ပ်ံ လြန္ေတာ္မူတာ ႏွစ္ေထာင္ေက်ာ္ေပမယ့္ ဦးေႏွာက္ႏွင့္အ႐ိုးမ်ား မပ်က္စီးေသးတဲ့ရဟန္းေတာ္

ပျံ လွန်တော်မူတာ နှစ်ထောင်ကျော်ပေမယ့် ဦးနှောက်နှင့်အရိုးများ မပျက်စီးသေးတဲ့ ရဟန်းတော်

နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါး၏ မံမီရုပ်ကလာပ်ကို (CT Scan) စီတီစက် ဖတ်ကြည့်ရာတွင် အရိုးများနှင့် ဦးနှောက် တစိတ်တပိုင်းဟာ ကောင်းမွန်နေဆဲ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဟေဘိုင် ပြည်နယ်၊ ဒင်ဂူကျောင်းတော်မှာ ရှိသော ဘုန်းတော်ကြီး စီရှန်၏ ရုပ်ကလာပ်ကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။စီရှန်ဘုန်းတော်ကြီးဟာ ရှေးခေတ်နှစ်ပေါင်း တထောင်တည်းက အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ ဗုဒ္ဓသာသနာ ပြန့်ပွားစေရန် သာသနာပြု ကြွလာခြင်း ဖြစ်သည်ဟု ဆိုသည်။

စီတီစကန် (CT Scan) ကို ရိုက်တဲ့အချိန်မှာ ရဟန်းတော်များ၊ ကြည်ညိုသူများနှင့် မီဒီယာတွေက စောင့်ကြည့်ခဲ့ကြပါတယ်။ဒေါက်တာက ဘုန်းတော်ကြီး စီရှန်ဟာ အရိုးဖွဲ့စည်းပုံတွေ အကောင်းတိုင်း ရှိသေးကြောင်း၊ ဦးနှောက်တခုဟာလည်း ပြည့်စုံသေးကြောင်း ပြောလိုက်တော့ လူတွေဟာ ထိတ် လန့် အံ့သြခဲ့ကြသည်။

ဒေါက်တာ ဝုယွန်ကင်က စီတင်စကင် ပြီးနောက် “သူ့ရဲ့ အရိုးတွေဟာ သာမန်လူတယောက် ကောင်းသလိုမျိုး ကောင်းနေတာကို မြင်ရတယ်။” ဟု ပီးယား ဗီဒီယိုမီဒီယာကို ပြောသည်။အပေါ်ပိုင်း မေးရိုး၊ အပေါ်ပိုင်း သွားများ၊ နံရိုး၊ ကျောရိုးနှင့် အရိုးအချိတ်အဆက်များသည် အကောင်းတိုင်း ရှိနေသည်ဟု ဆိုသည် “ဒါဟာ မယုံကြည်နိုင်စရာ ပါပဲ” ဟု ပြောသည်။

သမိုင်း မှတ်တမ်းများအရ ဘုန်းတော်ကြီး စီရှန်ဟာ အိန္ဒိယမှ ဖြစ်သည်ဟု ဆိုသည် ၉၁၆ မှ ၁၁၂၅ ခုနှစ် ခုနှစ်ခန့်မှာ သူဟာ အိန္ဒိယမှ တရုတ်နိုင်ငံ ခေတ္တန်ဘုရင် အုပ်ချုပ်သော ဒေသသို့ ဗုဒ္ဓဒေသနာတော် များ ဟောပြောရန် ခရီးထွက်ခဲ့သည်။ယခုတရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကိုရီးယားကျွန်းဆွယ် အရပ်ဖြစ်သည် သူသည် အရေးကြီးသော သုတ္တန်ဒေသနာတော် ၁၀ ခု ခန့်ကို တရုတ်ဘာသာသို့ ပြန်ဆိုခဲ့သည်ဟု ဆိုသည်။

နောက်ပိုင်း မှာတော့ ဘုရင်ကိုယ်တိုင်က သူ့ကို နိုင်ငံတော်ရဲ့ ဘုန်းကြီးတပါးအနေဖြင့် ခေတ္တန်ဘုန်းတော်ကြီးဟု ဘွဲ့မည် ပေးခဲ့သည် သူ့ရဲ့ ဘာသာပြန်အချို့ကို ကျောက်စာများတွင် ရေးထိုးခဲ့ပြီး ယနေ့တိုင် တွေ့နိုင်ပေသည်။ဘုန်းတော်ကြီး ပျံတော်မူ ပြီးနောက် တပည့်တပန်းများက သူ၏ ရုပ်ကလာပ်တော်ကို မံမီပြုလုပ်ပြီး ထိန်းသိမ်းခဲ့ကြသည်။

သို့သော် ထို ရုပ်ကလာပ်တော်မှာ နောက်ပိုင်းတွင် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သေးသည် ရုပ်ကလာပ်တော်ကို ၁၉၇၀ ခုနှစ်တွင် ဂူတခုအတွင်းမှ ပြန်လည် တွေ့ရှိခဲ့သည်။ဒင်ဂူကျောင်းတော်မှ ဘုန်းတော်ကြီး ဒူက “ဘုန်းတော်ကြီး စီရှန်ရဲ့ မံမီရုပ်ကလာပ်တော်ကို ၂၀၁၁ ခုနှစ်ကစပြီး ယခု ဒင်ဂူကျောင်းတော်မှာ ကိုးကွယ်လာခဲ့တယ်” ဟု မိန့်ကြားသည်။

ရုပ်ကလာပ်တော်ကို ယခုနေရာမှ ရှန်တန်တောင်ပေါ်ရှိ အဆောက်အဦး တခုသို့ ပြောင်းရွှေ့ရန် စီစဉ် နေကြသည် ရုပ်ကလာပ်တော်ကို ၂၀၁၇ ခုနှစ်ကုန်ထိ ဒင်ဂူကျောင်းမှာ နောက်ဆုံး အပူဇော်ခံထားခဲ့တယ်လို့ သိရပါတယ်။ ခရက်ဒစ်

Zawgyi

ပ်ံ လြန္ေတာ္မူတာ ႏွစ္ေထာင္ေက်ာ္ေပမယ့္ ဦးေႏွာက္ႏွင့္အ႐ိုးမ်ား မပ်က္စီးေသးတဲ့ ရဟန္းေတာ္

ႏွစ္ေပါင္းတစ္ေထာင္ေက်ာ္ သက္တမ္းရွိ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးတပါး၏ မံမီ႐ုပ္ကလာပ္ကို (CT Scan) စီတီစက္ ဖတ္ၾကည့္ရာတြင္ အ႐ိုးမ်ားႏွင့္ ဦးေႏွာက္ တစိတ္တပိုင္းဟာ ေကာင္းမြန္ေနဆဲ ျဖစ္ေၾကာင္း ေတြ႕ရွိခဲ့သည္။

တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္း ေဟဘိုင္ ျပည္နယ္၊ ဒင္ဂူေက်ာင္းေတာ္မွာ ရွိေသာ ဘုန္းေတာ္ႀကီး စီရွန္၏ ႐ုပ္ကလာပ္ကို စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။စီရွန္ဘုန္းေတာ္ႀကီးဟာ ေရွးေခတ္ႏွစ္ေပါင္း တေထာင္တည္းက အိႏၵိယႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသို႔ ဗုဒၶသာသနာ ျပန္႔ပြားေစရန္ သာသနာျပဳ ႂကြလာျခင္း ျဖစ္သည္ဟု ဆိုသည္။

စီတီစကန္ (CT Scan) ကို ႐ိုက္တဲ့အခ်ိန္မွာ ရဟန္းေတာ္မ်ား၊ ၾကည္ညိဳသူမ်ားႏွင့္ မီဒီယာေတြက ေစာင့္ၾကည့္ခဲ့ၾကပါတယ္။ေဒါက္တာက ဘုန္းေတာ္ႀကီး စီရွန္ဟာ အ႐ိုးဖြဲ႕စည္းပုံေတြ အေကာင္းတိုင္း ရွိေသးေၾကာင္း၊ ဦးေႏွာက္တခုဟာလည္း ျပည့္စုံေသးေၾကာင္း ေျပာလိုက္ေတာ့ လူေတြဟာ ထိတ္ လန္႔ အံ့ၾသခဲ့ၾကသည္။

ေဒါက္တာ ဝုယြန္ကင္က စီတင္စကင္ ၿပီးေနာက္ “သူ႔ရဲ႕ အ႐ိုးေတြဟာ သာမန္လူတေယာက္ ေကာင္းသလိုမ်ိဳး ေကာင္းေနတာကို ျမင္ရတယ္။” ဟု ပီးယား ဗီဒီယိုမီဒီယာကို ေျပာသည္။အေပၚပိုင္း ေမး႐ိုး၊ အေပၚပိုင္း သြားမ်ား၊ နံ႐ိုး၊ ေက်ာ႐ိုးႏွင့္ အ႐ိုးအခ်ိတ္အဆက္မ်ားသည္ အေကာင္းတိုင္း ရွိေနသည္ဟု ဆိုသည္ “ဒါဟာ မယုံၾကည္ႏိုင္စရာ ပါပဲ” ဟု ေျပာသည္။

သမိုင္း မွတ္တမ္းမ်ားအရ ဘုန္းေတာ္ႀကီး စီရွန္ဟာ အိႏၵိယမွ ျဖစ္သည္ဟု ဆိုသည္ ၉၁၆ မွ ၁၁၂၅ ခုႏွစ္ ခုႏွစ္ခန္႔မွာ သူဟာ အိႏၵိယမွ တ႐ုတ္ႏိုင္ငံ ေခတၱန္ဘုရင္ အုပ္ခ်ဳပ္ေသာ ေဒသသို႔ ဗုဒၶေဒသနာေတာ္ မ်ား ေဟာေျပာရန္ ခရီးထြက္ခဲ့သည္။ယခုတ႐ုတ္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ကိုရီးယားကြၽန္းဆြယ္ အရပ္ျဖစ္သည္ သူသည္ အေရးႀကီးေသာ သုတၱန္ေဒသနာေတာ္ ၁၀ ခု ခန္႔ကို တ႐ုတ္ဘာသာသို႔ ျပန္ဆိုခဲ့သည္ဟု ဆိုသည္။

ေနာက္ပိုင္း မွာေတာ့ ဘုရင္ကိုယ္တိုင္က သူ႔ကို ႏိုင္ငံေတာ္ရဲ႕ ဘုန္းႀကီးတပါးအေနျဖင့္ ေခတၱန္ဘုန္းေတာ္ႀကီးဟု ဘြဲ႕မည္ ေပးခဲ့သည္ သူ႔ရဲ႕ ဘာသာျပန္အခ်ိဳ႕ကို ေက်ာက္စာမ်ားတြင္ ေရးထိုးခဲ့ၿပီး ယေန႔တိုင္ ေတြ႕ႏိုင္ေပသည္။ဘုန္းေတာ္ႀကီး ပ်ံေတာ္မူ ၿပီးေနာက္ တပည့္တပန္းမ်ားက သူ၏ ႐ုပ္ကလာပ္ေတာ္ကို မံမီျပဳလုပ္ၿပီး ထိန္းသိမ္းခဲ့ၾကသည္။

သို႔ေသာ္ ထို ႐ုပ္ကလာပ္ေတာ္မွာ ေနာက္ပိုင္းတြင္ ႏွစ္ေပါင္းမ်ားစြာ ေပ်ာက္ဆုံးေနခဲ့ေသးသည္ ႐ုပ္ကလာပ္ေတာ္ကို ၁၉၇၀ ခုႏွစ္တြင္ ဂူတခုအတြင္းမွ ျပန္လည္ ေတြ႕ရွိခဲ့သည္။ဒင္ဂူေက်ာင္းေတာ္မွ ဘုန္းေတာ္ႀကီး ဒူက “ဘုန္းေတာ္ႀကီး စီရွန္ရဲ႕ မံမီ႐ုပ္ကလာပ္ေတာ္ကို ၂၀၁၁ ခုႏွစ္ကစၿပီး ယခု ဒင္ဂူေက်ာင္းေတာ္မွာ ကိုးကြယ္လာခဲ့တယ္” ဟု မိန္႔ၾကားသည္။

႐ုပ္ကလာပ္ေတာ္ကို ယခုေနရာမွ ရွန္တန္ေတာင္ေပၚရွိ အေဆာက္အဦး တခုသို႔ ေျပာင္းေ႐ႊ႕ရန္ စီစဥ္ ေနၾကသည္ ႐ုပ္ကလာပ္ေတာ္ကို ၂၀၁၇ ခုႏွစ္ကုန္ထိ ဒင္ဂူေက်ာင္းမွာ ေနာက္ဆုံး အပူေဇာ္ခံထားခဲ့တယ္လို႔ သိရပါတယ္။ ခရက္ဒစ္