ဘီယာေသာက္ျခင္းက ႏိုင္ငံျခားဘာသာစကား ေျပာဆိုရာတြင္ စြမ္းရည္ ျမင့္တက္ေစ

ဘီယာသောက်သုံးထားသော အချိန်တွင် လေ့လာသင်ယူထားသော နိုင်ငံခြား ဘာသာစကားများ ပြောကြားခြင်း စွမ်းရည်က သာမန်အချိန်ထက် ပိုကောင်းလာကြောင်း သုတေသနသီများ လေ့လာတွေ့ရှိထားကြပြီ ဖြစ်သည် ။

ဘီယာအနည်းငယ် သောက်သုံးထားခြင်းဖြင့် နိုင်ငံခြားဘာသာနဲ့ ပြောဆို ဆက်ဆံရာတွင် ပိုမိုချောမွေစွာ စကားပြောနိုင်ခြင်းကို အထောက်ကူ ဖြစ်စေကြောင်း လေ့လာသူ သုတေသီများက အကြံပြုထားပါတယ် ။

သာမန်အချိန်မှာ နိုင်ငံခြားဘာသာစကားတွေကို ပြောတဲ့အခါ ကျွန်မတို့ရဲ့နာ့ဗ်ကြောတွေက အတော်လေးဒုက္ခပေးတတ်တယ် အဲဒီအခက်ခဲကို အယ်လ်ကိုဟောလ်က လျော့ချပေးနိုင်ပါတယ်”လို့ လီဗာပူးတက္ကသိုလ်က သုတေသီ Inge Kersbergen က ပြောထားပါတယ် ။

အယ်လ်ကိုဟောလ် အနည်းငယ် သောက်ထားတဲ့အချိန်မှာ ဘာကြောင့်မို့ နိုင်ငံခြားဘာသစကား ပြောတဲ့ စွမ်းရည်တက်လာတာလဲ ဆိုတာကိုပါ သူက ရှင်းပြပါတယ် ။

Inge Kersbergen ဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ နယ်သာလန်နဲ့ ဂျာမဏီနိုင်ငံ နယ်စပ်အနီးမှာရှိတဲ့ Maastricht တက္ကသိုလ်မှာ ဂျာမန်စကားပြောသူတွေကို အုပ်စုအစု ၅၀ ခွဲပြီးစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ် သူတို့တွေဟာ ဒတ်ချ်ဘာသာစကားကို လေ့လာနေကြသူတွေလည်းဖြစ်ပါတယ် ။

သုတေသီတွေက အချို့လူတွေကို ဘီယာတိုက် (ခန္ဓာကိုယ် အလေးချိန်ပေါ် မူတည်ပြီး အနည်းအများကွာပါတယ် ) အချို့သူတွေကိုတော့ ရိုးရိုးရေပဲ တိုက်ပြီး ဒတ်ချ်ဘာသာ စကားပြောတဲ့သူတွေနဲ့ အင်တာဗျူး အမေးအဖြေ ပြုလုပ်ပြီး စမ်းသပ်ခဲ့ကြပါတယ် ။

အဲဒီနောက် အင်တာဗျူးသူ ဒတ်ချ်ဘာသာ ကျွမ်းကျင်သူတွေဆီက ဘာသာစကားစွမ်းရည် ရမှတ်တွေကို ပြန်စစ်ဆေးကြတဲ့အခါ ဘီယာသောက်ပြီး အင်တာဗျူးဖြေခဲ့ကြတဲ့ သူတွေက ဘာသာစကား ကျွမ်းကျင်မှုမှာ အမှတ်များများ ရနေတာကို တွေ့ခဲ့ရပါတယ် ။

နိုင်ငံခြား ဘာသာစကားပြောဖို့ သင်ဆီမှာ စိုးရိမ်စိတ်တွေ ရှိနေတဲ့အခါ စကားတစ်ခွန်းပြောထွက်ဖို့ အချိန်အကြာကြီး ယူရပါတယ် ၊ အယ်လ်ကိုဟောလ် က စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေကို ဖယ်ရှားတဲ့နေရာမှာ အထောက်အကူ ဖြစ်စေတာကြောင့် သောက်ထားတဲ့အခါ

သွက်သွက်လက်လက်ကြီး စကားတွေ ပြောနိုင်တာဖြစ်တယ်”လို့ Inge Kersbergen ကရှင်းပြခဲ့ပါတယ် ဒါပေမယ့်လည်း အနည်းငယ်သောက်သုံးခြင်းကသာ အထောက်အကူ ဖြစ်စေမှာဖြစ်ပြီး အလွန်အကျွံ သောက်သုံးပါက အမူလွန်ပြီး စကားပင် ပီသစွာ ပြောဆိုနိုင်မှာမဟုတ်ကြောင်းလည်း သတိပေးထားပါတယ် ။

(လေးစားမှုဖြင့် ခရက်ဒစ်)

Zawgyi

ဘီယာေသာက္သုံးထားေသာ အခ်ိန္တြင္ ေလ့လာသင္ယူထားေသာ ႏိုင္ငံျခား ဘာသာစကားမ်ား ေျပာၾကားျခင္း စြမ္းရည္က သာမန္အခ်ိန္ထက္ ပိုေကာင္းလာေၾကာင္း သုေတသနသီမ်ား ေလ့လာေတြ႕ရွိထားၾကၿပီ ျဖစ္သည္ ။

ဘီယာအနည္းငယ္ ေသာက္သုံးထားျခင္းျဖင့္ ႏိုင္ငံျခားဘာသာနဲ႔ ေျပာဆို ဆက္ဆံရာတြင္ ပိုမိုေခ်ာေမြစြာ စကားေျပာႏိုင္ျခင္းကို အေထာက္ကူ ျဖစ္ေစေၾကာင္း ေလ့လာသူ သုေတသီမ်ားက အႀကံျပဳထားပါတယ္ ။

သာမန္အခ်ိန္မွာ ႏိုင္ငံျခားဘာသာစကားေတြကို ေျပာတဲ့အခါ ကြၽန္မတို႔ရဲ႕နာ့ဗ္ေၾကာေတြက အေတာ္ေလးဒုကၡေပးတတ္တယ္ အဲဒီအခက္ခဲကို အယ္လ္ကိုေဟာလ္က ေလ်ာ့ခ်ေပးႏိုင္ပါတယ္”လို႔ လီဗာပူးတကၠသိုလ္က သုေတသီ Inge Kersbergen က ေျပာထားပါတယ္ ။

အယ္လ္ကိုေဟာလ္ အနည္းငယ္ ေသာက္ထားတဲ့အခ်ိန္မွာ ဘာေၾကာင့္မို႔ ႏိုင္ငံျခားဘာသစကား ေျပာတဲ့ စြမ္းရည္တက္လာတာလဲ ဆိုတာကိုပါ သူက ရွင္းျပပါတယ္ ။

Inge Kersbergen ဟာ သူမရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔အတူ နယ္သာလန္နဲ႔ ဂ်ာမဏီႏိုင္ငံ နယ္စပ္အနီးမွာရွိတဲ့ Maastricht တကၠသိုလ္မွာ ဂ်ာမန္စကားေျပာသူေတြကို အုပ္စုအစု ၅၀ ခြဲၿပီးစမ္းသပ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္ သူတို႔ေတြဟာ ဒတ္ခ်္ဘာသာစကားကို ေလ့လာေနၾကသူေတြလည္းျဖစ္ပါတယ္ ။

သုေတသီေတြက အခ်ိဳ႕လူေတြကို ဘီယာတိုက္ (ခႏၶာကိုယ္ အေလးခ်ိန္ေပၚ မူတည္ၿပီး အနည္းအမ်ားကြာပါတယ္ ) အခ်ိဳ႕သူေတြကိုေတာ့ ႐ိုး႐ိုးေရပဲ တိုက္ၿပီး ဒတ္ခ်္ဘာသာ စကားေျပာတဲ့သူေတြနဲ႔ အင္တာဗ်ဴး အေမးအေျဖ ျပဳလုပ္ၿပီး စမ္းသပ္ခဲ့ၾကပါတယ္ ။

အဲဒီေနာက္ အင္တာဗ်ဴးသူ ဒတ္ခ်္ဘာသာ ကြၽမ္းက်င္သူေတြဆီက ဘာသာစကားစြမ္းရည္ ရမွတ္ေတြကို ျပန္စစ္ေဆးၾကတဲ့အခါ ဘီယာေသာက္ၿပီး အင္တာဗ်ဴးေျဖခဲ့ၾကတဲ့ သူေတြက ဘာသာစကား ကြၽမ္းက်င္မႈမွာ အမွတ္မ်ားမ်ား ရေနတာကို ေတြ႕ခဲ့ရပါတယ္ ။

ႏိုင္ငံျခား ဘာသာစကားေျပာဖို႔ သင္ဆီမွာ စိုးရိမ္စိတ္ေတြ ရွိေနတဲ့အခါ စကားတစ္ခြန္းေျပာထြက္ဖို႔ အခ်ိန္အၾကာႀကီး ယူရပါတယ္ ၊ အယ္လ္ကိုေဟာလ္ က စိုးရိမ္စိတ္ေတြ ေၾကာက္စိတ္ေတြကို ဖယ္ရွားတဲ့ေနရာမွာ အေထာက္အကူ ျဖစ္ေစတာေၾကာင့္ ေသာက္ထားတဲ့အခါ

သြက္သြက္လက္လက္ႀကီး စကားေတြ ေျပာႏိုင္တာျဖစ္တယ္”လို႔ Inge Kersbergen ကရွင္းျပခဲ့ပါတယ္ ဒါေပမယ့္လည္း အနည္းငယ္ေသာက္သုံးျခင္းကသာ အေထာက္အကူ ျဖစ္ေစမွာျဖစ္ၿပီး အလြန္အကြၽံ ေသာက္သုံးပါက အမူလြန္ၿပီး စကားပင္ ပီသစြာ ေျပာဆိုႏိုင္မွာမဟုတ္ေၾကာင္းလည္း သတိေပးထားပါတယ္ ။

(ေလးစားမႈျဖင့္ ခရက္ဒစ္)