“အသက် (၈၀)အရွယ် မိခင်အတွက် ထမင်းဝယ်ချင်လို့ ပန်းရောင်းနေပေမယ့် ဈေးဦးမပေါက်သေးတဲ့ အဘ အတွက် ကယ်တင်ရှင်”

၅…၅….၅၀၀ ကျပ်ပဲ ပေးပါ….. ၅၀၀ ရရင် အမေ့ဆီ ထမင်းဝယ်ပြီ ပြန်မယ် 😔😔😔

မီးပွိုင့် စိမ်းခါနီး….Back မှန်လေးထဲကနေ ရုတ်တရက် တွေ့မြင်လိုက်….

ကားလေး ဘေးချရပ်ပြီ……လမ်းလေး လျှောက်ကာ

အဘရေ…တကုံး ဘယ်လောက်တုန်း? ?

၅…၅…၅၀၀ ပဲ ပေးပါကွာ (အဘက စကားထစ် မသန်စွမ်း တယောက်ပါ)

တကုံးပဲ ရှိတော့တာလား….အဘ? ?

မနက်တည်းက….ဒီတကုံးပဲ ရှိတာပါတဲ့

( အဘက မသန်စွမ်းတော့ သိပ်မဝယ်ကြဘူး ထင်တယ်…. ပန်းက နွမ်းနေပါပြီ….မီးစိမ်းပြီဆို ကားတွေက မစောင့်ချင်…အဘက ဖြေးဖြေးချင်း မနည်း လမ်းဘေးပြန်လျှောက်နေရတယ်…..) Back မှန်ထဲက တွေ့ရတာပါ 😔🙏

အော…. ဟုတ် ကျနော် ယူမယ် နော်….

ကျေး….ကျေး…ကျေးဇူးတင်ပါတယ်ကွာ….အမေ့တွက် ထမင်းဟင်းဝယ်လို့ရပြီ…..😪😭

ဟုတ်…ဟုတ် အဘ….ကျနော် ပေးမယ်နော်

အမေက အသက် ဘယ်လောက်ရှိပြီလဲ…အဘကကော? ?

အမေက…အသက် (80)ကျော်……အဘက (52)နှစ်ရှိပြီတဲ့ 😔

ဟုတ်…အဘ…. ရော့ ပန်းဖိုး 20000 Ks 🙏

အဘ…မှာ ပြန်အမ်းဖို့ မရှိဘူး (အိတ်လေးထဲ လက်လေးနှိုက်ပြီ ရှာနေရှာတယ်)

မအမ်းနဲ့ အဘ…. မိုးရွာတော့မယ် အိမ်ပြန်တော့နော် အဖွားတွက် ထမင်းဟင်း ဝယ်သွားလိုက်နော်…😇

အဖွားအတွက် 10000 Ks,. …. အဘအတွက် 10000 Ks….. ယူလိုက်နော်

မပီသတဲ့ လုံးထွေးနေသော ဆုတောင်းသံလေးများနှင့် အဘ အိမ်ပြန်သွားတယ် 🙏🙏🙏

အဘ ပန်းလေး….ကားလေးထဲ ချိတ်ထားလိုက်ပါတယ်…😍

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

#ကိုပူတူးနှင့်ဘော်ဒါများ

KBZ Pay – 09795405717

Wave – 095408437 / 09795405717

CB – 0076 6005 0004 5012

Zawgyi






















KBZ Pay – 09795405717


CB – 0076 6005 0004 5012