မောင်းထုတ်ခံရတဲ့ ဇနီးအတွက် ရက်ပေါင်း ၄၀ ဆက်တိုက် မရပ်မနာစွမ်းဆောင်ပေးခဲ့တဲ့ ခင်ပွန်းတစ်ယောက်ရဲ့ စွမ်းပကား
ဒီအကြောင်းကို ဖတ်ပြီးတဲ့ မိတ်ဆွေများလည်း ဖတ်ပြီးလောက်ရောပေါ့။ အိန္ဒိယနိုင်ငံ မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကလေးပါ။ ယနေ့ ခေတ်မှာ ကမ္ဘာကြီးဟာ ပွင့်လင်းလာပါပြီ။ လူအချင်းချင်း ခွဲခြားခံရတယ်ဆိုတာ မရှိတော့ သလောက်ဖြစ်နေပေမယ့် အိန္ဒိယမှာတော့ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှုတွေဟာ ယနေ့ထက်တိုင် ရှိနေတုန်းပါပဲ။ Maharashtra ပြည်နယ်ရဲ့ အနောက်ပိုင်းက Kalembeshwar ဆိုတဲ့ ရွာမှာ ဖြစ်ပွားခဲ့တာပါ။
Bapurao Tajne ရဲ့ ဇနီးဖြစ်သူဟာ အဲဒီနေ့က အများသုံးရေတွင်းမှာ ရေသွားခပ်တဲ့ အခါမှာ ဇာတ်နိမ့်တွေ မခပ်ရဆိုပြီး လူအများက နှင်ထုတ်ခြင်းကိုခံခဲ့ရပါတယ်။ ဒါကို သိသွားတဲ့ ယောက်ျားဖြစ်သူဟာ သူအလွန်ချစ်ရတဲ့ ဇနီးရဲ့ လိုအပ်ချက်ကို အံသြဖွယ် ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါကတော့ ဇနီးသည် အတွက် ကိုယ်ပိုင်ရေတွင်းတူးပေးဖို့ပါ။
ရေတွင်းဆိုတာ စက်နဲ့တူးရင်တူး မတူးရင် အနည်းဆုံး လူ ၄-၅ယောက်လောက်နဲ့ တူးမှ အဆင်ပြေမယ့် အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ သာမန်ဆင်းရဲတဲ့ အလုပ်သမားဖြစ်တာကြောင့် စက်နဲ့တူးဖို့ရော အခြားသူတွေကို ခေါ်တူးခိုင်းဖို့ရော ပိုက်ဆံမရှိပါဘူး ။ ဒါကြောင့် ရေတွင်းကို တစ်ကိုယ်တော် တူးဖို့ ဆုံးဖြတ်ပြီး စတင်တူးပါတော့တယ်။
တူးနေစဉ်မှာပဲ ဝမ်းရေးအတွက် နေ့စားအလုပ်ကို လုပ်ရပါသေးတယ်။ သူ့ရဲ့ပုံမှန်အလုပ်ကို လုပ်ပြီး တစ်နေ့ကို ရေတွင်းတူးဖို့ ၆ နာရီ အချိန်ပေးခဲ့ပါတယ်။ အလုပ်မသွားခင် မနက် ၄ နာရီစောထပြီး ရေတွင်းကို တူးတယ်၊ အဲဒီနောက် အလုပ်ကိုသွားပြီး ညနေ အလုပ်ပြန်တဲ့ အချိန်မှာ ၂ နာရီ ထပ်တူးပါတယ်။ အဲဒီနေရာ တစ်ဝိုက်ဟာ ကျောက်ဆောင်တွေ အလွန် ထူထပ်တာကြောင့် စက်တွေနဲ့ တူးရင်တောင် မလွယ်ကူပါဘူး။
ရွာသား တစ်ယောက်တစ်လေကတောင် သူ့ကို မကူညီခဲ့ပါဘူး။ မဖြစ်နိုင်တာကို လုပ်တဲ့ အရူးလို့ တစ်ရွာလုံးရဲ့ လှောင်ပြောင်ရယ်မောခြင်းကို ခံရပါတယ်။ ရွာသားတွေတင်မက သူ့ဇနီးဖြစ်သူကိုယ်တိုင်တောင် မဖြစ်နိုင်တဲ့အရာဆိုပြီး အစပိုင်းမှာ သူ့ကို မကူညီပဲ နောက်ပိုင်းမှကူညီခဲ့တာပါ။ ဘာပဲ ဖြစ်ဖြစ် Tajne ဇွဲမလျော့ခဲ့ပါဘူး။
ကျောက်မြေဖြစ်တဲ့အတွက် တူးရတာ အလွန်ခက်ခဲခဲ့ပါတယ်။ ၁ ပေ အနက်ကိုရဖို့ ပျမ်းမျှအားဖြင့် ၃ရက်ခန့် တူးခဲ့ရပေမယ့် ဇနီးဖြစ်သူအတွက် တစ်ရက်မနားဘဲ အစွမ်းကုန် ကြိုးစားတူးခဲ့ပါတယ်။ ဒီလိုတူးခဲ့တာ ရက်ပေါင်း ၄၀ အထိပါပဲ။ ရက်ပေါင်း ၄၀ ဆက်တိုက် မနားမနေတူးပြီးတဲ့အခါမှာတော့ သူ့ကြိုးစားမှု အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ ၁၅ ပေ အနက်မှာ ရေကို တွေ့ရှိခဲ့တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အဲဒီအနက်မှာ မရလည်း ရတဲ့အနက်အထိ ဆက်တူးဦးမှာလို့ Tajne က ဆိုပါတယ်။
ဇနီးဖြစ်သူအတွက် ကြိုးစားခဲ့တဲ့ Tajne ရဲ့ ကြိုးပမ်းမှုဟာ နောက်ဆုံးမှာတော့ ၆ပေ ကျယ်ပြီး ၁၅ပေ အနက်ရှိတဲ့ ရေတွင်းတစ်တွင်းကို ဖြစ်လာစေခဲ့ပါတယ်။ ရေတွင်းဟာ ရေထွက်အလွန်ကောင်းတဲ့ အတွက် သူတို့အတွက်အပြင် ပိုလျှံလျက် ရှိပါတယ်။
ဒီနေရာမှာ Tajne ရဲ့လေးစားဖွယ် သဘောထားကို တွေ့ရပါတယ်။ သူတို့ကို နှိမ်တဲ့သူတွေနဲ့ မဖြစ်နိုင်ဘူးလို့ လှောင်ရယ်ခဲ့တဲ့ အနီးအနားက လူတွေကို သူ့ရဲ့ရေတွင်းမှာ ကြည်ကြည်ဖြူဖြူရေခပ်စေခဲ့တာပဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဘယ်သူမှ သူ့ကိုလှောင်မရယ်နိုင်တော့ပဲ သူ့ရဲ့ ဇွဲ နဲ့ လေးစားဖွယ် စိတ်ဓာတ်ကို တစ်ရွာလုံး အသိအမှတ် ပြုလိုက်ရပါတယ်။ ဇနီးဖြစ်သူဟာလည်း သူမကို အလွန်ချစ်တဲ့ ခင်ပွန်းကြောင့် ရွာသူရွာသားတွေကြားမှာ ဂုဏ်တက်ခဲ့ရပါတော့တယ်။ ခရက်ဒစ်
Zawgyi
ေမာင္းထုတ္ခံရတဲ့ ဇနီးအတြက္ ရက္ေပါင္း ၄၀ ဆက္တိုက္ မရပ္မနာစြမ္းေဆာင္ေပးခဲ့တဲ့ ခင္ပြန္းတစ္ေယာက္ရဲ႕ စြမ္းပကား
ဒီအေၾကာင္းကို ဖတ္ၿပီးတဲ့ မိတ္ေဆြမ်ားလည္း ဖတ္ၿပီးေလာက္ေရာေပါ့။ အိႏၵိယႏိုင္ငံ မွာျဖစ္ခဲ့တဲ့ ျဖစ္ရပ္ကေလးပါ။ ယေန႔ ေခတ္မွာ ကမာၻႀကီးဟာ ပြင့္လင္းလာပါၿပီ။ လူအခ်င္းခ်င္း ခြဲျခားခံရတယ္ဆိုတာ မရွိေတာ့ သေလာက္ျဖစ္ေနေပမယ့္ အိႏၵိယမွာေတာ့ ဇာတ္နိမ့္ ဇာတ္ျမင့္ ခြဲျခားမႈေတြဟာ ယေန႔ထက္တိုင္ ရွိေနတုန္းပါပဲ။ Maharashtra ျပည္နယ္ရဲ႕ အေနာက္ပိုင္းက Kalembeshwar ဆိုတဲ့ ႐ြာမွာ ျဖစ္ပြားခဲ့တာပါ။
Bapurao Tajne ရဲ႕ ဇနီးျဖစ္သူဟာ အဲဒီေန႔က အမ်ားသုံးေရတြင္းမွာ ေရသြားခပ္တဲ့ အခါမွာ ဇာတ္နိမ့္ေတြ မခပ္ရဆိုၿပီး လူအမ်ားက ႏွင္ထုတ္ျခင္းကိုခံခဲ့ရပါတယ္။ ဒါကို သိသြားတဲ့ ေယာက္်ားျဖစ္သူဟာ သူအလြန္ခ်စ္ရတဲ့ ဇနီးရဲ႕ လိုအပ္ခ်က္ကို အံၾသဖြယ္ ျဖည့္ဆည္းေပးခဲ့ပါတယ္။ ဒါကေတာ့ ဇနီးသည္ အတြက္ ကိုယ္ပိုင္ေရတြင္းတူးေပးဖို႔ပါ။
ေရတြင္းဆိုတာ စက္နဲ႔တူးရင္တူး မတူးရင္ အနည္းဆုံး လူ ၄-၅ေယာက္ေလာက္နဲ႔ တူးမွ အဆင္ေျပမယ့္ အလုပ္ျဖစ္ပါတယ္။ ဒါေပမယ့္ သူဟာ သာမန္ဆင္းရဲတဲ့ အလုပ္သမားျဖစ္တာေၾကာင့္ စက္နဲ႔တူးဖို႔ေရာ အျခားသူေတြကို ေခၚတူးခိုင္းဖို႔ေရာ ပိုက္ဆံမရွိပါဘူး ။ ဒါေၾကာင့္ ေရတြင္းကို တစ္ကိုယ္ေတာ္ တူးဖို႔ ဆုံးျဖတ္ၿပီး စတင္တူးပါေတာ့တယ္။
တူးေနစဥ္မွာပဲ ဝမ္းေရးအတြက္ ေန႔စားအလုပ္ကို လုပ္ရပါေသးတယ္။ သူ႔ရဲ႕ပုံမွန္အလုပ္ကို လုပ္ၿပီး တစ္ေန႔ကို ေရတြင္းတူးဖို႔ ၆ နာရီ အခ်ိန္ေပးခဲ့ပါတယ္။ အလုပ္မသြားခင္ မနက္ ၄ နာရီေစာထၿပီး ေရတြင္းကို တူးတယ္၊ အဲဒီေနာက္ အလုပ္ကိုသြားၿပီး ညေန အလုပ္ျပန္တဲ့ အခ်ိန္မွာ ၂ နာရီ ထပ္တူးပါတယ္။ အဲဒီေနရာ တစ္ဝိုက္ဟာ ေက်ာက္ေဆာင္ေတြ အလြန္ ထူထပ္တာေၾကာင့္ စက္ေတြနဲ႔ တူးရင္ေတာင္ မလြယ္ကူပါဘူး။
႐ြာသား တစ္ေယာက္တစ္ေလကေတာင္ သူ႔ကို မကူညီခဲ့ပါဘူး။ မျဖစ္ႏိုင္တာကို လုပ္တဲ့ အ႐ူးလို႔ တစ္႐ြာလုံးရဲ႕ ေလွာင္ေျပာင္ရယ္ေမာျခင္းကို ခံရပါတယ္။ ႐ြာသားေတြတင္မက သူ႔ဇနီးျဖစ္သူကိုယ္တိုင္ေတာင္ မျဖစ္ႏိုင္တဲ့အရာဆိုၿပီး အစပိုင္းမွာ သူ႔ကို မကူညီပဲ ေနာက္ပိုင္းမွကူညီခဲ့တာပါ။ ဘာပဲ ျဖစ္ျဖစ္ Tajne ဇြဲမေလ်ာ့ခဲ့ပါဘူး။
ေက်ာက္ေျမျဖစ္တဲ့အတြက္ တူးရတာ အလြန္ခက္ခဲခဲ့ပါတယ္။ ၁ ေပ အနက္ကိုရဖို႔ ပ်မ္းမွ်အားျဖင့္ ၃ရက္ခန႔္ တူးခဲ့ရေပမယ့္ ဇနီးျဖစ္သူအတြက္ တစ္ရက္မနားဘဲ အစြမ္းကုန္ ႀကိဳးစားတူးခဲ့ပါတယ္။ ဒီလိုတူးခဲ့တာ ရက္ေပါင္း ၄၀ အထိပါပဲ။ ရက္ေပါင္း ၄၀ ဆက္တိုက္ မနားမေနတူးၿပီးတဲ့အခါမွာေတာ့ သူ႔ႀကိဳးစားမႈ ေအာင္ျမင္ခဲ့တယ္လို႔ ဆိုရမွာပါ။ ၁၅ ေပ အနက္မွာ ေရကို ေတြ႕ရွိခဲ့တဲ့ အတြက္ေၾကာင့္ျဖစ္ပါတယ္။ အဲဒီအနက္မွာ မရလည္း ရတဲ့အနက္အထိ ဆက္တူးဦးမွာလို႔ Tajne က ဆိုပါတယ္။
ဇနီးျဖစ္သူအတြက္ ႀကိဳးစားခဲ့တဲ့ Tajne ရဲ႕ ႀကိဳးပမ္းမႈဟာ ေနာက္ဆုံးမွာေတာ့ ၆ေပ က်ယ္ၿပီး ၁၅ေပ အနက္ရွိတဲ့ ေရတြင္းတစ္တြင္းကို ျဖစ္လာေစခဲ့ပါတယ္။ ေရတြင္းဟာ ေရထြက္အလြန္ေကာင္းတဲ့ အတြက္ သူတို႔အတြက္အျပင္ ပိုလွ်ံလ်က္ ရွိပါတယ္။
ဒီေနရာမွာ Tajne ရဲ႕ေလးစားဖြယ္ သေဘာထားကို ေတြ႕ရပါတယ္။ သူတို႔ကို ႏွိမ္တဲ့သူေတြနဲ႔ မျဖစ္ႏိုင္ဘူးလို႔ ေလွာင္ရယ္ခဲ့တဲ့ အနီးအနားက လူေတြကို သူ႔ရဲ႕ေရတြင္းမွာ ၾကည္ၾကည္ျဖဴျဖဴေရခပ္ေစခဲ့တာပဲ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ဘယ္သူမွ သူ႔ကိုေလွာင္မရယ္ႏိုင္ေတာ့ပဲ သူ႔ရဲ႕ ဇြဲ နဲ႔ ေလးစားဖြယ္ စိတ္ဓာတ္ကို တစ္႐ြာလုံး အသိအမွတ္ ျပဳလိုက္ရပါတယ္။ ဇနီးျဖစ္သူဟာလည္း သူမကို အလြန္ခ်စ္တဲ့ ခင္ပြန္းေၾကာင့္ ႐ြာသူ႐ြာသားေတြၾကားမွာ ဂုဏ္တက္ခဲ့ရပါေတာ့တယ္။ ခရက္ဒစ္