ရဟန္တာများ၊ဆရာတော်ကြီးများနှင့်သိပ္ပံပညာရှင်တို့၏ဟောကိန်းတွေအသက်ဝင်နေပြီ
ရဟန္တာတို့မည်သည်မသိတာကို ပြောရိုးထုံးစံမရှိတဲ့…ဝေဘူဆရာတော်ဘုရားကြီးတို့စွန်းလွန်းဆရာတော်ဘုရားကြီးတို့မိုးညှင်းဆရာတော်ဘုရားကြီးတို့ဟာ ရဟန္တာကြီးများဖြစ်ကြတယ်လို့အစစ်ဆေးခံပြီးမှသမုတ်ထားကြတယ် …
ဝေဘူဆရာတော်ကြီးကဒီလိုပြောခဲ့တယ် ..တနေ့ကျရင်ကမ္ဘာ့နိုင်ငံအသီးသီးကလူအမျိုးမျိုးတွေဟာ မြန်မာနိုင်ငံကိုဝိပဿနာတရားထိုင်ဖို့ရောက်လာကြလိမ့်မယ် ..အဲဒီအခါကျရင်ကိုယ်ကအိမ်ရှင်အဖြစ်နဲ့ဧည့်ခံကြရလိမ့်မယ်..
ဒါ့ကြောင့်သူတို့မေးတာဖြေနိုင်ဖို့ကိုယ်ကလည်းတရားများများထိုင်ထားကြပါ တဲ့… မိုးညှင်းဆရာတော်ကြီးကလည်းဒီလိုပြောခဲ့တယ် …သာသနာ ၂၅၀၀ ကျော်ရင်ဈာန်အဘိဉာဏ်ရသူတွေရဟန္တာတေလှိုင်လှိုင်ပေါ်လိမ့်ဦးမယ် တဲ့ …စွန်းလွန်းဆရာတော်ကြီးကလည်းဒီလိုပြောခဲ့တယ် …
တရားအားထုတ်ကြ ၂၅၀၀ နောက်ပိုင်ဘုရားရှင်လက်ထပ်ကလိုပဲ အရိယာတွေ အများကြီးပေါ်လိမ့်ဦးမယ် တဲ့ …ရှင်မဟာဗုဒ္ဓဃောသ ကလည်း ဝိသုဒ္ဓိမဂ်မှာဒီလိုပြောခဲ့တယ်သာသနာ၂၅၀၀ ကျော်ရင် သာသနာနှစ် ၅၀၀ အတွင်းကလိုပဲ ပြန်ဖြစ်မယ်..
မဂ်ဖိုလ်ရသူတွေအရိယာတွေရဟန္တာတွေဖြိုင်ဖြိုင်ပြန်ပေါ်လိမ့်မယ် တဲ့…အိုင်းစတိုင်းကလည်း ဒီလိုပြောခဲ့တယ်…တနေ့ကျရင်ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာတမျိုးပဲကျန်ခဲ့လိမ့်မယ် တဲ့..ကိုင်ရိုကလည်းဒီလိုပြောခဲ့တယ် …
တနေ့ကျရင်ဗားမား(မြန်မာ)နိုင်ငံကကမ္ဘာကိုဗုဒ္ဓဘာသာနဲ့အုပ်ချု ပ်လိမ့်မယ် …ကဲ ..သေချာသလောက်ဖြစ်နေပြီ..မိတ်ဆွေတို့ရောသူတို့က ဝိပဿနာအကြောင်းမေးရင် ..ဖြေဖို့အတွက်အဆင်သင့်ဖြစ်ကြပြီလား …
ကပ်ဘေးကနေအကြောက်တရားတွေဝင်ပြီးကိုးကွယ်မူ့အစစ်အမှန်ကိုရှာကြတော့မှာအခု ဟောကိန်းတွေအသက်ဝင်နေပြီ ..အဆင်သင့်ပြင်ထားကြတော့ ။ ခရက်ဒစ်
Zawgyi