စားစရာမရှိပေမဲ့ သားသမီးတွေ မျှော်လင့်ချက်မမဲ့စေဖို့ ဒန်အိုးထဲ ကျောက်ခဲတွေ ထည့်ချက်ခဲ့တဲ့ မုဆိုးမ
စားစရာမရှိလို့ ဒန်အိုးထဲ ကျောက်ခဲတွေ ထည့်ချက်ခဲ့ရတဲ့ မုဆိုးမတစ်ယောက်ရဲ့အဖြစ်က လက်တွေ့ဘဝမှာ တကယ်ဖြစ်ပျက်ခဲ့တာပါ။ ကင်ညာနိုင်ငံသူ ပီနီနာက စာမတတ်ဘူး၊ တစ်အိမ်တက်၊ တစ်အိမ်ဆင်း အဝတ်လိုက်လျှော်ပြီး ပိုက်ဆံရှာရတယ်။
ဒါဟာ ကလေး ၈ ယောက်ရှိတဲ့ မုဆိုးမတစ်ယောက်ရဲ့ လက်တွေ့ဘဝထဲက ရုန်းကန်လှုပ်ရှားရမှုပါပဲ။ အရင်တုန်းကတော့ အဝတ်လျှော်လို့ရတဲ့ ပိုက်ဆံလေးနဲ့ သူတို့မိသားစု ဖြစ်သလို စားသောက်ခွင့်ရခဲ့သေးတယ်။
ဒါပေမဲ့ အခုတော့ ကိုရိုနာဗိုင်းရပ်စ်ဆိုတဲ့ ကပ်ရောဂါကြီးက သူတို့ကို အငတ်ဘေးဆိုက်စေခဲ့ပြီ။ မီးမရှိ၊ ရေမရှိတဲ့ အိမ်ကလေးထဲမှာ စားစရာဆိုတာလည်း နတ္တိ။ ကလေးတွေက ဗိုက်ဆာတယ်လို့ တကျီကျီ ရေရွတ်နေပေမဲ့ ချက်ပြုတ်စရာ ဘာဆိုဘာမှမရှိ။
နောက်ဆုံးမတတ်နိုင်တဲ့အဆုံးမှာ ပီနီနာက ကျောက်တုံးတွေကို ဒန်အိုးထဲထည့်ပြီး စားစရာချက်ပြုတ်နေသလို ဟန်ဆောင်ခဲ့တယ်။ သားသမီးတွေ မျှော်လင့်ချက်မဲ့သွားမှာကို မလိုလားတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာစိတ်က သူ့ကို ဒီလိုဟန်ဆောင်စေခဲ့တာပါ။ စားစရာကျက်နိုးနိုး စောင့်နေရင်းနဲ့ ကလေးတွေ အိပ်ပျော်သွားမယ်လို့ သူ တွေးတယ်လေ။
ဒီဖြစ်ရပ်ကို တွေ့တော့ အိမ်နီးနားချင်း မိုမန်ယီလည်း တော်တော်တုန်လှုပ်သွားမယ်။ သူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်သွားတယ်။ မိုမန်ယီက ပီနီနာရဲ့အဖြစ်ကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်တင်လိုက်တော့ တစ်နိုင်ငံလုံး သိသွားပြီး ကင်ညာနိုင်ငံရဲ့ NTV က ပီနီနာကို အင်တာဗျူးလုပ်တယ်။
အဲဒီနောက်မှာတော့ စေတနာရှင်တွေက ပီနီနာကို ဖုန်းထဲကနေတစ်မျိုး၊ မိုမန်ယီဖွင့်ပေးထားတဲ့ ဘဏ်အကောင့်ကတစ်ဖုံ ငွေတွေ လှူကြတယ်။ ” တစ်နိုင်ငံလုံးမှာ နေထိုင်သူတွေက သူတို့ဘယ်လိုကူညီပေးရမလဲလို့ ဖုန်းဆက်မေးကြတယ်။ ကင်ညာနိုင်ငံသားတွေ ဒီလောက် ချစ်တတ်ကြလိမ့်မယ်ဆိုတာ မယုံနိုင်အောင်ပါပဲ”လို့ ပီနီနာက ပြောပါတယ်။
အခုတော့ ကင်ညာနိုင်ငံသားတွေ ဘယ်လောက်ချစ်တတ်ကြလဲဆိုတာ ပီနီနာ သိသွားပါပြီ။ ဒီကမ္ဘာမှာ မုဆိုးမ ပီနီနာတို့ မိသားစုလို ဆာလောင်မွတ်သိပ်မှုဒဏ် ခံနေရသူတွေ ဘယ်လောက်အထိ ရှိနေလဲ။ သူတို့တွေအတွက်ရော အလှူရှင်တွေ ရှိကြရဲ့လား။ ခရက်ဒစ်
Zawgyi
စားစရာမရွိေပမဲ့ သားသမီးေတြ ေမွ်ာ္လင့္ခ်က္မမဲ့ေစဖို႔ ဒန္အိုးထဲ ေက်ာက္ခဲေတြ ထည့္ခ်က္ခဲ့တဲ့ မုဆိုးမ
စားစရာမရွိလို႔ ဒန္အိုးထဲ ေက်ာက္ခဲေတြ ထည့္ခ်က္ခဲ့ရတဲ့ မုဆိုးမတစ္ေယာက္ရဲ႕အျဖစ္က လက္ေတြ႕ဘဝမွာ တကယ္ျဖစ္ပ်က္ခဲ့တာပါ။ ကင္ညာႏိုင္ငံသူ ပီနီနာက စာမတတ္ဘူး၊ တစ္အိမ္တက္၊ တစ္အိမ္ဆင္း အဝတ္လိုက္ေလွ်ာ္ၿပီး ပိုက္ဆံရွာရတယ္။
ဒါဟာ ကေလး ၈ ေယာက္ရွိတဲ့ မုဆိုးမတစ္ေယာက္ရဲ႕ လက္ေတြ႕ဘဝထဲက ႐ုန္းကန္လႈပ္ရွားရမႈပါပဲ။ အရင္တုန္းကေတာ့ အဝတ္ေလွ်ာ္လို႔ရတဲ့ ပိုက္ဆံေလးနဲ႔ သူတို႔မိသားစု ျဖစ္သလို စားေသာက္ခြင့္ရခဲ့ေသးတယ္။
ဒါေပမဲ့ အခုေတာ့ ကို႐ိုနာဗိုင္းရပ္စ္ဆိုတဲ့ ကပ္ေရာဂါႀကီးက သူတို႔ကို အငတ္ေဘးဆိုက္ေစခဲ့ၿပီ။ မီးမရွိ၊ ေရမရွိတဲ့ အိမ္ကေလးထဲမွာ စားစရာဆိုတာလည္း နတၱိ။ ကေလးေတြက ဗိုက္ဆာတယ္လို႔ တက်ီက်ီ ေရ႐ြတ္ေနေပမဲ့ ခ်က္ျပဳတ္စရာ ဘာဆိုဘာမွမရွိ။
ေနာက္ဆုံးမတတ္ႏိုင္တဲ့အဆုံးမွာ ပီနီနာက ေက်ာက္တုံးေတြကို ဒန္အိုးထဲထည့္ၿပီး စားစရာခ်က္ျပဳတ္ေနသလို ဟန္ေဆာင္ခဲ့တယ္။ သားသမီးေတြ ေမွ်ာ္လင့္ခ်က္မဲ့သြားမွာကို မလိုလားတဲ့ မိခင္တစ္ေယာက္ရဲ႕ ေမတၱာစိတ္က သူ႔ကို ဒီလိုဟန္ေဆာင္ေစခဲ့တာပါ။ စားစရာက်က္ႏိုးႏိုး ေစာင့္ေနရင္းနဲ႔ ကေလးေတြ အိပ္ေပ်ာ္သြားမယ္လို႔ သူ ေတြးတယ္ေလ။
ဒီျဖစ္ရပ္ကို ေတြ႕ေတာ့ အိမ္နီးနားခ်င္း မိုမန္ယီလည္း ေတာ္ေတာ္တုန္လႈပ္သြားမယ္။ သူ႔ကိုယ္သူ မယုံႏိုင္ေအာင္ ျဖစ္သြားတယ္။ မိုမန္ယီက ပီနီနာရဲ႕အျဖစ္ကို ဗီဒီယို႐ိုက္ၿပီး အြန္လိုင္းေပၚတင္လိုက္ေတာ့ တစ္ႏိုင္ငံလုံး သိသြားၿပီး ကင္ညာႏိုင္ငံရဲ႕ NTV က ပီနီနာကို အင္တာဗ်ဴးလုပ္တယ္။
အဲဒီေနာက္မွာေတာ့ ေစတနာရွင္ေတြက ပီနီနာကို ဖုန္းထဲကေနတစ္မ်ိဳး၊ မိုမန္ယီဖြင့္ေပးထားတဲ့ ဘဏ္အေကာင့္ကတစ္ဖုံ ေငြေတြ လႉၾကတယ္။ ” တစ္ႏိုင္ငံလုံးမွာ ေနထိုင္သူေတြက သူတို႔ဘယ္လိုကူညီေပးရမလဲလို႔ ဖုန္းဆက္ေမးၾကတယ္။ ကင္ညာႏိုင္ငံသားေတြ ဒီေလာက္ ခ်စ္တတ္ၾကလိမ့္မယ္ဆိုတာ မယုံႏိုင္ေအာင္ပါပဲ”လို႔ ပီနီနာက ေျပာပါတယ္။
အခုေတာ့ ကင္ညာႏိုင္ငံသားေတြ ဘယ္ေလာက္ခ်စ္တတ္ၾကလဲဆိုတာ ပီနီနာ သိသြားပါၿပီ။ ဒီကမာၻမွာ မုဆိုးမ ပီနီနာတို႔ မိသားစုလို ဆာေလာင္မြတ္သိပ္မႈဒဏ္ ခံေနရသူေတြ ဘယ္ေလာက္အထိ ရွိေနလဲ။ သူတို႔ေတြအတြက္ေရာ အလႉရွင္ေတြ ရွိၾကရဲ႕လား။ ခရက္ဒစ္