သဘာဝေဘးအႏၲရာယ္က်ေရာက္လာေတာ့မွာကို နိမိတ္ျပေနတဲ့အရာ (၉) ခု

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

အခုတစ္ေခါက္ေျပာျပေပးသြားမယ့္အေၾကာင္းအရာကေတာ့ သဘာဝေဘးအႏၲရာယ္က်ေရာက္လာေတာ့မွာကို နိမိတ္ျပေနတဲ့အရာ (၉) ခုပဲျဖစ္ပါတယ္။

သဘာဝေဘးအႏၲရာယ္ေတြက ႀကိဳတင္ခန႔္မွန္းလို႔မရႏိုင္တဲ့အရာေတြျဖစ္ၿပီး က်ေရာက္လာခဲ့ၿပီဆိုရင္လည္း

လူသားေတြက အလူးအလဲခံၾကရေလ့ရွိပါတယ္။

ဒီလိုသဘာဝေဘးေတြက ဘယ္အခ်ိန္က်ေရာက္လာမလဲ၊ ဘယ္ေတာ့က်ေရာက္လာမလဲဆိုတာ လြယ္လြယ္ကူကူနဲ႔ မသိရွိႏိုင္ေပမယ့္

မၾကာခင္ေရာက္ရွိလာေတာ့မယ္ဆိုတာကို ေျပာျပေနတဲ့ေရွ႕ေျပးနိမိတ္ေတြေတာ့ရွိပါတယ္။

ဘယ္လိုအခ်င္းအရာေတြက ဒီလိုအျဖစ္ဆိုးႀကီးေတြလာေတာ့မယ္ဆိုတာကို ႀကိဳတင္သိႏိုင္သလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္။

၁- ေအာ့ငါးႀကီးမ်ား

ပင္လယ္ကမ္းေျခတစ္ဝိုက္ကို ဒီထူးဆန္းတဲ့ငါးႀကီးေတြ အသက္ရွင္လ်က္ကူးခတ္လာေနၿပီဆိုတာနဲ႔ အဲဒီေနရာကေန အေဝးဆုံးကုန္းေျမတစ္ေနရာဆီကို ျမန္ျမန္ထြက္ေျပးဖို႔ လိုပါတယ္။

ဒီငါးႀကီးေတြက အလြန္ရွည္လ်ားတဲ့ ငါးမ်ိဳးစိတ္ႀကီးေတြျဖစ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္ေအာက္ ေပ ၃ ေထာင္ေက်ာ္ေလာက္မွာ အသက္ရွင္သန္ၾကပါတယ္။

ဒီငါးေတြရဲ႕ ထူးျခားခ်က္ကေတာ့ ပင္လယ္ၾကမ္းျပင္ေအာက္မွာ လႈပ္ခတ္လာမယ့္ ငလ်င္ေတြကို ႀကိဳတင္သိရွိႏိုင္စြမ္းရွိၿပီး စူနာမီလိုမ်ိဳး ျပင္းထန္တဲ့ သဘာဝေဘးမျဖစ္ခင္ ရက္ေပါင္းမ်ားစြာအလိုမွာ ေရမ်က္ႏွာျပင္ထက္ကို တက္လာတတ္ၾကပါတယ္။

ဒီငါးေတြက ပုံမွန္အားျဖင့္ေတာ့ အလြန္ေတြ႕ရခဲတဲ့ ရွားပါးငါးေတြသာျဖစ္ၿပီး ေရမ်က္ႏွာျပင္ေပၚကို အင္မတန္တက္ခဲတဲ့ ငါးေတြပါ။ ေအာ့ငါးႀကီးေတြက အ႐ိုးမ်ားတဲ့ငါးအမ်ိဳးအစားတစ္ခုျဖစ္ၿပီး အ႐ြယ္ေရာက္ၿပီးသား ငါးတစ္ေကာင္ကို ၂၆ ေပေလာက္အထိ ရွည္လ်ားပါတယ္။

ဒီငါးေတြရဲ႕ ထူးဆန္းတဲ့သဘာဝေၾကာင့္ ပင္လယ္ေရေအာက္ငလ်င္ေတြကို ခံစားသိရွိႏိုင္ၿပီး ကုန္းေျမရွိရာဆီကို ထြက္ေျပးေရာက္လာတတ္ၾကတာပါ။

ဒါေၾကာင့္ ဒီေရနက္ပိုင္းမွာေနတဲ့ ငါးႀကီးေတြကို ပင္လယ္ကမ္းေျခမွာ အရွင္လတ္လတ္ေတြ႕ရွိခဲ့ရင္ေတာ့ ကမ္းေျခက သိပ္မၾကာခင္မွာပဲ ဆိုး႐ြားလြန္းတဲ့သဘာဝေဘးေတြနဲ႔ ရင္ဆိုင္ရႏိုင္ေခ်ရွိပါတယ္။

ဒီလိုမ်ိဳး ႀကိဳတင္သိရွိႏိုင္စြမ္းရွိတဲ့ ငါးေတြမို႔လို႔ ဒီငါးေတြက ေရနတ္ဘုရားရဲ႕ နန္းေတာ္ေတြဆီက လာတဲ့ တမန္ေတာ္တစ္ပါးျဖစ္တယ္လို႔ ဂ်ပန္ဒ႑ာရီေတြထဲမွာ ေရးသားထားပါတယ္။

၂- ထူးဆန္းေသာအလင္းတန္းမ်ား

အင္မတန္ဆိုး႐ြားလြန္းတဲ့ သဘာဝေဘးေတြျဖစ္လာေတာ့မွာကို ႀကိဳတင္နိမိတ္ျပေနတဲ့ အရာေတြထဲမွာ ေကာင္းကင္ကေန ထူးထူးဆန္းဆန္းထြက္ေပၚလာတတ္တဲ့ အလင္းတန္းေတြလည္း ပါဝင္ပါတယ္။

ဒီအလင္းတန္းေတြက လွ်ပ္စီးလ်ပ္ေနသလို ေကာင္းကင္မွာ ေပၚထြက္လာတတ္တဲ့ အရာေတြျဖစ္ၿပီး ပုံသ႑ာန္မ်ိဳးစုံ၊ အေရာင္မ်ိဳးစုံနဲ႔ ျမင္ေတြ႕ရေလ့ရွိပါတယ္။

ဒီအလင္းတန္းေတြကိုေတာ့ အင္အားျပင္းထန္တဲ့ ေျမငလ်င္ေတြမလႈပ္မီ ေတြ႕ရွိရေလ့ရွိတာေၾကာင့္ ဒီအရာေတြကို ျမင္လိုက္တာနဲ႔ အျမန္ဆုံး ေနရပ္ကေန စြန႔္ခြာကာ လုံၿခဳံစိတ္ခ်ရတဲ့ တစ္ေနရာဆီကို ေျပးဖို႔အႀကံေပးပါရေစ။

ပုံမွန္အားျဖင့္ေတာ့ ဒီအလင္းတန္းေတြက ငလ်င္မလႈပ္ခတ္မီ ရက္သတၱပတ္အလိုမွာ ထူးဆန္းစြာေပၚထြက္လာတတ္ၾကၿပီး တစ္ခါတစ္ရံမွာေတာ့ ငလ်င္လႈပ္ခတ္ေနခ်ိန္မွာလည္း ေပၚလာတတ္ပါတယ္။

သိပၸံပညာရွင္ေတြက အင္အားျပင္း ငလ်င္ေတြ မလႈပ္ခတ္မီ ဒီအလင္းတန္းႀကီးေတြ ဘာေၾကာင့္ ႐ုတ္တရက္ထြက္လာခဲ့သလဲဆိုတာကို သုေတသနျပဳလုပ္ခဲ့ၾကေပမယ့္ ရာႏႈန္းျပည့္တိက်တဲ့အေျဖေတြေတာ့ မရရွိေသးပါဘူး။

ဒီအလင္းတန္းႀကီးေတြ ေပၚလာတာက ဟိုးယခင္အခ်ိန္ကတည္းက တည္ရွိခဲ့တဲ့ သဘာဝရဲ႕ ျဖစ္ရပ္ဆန္းတစ္ခုသာျဖစ္ၿပီး ေရွးတုန္းက လူေတြကေတာ့ တျခားကမာၻကေရာက္ရွိလာတဲ့ ၿဂိဳဟ္သားေတြရဲ႕ ယာဥ္ေတြနဲ႔ သူတို႔ ယာဥ္ေတြဆီက ထြက္ရွိလာတဲ့ ဓာတုအမႈန္အမႊားေတြေၾကာင့္ ျဖစ္လာတာလို႔ ယုံၾကည္လက္ခံထားၾကပါတယ္။

၃- ေခြးနဲ႔ ေၾကာင္မ်ား

သဘာဝေဘးေတြ ေရာက္ရွိလာေတာ့မယ္ဆိုတာကို ႀကိဳတင္သိရွိႏိုင္မယ့္ ေနာက္ထပ္ အေကာင္ေတြကေတာ့ မိမိပတ္ဝန္းက်င္မွာ ရွိေနတတ္တဲ့ အိမ္ေမြးတိရစာၦန္ေလးေတြပဲျဖစ္ပါတယ္။

အိမ္ေမြးတိရစာၦန္ေတြထဲမွာ အျမင္သာဆုံးနဲ႔ အသိသာဆုံးတိရစာၦန္ေတြကေတာ့ ေခြးနဲ႔ ေၾကာင္ပဲျဖစ္ပါတယ္။

သုေတသနေတြအရေတာ့ သဘာဝေဘးေတြ မလာခင္အခ်ိန္မွာ ေခြးနဲ႔ ေၾကာင္တို႔ရဲ႕ေနထိုင္မႈပုံစံေတြက ႐ုတ္တရက္ေျပာင္းလဲသြားတတ္ၾကၿပီး လူေတြကို အရင္ဆုံးအခ်က္ျပေပးေလ့ရွိပါတယ္။

ေခြးေလးေတြရဲ႕ အနံ႔ခံအာ႐ုံနဲ႔ အၾကားအာ႐ုံက လူသားေတြထက္ပိုမိုေကာင္းမြန္တာေၾကာင့္ပတ္ဝန္းက်င္မွာ ေျပာင္းလဲလာတဲ့ အရာေတြကို ႀကိဳတင္သိရွိႏိုင္စြမ္းရွိၾကပါတယ္။

သဘာဝေဘးအႏၲရာယ္က်ေရာက္လာေတာ့မယ့္အခ်ိန္မွာ ကမာၻေျမက ေျပာင္းလဲမႈေတြ အရင္ဆုံးျဖစ္လာပါတယ္။

ေခြးေလးေတြကေတာ့ အဲဒီေျပာင္းလဲလာမႈေတြကို လူသားေတြထက္ ခံစားသိရွိႏိုင္စြမ္းရွိၾကၿပီး ႀကိဳတင္နိမိတ္ဖတ္ႏိုင္တာပါ။

ေခြးေလးေတြက သဘာဝေဘးေတြမလာခ်ိန္မွာ ေလထုေျပာင္းလဲလာမႈ၊ ေလတိုက္ႏႈန္းမတည္ၿငိမ္လာမႈနဲ႔ ပုံမွန္မဟုတ္တဲ့ အနံ႔ေတြကို ရရွိေလ့ရွိၾကပါတယ္။

၂၀၁၁ ခုႏွစ္ဂ်ပန္ႏိုင္ံငံမွာ အႀကီးအက်ယ္ျဖစ္သြားခဲ့တဲ့ ဆူနာမီေရလႈိင္းနဲ႔ ငလ်င္ေတြ ႐ိုက္ခတ္လာေတာ့မွာကို အရင္ဆုံး သိရွိခဲ့သူေတြကေတာ့ ေၾကာင္ေတြပဲ ျဖစ္ပါတယ္။

ေၾကာင္ေတြက အဲဒီသဘာဝေဘးႀကီးမျဖစ္ခင္ တစ္ပတ္ေလာက္မွာ ေယာက္ယက္ခတ္လႈပ္ရွားေနတတ္ၿပီး ဂဏွာမၿငိမ္တဲ့ အျပဳအမူေတြကို ျပဳလုပ္လာခဲ့ၾကပါတယ္။

အဲဒီလိုအခ်ိန္ေရာက္ၿပီဆိုရင္ ေၾကာင္ေတြက အိပ္စက္အနားယူျခင္းလုံးဝမရွိေတာ့ဘဲ သူတို႔အတြက္ လုံၿခဳံမယ့္ေနရာကိုပဲ အပူတျပင္းရွာေဖြေနတတ္ၾကတာကို သုေတသနသမားေတြက ေတြ႕ရွိခဲ့ၾကပါတယ္။

ဒါေၾကာင့္ မိမိအိမ္က ေၾကာင္ေတြ၊ ေခြးေတြရဲ႕ ပုံစံက လုံးဝကို ေျပာင္းလဲေနၿပီဆိုရင္ေတာ့ ဂ႐ုစိုက္သင့္ပါတယ္။

၄- လႈိင္းအက်ျမန္ျခင္း

ကမ္းေျခကို ႐ိုက္ခတ္လာတဲ့ လႈိင္းေတြကလည္း သဘာဝေဘးေတြ ေရာက္လာေတာ့မယ္ဆိုတာကို ေျပာျပေနတဲ့ နိမိတ္ေတြပဲျဖစ္ပါတယ္။

ပုံမွန္အေျခအေနမွာေတာ့ ပင္လယ္ထဲက တက္လာတဲ့ ေရလႈိင္းေတြက ကမ္းေျခကို ႐ိုက္ခတ္ၿပီး အျပန္မွာ ေႏွးေကြးစြာနဲ႔ပဲ က်ဆင္းသြားေလ့ရွိပါတယ္။

လႈိင္းေတြ ျမန္ျမန္ဆန္ဆန္ က်ဆင္းသြားတာကို ေတြ႕လိုက္ရတယ္ဆိုရင္ေတာ့ ကမ္းေျခမွာ ရပ္ၾကည့္မေနသင့္ေတာ့ဘဲ မိမိအိမ္ကိုသာ အျမန္ဆုံးျပန္ေျပးသင့္ပါတယ္။

တစ္ခါတစ္ရံမွာဆိုရင္ က်သြားတဲ့ လႈိင္းေတြက သႏၲာေက်ာက္တန္းေတြေပၚလာတဲ့အထိေတာင္ တရွိန္ထိုးက်ဆင္းသြားေလ့ရွိတတ္ပါတယ္။

ဒီလို လႈိင္းအက်ျမန္ျခင္းက ေနာက္ထပ္ပိုႀကီးမားတဲ့ လႈိင္းလုံးႀကီးေတြျဖစ္လာဖို႔ အားယူေနျခင္းသာ ျဖစ္ၿပီး သိပ္မၾကာခင္မွာပဲ ကမ္းေျခကို အင္အားေကာင္းေကာင္းနဲ႔ ျပန္လည္႐ိုက္ခတ္လာေတာ့မယ့္ နိမိတ္ပါ။

ဒီလိုမ်ိဳး လႈိင္းအတက္အက် ျမန္ဆန္ေနျခင္းေတြက သဘာဝက်တဲ့ျဖစ္စဥ္တစ္ခုမဟုတ္ဘဲ သိပ္မၾကာခင္မွာပဲ ဆူနာမီေရလႈိင္းေတြ ေသခ်ာေပါက္ျဖစ္လာေတာ့မယ္ဆိုတာကို နိမိတ္ျပေနတဲ့ နိမိတ္တစ္ခုသာ ျဖစ္ပါတယ္။

၆- ဆြဲလႈိင္းမ်ား

ပင္လယ္ကမ္းေျခတစ္ေလွ်ာက္မွာ လမ္းေလွ်ာက္ေနရင္းနဲ႔ ပင္လယ္ထဲက တက္လာတဲ့ ထူးဆန္းတဲ့ ေရလႈိင္းေတြကို ျမင္ေတြ႕ရၿပီဆိုရင္ေတာ့ သိပ္မၾကာခင္အခ်ိန္အတြင္းမွာ မိုးႀကိဳးမုန္တိုင္း (သို႔) ေလဆင္ႏွာေမာင္းေတြ တိုက္ခိုက္လာႏိုင္ေခ် မ်ားေနပါၿပီ။

ပုံမွန္အားျဖင့္ေတာ့ ကမ္းေျခကို ႐ိုက္ခတ္လာတဲ့ ေရလႈိင္းေတြက တစ္ဆက္တည္းသာျဖစ္ၿပီး အခုလႈိင္းပုံစံေတြေတာ့ တမူထူးျခားပါတယ္။ ပင္လယ္ေရျပင္မွာျဖစ္လာတဲ့ ထူးဆန္းတဲ့ ဒီအရာကို ေရလႈိင္းေတြရဲ႕ အလည္မွာ ကြက္လပ္ငယ္တစ္ခုအျဖစ္နဲ႔ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

ဒီ ဆြဲလႈိင္းေတြက အင္အားျပင္းထန္လြန္းတာေၾကာင့္ အေတြ႕အႀကဳံရွိတဲ့ ဝါရင့္ေရကူးသမားေတြေတာင္ အဆိုပါကြက္လပ္ထဲေရာက္ရွိသြားခ်ိန္မွာေတာ့ ျပန္ထြက္ဖို႔ ခက္ခဲတတ္ပါတယ္။

ဒီ ဆြဲလႈိင္းႀကီးေတြက ျဖစ္႐ိုးျဖစ္စဥ္အေျခအေနမဟုတ္ဘဲ သဘာဝေဘးေတြျဖစ္လာေတာ့မယ့္အခ်ိန္ေတြမွာ ေတြ႕ရေလ့ရွိပါတယ္။

၇- တြင္းေအာင္းတိရစာၦန္မ်ား

သဘာဝေဘးအႏၲရာယ္က်ေရာက္လာေတာ့မွာကို နိမိတ္ျပေနတဲ့ အရာေတြထဲမွာ ေျမႀကီးထဲမွာ ေနထိုင္ေနတဲ့ တိရစာၦန္ေတြရဲ႕ လႈပ္ရွားမႈေတြ ေျပာင္းလဲလာတာေတြလည္း ပါဝင္ပါတယ္။

မီးေတာင္ေပါက္ကြဲမႈေတြ၊ ေျမငလ်င္လႈပ္ခတ္မႈေတြနဲ႔ အျခားသဘာဝေဘးအႏၲရာယ္ေတြျဖစ္လာေတာ့မွာကို တြင္းေအာင္းတိရစာၦန္ေတြက လူေတြထက္ပိုၿပီး အရင္ဆုံး သိရွိႏိုင္စြမ္းရွိၾကပါတယ္။

သူတို႔က ေျမႀကီးထဲမွာေနထိုင္ေနၾကတဲ့ တိရစာၦန္ေတြျဖစ္တာေၾကာင့္ သဘာဝေဘးျဖစ္ခါနီးျဖစ္လာတဲ့ ေျပာင္းလဲမႈေတြကို ခံစားသိရွိႏိုင္ၾကပါတယ္။

ေႁမြ၊ ႂကြက္၊ ကင္းေျခမ်ားနဲ႔ အျခား တြင္းေအာင္းအင္းဆက္အေကာင္ေတြက ေျမႀကီးေပၚ အစုလိုက္ အပုံလိုက္ထြက္လာေနၿပီဆိုရင္ေတာ့ သိပ္မၾကာခင္မွာပဲ ထူးထူးဆန္းဆန္းျဖစ္ရပ္ေတြျဖစ္လာေတာ့မွာ အမွန္ပါပဲ။

ဒီလို သဘာဝေဘးေတြမျဖစ္ခင္ ေျမႀကီးေအာက္မွာ ေနထိုင္ေနတဲ့ တိရစာၦန္ေတြထြက္လာခဲ့ၾကတာကို အေစာဆုံးမွတ္တမ္းတင္ထားႏိုင္ခဲ့တာကေတာ့ ဘီစီ ၃၇၃ ခုႏွစ္က ျဖစ္ၿပီး ေရာမေခတ္က ၿမိဳ႕ႀကီးတစ္ၿမိဳ႕ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးမသြားခင္ ငါးရက္အလိုမွာ ေတြ႕ရွိခဲ့ရတာပါ။

အဲဒီမွတ္တမ္းအရေတာ့ အေကာင္ေရေထာင္နဲ႔ခ်ီတဲ့ တြင္းေအာင္းတိရစာၦန္ေပါင္းမ်ားစြာက ငလ်င္ႀကီးမလႈပ္ခတ္မီမွာပဲ သူတို႔ရဲ႕ အသိုက္ေတြကိုပစ္ၿပီး ၿမိဳ႕ကို စြန႔္ခြာသြားခဲ့ၾကတယ္လို႔ သမိုင္းမွတ္တမ္းေတြထဲမွာ ေရးသားထားခဲ့ပါတယ္။

၈- ဝါးေဘလ္ငွက္မ်ား

သဘာဝေဘးအႏၲရာယ္ျဖစ္လာေတာ့မွာကို ႀကိဳတင္သိရွိႏိုင္တဲ့ ေနာက္ထပ္တိရစာၦန္ကေတာ့ ေတးဆိုငွက္လို႔ လူေတြက နာမည္ေပးထားၾကတဲ့ ဝါးေဘလ္ငွက္ေတြပဲျဖစ္ပါတယ္။

ဒီငွက္ေတြက ေတးဂီတအလိုက္ ျမည္တမ္းႏိုင္လို႔ လူေတြက ေတးသီငွက္လို႔ နာမည္ေပးထားၾကၿပီး အၾကားအာ႐ုံအင္မတန္ေကာင္းမြန္တဲ့ ငွက္ေတြပါ။

ေလဆင္မုန္တိုင္းေတြ၊ မိုးႀကိဳးမုန္တိုင္းေတြ၊ ဟာရီကိန္းမုန္တိုင္းေတြ ျဖစ္လာေတာ့မယ္ဆိုရင္ ဒီငွက္ေတြရဲ႕ေနထိုင္မႈပုံစံက ႐ုတ္တရက္ ေျပာင္းလဲသြားတတ္ၿပီး လုံၿခဳံတဲ့ ေနရာတစ္ေနရာကို ရွာေဖြေနတတ္ၾကပါတယ္။

သိပၸံပညာရွင္ေတြကေတာ့ ဒီငွက္ေတြက မုန္တိုင္းေတြက ထုတ္လႊင့္တဲ့ ႀကိမ္ႏႈန္းအေသးစားေလးေတြကိုပါ ၾကားႏိုင္စြမ္းရွိတယ္လို႔ သိရပါတယ္။

၉- ပ်ားမ်ား

ေနာက္ထပ္ သဘာဝေဘးအႏၲရာယ္က်ေရာက္လာေတာ့မွာကို နိမိတ္ျပေနတဲ့အရာကေတာ့ ပ်ားေတြပဲျဖစ္ပါတယ္။

ပ်ားေတြရဲ႕ ခႏၶာကိုယ္မွာရွိတဲ့ အေမႊးအမွ်င္ေတြက ေလထုေျပာင္းလဲမႈနဲ႔ ေလထုအတြင္းမွာပါလာတဲ့ လွ်ပ္စစ္ဓာတ္ကို သိရွိႏိုင္စြမ္းရွိတာေၾကာင့္ မုန္တိုင္းႀကီးေတြေရာက္မလာခင္မွာ သူတို႔လုပ္ေဆာင္ေနက် ဝတ္ရည္စုပ္တဲ့ အလုပ္ေတြကို ပုံမွန္ထက္ ၂ ဆတိုးၿပီး လုပ္ေလ့ရွိၾကပါတယ္။

အဲဒီလိုအခ်ိန္မွာ ပ်ားေတြက အင္မတန္ ေယာက္ယက္ခတ္ေနၾကၿပီး ပ်ားအုံရွိရာကိုလည္း မၾကာခဏအဝင္အထြက္ေတြ ျပဳလုပ္ပါေတာ့တယ္။

မုန္တိုင္းလာေတာ့မွာေၾကာင့္ ပ်ားေတြက ဒီလို ပုံမွန္ထက္ ပိုၿပီး အလုပ္လုပ္ေနစဥ္အခ်ိန္မွာေတာ့ အျပင္ပတ္ဝန္းက်င္က ဘာမွမေျပာင္းလဲေသးဘဲရွိေနပါေသးတယ္။

အခုေျပာျပေပးသြားတာကေတာ့ သဘာဝေဘးအႏၲရာယ္က်ေရာက္လာေတာ့မွာကို နိမိတ္ျပေနတဲ့အရာ (၉)ခုပဲျဖစ္ပါတယ္။ ဒီထဲက ဘယ္နိမိတ္ပုံေတြကို ႀကဳံေတြ႕ဖူးသလဲဆိုတာကိုလည္း ကြန္းမန႔္မွာေျပာျပေပးသြားၾကပါဦးေနာ္။Credit- Shwe Nyan shin

Unicode

အခုတစ်ခေါက်ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ သဘာဝဘေးအန္တရာယ်ကျရောက်လာတော့မှာကို နိမိတ်ပြနေတဲ့အရာ (၉) ခုပဲဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်တွေက ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့အရာတွေဖြစ်ပြီး ကျရောက်လာခဲ့ပြီဆိုရင်လည်း

လူသားတွေက အလူးအလဲခံကြရလေ့ရှိပါတယ်။

ဒီလိုသဘာဝဘေးတွေက ဘယ်အချိန်ကျရောက်လာမလဲ၊ ဘယ်တော့ကျရောက်လာမလဲဆိုတာ လွယ်လွယ်ကူကူနဲ့ မသိရှိနိုင်ပေမယ့်

မကြာခင်ရောက်ရှိလာတော့မယ်ဆိုတာကို ပြောပြနေတဲ့ရှေ့ပြေးနိမိတ်တွေတော့ရှိပါတယ်။

ဘယ်လိုအချင်းအရာတွေက ဒီလိုအဖြစ်ဆိုးကြီးတွေလာတော့မယ်ဆိုတာကို ကြိုတင်သိနိုင်သလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၁- အော့ငါးကြီးများ

ပင်လယ်ကမ်းခြေတစ်ဝိုက်ကို ဒီထူးဆန်းတဲ့ငါးကြီးတွေ အသက်ရှင်လျက်ကူးခတ်လာနေပြီဆိုတာနဲ့ အဲဒီနေရာကနေ အဝေးဆုံးကုန်းမြေတစ်နေရာဆီကို မြန်မြန်ထွက်ပြေးဖို့ လိုပါတယ်။

ဒီငါးကြီးတွေက အလွန်ရှည်လျားတဲ့ ငါးမျိုးစိတ်ကြီးတွေဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၃ ထောင်ကျော်လောက်မှာ အသက်ရှင်သန်ကြပါတယ်။

ဒီငါးတွေရဲ့ ထူးခြားချက်ကတော့ ပင်လယ်ကြမ်းပြင်အောက်မှာ လှုပ်ခတ်လာမယ့် ငလျင်တွေကို ကြိုတင်သိရှိနိုင်စွမ်းရှိပြီး စူနာမီလိုမျိုး ပြင်းထန်တဲ့ သဘာဝဘေးမဖြစ်ခင် ရက်ပေါင်းများစွာအလိုမှာ ရေမျက်နှာပြင်ထက်ကို တက်လာတတ်ကြပါတယ်။

ဒီငါးတွေက ပုံမှန်အားဖြင့်တော့ အလွန်တွေ့ရခဲတဲ့ ရှားပါးငါးတွေသာဖြစ်ပြီး ရေမျက်နှာပြင်ပေါ်ကို အင်မတန်တက်ခဲတဲ့ ငါးတွေပါ။ အော့ငါးကြီးတွေက အရိုးများတဲ့ငါးအမျိုးအစားတစ်ခုဖြစ်ပြီး အရွယ်ရောက်ပြီးသား ငါးတစ်ကောင်ကို ၂၆ ပေလောက်အထိ ရှည်လျားပါတယ်။

ဒီငါးတွေရဲ့ ထူးဆန်းတဲ့သဘာဝကြောင့် ပင်လယ်ရေအောက်ငလျင်တွေကို ခံစားသိရှိနိုင်ပြီး ကုန်းမြေရှိရာဆီကို ထွက်ပြေးရောက်လာတတ်ကြတာပါ။

ဒါကြောင့် ဒီရေနက်ပိုင်းမှာနေတဲ့ ငါးကြီးတွေကို ပင်လယ်ကမ်းခြေမှာ အရှင်လတ်လတ်တွေ့ရှိခဲ့ရင်တော့ ကမ်းခြေက သိပ်မကြာခင်မှာပဲ ဆိုးရွားလွန်းတဲ့သဘာဝဘေးတွေနဲ့ ရင်ဆိုင်ရနိုင်ချေရှိပါတယ်။

ဒီလိုမျိုး ကြိုတင်သိရှိနိုင်စွမ်းရှိတဲ့ ငါးတွေမို့လို့ ဒီငါးတွေက ရေနတ်ဘုရားရဲ့ နန်းတော်တွေဆီက လာတဲ့ တမန်တော်တစ်ပါးဖြစ်တယ်လို့ ဂျပန်ဒဏ္ဍာရီတွေထဲမှာ ရေးသားထားပါတယ်။

၂- ထူးဆန်းသောအလင်းတန်းများ

အင်မတန်ဆိုးရွားလွန်းတဲ့ သဘာဝဘေးတွေဖြစ်လာတော့မှာကို ကြိုတင်နိမိတ်ပြနေတဲ့ အရာတွေထဲမှာ ကောင်းကင်ကနေ ထူးထူးဆန်းဆန်းထွက်ပေါ်လာတတ်တဲ့ အလင်းတန်းတွေလည်း ပါဝင်ပါတယ်။

ဒီအလင်းတန်းတွေက လျှပ်စီးလျပ်နေသလို ကောင်းကင်မှာ ပေါ်ထွက်လာတတ်တဲ့ အရာတွေဖြစ်ပြီး ပုံသဏ္ဍာန်မျိုးစုံ၊ အရောင်မျိုးစုံနဲ့ မြင်တွေ့ရလေ့ရှိပါတယ်။

ဒီအလင်းတန်းတွေကိုတော့ အင်အားပြင်းထန်တဲ့ မြေငလျင်တွေမလှုပ်မီ တွေ့ရှိရလေ့ရှိတာကြောင့် ဒီအရာတွေကို မြင်လိုက်တာနဲ့ အမြန်ဆုံး နေရပ်ကနေ စွန့်ခွာကာ လုံခြုံစိတ်ချရတဲ့ တစ်နေရာဆီကို ပြေးဖို့အကြံပေးပါရစေ။

ပုံမှန်အားဖြင့်တော့ ဒီအလင်းတန်းတွေက ငလျင်မလှုပ်ခတ်မီ ရက်သတ္တပတ်အလိုမှာ ထူးဆန်းစွာပေါ်ထွက်လာတတ်ကြပြီး တစ်ခါတစ်ရံမှာတော့ ငလျင်လှုပ်ခတ်နေချိန်မှာလည်း ပေါ်လာတတ်ပါတယ်။

သိပ္ပံပညာရှင်တွေက အင်အားပြင်း ငလျင်တွေ မလှုပ်ခတ်မီ ဒီအလင်းတန်းကြီးတွေ ဘာကြောင့် ရုတ်တရက်ထွက်လာခဲ့သလဲဆိုတာကို သုတေသနပြုလုပ်ခဲ့ကြပေမယ့် ရာနှုန်းပြည့်တိကျတဲ့အဖြေတွေတော့ မရရှိသေးပါဘူး။

ဒီအလင်းတန်းကြီးတွေ ပေါ်လာတာက ဟိုးယခင်အချိန်ကတည်းက တည်ရှိခဲ့တဲ့ သဘာဝရဲ့ ဖြစ်ရပ်ဆန်းတစ်ခုသာဖြစ်ပြီး ရှေးတုန်းက လူတွေကတော့ တခြားကမ္ဘာကရောက်ရှိလာတဲ့ ဂြိုဟ်သားတွေရဲ့ ယာဉ်တွေနဲ့ သူတို့ ယာဉ်တွေဆီက ထွက်ရှိလာတဲ့ ဓာတုအမှုန်အမွှားတွေကြောင့် ဖြစ်လာတာလို့ ယုံကြည်လက်ခံထားကြပါတယ်။

၃- ခွေးနဲ့ ကြောင်များ

သဘာဝဘေးတွေ ရောက်ရှိလာတော့မယ်ဆိုတာကို ကြိုတင်သိရှိနိုင်မယ့် နောက်ထပ် အကောင်တွေကတော့ မိမိပတ်ဝန်းကျင်မှာ ရှိနေတတ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပဲဖြစ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေထဲမှာ အမြင်သာဆုံးနဲ့ အသိသာဆုံးတိရစ္ဆာန်တွေကတော့ ခွေးနဲ့ ကြောင်ပဲဖြစ်ပါတယ်။

သုတေသနတွေအရတော့ သဘာဝဘေးတွေ မလာခင်အချိန်မှာ ခွေးနဲ့ ကြောင်တို့ရဲ့နေထိုင်မှုပုံစံတွေက ရုတ်တရက်ပြောင်းလဲသွားတတ်ကြပြီး လူတွေကို အရင်ဆုံးအချက်ပြပေးလေ့ရှိပါတယ်။

ခွေးလေးတွေရဲ့ အနံ့ခံအာရုံနဲ့ အကြားအာရုံက လူသားတွေထက်ပိုမိုကောင်းမွန်တာကြောင့်ပတ်ဝန်းကျင်မှာ ပြောင်းလဲလာတဲ့ အရာတွေကို ကြိုတင်သိရှိနိုင်စွမ်းရှိကြပါတယ်။

သဘာဝဘေးအန္တရာယ်ကျရောက်လာတော့မယ့်အချိန်မှာ ကမ္ဘာမြေက ပြောင်းလဲမှုတွေ အရင်ဆုံးဖြစ်လာပါတယ်။

ခွေးလေးတွေကတော့ အဲဒီပြောင်းလဲလာမှုတွေကို လူသားတွေထက် ခံစားသိရှိနိုင်စွမ်းရှိကြပြီး ကြိုတင်နိမိတ်ဖတ်နိုင်တာပါ။

ခွေးလေးတွေက သဘာဝဘေးတွေမလာချိန်မှာ လေထုပြောင်းလဲလာမှု၊ လေတိုက်နှုန်းမတည်ငြိမ်လာမှုနဲ့ ပုံမှန်မဟုတ်တဲ့ အနံ့တွေကို ရရှိလေ့ရှိကြပါတယ်။

၂၀၁၁ ခုနှစ်ဂျပန်နိုင်ံငံမှာ အကြီးအကျယ်ဖြစ်သွားခဲ့တဲ့ ဆူနာမီရေလှိုင်းနဲ့ ငလျင်တွေ ရိုက်ခတ်လာတော့မှာကို အရင်ဆုံး သိရှိခဲ့သူတွေကတော့ ကြောင်တွေပဲ ဖြစ်ပါတယ်။

ကြောင်တွေက အဲဒီသဘာဝဘေးကြီးမဖြစ်ခင် တစ်ပတ်လောက်မှာ ယောက်ယက်ခတ်လှုပ်ရှားနေတတ်ပြီး ဂဏှာမငြိမ်တဲ့ အပြုအမူတွေကို ပြုလုပ်လာခဲ့ကြပါတယ်။

အဲဒီလိုအချိန်ရောက်ပြီဆိုရင် ကြောင်တွေက အိပ်စက်အနားယူခြင်းလုံးဝမရှိတော့ဘဲ သူတို့အတွက် လုံခြုံမယ့်နေရာကိုပဲ အပူတပြင်းရှာဖွေနေတတ်ကြတာကို သုတေသနသမားတွေက တွေ့ရှိခဲ့ကြပါတယ်။

ဒါကြောင့် မိမိအိမ်က ကြောင်တွေ၊ ခွေးတွေရဲ့ ပုံစံက လုံးဝကို ပြောင်းလဲနေပြီဆိုရင်တော့ ဂရုစိုက်သင့်ပါတယ်။

၄- လှိုင်းအကျမြန်ခြင်း

ကမ်းခြေကို ရိုက်ခတ်လာတဲ့ လှိုင်းတွေကလည်း သဘာဝဘေးတွေ ရောက်လာတော့မယ်ဆိုတာကို ပြောပြနေတဲ့ နိမိတ်တွေပဲဖြစ်ပါတယ်။

ပုံမှန်အခြေအနေမှာတော့ ပင်လယ်ထဲက တက်လာတဲ့ ရေလှိုင်းတွေက ကမ်းခြေကို ရိုက်ခတ်ပြီး အပြန်မှာ နှေးကွေးစွာနဲ့ပဲ ကျဆင်းသွားလေ့ရှိပါတယ်။

လှိုင်းတွေ မြန်မြန်ဆန်ဆန် ကျဆင်းသွားတာကို တွေ့လိုက်ရတယ်ဆိုရင်တော့ ကမ်းခြေမှာ ရပ်ကြည့်မနေသင့်တော့ဘဲ မိမိအိမ်ကိုသာ အမြန်ဆုံးပြန်ပြေးသင့်ပါတယ်။

တစ်ခါတစ်ရံမှာဆိုရင် ကျသွားတဲ့ လှိုင်းတွေက သန္တာကျောက်တန်းတွေပေါ်လာတဲ့အထိတောင် တရှိန်ထိုးကျဆင်းသွားလေ့ရှိတတ်ပါတယ်။

ဒီလို လှိုင်းအကျမြန်ခြင်းက နောက်ထပ်ပိုကြီးမားတဲ့ လှိုင်းလုံးကြီးတွေဖြစ်လာဖို့ အားယူနေခြင်းသာ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ကမ်းခြေကို အင်အားကောင်းကောင်းနဲ့ ပြန်လည်ရိုက်ခတ်လာတော့မယ့် နိမိတ်ပါ။

ဒီလိုမျိုး လှိုင်းအတက်အကျ မြန်ဆန်နေခြင်းတွေက သဘာဝကျတဲ့ဖြစ်စဉ်တစ်ခုမဟုတ်ဘဲ သိပ်မကြာခင်မှာပဲ ဆူနာမီရေလှိုင်းတွေ သေချာပေါက်ဖြစ်လာတော့မယ်ဆိုတာကို နိမိတ်ပြနေတဲ့ နိမိတ်တစ်ခုသာ ဖြစ်ပါတယ်။

၆- ဆွဲလှိုင်းများ

ပင်လယ်ကမ်းခြေတစ်လျှောက်မှာ လမ်းလျှောက်နေရင်းနဲ့ ပင်လယ်ထဲက တက်လာတဲ့ ထူးဆန်းတဲ့ ရေလှိုင်းတွေကို မြင်တွေ့ရပြီဆိုရင်တော့ သိပ်မကြာခင်အချိန်အတွင်းမှာ မိုးကြိုးမုန်တိုင်း (သို့) လေဆင်နှာမောင်းတွေ တိုက်ခိုက်လာနိုင်ချေ များနေပါပြီ။

ပုံမှန်အားဖြင့်တော့ ကမ်းခြေကို ရိုက်ခတ်လာတဲ့ ရေလှိုင်းတွေက တစ်ဆက်တည်းသာဖြစ်ပြီး အခုလှိုင်းပုံစံတွေတော့ တမူထူးခြားပါတယ်။ ပင်လယ်ရေပြင်မှာဖြစ်လာတဲ့ ထူးဆန်းတဲ့ ဒီအရာကို ရေလှိုင်းတွေရဲ့ အလည်မှာ ကွက်လပ်ငယ်တစ်ခုအဖြစ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီ ဆွဲလှိုင်းတွေက အင်အားပြင်းထန်လွန်းတာကြောင့် အတွေ့အကြုံရှိတဲ့ ဝါရင့်ရေကူးသမားတွေတောင် အဆိုပါကွက်လပ်ထဲရောက်ရှိသွားချိန်မှာတော့ ပြန်ထွက်ဖို့ ခက်ခဲတတ်ပါတယ်။

ဒီ ဆွဲလှိုင်းကြီးတွေက ဖြစ်ရိုးဖြစ်စဉ်အခြေအနေမဟုတ်ဘဲ သဘာဝဘေးတွေဖြစ်လာတော့မယ့်အချိန်တွေမှာ တွေ့ရလေ့ရှိပါတယ်။

၇- တွင်းအောင်းတိရစ္ဆာန်များ

သဘာဝဘေးအန္တရာယ်ကျရောက်လာတော့မှာကို နိမိတ်ပြနေတဲ့ အရာတွေထဲမှာ မြေကြီးထဲမှာ နေထိုင်နေတဲ့ တိရစ္ဆာန်တွေရဲ့ လှုပ်ရှားမှုတွေ ပြောင်းလဲလာတာတွေလည်း ပါဝင်ပါတယ်။

မီးတောင်ပေါက်ကွဲမှုတွေ၊ မြေငလျင်လှုပ်ခတ်မှုတွေနဲ့ အခြားသဘာဝဘေးအန္တရာယ်တွေဖြစ်လာတော့မှာကို တွင်းအောင်းတိရစ္ဆာန်တွေက လူတွေထက်ပိုပြီး အရင်ဆုံး သိရှိနိုင်စွမ်းရှိကြပါတယ်။

သူတို့က မြေကြီးထဲမှာနေထိုင်နေကြတဲ့ တိရစ္ဆာန်တွေဖြစ်တာကြောင့် သဘာဝဘေးဖြစ်ခါနီးဖြစ်လာတဲ့ ပြောင်းလဲမှုတွေကို ခံစားသိရှိနိုင်ကြပါတယ်။

မြွေ၊ ကြွက်၊ ကင်းခြေများနဲ့ အခြား တွင်းအောင်းအင်းဆက်အကောင်တွေက မြေကြီးပေါ် အစုလိုက် အပုံလိုက်ထွက်လာနေပြီဆိုရင်တော့ သိပ်မကြာခင်မှာပဲ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေဖြစ်လာတော့မှာ အမှန်ပါပဲ။

ဒီလို သဘာဝဘေးတွေမဖြစ်ခင် မြေကြီးအောက်မှာ နေထိုင်နေတဲ့ တိရစ္ဆာန်တွေထွက်လာခဲ့ကြတာကို အစောဆုံးမှတ်တမ်းတင်ထားနိုင်ခဲ့တာကတော့ ဘီစီ ၃၇၃ ခုနှစ်က ဖြစ်ပြီး ရောမခေတ်က မြို့ကြီးတစ်မြို့ ငလျင်ဒဏ်ကြောင့် ပျက်စီးမသွားခင် ငါးရက်အလိုမှာ တွေ့ရှိခဲ့ရတာပါ။

အဲဒီမှတ်တမ်းအရတော့ အကောင်ရေထောင်နဲ့ချီတဲ့ တွင်းအောင်းတိရစ္ဆာန်ပေါင်းများစွာက ငလျင်ကြီးမလှုပ်ခတ်မီမှာပဲ သူတို့ရဲ့ အသိုက်တွေကိုပစ်ပြီး မြို့ကို စွန့်ခွာသွားခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းတွေထဲမှာ ရေးသားထားခဲ့ပါတယ်။

၈- ဝါးဘေလ်ငှက်များ

သဘာဝဘေးအန္တရာယ်ဖြစ်လာတော့မှာကို ကြိုတင်သိရှိနိုင်တဲ့ နောက်ထပ်တိရစ္ဆာန်ကတော့ တေးဆိုငှက်လို့ လူတွေက နာမည်ပေးထားကြတဲ့ ဝါးဘေလ်ငှက်တွေပဲဖြစ်ပါတယ်။

ဒီငှက်တွေက တေးဂီတအလိုက် မြည်တမ်းနိုင်လို့ လူတွေက တေးသီငှက်လို့ နာမည်ပေးထားကြပြီး အကြားအာရုံအင်မတန်ကောင်းမွန်တဲ့ ငှက်တွေပါ။

လေဆင်မုန်တိုင်းတွေ၊ မိုးကြိုးမုန်တိုင်းတွေ၊ ဟာရီကိန်းမုန်တိုင်းတွေ ဖြစ်လာတော့မယ်ဆိုရင် ဒီငှက်တွေရဲ့နေထိုင်မှုပုံစံက ရုတ်တရက် ပြောင်းလဲသွားတတ်ပြီး လုံခြုံတဲ့ နေရာတစ်နေရာကို ရှာဖွေနေတတ်ကြပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဒီငှက်တွေက မုန်တိုင်းတွေက ထုတ်လွှင့်တဲ့ ကြိမ်နှုန်းအသေးစားလေးတွေကိုပါ ကြားနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

၉- ပျားများ

နောက်ထပ် သဘာဝဘေးအန္တရာယ်ကျရောက်လာတော့မှာကို နိမိတ်ပြနေတဲ့အရာကတော့ ပျားတွေပဲဖြစ်ပါတယ်။

ပျားတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အမွှေးအမျှင်တွေက လေထုပြောင်းလဲမှုနဲ့ လေထုအတွင်းမှာပါလာတဲ့ လျှပ်စစ်ဓာတ်ကို သိရှိနိုင်စွမ်းရှိတာကြောင့် မုန်တိုင်းကြီးတွေရောက်မလာခင်မှာ သူတို့လုပ်ဆောင်နေကျ ဝတ်ရည်စုပ်တဲ့ အလုပ်တွေကို ပုံမှန်ထက် ၂ ဆတိုးပြီး လုပ်လေ့ရှိကြပါတယ်။

အဲဒီလိုအချိန်မှာ ပျားတွေက အင်မတန် ယောက်ယက်ခတ်နေကြပြီး ပျားအုံရှိရာကိုလည်း မကြာခဏအဝင်အထွက်တွေ ပြုလုပ်ပါတော့တယ်။

မုန်တိုင်းလာတော့မှာကြောင့် ပျားတွေက ဒီလို ပုံမှန်ထက် ပိုပြီး အလုပ်လုပ်နေစဉ်အချိန်မှာတော့ အပြင်ပတ်ဝန်းကျင်က ဘာမှမပြောင်းလဲသေးဘဲရှိနေပါသေးတယ်။

အခုပြောပြပေးသွားတာကတော့ သဘာဝဘေးအန္တရာယ်ကျရောက်လာတော့မှာကို နိမိတ်ပြနေတဲ့အရာ (၉)ခုပဲဖြစ်ပါတယ်။ ဒီထဲက ဘယ်နိမိတ်ပုံတွေကို ကြုံတွေ့ဖူးသလဲဆိုတာကိုလည်း ကွန်းမန့်မှာပြောပြပေးသွားကြပါဦးနော်။Credit- Shwe Nyan shin