လူေတြကို စိတ္ကုန္လာတဲ့အခါ လုပ္ၾကည့္သင့္တဲ့အခ်က္မ်ား

လူတွေကို စိတ်ကုန်လာတဲ့အခါ လုပ်ကြည့်သင့်တဲ့အချက်များ

လူတွေကြောင့် အခါပေါင်းများစွာ နာကျင်ခံစားခဲ့ရဖူးတယ်မဟုတ်လား။ ကိုယ်တိုင်လည်း လူထဲကလူပဲမို့ အခြားသူကို ထိခိုက်မယ့်ကိစ္စမျိုးကို အတတ်နိုင်ဆုံးရှောင်ကျဉ်တတ်ပေမယ့် ကိုယ့်အလှည့်ကျတော့ ဘယ်သူကမှ ကိုယ့်ကိုထည့်မတွေးပေးတတ်ကြပါဘူး။

လူ့သဘောကိုက အတ္တကြီးတတ်ကြတာမှန်ပေမယ့် တစ်ယောက်နဲ့တစ်ယောက်အတ္တလျှော့နိုင်ကြရင် လူ့လောကကြီးက ပိုပြီးသာယာနိုင်မှာပါ။ ဒါပေမယ့်လည်း တချို့တချို့သော လောဘကြီး၊ အတ္တကြီးတတ်တဲ့လူတစ်ချို့ကြောင့် အတ္တလျှော့ထားသူတချို့ကတော့ နစ်နာမြဲနစ်နာနေရတုန်းပါပဲ။

ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်မှာလည်း ထိုလူမျိုးတွေကို ကြုံရဆုံရအုံးမှာပါ။ ရှေ့ဆက်လည်းကြုံရအုံးမှာပါပဲ။ အဲဒါကြောင့် လူတွေကို စိတ်ကုန်စရာကောင်းတယ်လို့ခံစားလာရတဲ့အခါမှာ ကိုယ့်ကိုထိခိုက်စေတဲ့အလုပ်မျိုးတွေထက်၊ ကိုယ့်ရဲ့အလုပ်တွေပျက်လောက်တဲ့အထိခံစားမနေဘဲ အောက်ကအချက်လေးတွေကို လုပ်ကြည့်ဖို့ ကိုယ့်ကိုကိုယ်တိုက်တွန်းကြည့်ပါ။

(၁) သဘာဝပတ်ဝန်းကျင်ကိုခံစားလိုက်ပါ

အရမ်းကိုစိတ်တွေကုန်၊ စိတ်တွေရှုပ်ထွေးလာတဲ့အခါမှာတော့ လုပ်လက်စတွေ၊ ပြောပစ်လိုက်မယ်လို့တွေးထားတဲ့စကားတွေ ၊ ဒေါသကို ထွက်ပေါက်ပေးလိုက်တော့မယ်လို့ တွေးနေတာတွေ အားလုံးကို ရပ်တန့်လိုက်ပါ။ ထိုလူတွေအနားကနေ ခဏလောက်ရှောင်ထွက်လိုက်ပါ။ လေညင်းခံတာမျိုးဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကို လမ်းလျှောက်ထွက်လိုက်တာမျိုးလုပ်ကြည့်လိုက်ပါ။

ဒေါသကိုပေါက်ကွဲပစ်ချင်စိတ်၊ စိတ်ထဲရှိရာ ပစ်ခါပြောလိုက်ချင်တဲ့စကားတွေအားလုံး ခဏတဖြုတ်ရပ်တန့်သွားပါလိမ့်မယ်။ ပတ်ဝန်းကျင်က အရာတွေကို အာရုံရောက်သွားပါလိမ့်မယ်။ အဲဒါက ခဏတဖြုတ် စိတ်ရှုပ်မှုတွေကနေ ရှောင်ထွက်နိုင်တဲ့နည်းလမ်းပါပဲ။

(၂) တစ်ယောက်တည်းနေပြီး စာဖတ်ပါ

ကိုယ့်အခန်းလေးထဲ တံခါးပိတ်ပြီး စာအုပ်တစ်အုပ်ကိုကောက်ဖတ်လိုက်တာမျိုး အာရုံကို စာအုပ်ထဲက ဇာတ်လမ်းထဲ ၊ ဇာတ်ကောင်တွေထဲ ထည့်ထားလိုက်ပါ။ စောစောကဖြစ်ပျက်နေသမျှကို ခဏတဖြုတ်မေ့သွားပါလိမ့်မယ်။ ဒေါသနဲ့၊ စိတ်ကုန်မှုကြောင့် ပြောမယ့်စကားတွေအကုန်လုံး မပြောဖြစ်တော့ဘဲ ရပ်တန့်သွားပါလိမ့်မယ်။

အဲဒါက ကိုယ့်ထက်ကြီးတဲ့သူဆိုရင် ကိုယ်ဖြစ်မယ့်ငရဲမဖြစ်တော့ပါဘူး။ ကိုယ့်ထက်ငယ်တဲ့သူဆို အမြင်မစောင်းတော့၊ ရန်မဖြစ်ရတော့ပါဘူး၊ ရန်မများတော့ပါဘူး။

(၃) တရားထိုင်ပါ

ဆိတ်ငြိမ်တဲ့နေရာလေးတစ်ခုကိုရွေးပြီး ခဏလောက်တိတ်တိတ်လေး ဝင်လေထွက်လေကို မှတ်ပြီး ထိုင်နေကြည့်လိုက်ပါ။ ဘုရားရင်ပြင်တော်ပေါ်ဆိုရင်ပိုကောင်းတာပေါ့။ မဟုတ်ရင်လည်း ဆိတ်ငြိမ်တဲ့နေရာမှာ ကိုယ့်ကိုကိုယ်ဝင်လေထွက်လေမှတ်နေကြည့်ပေါ့ ။ စိတ်တည်ငြိမ်သွားတဲ့အခါကျတော့ ကိုယ့်စိတ်ကိုအေးချမ်းစေပါတယ်။

(၄) မကြားချင်တဲ့စကား၊ ကိုယ့်အတွက်စိတ်အနှောင့်အယှက်ဖြစ်စေတဲ့စကားမျိုးကို လျစ်လျူရှုလိုက်ပါ

ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်စေမယ့်စကားမျိုးဆို ဒေါသတကြီးပြန်တုံ့ပြန်မိတာမျိုးဖြစ်ပြန်ရင် ကိုယ်ပဲပူလောင်ရမယ်၊ ကိုယ်ပဲအကုသိုလ်များမယ်၊ ကိုယ်ပဲ တနုံနုံခံစားရမယ် စသဖြင့် ကိုယ့်ကိုအမျိုးမျိုးထိခိုက်စေတဲ့စကားမျိုးကို မပြောဖြစ်တာပိုကောင်းပါတယ်။ အဲဒါကြောင့် ကိုယ်နာကျင်ရတဲ့စကားမျိုးဆိုရင် မကြားသလိုနေလိုက်ပါ။ ခေါင်းထဲမထည့်ဘူး…..ဆိုတဲ့စကားကို စိတ်ထဲကနေ တဖွဖွရွတ်နေလိုက်ပါ။

(၅) ကိုယ့်ကိုကိုယ်ဘယ်လိုနည်းနဲ့မှ မထိခိုက်စေပါနဲ့

စိတ်ကုန်စရာကောင်းတဲ့လူတွေက သင့်ကို နည်းလမ်းအမျိုးမျိုးနဲ့ ထိခိုက်စေတာပါပဲ။ အဲဒီလိုလူတွေနဲ့ ပတ်သက်ရတဲ့အခါ ကိုယ့်စိတ်ထဲမှတ်ထားပြီး မကြာခဏရေရွတ်ပေးရမှာက “ကိုယ့်ကိုကိုယ်ဘယ်လိုနည်းနဲ့မှ မထိခိုက်စေရဘူး” ဆိုတဲ့စကားပါ။ စိတ်ထဲကနေ တဖွဖွရွတ်နေခြင်းက သူတို့ကို ပြန်ပြီး တုံ့ပြန်မိဖို့ တားဆီးပေးပါတယ်။

ပြန်ပြီးတုံ့ပြန်မိလိုက်တာနဲ့တပြိုင်နက် ကိုယ့်မှာ စတင်ပူလောင်၊ ဒေါသမောဟများ၊ တနုံနုံခံစားရတော့မှာပါ။ ကိုယ့်စိတ်ကိုစတင်ထိခိုက်စေတော့တာပါပဲ။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်ချစ်တဲ့အနေနဲ့ ကိုယ့်ကိုကိုယ်ထိခိုက်စေမယ့်အရာတွေကို ရှောင်ကျဉ်တာအကောင်းဆုံးပါ။

(၆) ကိုယ့်ကိုချစ်ခင်တဲ့သူတွေအကြောင်းတွေးပါ

ကိုယ့်ကိုချစ်ခင်တဲ့သူတွေ၊ ကိုယ့်အတွက် ပျော်ရွှင်စေတဲ့ပတ်ဝန်းကျင်အကြောင်းပြန်တွေးကြည့်ပါ။ ဖြစ်နိုင်ရင် ထိုပတ်ဝန်းကျင်ထဲကိုသာ ပြန်သွားပါ။ အပြန်အလှန်မောင်နှမတွေ၊ ညီအမတွေလို ဖေးမဖော်၊ စနောက်ဖော်ရတဲ့ဝန်းကျင်မျိုးပေါ့။ ဘယ်လိုဖြစ်ဖြစ် ကိုယ့်ကိုလိုလားတဲ့ပတ်ဝန်းကျင်ကြောင့် စိတ်ကုန်စရာကောင်းတဲ့လူတွေကို မေ့သွားပါလိမ့်မယ်။

တကယ်တော့ စိတ်ကုန်စရာကောင်းတဲ့လူတွေက သင့်ကိုအမျိုးမျိုးစိတ်ဒုက္ခပေးမယ့်သူတွေပါ။ ထိုလူတွေနဲ့ရင်ဆိုင်ရတဲ့အခါဖြစ်ဖြစ် မိမိဝန်းကျင်မှာထိုလူတွေရှိနေတာဖြစ်ဖြစ် ကိုယ့်ကိုထိခိုက်လာစေတဲ့အခါ အထက်ကအချက်လေးတွေလုပ်ကြည့်ခြင်းက သင့်စိတ်ကို တည်ငြိမ်စေပါတယ်။

အဓိကက စိတ်ကိုဒုက္ခပေးတာဖြစ်တဲ့အတွက် သင့်စိတ်ကိုတည်ငြိမ်အောင်ကြိုးစားပါလို့တိုက်တွန်းလိုက်ရပါတယ်။ ကျောက်သားကျောက်စိုင်လို မာကြောပြီး တည်ငြိမ်နေတဲ့သင့်စိတ်ကို သူတို့ဘယ်လိုမှ ဖျက်ဆီးမနိုင်တဲ့အထိပေါ့။ BAWA ဘဝ

Zawgyi

လူေတြကို စိတ္ကုန္လာတဲ့အခါ လုပ္ၾကည့္သင့္တဲ့အခ်က္မ်ား

လူေတြေၾကာင့္ အခါေပါင္းမ်ားစြာ နာက်င္ခံစားခဲ့ရဖူးတယ္မဟုတ္လား။ ကိုယ္တိုင္လည္း လူထဲကလူပဲမို႔ အျခားသူကို ထိခိုက္မယ့္ကိစၥမ်ိဳးကို အတတ္ႏိုင္ဆုံးေရွာင္က်ဥ္တတ္ေပမယ့္ ကိုယ့္အလွည့္က်ေတာ့ ဘယ္သူကမွ ကိုယ့္ကိုထည့္မေတြးေပးတတ္ၾကပါဘူး။

လူ႔သေဘာကိုက အတၱႀကီးတတ္ၾကတာမွန္ေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္အတၱေလွ်ာ့ႏိုင္ၾကရင္ လူ႔ေလာကႀကီးက ပိုၿပီးသာယာႏိုင္မွာပါ။ ဒါေပမယ့္လည္း တခ်ိဳ႕တခ်ိဳ႕ေသာ ေလာဘႀကီး၊ အတၱႀကီးတတ္တဲ့လူတစ္ခ်ိဳ႕ေၾကာင့္ အတၱေလွ်ာ့ထားသူတခ်ိဳ႕ကေတာ့ နစ္နာၿမဲနစ္နာေနရတုန္းပါပဲ။

ကြၽန္ေတာ္တို႔ရဲ႕ဘဝတစ္ေလွ်ာက္မွာလည္း ထိုလူမ်ိဳးေတြကို ႀကဳံရဆုံရအုံးမွာပါ။ ေရွ႕ဆက္လည္းႀကဳံရအုံးမွာပါပဲ။ အဲဒါေၾကာင့္ လူေတြကို စိတ္ကုန္စရာေကာင္းတယ္လို႔ခံစားလာရတဲ့အခါမွာ ကိုယ့္ကိုထိခိုက္ေစတဲ့အလုပ္မ်ိဳးေတြထက္၊ ကိုယ့္ရဲ႕အလုပ္ေတြပ်က္ေလာက္တဲ့အထိခံစားမေနဘဲ ေအာက္ကအခ်က္ေလးေတြကို လုပ္ၾကည့္ဖို႔ ကိုယ့္ကိုကိုယ္တိုက္တြန္းၾကည့္ပါ။

(၁) သဘာဝပတ္ဝန္းက်င္ကိုခံစားလိုက္ပါ

အရမ္းကိုစိတ္ေတြကုန္၊ စိတ္ေတြရႈပ္ေထြးလာတဲ့အခါမွာေတာ့ လုပ္လက္စေတြ၊ ေျပာပစ္လိုက္မယ္လို႔ေတြးထားတဲ့စကားေတြ ၊ ေဒါသကို ထြက္ေပါက္ေပးလိုက္ေတာ့မယ္လို႔ ေတြးေနတာေတြ အားလုံးကို ရပ္တန႔္လိုက္ပါ။ ထိုလူေတြအနားကေန ခဏေလာက္ေရွာင္ထြက္လိုက္ပါ။ ေလညင္းခံတာမ်ိဳးျဖစ္ျဖစ္၊ ပတ္ဝန္းက်င္ကို လမ္းေလွ်ာက္ထြက္လိုက္တာမ်ိဳးလုပ္ၾကည့္လိုက္ပါ။

ေဒါသကိုေပါက္ကြဲပစ္ခ်င္စိတ္၊ စိတ္ထဲရွိရာ ပစ္ခါေျပာလိုက္ခ်င္တဲ့စကားေတြအားလုံး ခဏတျဖဳတ္ရပ္တန႔္သြားပါလိမ့္မယ္။ ပတ္ဝန္းက်င္က အရာေတြကို အာ႐ုံေရာက္သြားပါလိမ့္မယ္။ အဲဒါက ခဏတျဖဳတ္ စိတ္ရႈပ္မႈေတြကေန ေရွာင္ထြက္ႏိုင္တဲ့နည္းလမ္းပါပဲ။

(၂) တစ္ေယာက္တည္းေနၿပီး စာဖတ္ပါ

ကိုယ့္အခန္းေလးထဲ တံခါးပိတ္ၿပီး စာအုပ္တစ္အုပ္ကိုေကာက္ဖတ္လိုက္တာမ်ိဳး အာ႐ုံကို စာအုပ္ထဲက ဇာတ္လမ္းထဲ ၊ ဇာတ္ေကာင္ေတြထဲ ထည့္ထားလိုက္ပါ။ ေစာေစာကျဖစ္ပ်က္ေနသမွ်ကို ခဏတျဖဳတ္ေမ့သြားပါလိမ့္မယ္။ ေဒါသနဲ႔၊ စိတ္ကုန္မႈေၾကာင့္ ေျပာမယ့္စကားေတြအကုန္လုံး မေျပာျဖစ္ေတာ့ဘဲ ရပ္တန႔္သြားပါလိမ့္မယ္။

အဲဒါက ကိုယ့္ထက္ႀကီးတဲ့သူဆိုရင္ ကိုယ္ျဖစ္မယ့္ငရဲမျဖစ္ေတာ့ပါဘူး။ ကိုယ့္ထက္ငယ္တဲ့သူဆို အျမင္မေစာင္းေတာ့၊ ရန္မျဖစ္ရေတာ့ပါဘူး၊ ရန္မမ်ားေတာ့ပါဘူး။

(၃) တရားထိုင္ပါ

ဆိတ္ၿငိမ္တဲ့ေနရာေလးတစ္ခုကိုေ႐ြးၿပီး ခဏေလာက္တိတ္တိတ္ေလး ဝင္ေလထြက္ေလကို မွတ္ၿပီး ထိုင္ေနၾကည့္လိုက္ပါ။ ဘုရားရင္ျပင္ေတာ္ေပၚဆိုရင္ပိုေကာင္းတာေပါ့။ မဟုတ္ရင္လည္း ဆိတ္ၿငိမ္တဲ့ေနရာမွာ ကိုယ့္ကိုကိုယ္ဝင္ေလထြက္ေလမွတ္ေနၾကည့္ေပါ့ ။ စိတ္တည္ၿငိမ္သြားတဲ့အခါက်ေတာ့ ကိုယ့္စိတ္ကိုေအးခ်မ္းေစပါတယ္။

(၄) မၾကားခ်င္တဲ့စကား၊ ကိုယ့္အတြက္စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့စကားမ်ိဳးကို လ်စ္လ်ဴရႈလိုက္ပါ

ကိုယ့္ကို စိတ္ပိုင္းဆိုင္ရာအရ ထိခိုက္ေစမယ့္စကားမ်ိဳးဆို ေဒါသတႀကီးျပန္တုံ႔ျပန္မိတာမ်ိဳးျဖစ္ျပန္ရင္ ကိုယ္ပဲပူေလာင္ရမယ္၊ ကိုယ္ပဲအကုသိုလ္မ်ားမယ္၊ ကိုယ္ပဲ တႏုံႏုံခံစားရမယ္ စသျဖင့္ ကိုယ့္ကိုအမ်ိဳးမ်ိဳးထိခိုက္ေစတဲ့စကားမ်ိဳးကို မေျပာျဖစ္တာပိုေကာင္းပါတယ္။ အဲဒါေၾကာင့္ ကိုယ္နာက်င္ရတဲ့စကားမ်ိဳးဆိုရင္ မၾကားသလိုေနလိုက္ပါ။ ေခါင္းထဲမထည့္ဘူး…..ဆိုတဲ့စကားကို စိတ္ထဲကေန တဖြဖြ႐ြတ္ေနလိုက္ပါ။

(၅) ကိုယ့္ကိုကိုယ္ဘယ္လိုနည္းနဲ႔မွ မထိခိုက္ေစပါနဲ႔

စိတ္ကုန္စရာေကာင္းတဲ့လူေတြက သင့္ကို နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ထိခိုက္ေစတာပါပဲ။ အဲဒီလိုလူေတြနဲ႔ ပတ္သက္ရတဲ့အခါ ကိုယ့္စိတ္ထဲမွတ္ထားၿပီး မၾကာခဏေရ႐ြတ္ေပးရမွာက “ကိုယ့္ကိုကိုယ္ဘယ္လိုနည္းနဲ႔မွ မထိခိုက္ေစရဘူး” ဆိုတဲ့စကားပါ။ စိတ္ထဲကေန တဖြဖြ႐ြတ္ေနျခင္းက သူတို႔ကို ျပန္ၿပီး တုံ႔ျပန္မိဖို႔ တားဆီးေပးပါတယ္။

ျပန္ၿပီးတုံ႔ျပန္မိလိုက္တာနဲ႔တၿပိဳင္နက္ ကိုယ့္မွာ စတင္ပူေလာင္၊ ေဒါသေမာဟမ်ား၊ တႏုံႏုံခံစားရေတာ့မွာပါ။ ကိုယ့္စိတ္ကိုစတင္ထိခိုက္ေစေတာ့တာပါပဲ။ အဲဒါေၾကာင့္ ကိုယ့္ကိုကိုယ္ခ်စ္တဲ့အေနနဲ႔ ကိုယ့္ကိုကိုယ္ထိခိုက္ေစမယ့္အရာေတြကို ေရွာင္က်ဥ္တာအေကာင္းဆုံးပါ။

(၆) ကိုယ့္ကိုခ်စ္ခင္တဲ့သူေတြအေၾကာင္းေတြးပါ

ကိုယ့္ကိုခ်စ္ခင္တဲ့သူေတြ၊ ကိုယ့္အတြက္ ေပ်ာ္႐ႊင္ေစတဲ့ပတ္ဝန္းက်င္အေၾကာင္းျပန္ေတြးၾကည့္ပါ။ ျဖစ္ႏိုင္ရင္ ထိုပတ္ဝန္းက်င္ထဲကိုသာ ျပန္သြားပါ။ အျပန္အလွန္ေမာင္ႏွမေတြ၊ ညီအမေတြလို ေဖးမေဖာ္၊ စေနာက္ေဖာ္ရတဲ့ဝန္းက်င္မ်ိဳးေပါ့။ ဘယ္လိုျဖစ္ျဖစ္ ကိုယ့္ကိုလိုလားတဲ့ပတ္ဝန္းက်င္ေၾကာင့္ စိတ္ကုန္စရာေကာင္းတဲ့လူေတြကို ေမ့သြားပါလိမ့္မယ္။

တကယ္ေတာ့ စိတ္ကုန္စရာေကာင္းတဲ့လူေတြက သင့္ကိုအမ်ိဳးမ်ိဳးစိတ္ဒုကၡေပးမယ့္သူေတြပါ။ ထိုလူေတြနဲ႔ရင္ဆိုင္ရတဲ့အခါျဖစ္ျဖစ္ မိမိဝန္းက်င္မွာထိုလူေတြရွိေနတာျဖစ္ျဖစ္ ကိုယ့္ကိုထိခိုက္လာေစတဲ့အခါ အထက္ကအခ်က္ေလးေတြလုပ္ၾကည့္ျခင္းက သင့္စိတ္ကို တည္ၿငိမ္ေစပါတယ္။

အဓိကက စိတ္ကိုဒုကၡေပးတာျဖစ္တဲ့အတြက္ သင့္စိတ္ကိုတည္ၿငိမ္ေအာင္ႀကိဳးစားပါလို႔တိုက္တြန္းလိုက္ရပါတယ္။ ေက်ာက္သားေက်ာက္စိုင္လို မာေၾကာၿပီး တည္ၿငိမ္ေနတဲ့သင့္စိတ္ကို သူတို႔ဘယ္လိုမွ ဖ်က္ဆီးမႏိုင္တဲ့အထိေပါ့။ BAWA ဘဝ