လောကကြီးက လက်နှစ်ဖက်ထည့်ပေးလိုက်တာ လက်ဖြန့်တောင်းခံဖို့သက်သက်ပဲ မဟုတ်ဘူး ပြန်လဲ ပေးတတ်ဖို့ပါ သူ့အလှည့် ကိုယ့်အလှည့်ဆိုတဲ့ သဘောတရားလေးပေါ့
အခွင့်အရေးဆိုတာ ရတိုင်းယူလို့ကောင်းတဲ့အရာ မဟုတ်ဘူး အခွင့်အရေးယူပါများရင် နောင်သံသရာဆိုတာ ဝေးပါသေးတယ် ခုလက်ရှိမှာကို လူတိုင်းအမြင်ကပ်ကြတယ်
ပေးတဲ့သူက ကြည်ဖြူလို့ပေးတာကို ဘေးကနေ မနာလိုဖြစ်နေတယ်တဲ့ မနာဖြစ်စရာ အကြောင်းကို မရှိတာပါ ပေးသူနဲ့ယူသူ သင့်မြတ်နေရင်ပြီးတာပါပဲ
မိဘတွေက ကိုယ့်ကို လူဖြစ်လာအောင် မွေးလဲ မွေးခဲ့ပြီးပြီ အရွယ်ရောက်လာအောင် ကျွေးလာကျွေးခဲ့ပြီးပြီ တစ်ဖက်လှည့်နဲ့ ပြန်ကြည့်ရင် ကိုယ်အများကြီးယူခဲ့ပြီးပြီ
ထပ်ပြီး အမွေတွေ ယူဖို့ ကြံစဉ်တွေးတောနေရင်တော့ မွေးရကျိုးမနပ်တဲ့ သားသမီး ရတာနာတွေ ဖြစ်သွားမှာပေါ့
မိဘနှစ်ပါးလုံးက သူတို့ရဲ့ ငယ်ရွယ်နုပျိုမှုတွေကို ပေးဆပ်ပြီး အများကြီးပေးခဲ့ပြီးလေ တစ်ဖန်ပြန်ပြီး ရယူဖို့မထိုက်တန်ဘူးလား
မိဘကျေးဇူးဆိုတာ ဘုရားတောင် ဆပ်လို့ အကုန်မကျေခဲ့တာ ကိုယ်တွေလို သာမန်လူတွေ ဘယ်ဆပ်လို့ကျေပါ့မလဲ ဒါပေမယ့် ကျေသလောက်တော့ ဆပ်ကြရမှာပေါ့
တစ်သက်လုံးယူခဲ့ပြီးပြီလေ ကိုယ်ပြန်ပေးနိုင်တဲ့အခါ မငြူစူပဲ ပြန်ပေးတတ်ပါစေ
အယူချည်းသက်သက်ရှိတဲ့လက်က ဘယ်တော့မှ မိတ်ကောင်းဆွေကောင်းမရတတ်ဘူး ပြီးတော့ ကျေးဇူးတရားဆိုတာကြီး ခေါင်းပေါ်ပိပြီး
တစ်သက်လုံးခေါင်းငုံ့ခံနေရတတ်တာတွေလဲ အများကြီးပါ အဲ့ဒီအထဲမှာ မိဘကျေးဇူးတော့ မပါဘူးပေါ့
အမြဲ ဘုရားမှာဆုတောင်းဖြစ်တယ် ပေးသောလက်သာ ဖြစ်ရပါလို၏လို့ ကိုယ်ပေးနိုင်တဲ့အရာတွေရှိလာတဲ့အခါ ဘာကိုမှ မမျှော်ကိုးပဲ ပေးတတ်ကမ်းတတ်ပါစေ
ကိုယ့်အတွက် တန်ဖိုးမရှိတဲ့အရာတွေတခြားသူတွေအတွက် တန်ဖိုးဖြတ်လို့မရတဲ့အရာတွေ ဖြစ်နေတတ်တယ် တချို့ဆို ဘဝတွေ ပေးဆပ်တဲ့အထိ အသက်တွေပေးဆပ်တဲ့အထိပေါ့
ပေးနိုင်တာတွေရှိလာတဲ့အခါ တစ်နေ့ကျရင် သူလဲ ပြန်သိတတ်ပါလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ မပေးနဲ့ စေတနာသန့်သန့်နဲ့သာ ပေးပါ
ဘဝမှာ အယူချည်းသက်သက်သာ ပိုင်တဲ့လက် မဖြစ်စေနဲ့ ပြန်လည်ပေးတတ်တဲ့ လက်တစ်စုံဖြစ်ပါစေ ။ Zuu
Zawgyi
ေလာကႀကီးက လက္ႏွစ္ဖက္ထည့္ေပးလိုက္တာ လက္ျဖန႔္ေတာင္းခံဖို႔သက္သက္ပဲ မဟုတ္ဘူး ျပန္လဲ ေပးတတ္ဖို႔ပါ သူ႔အလွည့္ ကိုယ့္အလွည့္ဆိုတဲ့ သေဘာတရားေလးေပါ့
အခြင့္အေရးဆိုတာ ရတိုင္းယူလို႔ေကာင္းတဲ့အရာ မဟုတ္ဘူး အခြင့္အေရးယူပါမ်ားရင္ ေနာင္သံသရာဆိုတာ ေဝးပါေသးတယ္ ခုလက္ရွိမွာကို လူတိုင္းအျမင္ကပ္ၾကတယ္
ေပးတဲ့သူက ၾကည္ျဖဴလို႔ေပးတာကို ေဘးကေန မနာလိုျဖစ္ေနတယ္တဲ့ မနာျဖစ္စရာ အေၾကာင္းကို မရွိတာပါ ေပးသူနဲ႔ယူသူ သင့္ျမတ္ေနရင္ၿပီးတာပါပဲ
မိဘေတြက ကိုယ့္ကို လူျဖစ္လာေအာင္ ေမြးလဲ ေမြးခဲ့ၿပီးၿပီ အ႐ြယ္ေရာက္လာေအာင္ ေကြၽးလာေကြၽးခဲ့ၿပီးၿပီ တစ္ဖက္လွည့္နဲ႔ ျပန္ၾကည့္ရင္ ကိုယ္အမ်ားႀကီးယူခဲ့ၿပီးၿပီ
ထပ္ၿပီး အေမြေတြ ယူဖို႔ ႀကံစဥ္ေတြးေတာေနရင္ေတာ့ ေမြးရက်ိဳးမနပ္တဲ့ သားသမီး ရတာနာေတြ ျဖစ္သြားမွာေပါ့
မိဘႏွစ္ပါးလုံးက သူတို႔ရဲ႕ ငယ္႐ြယ္ႏုပ်ိဳမႈေတြကို ေပးဆပ္ၿပီး အမ်ားႀကီးေပးခဲ့ၿပီးေလ တစ္ဖန္ျပန္ၿပီး ရယူဖို႔မထိုက္တန္ဘူးလား
မိဘေက်းဇူးဆိုတာ ဘုရားေတာင္ ဆပ္လို႔ အကုန္မေက်ခဲ့တာ ကိုယ္ေတြလို သာမန္လူေတြ ဘယ္ဆပ္လို႔ေက်ပါ့မလဲ ဒါေပမယ့္ ေက်သေလာက္ေတာ့ ဆပ္ၾကရမွာေပါ့
တစ္သက္လုံးယူခဲ့ၿပီးၿပီေလ ကိုယ္ျပန္ေပးႏိုင္တဲ့အခါ မျငဴစူပဲ ျပန္ေပးတတ္ပါေစ
အယူခ်ည္းသက္သက္ရွိတဲ့လက္က ဘယ္ေတာ့မွ မိတ္ေကာင္းေဆြေကာင္းမရတတ္ဘူး ၿပီးေတာ့ ေက်းဇူးတရားဆိုတာႀကီး ေခါင္းေပၚပိၿပီး
တစ္သက္လုံးေခါင္းငုံ႔ခံေနရတတ္တာေတြလဲ အမ်ားႀကီးပါ အဲ့ဒီအထဲမွာ မိဘေက်းဇူးေတာ့ မပါဘူးေပါ့
အၿမဲ ဘုရားမွာဆုေတာင္းျဖစ္တယ္ ေပးေသာလက္သာ ျဖစ္ရပါလို၏လို႔ ကိုယ္ေပးႏိုင္တဲ့အရာေတြရွိလာတဲ့အခါ ဘာကိုမွ မေမွ်ာ္ကိုးပဲ ေပးတတ္ကမ္းတတ္ပါေစ
ကိုယ့္အတြက္ တန္ဖိုးမရွိတဲ့အရာေတြတျခားသူေတြအတြက္ တန္ဖိုးျဖတ္လို႔မရတဲ့အရာေတြ ျဖစ္ေနတတ္တယ္ တခ်ိဳ႕ဆို ဘဝေတြ ေပးဆပ္တဲ့အထိ အသက္ေတြေပးဆပ္တဲ့အထိေပါ့
ေပးႏိုင္တာေတြရွိလာတဲ့အခါ တစ္ေန႔က်ရင္ သူလဲ ျပန္သိတတ္ပါလိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ႀကီးနဲ႔ မေပးနဲ႔ ေစတနာသန႔္သန႔္နဲ႔သာ ေပးပါ
ဘဝမွာ အယူခ်ည္းသက္သက္သာ ပိုင္တဲ့လက္ မျဖစ္ေစနဲ႔ ျပန္လည္ေပးတတ္တဲ့ လက္တစ္စုံျဖစ္ပါေစ ။ Zuu