ဖိလစ်ပိုင်နိုင်ငံ ၊ Cebu မြို့မှာနေထိုင်လျက်ရှိတဲ့ မွေးကတည်းက ခြေနှစ်ဖက်မပါရှိတဲ့ မသန်စွမ်း မိန်းကလေးဟာ သူမရဲ့မင်္ဂလာပွဲနေ့မှာတော့ ပွဲကျင်းပရာဘုရားကျောင်းထဲသို့ ဝီးရှဲလုံးဝမစီးဘဲ ကိုယ်တိုင်ဝင်ရောက်လာခဲ့ပါတယ် ။
Rosie Babor အမည်ရှိတဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့တနလာင်္နေ့က သူမနဲ့ 3နှစ်တာလက်တွဲခဲ့တဲ့ ချစ်သူ Mario Perez နဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး ၊ သူမရဲ့ညာဖက်လက်က တင်ပါးတွေ ဟန်ချက်ညီအောင် ထိန်းငြိပေးရင် သူမရဲ့ဘယ်ဖက်လက်မှာတော့ ပန်းစည်းကိုကိုင်ပြီး အနီးရောင်ကော်ဇောပေါ် ကိုယ့်အားကိုယ်ကိုးပြီး လျှောက်လာနေခဲ့တာပါ ။
Babor ကတော့ ‘ ကျွန်မရဲ့ မင်္ဂလာပွဲနေ့မှာ အရာရာတိုင်း အပြစ်ပြောစရာမရှိအောင် ပြည့်စုံစေချင်ခဲ့တာပါ ၊ အဲ့ကြောင့် ကျွန်မဘုရားကျောင်းထဲကို ဝီးရှဲမစီးဘဲ ကိုယ်တိုင်ဝင်ရောက်လာခဲ့တာပါ ၊ အနည်းငယ်ခက်ခဲခဲ့ပေမဲ့လည်း အဲ့နေ့က အကောင်းဆုံးဖြစ်ခဲ့ပါတယ် ‘ ဆိုပြီးပြောပြခဲ့ပါတယ် ။
သူမတို့စုံတွဲရဲ့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲvideo ကို Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပြီး နောက်ဆုံးနှစ်ယောက်လုံးပေါင်းဖက်နိုင်ကြပြီဖြစ်လို့ ဝမ်းသားကြောင်း ရေးသားခဲ့ပါသေးတယ် ။
ကူးစက်ရောဂါအခြေအနေတွေကြောင့် သူမတို့ရဲ့မင်္ဂလာပွဲကို မကြာခဏရက်ရွေ့နေခဲ့ရတာဖြစ်ပြီး ၊ အခုချိန်မှာမှ လက်ထပ်ပွဲကျင်းပနိုင်ခဲ့တာဖြစ်ပါတယ် ။ Babor နဲ့ Perez တို့ဟာ မင်္ဂလာပွဲကို လူအကန့်အသတ်နဲ့သာ ဖိတ်ကြားခွင့်ရလို့ နှစ်ဖက်မိသားစု နှင့် အရင်းနှီးဆုံးသူငယ်ချင်းတွေကိုသာ ဖိတ်ကြားခွင့်ရခဲ့ကြောင်း သိရှိရပါတယ် ။
Zawgyi
ဖိလစ္ပိုင္ႏိုင္ငံ ၊ Cebu ၿမိဳ႕မွာေနထိုင္လ်က္ရွိတဲ့ ေမြးကတည္းက ေျခႏွစ္ဖက္မပါရွိတဲ့ မသန္စြမ္း မိန္းကေလးဟာ သူမရဲ႕မဂၤလာပြဲေန႔မွာေတာ့ ပြဲက်င္းပရာဘုရားေက်ာင္းထဲသို႔ ဝီးရွဲလုံးဝမစီးဘဲ ကိုယ္တိုင္ဝင္ေရာက္လာခဲ့ပါတယ္ ။
Rosie Babor အမည္ရွိတဲ့ မိန္းကေလးဟာ ၿပီးခဲ့တဲ့တနလာေနၤ့က သူမနဲ႔ 3ႏွစ္တာလက္တြဲခဲ့တဲ့ ခ်စ္သူ Mario Perez နဲ႔ လက္ထပ္ခဲ့တာျဖစ္ၿပီး ၊ သူမရဲ႕ညာဖက္လက္က တင္ပါးေတြ ဟန္ခ်က္ညီေအာင္ ထိန္းၿငိေပးရင္ သူမရဲ႕ဘယ္ဖက္လက္မွာေတာ့ ပန္းစည္းကိုကိုင္ၿပီး အနီးေရာင္ေကာ္ေဇာေပၚ ကိုယ့္အားကိုယ္ကိုးၿပီး ေလွ်ာက္လာေနခဲ့တာပါ ။
Babor ကေတာ့ ‘ ကြၽန္မရဲ႕ မဂၤလာပြဲေန႔မွာ အရာရာတိုင္း အျပစ္ေျပာစရာမရွိေအာင္ ျပည့္စုံေစခ်င္ခဲ့တာပါ ၊ အဲ့ေၾကာင့္ ကြၽန္မဘုရားေက်ာင္းထဲကို ဝီးရွဲမစီးဘဲ ကိုယ္တိုင္ဝင္ေရာက္လာခဲ့တာပါ ၊ အနည္းငယ္ခက္ခဲခဲ့ေပမဲ့လည္း အဲ့ေန႔က အေကာင္းဆုံးျဖစ္ခဲ့ပါတယ္ ‘ ဆိုၿပီးေျပာျပခဲ့ပါတယ္ ။
သူမတို႔စုံတြဲရဲ႕ သူငယ္ခ်င္းျဖစ္သူက မဂၤလာပြဲvideo ကို Facebook စာမ်က္ႏွာေပၚမွာ ေဝမွ်ခဲ့ၿပီး ေနာက္ဆုံးႏွစ္ေယာက္လုံးေပါင္းဖက္ႏိုင္ၾကၿပီျဖစ္လို႔ ဝမ္းသားေၾကာင္း ေရးသားခဲ့ပါေသးတယ္ ။
ကူးစက္ေရာဂါအေျခအေနေတြေၾကာင့္ သူမတို႔ရဲ႕မဂၤလာပြဲကို မၾကာခဏရက္ေ႐ြ႕ေနခဲ့ရတာျဖစ္ၿပီး ၊ အခုခ်ိန္မွာမွ လက္ထပ္ပြဲက်င္းပႏိုင္ခဲ့တာျဖစ္ပါတယ္ ။ Babor နဲ႔ Perez တို႔ဟာ မဂၤလာပြဲကို လူအကန႔္အသတ္နဲ႔သာ ဖိတ္ၾကားခြင့္ရလို႔ ႏွစ္ဖက္မိသားစု ႏွင့္ အရင္းႏွီးဆုံးသူငယ္ခ်င္းေတြကိုသာ ဖိတ္ၾကားခြင့္ရခဲ့ေၾကာင္း သိရွိရပါတယ္ ။