ပန္းနာရင္ၾကပ္ တစ္သက္လုံး ေပ်ာက္တဲ့ေဆးနည္း

ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်းကောင်းပေးလိုက်မည်၊ မိတ္ထိလာမြို့မှ အဘိုးကြီးတဦး နှစ်နှစ်ကြာကြာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နေခဲ့ရာလူပြောများ၍ ပဲစဉ်းငုံ အလုံးလိုက် တစ်နေ့နို့ဆီဘူး တလုံးကျ ပြုတ်၍ ဆားခတ်ပြီး အစမ်းသဘောဖြင့်နေ့စဉ်စားနေခဲ့သည်၊

စားနေရင်း နေရထိုင်ရတာ သက်သာလာပုံ ခံစားရသည် ဆို၏၊ထို့ကြောင့် အားတက်၍နေ့စဉ်ပုံမှန် ဆက်စားနေခဲ့ရာ ၃- လကြာလျင် လုံးဝ ပျောက်ကင်းသွားပုံလက်တွေ့ဖြစ်ကြောင်း ရောဂါပျောက်သူ၏

တူ ကျောင်းဆရာကြီး ဦးတင်ဝင်းက လျောက်ထားသည်။စားသုံးနည်းမှာ လွယ်ပါ၏၊ ပဲစဉ်းငုံအလုံးလိုက် ရေနှင့်နပ်အောင် ပြုတ်ပြီးဆားခပ်၍ ပဲလုံးဟင်းကဲ့သို့ အရေအဖတ် စားခြင်းဖြစ်သည်။

နေ့စဉ် နို့ဆီဗူး တစ်လုံးကျစားနေပါ၊ ၄-လ ကြာလျင် ပန်းနာရင်ကြပ် လုံးဝပျောက်ကင်း၏ ဟု မှတ်ပါ၊ အခြား ဘာစားဆေးမှ ထိုးရန်စားရန် မလိုကြောင်း သိရသည်။

နောက်တနည်း နတ်ဆေးဂမုန်း – လက်တွေ့ဆေးကောင်းတစ်ခုကို ပြောဦးမည်၊ နတ်ဆေးဂမုန်းစား၍ တသက်လုံး စိတ်ချရအောင် ပျောက်ကင်းသွားသူတွေလဲ ရှိကြ၏၊

နတ်ဆေးဂမုန်းကို အမှုန့်ထောင်းပြီး ပျားရည်တပုလင်းလျင် ဆေးမှုန့် ၂ ကျပ်သားနှင့် ရောစပ်မွှေကာ နေဖြင့်၃ ရက်လှန်းပါ၊ ထောပတ် ၂၀ ကျပ်သား ရောထည့်ပြီး နာနာမွှေကာ ၄ ရက်ဆက်လှန်းပါ၊ ပေါင်း ၇ ရက်လွန်ပြီးလျင်

ဟင်းစားဇွန်းနှင့်နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ် စား၍ ရေနွေး အဖန်ရည်ေ သာက်ပေးပါ၊ ပန်းနာရင်ကျပ်ရောဂါပျောက်၏၊ ဒူလာ မီးယပ်ရောဂါပါပျောက်ကင်း၏၊ ညောင်းညာကိုက်ခဲခြင်း မရှိတော့ပဲ လူခန္ဓာကိုယ်ပါ ဝဖြိုးစိုပြည်လာသည်ကို တွေ့ရပါလိမ့်မည်၊

Credit – ကျေးဇူးတော်ရှင် တောင်တန်းနယ်ခြားသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ ကိုယ်တွေ့မှတ်တမ်းများ

Zawgyi

ပန္းနာရင္က်ပ္ ေရာဂါရွိသူမ်ားအတြက္ တစ္သက္လုံးေပ်ာက္ကင္းေစေသာ ေဆးနည္းေကာင္းေပးလိုက္မည္၊ မိတၳိလာၿမိဳ႕မွ အဘိုးႀကီးတဦး ႏွစ္ႏွစ္ၾကာၾကာ ပန္းနာရင္က်ပ္ေရာဂါ ျဖစ္ေနခဲ့ရာလူေျပာမ်ား၍ ပဲစဥ္းငုံ အလုံးလိုက္ တစ္ေန႔ႏို႔ဆီဘူး တလုံးက် ျပဳတ္၍ ဆားခတ္ၿပီး အစမ္းသေဘာျဖင့္ေန႔စဥ္စားေနခဲ့သည္၊

စားေနရင္း ေနရထိုင္ရတာ သက္သာလာပုံ ခံစားရသည္ ဆို၏၊ထို႔ေၾကာင့္ အားတက္၍ေန႔စဥ္ပုံမွန္ ဆက္စားေနခဲ့ရာ ၃- လၾကာလ်င္ လုံးဝ ေပ်ာက္ကင္းသြားပုံလက္ေတြ႕ျဖစ္ေၾကာင္း ေရာဂါေပ်ာက္သူ၏

တူ ေက်ာင္းဆရာႀကီး ဦးတင္ဝင္းက ေလ်ာက္ထားသည္။စားသုံးနည္းမွာ လြယ္ပါ၏၊ ပဲစဥ္းငုံအလုံးလိုက္ ေရႏွင့္နပ္ေအာင္ ျပဳတ္ၿပီးဆားခပ္၍ ပဲလုံးဟင္းကဲ့သို႔ အေရအဖတ္ စားျခင္းျဖစ္သည္။

ေန႔စဥ္ ႏို႔ဆီဗူး တစ္လုံးက်စားေနပါ၊ ၄-လ ၾကာလ်င္ ပန္းနာရင္ၾကပ္ လုံးဝေပ်ာက္ကင္း၏ ဟု မွတ္ပါ၊ အျခား ဘာစားေဆးမွ ထိုးရန္စားရန္ မလိုေၾကာင္း သိရသည္။

ေနာက္တနည္း နတ္ေဆးဂမုန္း – လက္ေတြ႕ေဆးေကာင္းတစ္ခုကို ေျပာဦးမည္၊ နတ္ေဆးဂမုန္းစား၍ တသက္လုံး စိတ္ခ်ရေအာင္ ေပ်ာက္ကင္းသြားသူေတြလဲ ရွိၾက၏၊

နတ္ေဆးဂမုန္းကို အမႈန႔္ေထာင္းၿပီး ပ်ားရည္တပုလင္းလ်င္ ေဆးမႈန႔္ ၂ က်ပ္သားႏွင့္ ေရာစပ္ေမႊကာ ေနျဖင့္၃ ရက္လွန္းပါ၊ ေထာပတ္ ၂၀ က်ပ္သား ေရာထည့္ၿပီး နာနာေမႊကာ ၄ ရက္ဆက္လွန္းပါ၊ ေပါင္း ၇ ရက္လြန္ၿပီးလ်င္

ဟင္းစားဇြန္းႏွင့္နံနက္-ည တစ္ဇြန္းက် တေန႔ ႏွစ္ႀကိမ္ စား၍ ေရေႏြး အဖန္ရည္ေ သာက္ေပးပါ၊ ပန္းနာရင္က်ပ္ေရာဂါေပ်ာက္၏၊ ဒူလာ မီးယပ္ေရာဂါပါေပ်ာက္ကင္း၏၊ ေညာင္းညာကိုက္ခဲျခင္း မရွိေတာ့ပဲ လူခႏၶာကိုယ္ပါ ဝၿဖိဳးစိုျပည္လာသည္ကို ေတြ႕ရပါလိမ့္မည္၊

Credit – ေက်းဇူးေတာ္ရွင္ ေတာင္တန္းနယ္ျခားသာသနာျပဳ ဆရာေတာ္ႀကီး ဦးဥတၱမသာရ၏ ကိုယ္ေတြ႕မွတ္တမ္းမ်ား