ကလေးတွေရဲ့လည် ချောင်းထဲမှာ ပစ္စည်းတစ်ခုခု ပိတ်ဆို့သွားခဲ့ရင် ကလေးအသက်ဆုံးရှုံးမှု မဖြစ်ရလေအောင် မိဘတွေအနေနဲ့ အချိန် ငါးမိနစ် အတွင်း အ ရေ းပေါ်ဘာတွေလုပ်သင့်လဲဆို တာကို ဖော်ပြလိုက်ပါတယ်။
ရန်ကုန်ဆေးတက္ကသိုလ်(၁) ကလေး ကျန်းမာ ပညာဌာနမှကထိက ဒေါက်တာ သက်ထားရွှေစင်ဝင်းက ‘ကလေးတစ် ယောက် choking ရပြီး ငါးမိနစ်အ တွ င်း ပစ္စည်းထွက်အောင် မကူညီနိုင်ဘူးဆိုရင် ကလေးကို လက်လွှတ်ဆုံးရှုံးလိုက်ရဖို့ များ ပါတယ်’ လို့ ပြောပါတယ်။
ကလေးတွေရဲ့လေပြွန်ထဲကို တစ်ခုခု ပိတ်ဆို့သွားခဲ့မယ်ဆိုရင် အောက်ဆီဂျင် က လုံးဝပြတ်သွားပါမယ်။ သည်လိုပြတ်တဲ့အချိန်က ငါးမိနစ်ကျော်သွားခဲ့ရင် ဦး နှောက်မှာရှိတဲ့ဆဲလ်တွေက သေဆုံးသွားပါတယ်။
ဒါကြောင့် ကလေးတွေ လည်ချောင်းထဲမှာ တစ်ခုခုပိတ်ဆို့နေပြီ ဆိုရင် အကူအညီကို လှမ်းခေါ်ရပါမယ်။ဘယ်လောက် ဖွံ့ဖြိုးတဲ့ နိုင်ငံမှာပဲ ဖြစ် ဖြစ် ကူညီမယ့်သူက ငါးမိနစ်အတွင်း ရောက်လာဖို့ သွားနိုင်ဖို့ဆိုတာ ခဲယဉ်းပါ တယ်။
အရမ်းမနှိုက်နဲ့
အရေးအကြီးဆုံးအချက်က ဝင်သွားတဲ့ပစ္စည်းကိုမမြင်ဘဲနဲ့ လူကြီးကနေ ပါး စပ်ထဲကို ရမ်းပြီးတော့ နှိုက်ထုတ်ဖို့ မကြိုးစားသင့် ပါဘူး။ဘာ ကြောင့် လဲဆို တော့ ပါးစပ်ရဲ့ခန္ဓာဗေဒဖွဲ့စည်းပုံအရ ပစ္စည်းတစ်ခုကို လက်နဲ့နှိုက်ထုတ်ရင် ထွက်လာဖို့ထက် တွန်းထည့်သလိုဖြစ်ပြီး တော့ အထဲကို ပိုဝင်ဖို့များပါတယ်။
ဒါ ကြောင့် မမြင်ရဘဲနဲ့ သူ့ကိုဆွထုတ်ဖို့ သင့်တော်တဲ့ကိရိယာမပါဘဲနဲ့ လက်နဲ့မနှိုက်ဖို့ သတိထားရမှာဖြစ်ပါတယ်။ပထမဆုံးကြည့်ရမှာကတော့ ကလေးက ချေ ာင်း ဆိုးနိုင်သလား။ လေ ပြွန်ထဲကို ပစ္စည်းတစ်ခုခုဝင်တာနဲ့ လေပြွန်မှာရှိတဲ့နံရံတွေရဲ့ သဘာဝက တွန်းထုတ်ဖို့ ကြိုးစားပါတယ်။
သည်အခါမျိုးမှာ ကလေးက အားကောင်းကောင်းနဲ့ ချောင်း ဆိုးပါ တယ်။ သည်လိုချောင်းကောင်း ကောင်းဆိုးနိုင်ရင် မိဘတွေအနေနဲ့ အ နှောင့်အယှက်မပေးသင့်ပါဘူး။ ဒါကို စောင့်ကြည့်ဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သဘာဝကတွန်းထုတ်တဲ့အား က လူက
ကူတာထက်ပိုပြီးတော့ အား ကောင်းလို့ပါ။ အဲသည်လိုချောင်းဆိုးရင်းနဲ့ ပစ္စည်းထွက်သွားတဲ့သာဓက တွေလည်း အ များကြီးရှိပါတယ်။အသံအား ကောင်းရမ ယ် ချောင်းကောင်းကောင်းဆိုးတယ်ဆို တာ ဘယ်လိုလဲဆိုတော့ ကလေးက သတိ ကောင်းကေ ာင်းရှိရမ ယ်။ နောက်အ သံ ထွ က်ရ မယ်၊ မျက်လုံးဖွင့်နေရမယ်။
သူ ချောင်းဆိုးတဲ့အသံက အားကောင်းရ မယ်။ အဲသည်လို မဟုတ်ဘဲနဲ့ ချောင်းဆိုး တဲ့အသံက တိမ်နေမယ်။တအုအုနဲ့ဖြစ် နေမယ်၊နှုတ်ခမ်းတွေ ပြာလာမယ်။ သတိ လစ်ချင်သလိုဖြစ်လာမယ်။ ဒါမျိုးဆိုရင် အားကောင်းတဲ့ချောင်းဆိုးခြင်းမဟုတ်ပါ ဘူး။ ဒါဆိုရင်တော့ လူကြီးက ကူညီဖို့ လိုလာပါပြီ
ဘယ်လိုကူညီမလဲ
တချို့ကလေးတွေက ချောင်းကောင်း ကောင်းဆိုးနေပါလျက် ပစ္စည် းက ထွက် မလာ ဘဲ တိမ်ဝင်သွားမယ်ဆိုရင်တော့ ကူညီရပါမယ်။ ဘယ်လိုကူညီမလဲဆို တော့ အသက်တစ်နှစ်အောက်က တစ်မျိုး ဖြစ်ပြီး အသက်တစ်နှစ်အထက် ကလေး ကြီးတွေမှာ ကူညီတာကတော့ တစ်မျိုး ဖြစ်ပါတယ်။
အသက်တစ်နှစ်အောက်ကလေးတွေ ပစ္စည်းထွက်အောင်ဆိုရင် နောက်ကျော ကို လှန်ပြီး ပုတ်ပေးလို့ရတယ်။ နောက် တစ်ခု က ပက်လက်လှန်ပြီးတော့ ရ င် ဘတ် ကို နှိပ်ပြီးတော့လည်း ကူညီလို့ ရပါတယ်။
နောက်ကျောနှိပ်နည်း
ကလေးကို လက်ပေါ်မှာ ပွေ့လိုက်ပါ။ နောက်ကျောတစ်လျှောက်ကို ထိန်းထားရ မယ်။ ကလေးကို အောက်က လေး အနည်း ငယ် ကို စိုက်ပြီ းတော့ မှောက်ပါမယ်။အဲ သည်အချိန်မှာ ကလေးရဲ့မေးရိုးကို ထိန်း ထားဖို့ လိုပါတယ်။ မေးရိုးကိုထိန်းပြီး မှောက်လျားထိုးအနေအထာ းနဲ့ အောက် ကိုစိုက်စိုက် လေးချ ထားပါမ ယ်။
ပြီးရင် ကလေးရဲ့ နောက်ကျောမှာရှိတဲ့ တောင်ပံ ရိုးနှစ် ခုနေရာရဲ့အလယ်ကို ပုတ်ရပါမယ်။ ပုတ် တဲ့အ ခါ လက်ဖ နောင့် ကို သုံးရပါမယ်။လက်ဖနောင့်နဲ့ ရှေ့ကိုသွား တဲ့ ဒါရိုက်ရှင် အတိုင်း ပုတ်ရပါမယ်။ ပုတ်တဲ့အခါမှာ အားအတန်အသင့်ထည့်ဖို့ လိုပါတယ်။ ငါး ချက်ခပ် ဆဆ လေး တစ်စက် ကန့် ကို တစ် ချက်နှုန်းနဲ့ ငါးချက်ပုတ်ပါမယ်။အဲ သည် အခါမှာ ကလေးကိုကြည့်ပါ။ ပစ္စည်းထွက် သွားရင် ရပ်လို့ရပါပြီ။ မထွက်ဘူးဆိုရင် တော့ ကလေးကို ပက်လက်ပြန်လှန်ပါ မယ်။
ပက်လက်နှိပ်နည်း
ပက်လက်လှန်တဲ့အခါမှာလည်း ကလေးရဲ့မေးရိုးလေးကို ထိန်းထားမယ်။ ကလေးရဲ့နောက်စေ့လေးကို ကိုင်ထား မယ်။ ကိုင်ပြီးတော့မှ ကလေးကို လှန်ပါ မယ်။အဓိကကတော့ ကလေးရဲ့ဇက် ကလေးကို ဒဏ်ရာမရအောင် ညှပ်ပြီး ထိန်းတဲ့သဘောပါပဲ။ ကလေးကို ပက် လက်လှန်ပြီးရင် ရင်ဘတ်ကို ငါးချက်နှိပ်ပါ မယ်။
နှိပ်တဲ့နေရာကတော့ ကလေးရဲ့ရင် ညွန့်ရိုးအလယ်အောက်နားကို နှိပ်ပါမယ်။ (နို့သီးခေါင်းလေးနှစ်ဖက်ကို မျဉ်းဆွဲကြည့်လိုက်ပြီး အလ ယ်တည့် တည့်ရဲ့ အေ ာ က် လက်နှစ်လုံးလောက်အောက်ထားပြီး) အောက်ဘက်ကို အနည်းငယ်စိုက်ကာ ငါး ချက် နှိပ်ပါမယ်။ အားအတန်အသင့်ပဲ ထည့်ပါ။
ဒါဆိုရင် ထွက်သွားနိုင်ပါတယ်။ အကယ်၍ မထွက်သေးဘူးဆိုရင်တော့ မှောက်လိုက် ငါးချက်ပုတ်၊ လှန်လိုက် ငါးချက်နှိပ်လိုက် တ စ်လှည့်စီ လုပ်လို့ရပါ တ ယ်။ အရေးကြီးတာတစ်ခုကတော့ သည် လိုလုပ်နေချိန်မှာ ကလေးက သတိ ကောင်းကောင်းရှိနေရပါမယ်။ သတိလစ်သွားမယ်ဆိုရင် တော့ အရေးပေ ါ်အသ က် ကယ်အနေအထားကို ပြောင်းကူညီရမှာ ဖြစ်ပါတယ်။
ဒေါက်တာသက်ထားရွှေစင်ဝင်းက ‘ဒီလိုမှန်ကန်အောင်လုပ်နိုင်မယ်ဆိုရင် ကလေးရဲ့အသက်ကို ၈၀ ရာခိုင်နှုန်းကယ်နိုင်မယ်လို့ သုသေသန တွေက ဆိုထားတယ်’လို့ ဆိုပါတယ်။
ကလေးကြီး တွေဆိုရင်ကလေးကြီး တွေမှာတော့ ခန္ဓာကိုယ်က ကြီးသွားပြီဖြစ်လို့ မပွေ့နိုင်တော့ ဘူးဆိုရင် ကလေး ရဲ့နောက်ကနေ နေရာယူ ပါမယ်။ကလေးကို ကို ယ့်ရှေ့မှာ ထားပါ မယ်။ ကလေးကို နောက်ကနေ လက်နဲ့ သိုင်းကိုင်ပါမယ်။ ကလေးငယ်တုန်းက နေရာကိုပဲ ငါးချက်ပုတ်ပါမယ်။
ပြီးရင်ဗိုက်ကို ညှစ်ပါတယ်။ ဗိုက်ကို ညှစ်တဲ့အခါ ကလေးရဲ့နောက်ကနေ နေ ရာယူတယ်။ ကလေးကို လက်နှစ်ဖက်နဲ့ သိုင်းကိုင်ထား ပြီးရင်လက်တစ်ဖက်ကို လက်သီးဆုပ် ကျန်လက်တစ်ဖက်က လက်သီးဆုပ်ကိုအုပ်ကိုင်ပြီးတော့ ကလေး ရဲ့ရင်ညွန့်မှာ လက်သီးဆုပ်ကို နေရာထား ပြီးတော့ အတွင်း အပေါ်ဘ က်ကို မြှောက် ပေးရပါတယ်။ ဒါကို ငါးချက်လုပ်ရပါ တယ်။သည်လိုနည်းနဲ့ ကလေးတွေရဲ့လည် ချောင်းမှာပိတ်ဆို့နေတဲ့အရာဝတ္ထုတွေ ထွက်လာအောင် လုပ်ဆေ ာင် နိုင်ပါတယ်။
အသုံးဝင်တယ် ဆိုရင် Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners
Zawgyl
ကေလးေတြရဲ႕လည္ ေခ်ာင္းထဲမွာ ပစၥည္းတစ္ခုခု ပိတ္ဆို႔သြားခဲ့ရင္ ကေလးအသက္ဆုံးရႈံးမႈ မျဖစ္ရေလေအာင္ မိဘေတြအေနနဲ႔ အခ်ိန္ ငါးမိနစ္ အတြင္း အ ေရ းေပၚဘာေတြလုပ္သင့္လဲဆို တာကို ေဖာ္ျပလိုက္ပါတယ္။
ရန္ကုန္ေဆးတကၠသိုလ္(၁) ကေလး က်န္းမာ ပညာဌာနမွကထိက ေဒါက္တာ သက္ထားေ႐ႊစင္ဝင္းက ‘ကေလးတစ္ ေယာက္ choking ရၿပီး ငါးမိနစ္အ တြ င္း ပစၥည္းထြက္ေအာင္ မကူညီႏိုင္ဘူးဆိုရင္ ကေလးကို လက္လႊတ္ဆုံးရႈံးလိုက္ရဖို႔ မ်ား ပါတယ္’ လို႔ ေျပာပါတယ္။
ကေလးေတြရဲ႕ေလႁပြန္ထဲကို တစ္ခုခု ပိတ္ဆို႔သြားခဲ့မယ္ဆိုရင္ ေအာက္ဆီဂ်င္ က လုံးဝျပတ္သြားပါမယ္။ သည္လိုျပတ္တဲ့အခ်ိန္က ငါးမိနစ္ေက်ာ္သြားခဲ့ရင္ ဦး ေႏွာက္မွာရွိတဲ့ဆဲလ္ေတြက ေသဆုံးသြားပါတယ္။
ဒါေၾကာင့္ ကေလးေတြ လည္ေခ်ာင္းထဲမွာ တစ္ခုခုပိတ္ဆို႔ေနၿပီ ဆိုရင္ အကူအညီကို လွမ္းေခၚရပါမယ္။ဘယ္ေလာက္ ဖြံ႕ၿဖိဳးတဲ့ ႏိုင္ငံမွာပဲ ျဖစ္ ျဖစ္ ကူညီမယ့္သူက ငါးမိနစ္အတြင္း ေရာက္လာဖို႔ သြားႏိုင္ဖို႔ဆိုတာ ခဲယဥ္းပါ တယ္။
အရမ္းမႏႈိက္နဲ႔
အေရးအႀကီးဆုံးအခ်က္က ဝင္သြားတဲ့ပစၥည္းကိုမျမင္ဘဲနဲ႔ လူႀကီးကေန ပါး စပ္ထဲကို ရမ္းၿပီးေတာ့ ႏႈိက္ထုတ္ဖို႔ မႀကိဳးစားသင့္ ပါဘူး။ဘာ ေၾကာင့္ လဲဆို ေတာ့ ပါးစပ္ရဲ႕ခႏၶာေဗဒဖြဲ႕စည္းပုံအရ ပစၥည္းတစ္ခုကို လက္နဲ႔ႏႈိက္ထုတ္ရင္ ထြက္လာဖို႔ထက္ တြန္းထည့္သလိုျဖစ္ၿပီး ေတာ့ အထဲကို ပိုဝင္ဖို႔မ်ားပါတယ္။
ဒါ ေၾကာင့္ မျမင္ရဘဲနဲ႔ သူ႔ကိုဆြထုတ္ဖို႔ သင့္ေတာ္တဲ့ကိရိယာမပါဘဲနဲ႔ လက္နဲ႔မႏႈိက္ဖို႔ သတိထားရမွာျဖစ္ပါတယ္။ပထမဆုံးၾကည့္ရမွာကေတာ့ ကေလးက ေခ် ာင္း ဆိုးႏိုင္သလား။ ေလ ႁပြန္ထဲကို ပစၥည္းတစ္ခုခုဝင္တာနဲ႔ ေလႁပြန္မွာရွိတဲ့နံရံေတြရဲ႕ သဘာဝက တြန္းထုတ္ဖို႔ ႀကိဳးစားပါတယ္။
သည္အခါမ်ိဳးမွာ ကေလးက အားေကာင္းေကာင္းနဲ႔ ေခ်ာင္း ဆိုးပါ တယ္။ သည္လိုေခ်ာင္းေကာင္း ေကာင္းဆိုးႏိုင္ရင္ မိဘေတြအေနနဲ႔ အ ေႏွာင့္အယွက္မေပးသင့္ပါဘူး။ ဒါကို ေစာင့္ၾကည့္ဖို႔ လိုပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ သဘာဝကတြန္းထုတ္တဲ့အား က လူက
ကူတာထက္ပိုၿပီးေတာ့ အား ေကာင္းလို႔ပါ။ အဲသည္လိုေခ်ာင္းဆိုးရင္းနဲ႔ ပစၥည္းထြက္သြားတဲ့သာဓက ေတြလည္း အ မ်ားႀကီးရွိပါတယ္။အသံအား ေကာင္းရမ ယ္ ေခ်ာင္းေကာင္းေကာင္းဆိုးတယ္ဆို တာ ဘယ္လိုလဲဆိုေတာ့ ကေလးက သတိ ေကာင္းေက ာင္းရွိရမ ယ္။ ေနာက္အ သံ ထြ က္ရ မယ္၊ မ်က္လုံးဖြင့္ေနရမယ္။
သူ ေခ်ာင္းဆိုးတဲ့အသံက အားေကာင္းရ မယ္။ အဲသည္လို မဟုတ္ဘဲနဲ႔ ေခ်ာင္းဆိုး တဲ့အသံက တိမ္ေနမယ္။တအုအုနဲ႔ျဖစ္ ေနမယ္၊ႏႈတ္ခမ္းေတြ ျပာလာမယ္။ သတိ လစ္ခ်င္သလိုျဖစ္လာမယ္။ ဒါမ်ိဳးဆိုရင္ အားေကာင္းတဲ့ေခ်ာင္းဆိုးျခင္းမဟုတ္ပါ ဘူး။ ဒါဆိုရင္ေတာ့ လူႀကီးက ကူညီဖို႔ လိုလာပါၿပီ
ဘယ္လိုကူညီမလဲ
တခ်ိဳ႕ကေလးေတြက ေခ်ာင္းေကာင္း ေကာင္းဆိုးေနပါလ်က္ ပစၥည္ းက ထြက္ မလာ ဘဲ တိမ္ဝင္သြားမယ္ဆိုရင္ေတာ့ ကူညီရပါမယ္။ ဘယ္လိုကူညီမလဲဆို ေတာ့ အသက္တစ္ႏွစ္ေအာက္က တစ္မ်ိဳး ျဖစ္ၿပီး အသက္တစ္ႏွစ္အထက္ ကေလး ႀကီးေတြမွာ ကူညီတာကေတာ့ တစ္မ်ိဳး ျဖစ္ပါတယ္။
အသက္တစ္ႏွစ္ေအာက္ကေလးေတြ ပစၥည္းထြက္ေအာင္ဆိုရင္ ေနာက္ေက်ာ ကို လွန္ၿပီး ပုတ္ေပးလို႔ရတယ္။ ေနာက္ တစ္ခု က ပက္လက္လွန္ၿပီးေတာ့ ရ င္ ဘတ္ ကို ႏွိပ္ၿပီးေတာ့လည္း ကူညီလို႔ ရပါတယ္။
ေနာက္ေက်ာႏွိပ္နည္း
ကေလးကို လက္ေပၚမွာ ေပြ႕လိုက္ပါ။ ေနာက္ေက်ာတစ္ေလွ်ာက္ကို ထိန္းထားရ မယ္။ ကေလးကို ေအာက္က ေလး အနည္း ငယ္ ကို စိုက္ၿပီ းေတာ့ ေမွာက္ပါမယ္။အဲ သည္အခ်ိန္မွာ ကေလးရဲ႕ေမး႐ိုးကို ထိန္း ထားဖို႔ လိုပါတယ္။ ေမး႐ိုးကိုထိန္းၿပီး ေမွာက္လ်ားထိုးအေနအထာ းနဲ႔ ေအာက္ ကိုစိုက္စိုက္ ေလးခ် ထားပါမ ယ္။
ၿပီးရင္ ကေလးရဲ႕ ေနာက္ေက်ာမွာရွိတဲ့ ေတာင္ပံ ႐ိုးႏွစ္ ခုေနရာရဲ႕အလယ္ကို ပုတ္ရပါမယ္။ ပုတ္ တဲ့အ ခါ လက္ဖ ေနာင့္ ကို သုံးရပါမယ္။လက္ဖေနာင့္နဲ႔ ေရွ႕ကိုသြား တဲ့ ဒါ႐ိုက္ရွင္ အတိုင္း ပုတ္ရပါမယ္။ ပုတ္တဲ့အခါမွာ အားအတန္အသင့္ထည့္ဖို႔ လိုပါတယ္။ ငါး ခ်က္ခပ္ ဆဆ ေလး တစ္စက္ ကန႔္ ကို တစ္ ခ်က္ႏႈန္းနဲ႔ ငါးခ်က္ပုတ္ပါမယ္။အဲ သည္ အခါမွာ ကေလးကိုၾကည့္ပါ။ ပစၥည္းထြက္ သြားရင္ ရပ္လို႔ရပါၿပီ။ မထြက္ဘူးဆိုရင္ ေတာ့ ကေလးကို ပက္လက္ျပန္လွန္ပါ မယ္။
ပက္လက္ႏွိပ္နည္း
ပက္လက္လွန္တဲ့အခါမွာလည္း ကေလးရဲ႕ေမး႐ိုးေလးကို ထိန္းထားမယ္။ ကေလးရဲ႕ေနာက္ေစ့ေလးကို ကိုင္ထား မယ္။ ကိုင္ၿပီးေတာ့မွ ကေလးကို လွန္ပါ မယ္။အဓိကကေတာ့ ကေလးရဲ႕ဇက္ ကေလးကို ဒဏ္ရာမရေအာင္ ညႇပ္ၿပီး ထိန္းတဲ့သေဘာပါပဲ။ ကေလးကို ပက္ လက္လွန္ၿပီးရင္ ရင္ဘတ္ကို ငါးခ်က္ႏွိပ္ပါ မယ္။
ႏွိပ္တဲ့ေနရာကေတာ့ ကေလးရဲ႕ရင္ ၫြန႔္႐ိုးအလယ္ေအာက္နားကို ႏွိပ္ပါမယ္။ (ႏို႔သီးေခါင္းေလးႏွစ္ဖက္ကို မ်ဥ္းဆြဲၾကည့္လိုက္ၿပီး အလ ယ္တည့္ တည့္ရဲ႕ ေအ ာ က္ လက္ႏွစ္လုံးေလာက္ေအာက္ထားၿပီး) ေအာက္ဘက္ကို အနည္းငယ္စိုက္ကာ ငါး ခ်က္ ႏွိပ္ပါမယ္။ အားအတန္အသင့္ပဲ ထည့္ပါ။
ဒါဆိုရင္ ထြက္သြားႏိုုင္ပါတယ္။ အကယ္၍ မထြက္ေသးဘူးဆိုရင္ေတာ့ ေမွာက္လိုက္ ငါးခ်က္ပုတ္၊ လွန္လိုက္ ငါးခ်က္ႏွိပ္လိုက္ တ စ္လွည့္စီ လုပ္လို႔ရပါ တ ယ္။ အေရးႀကီးတာတစ္ခုကေတာ့ သည္ လိုလုပ္ေနခ်ိန္မွာ ကေလးက သတိ ေကာင္းေကာင္းရွိေနရပါမယ္။ သတိလစ္သြားမယ္ဆိုရင္ ေတာ့ အေရးေပ ၚအသ က္ ကယ္အေနအထားကို ေျပာင္းကူညီရမွာ ျဖစ္ပါတယ္။
ေဒါက္တာသက္ထားေ႐ႊစင္ဝင္းက ‘ဒီလိုမွန္ကန္ေအာင္လုပ္ႏိုင္မယ္ဆိုရင္ ကေလးရဲ႕အသက္ကို ၈၀ ရာခိုင္ႏႈန္းကယ္ႏိုင္မယ္လို႔ သုေသသန ေတြက ဆိုထားတယ္’လို႔ ဆိုပါတယ္။
ကေလးႀကီး ေတြဆိုရင္ကေလးႀကီး ေတြမွာေတာ့ ခႏၶာကိုယ္က ႀကီးသြားၿပီျဖစ္လို႔ မေပြ႕ႏိုင္ေတာ့ ဘူးဆိုရင္ ကေလး ရဲ႕ေနာက္ကေန ေနရာယူ ပါမယ္။ကေလးကို ကို ယ့္ေရွ႕မွာ ထားပါ မယ္။ ကေလးကို ေနာက္ကေန လက္နဲ႔ သိုင္းကိုင္ပါမယ္။ ကေလးငယ္တုန္းက ေနရာကိုပဲ ငါးခ်က္ပုတ္ပါမယ္။
ၿပီးရင္ဗိုက္ကို ညႇစ္ပါတယ္။ ဗိုက္ကို ညႇစ္တဲ့အခါ ကေလးရဲ႕ေနာက္ကေန ေန ရာယူတယ္။ ကေလးကို လက္ႏွစ္ဖက္နဲ႔ သိုင္းကိုင္ထား ၿပီးရင္လက္တစ္ဖက္ကို လက္သီးဆုပ္ က်န္လက္တစ္ဖက္က လက္သီးဆုပ္ကိုအုပ္ကိုင္ၿပီးေတာ့ ကေလး ရဲ႕ရင္ၫြန႔္မွာ လက္သီးဆုပ္ကို ေနရာထား ၿပီးေတာ့ အတြင္း အေပၚဘ က္ကို ေျမႇာက္ ေပးရပါတယ္။ ဒါကို ငါးခ်က္လုပ္ရပါ တယ္။သည္လိုနည္းနဲ႔ ကေလးေတြရဲ႕လည္ ေခ်ာင္းမွာပိတ္ဆို႔ေနတဲ့အရာဝတၳဳေတြ ထြက္လာေအာင္ လုပ္ေဆ ာင္ ႏိုင္ပါတယ္။
အသုံးဝင္တယ္ ဆိုရင္ Share တစ္ခ်က္ လုပ္ၿပီး မွ်ေဝေပးလိုက္ပါ ခင္ဗ်ာ
မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။
Photo Credit to Owners