္းသုံကြင္း၊ ဂ်ိဳးေတာင္ကြင္း၊ ေအာင္းပင္အုပ္စုကြင္းတို႔၏ သဘာဝေတာေတာင္ရႈခင္းမ်ားႏွင့္
သစ္ရိပ္၊ ဝါးရိပ္ျဖင့္ စိတ္ေအးခ်မ္းသာစြာ ၾကည့္ရႈခံစားႏိုင္ၾကမွာ ျဖစ္ပါတယ္။အဆိုပါ နတ္ၿမိဳ႕(ေခၚ)ေက်ာက္ၿမိဳ႕ေဟာင္းသို႔ ရပ္ေဝးရပ္နီးမွ ခရီးသြားေလ့လာၾကမည္ဆိုလွ်င္ ဝန္းသို-ေက်ာက္ေျမာင္း- ကြန္းေပါင္း- လက္ပံက်င္း- ေအာင္းပင္႐ြာထိ ၁၂မိုင္ခန႔္ ကား/ဆိုင္ကယ္ မ်ားျဖင့္ လည္းေကာင္း၊ ေအာင္းပင္႐ြာမွ
ေက်ာက္ၿမိဳ႕ေဟာင္းထိ (၃)မိုင္ခန႔္ေျခလွ်င္ျဖင့္လည္းေကာင္း ဆိုင္ကယ္ျဖင့္ လည္းေကာင္းသြားေရာက္ေလ့လာႏိုင္ၾကၿပီး လမ္းတစ္ေလွ်ာက္တြင္လည္း သစ္ရိပ္၊ ဝါးရိပ္မ်ား၏ ေတာေတာင္ သဘာဝရႈခင္းမ်ားကို ၾကည့္ရႈခံစားႏိုင္ၾကမွာ ျဖစ္ပါတယ္။အဆုံးထိဖတ္ရႈေပးၾကတဲ့ စာဖတ္ပရိတ္သတ္ႀကီးလဲ ေက်းဇူးအထူးတင္ရွိပါတယ္။