မအို၊ မနာ၊ မေသေဆး လို႔ တင္စားခဲ့ၾကတဲ့ မခ်စ္ဥ

Zaw Gyi

ကခ်င္ျပည္နယ္ေျမာက္ပိုင္း ေရခဲမ်ားဖုံးအုပ္ေသာ ေဒသ တြင္ မ်ားစြာ ေပါက္ ေရာက္သည္။ ေရခဲမ်ားဖုံးအုပ္ခ်ိန္၌

ေရခဲ မ်ားေအာက္၌ ေပါက္ေရာက္ၿပီး ေရခဲမ်ားအရည္ေပ်ာ္သြား ေသာအခါမွ ေပၚထြက္လာသည္။ သဘာဝအေလ်ာက္ ေပါက္ေရာက္သည္။

အပင္ – ပင္ေပ်ာ့ပင္ငယ္မ်ိဳးျဖစ္၍ အျမင့္ ၁ ေပခန႔္ရွိသည္။ ေရခဲျပင္ေအာက္ ၌ေပါက္ေရာက္ေသာ အပင္မ်ိဳးျဖစ္သည္။ ပင္တည္းျဖစ္၍ ပင္စည္ အစိမ္းေရာင္ရွိၿပီး ေခ်ာေမြ႕သည္။

အ႐ြက္ – ႐ြက္ဆိုင္ထြက္သည္။ ေျဖာင့္မတ္သည္။ႀကိဳးျပားေသးပုံရွိၿပီး ႐ြက္ထိပ္ ခြၽန္သြယ္သည္။ ႐ြက္ညႇာမဲ့သည္။ ႐ြက္လယ္ ေၾကာ ထင္ရွားသည္။ ၂ လက္မ ၄ လက္မ ရွည္သည္။

အပြင့္ – ပြင့္တည္း ပြင့္သည္။ ၁ မွ ၂ လက္မ အထိ ရွည္သည္။ ေခါင္းေလာင္း ပုံျဖစ္သည္။ စိမ္းဝါ ေရာင္ရွိသည္။
ဥ – လုံးဝိုင္းသည္။ အျဖဴေရာင္ရွိသည္။ ၾကက္သြန္ဥႏွင့္ ဆင္သည္

အသုံးဝင္ပုံ – ဥ။

အာနိသင္ – ျမန္မာေဆးက်မ္းမ်ားအလိုအရ ၎ဥသည္ခါးသည္၊ဆိမ့္သည္၊ အသက္ကို ရွည္ေစႏိုင္ေသာ ဂုဏ္သတၱိရွိ၏။

လူသားတို႔အတြက္ အေရးႀကီးေသာ ေလဓာတ္ကို အားေပး၏။ ယုတ္ေလ်ာ့ေနေသာ ကိုယ္ေငြ႕အပူ ဓာတ္ကို ျဖစ္ထြန္း ႏိုင္ရန္ မ်ားစြာ အေထာက္အပံ့ ျပဳ၏။

ဥအသုံးျပဳပုံ

၁။မခ်စ္ဥ၍ ထူးျခားေသာ အစြမ္းသတၱိရွိ၍ ယင္းကို မအို၊ မနာ၊ မေသေဆး ဟု ယူဆၾကသည္။

၂။အနာေပါက္၊ ပန္းနာ၊ ေသြးအားနည္းေရာဂါ ၊ ေခ်ာင္းေျခာက္ အဆုတ္နာ၊ ေလက်ိတ္၊ ေသြးက်ိတ္၊အေၾကာနာ၊အဆစ္ကိုက္ ၊ဆီးပူငုပ္၊ နာတာရွည္ဖ်ား စေသာ ေရာဂါမ်ား

မက်ေရာက္ႏိုင္ေအာင္ လည္းေကာင္း၊ ေပ်ာက္ကင္း ခ်မ္းသာေစရန္လည္းေကာင္း အသုံးျပဳ၏။

၃။မခ်စ္ဥကို အမႈန႔္ျပဳ၍ လိေမၼာ္ခြံႏွင့္ ျပဳတ္ၿပီးေသာက္ျခင္းျဖင့္ ပန္းနာေရာဂါ ႏူနာေရာဂါမ်ား ေပ်ာက္ကင္းေစ၏။

၄။မခ်စ္ဥေျခာက္အမႈန႔္ကို ပ်ားရည္ပုလင္းႀကီး တစ္ဝက္ခန႔္ႏွင့္စိမ္ထားၿပီး ေန႔စဥ္နံနက္ ည လက္ဖက္ရည္ဇြန္းတစ္ဇြန္းက် စားသုံးေပးပါက ဒူလာေရာဂါ ေပ်ာက္ကင္း၍ အိပ္ေပ်ာ္စားဝင္ အသက္ရွည္ေစသည္။

Credit – ျမန္မာ့ေဆးဖက္ဝင္အပင္မ်ား

Unicode

ကချင်ပြည်နယ်မြောက်ပိုင်း ရေခဲများဖုံးအုပ်သော ဒေသ တွင် များစွာ ပေါက် ရောက်သည်။ ရေခဲများဖုံးအုပ်ချိန်၌

ရေခဲ များအောက်၌ ပေါက်ရောက်ပြီး ရေခဲများအရည်ပျော်သွား သောအခါမှ ပေါ်ထွက်လာသည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

အပင် – ပင်ပျော့ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁ ပေခန့်ရှိသည်။ ရေခဲပြင်အောက် ၌ပေါက်ရောက်သော အပင်မျိုးဖြစ်သည်။ ပင်တည်းဖြစ်၍ ပင်စည် အစိမ်းရောင်ရှိပြီး ချောမွေ့သည်။

အရွက် – ရွက်ဆိုင်ထွက်သည်။ ဖြောင့်မတ်သည်။ကြိုးပြားသေးပုံရှိပြီး ရွက်ထိပ် ချွန်သွယ်သည်။ ရွက်ညှာမဲ့သည်။ ရွက်လယ် ကြော ထင်ရှားသည်။ ၂ လက်မ ၄ လက်မ ရှည်သည်။

အပွင့် – ပွင့်တည်း ပွင့်သည်။ ၁ မှ ၂ လက်မ အထိ ရှည်သည်။ ခေါင်းလောင်း ပုံဖြစ်သည်။ စိမ်းဝါ ရောင်ရှိသည်။
ဥ – လုံးဝိုင်းသည်။ အဖြူရောင်ရှိသည်။ ကြက်သွန်ဥနှင့် ဆင်သည်

အသုံးဝင်ပုံ – ဥ။

အာနိသင် – မြန်မာဆေးကျမ်းများအလိုအရ ၎င်းဥသည်ခါးသည်၊ဆိမ့်သည်၊ အသက်ကို ရှည်စေနိုင်သော ဂုဏ်သတ္တိရှိ၏။

လူသားတို့အတွက် အရေးကြီးသော လေဓာတ်ကို အားပေး၏။ ယုတ်လျော့နေသော ကိုယ်ငွေ့အပူ ဓာတ်ကို ဖြစ်ထွန်း နိုင်ရန် များစွာ အထောက်အပံ့ ပြု၏။

ဥအသုံးပြုပုံ

၁။မချစ်ဥ၍ ထူးခြားသော အစွမ်းသတ္တိရှိ၍ ယင်းကို မအို၊ မနာ၊ မသေဆေး ဟု ယူဆကြသည်။

၂။အနာပေါက်၊ ပန်းနာ၊ သွေးအားနည်းရောဂါ ၊ ချောင်းခြောက် အဆုတ်နာ၊ လေကျိတ်၊ သွေးကျိတ်၊အကြောနာ၊အဆစ်ကိုက် ၊ဆီးပူငုပ်၊ နာတာရှည်ဖျား စသော ရောဂါများ

မကျရောက်နိုင်အောင် လည်းကောင်း၊ ပျောက်ကင်း ချမ်းသာစေရန်လည်းကောင်း အသုံးပြု၏။

၃။မချစ်ဥကို အမှုန့်ပြု၍ လိမ္မော်ခွံနှင့် ပြုတ်ပြီးသောက်ခြင်းဖြင့် ပန်းနာရောဂါ နူနာရောဂါများ ပျောက်ကင်းစေ၏။

၄။မချစ်ဥခြောက်အမှုန့်ကို ပျားရည်ပုလင်းကြီး တစ်ဝက်ခန့်နှင့်စိမ်ထားပြီး နေ့စဉ်နံနက် ည လက်ဖက်ရည်ဇွန်းတစ်ဇွန်းကျ စားသုံးပေးပါက ဒူလာရောဂါ ပျောက်ကင်း၍ အိပ်ပျော်စားဝင် အသက်ရှည်စေသည်။

Credit – မြန်မာ့ဆေးဖက်ဝင်အပင်များ