ယနေ့က “ကဆုန်လပြည့် ဗုဒ္ဓနေ့” ဖြစ်တာကြောင့် ယနေ့ခေတ်လူငယ်များအတွက် ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာတွေကို ဝေမျှပေးလိုက်ပါတယ်။
ကဆုန်လပြည့် (၅)ရက်အတွင်းမှာ “ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ” နေ့ထူနေ့မြတ်များဖြစ်ပါတယ်။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေးအသင်္ချေ ကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓဝင်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
“ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ပရိနိဗ္ဗာန်စံတော်မူသောနေ့“
ဤထူးခြားချက်လေးမျိုးတို့နှင့် တို က် ဆို င်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု အ မွှ န်း တင် ခေါ်ဆိုကြပါသည်။ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်း လော င်းလေ့ ရှိကြပါသည်။ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။ ဤကဲ့သို့ မြတ်စွာဘုရားနှင့် တို က် ရို က်ဆက်စပ်၍ ဗောဓိ ပင်၌ ရေသွန်း လော င်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။အထ က်ပါအကြောင်းအရာများကို နှ လုံး သွ င်း၍
ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။မာဂဓီ (သာစည်)၏(အခါတော်နေ့များ စာအုပ်မှ) ပြန်လည်ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။
Zawgyi
ယေန႕က “ကဆုန္လျပည့္ ဗုဒၶေန႕” ျဖစ္တာေၾကာင့္ ယေန႕ေခတ္လူငယ္မ်ားအတြက္ ကဆုန္လျပည့္ေန႕အေၾကာင္း သိေကာင္းစရာေတြကို ေဝမွ်ေပးလိုက္ပါတယ္။
ကဆုန္လျပည့္ (၅)ရက္အတြင္းမွာ “ဖြား၊ ပြင့္၊ ေဟာ၊ စံ၊ ဗ်ာဒိတ္ခံ” ေန႕ထူေန႕ျမတ္မ်ားျဖစ္ပါတယ္။
(၁) ဗ်ာဒိတ္ခံယူသည့္ေန႕ = ေလးအသေခၤ် ကမာၻတစ္သိန္း အစ ကဆုန္လျပည့္ေန႕။
(၂) ဘုရားေမြးသည့္ေန႕ = မဟာသကၠရာဇ္ (၆၈)ခု၊ ကဆုန္လျပည့္ (ေသာၾကာေန႕)။ (ဘီစီ ၆၂၃)
(၃) ဘုရားျဖစ္သည့္ေန႕ = မဟာသကၠရာဇ္ (၁၀၃)ခု၊ ကဆုန္လျပည့္ (ဗုဒၶဟူးေန႕)။ (ဘီစီ ၅၈၈)
(၄) ဗုဒၶဝင္အက်ဥ္းေဟာသည့္ေန႕ = မဟာသကၠရာဇ္ (၁၀၄)ခု၊ ကဆုန္လျပည့္ေန႕။ (ဘီစီ ၅၈၇)
(၅) ပရိနိဗၺာန္စံသည့္ေန႕ = မဟာသကၠရာဇ္ (၁၄၈)ခု၊ ကဆုန္လျပည့္ (အဂၤါေန႕)။ (ဘီစီ ၅၄၃)
“ဗ်ာဒိတ္ခံယူေသာေန႕၊ ဖြားျမင္ေတာ္မူေသာေန႕၊ ဘုရားျဖစ္ေတာ္မူေသာေန႕၊ပရိနိဗၺာန္စံေတာ္မူေသာေန႕“
ဤထူးျခားခ်က္ေလးမ်ိဳးတို႔ႏွင့္ တို က္ ဆို င္ေနပါသည္။ ဤကဲ့သို႔ ထူးျခားခ်က္ေလးမ်ိဳးႏွင့္ ျပည့္စုံေသာေၾကာင့္ ဤေန႕ကို ကဆုန္လျပည့္ဗုဒၶေန႕ ဟု အ မႊ န္း တင္ ေခၚဆိုၾကပါသည္။ဗုဒၶဘာသာဝင္တို႔သည္ ဘုရားျဖစ္ေသာ ေန႕ထူးေန႕ျမတ္ကို
အာ႐ုံျပဳ၍ ကဆုန္လျပည့္ေန႕၌ ပရိေဘာဂေစတီထိုက္ေသာ ေဗာဓိပင္ကို ေရသြန္း ေလာ င္းေလ့ ရွိၾကပါသည္။ေဗာဓိပင္သည္ သဗၺဳၫုတဉာဏ္ေတာ္ကိုရ၍ ဘုရားျဖစ္ေတာ္မူရာဌာနျဖစ္ျခင္း၊ ဖြားဖက္ေတာ္ ၇ ပါးတြင္ စာရင္းဝင္ျဖစ္ျခင္းတို႔ေၾကာင့္
ထူးျခားေသာ သစ္ပင္တစ္မ်ိဳး ျဖစ္ပါသည္။ ဤကဲ့သို႔ ျမတ္စြာဘုရားႏွင့္ တို က္ ရို က္ဆက္စပ္၍ ေဗာဓိ ပင္၌ ေရသြန္း ေလာ င္းျခင္းအစဥ္အလာကို ေခတ္အဆက္ဆက္ ျပဳလုပ္လာခဲ့ၾကပါသည္။အထ က္ပါအေၾကာင္းအရာမ်ားကို ႏွ လုံး သြ င္း၍
ဗုဒၶဘာသာဝင္ သူေတာ္စင္မ်ားအေနျဖင့္ ႏွစ္စဥ္ႏွစ္စဥ္ ကဆုန္လျပည့္ေန႕ေရာက္တိုင္း ဗုဒၶ႐ုပ္ပြား ဥဒၵိႆေစတီေတာ္မ်ားကို အေနကဇာတင္ ဗုဒၶအဘိေသက မဂၤလာသဘင္ဆင္ယင္က်င္းပ၍ ကုသိုလ္အထူးကို ဆည္းပူးေလ့ရွိၾကပါသည္။
ေက်ာင္းကန္ဘုရားသို႔သြား၍ ဒါန သီလ ဘာဝနာအမြုကို ျပဳလုပ္၍ ကဆုန္လျပည့္ ဗုဒၶေန႕ကို အမြတၱရ ဆင္ႏႊဲၾကပါသည္။မာဂဓီ (သာစည္)၏(အခါေတာ္ေန႕မ်ား စာအုပ္မွ) ျပန္လည္ထုတ္ႏႈတ္မွ်ေဝ ပူေဇာ္ပါသည္။