ရန်ကုန်မြို့တော်ကြီး ဟာ လူနေထူထပ်ပြီး စီးပွားရေး အချက်အချာကျတဲ့ မြို့လည်းဖြစ် တာကြောင့် ရန်ကုန်ရဲ့ လမ်းမတိုင်းလိုလိုဟာ အချိန်ပြည့်ကားတွေ ပြည့်ကျပ်နေလေ့ ရှိပါတယ်။ ရန်ကုန် ရှိနေရာ တိုင်းလိုလိုမှာ သွားလာရေး
ကြန့်ကြာမှုတွေနဲ့ ယာဉ်အန္တရယ်တွေ မကြာခဏဖြစ်ပေါ်တတ်တာကြောင့် ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်မှာ ရန်ကုန်ရဲ့ အချက်အချာကျတဲ့ နေရာတစ်ခုဖြစ်တဲ့ စိုက်ပျိုးရေး မှတ်တိုင်အနီးမှာ မြေအောက် လမ်းကူးဥမင်ကို
ဆောက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၎င်း ဥမင်ဟာ ရန်ကုန် တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ စိုက်ပျိုးရေး မှတ်တိုင်အနီး၊ ပြည်လမ်းအရှေ့ဘက်ရှိ ရန်ကုန်ပညာရေး တက္ကသိုလ်၊ ကမာရွတ်(TTC) နှင့်
ပြည်လမ်း အနောက်ဘက် Juction Square တို့ကို ဆက်သွယ်ဖောက်လုပ်ထားတာဖြစ်ပါတယ်။ NLD အစိုးရ လက်ထက်ကတည်းက စတင်တည်ဆောက်ခဲ့သော ထိုမြေအောက်ဥမင် သည် အမြင့်(၁၁)ပေ၊ ခန်းဖွင့်အကျယ် (၄၀)ပေ၊
လူသွားလမ်းအကျယ် (၁၉)ပေ (၈)လက်မ၊ စုစုပေါင်း ပင်မဥမင် အလျား (၄၂၇)ပေ (၂) လက်မ၊ ဝင်ထွက်ပေါက် (၄)ခု၊ စက်လှေကား သုံးစင်းနှင့် ဓာတ်လှေကားနှစ်စင်း၊ ပုံမှန်လှေကားများလည်းပါဝင်ပြီး ဖွင့်လှစ်ရောင်းချနိုင်မည့်
ဆိုင်ခန်း (၁၈) ခန်းပါဝင်ကြောင်းလည်းသိရပါတယ်။ ထို project ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး ဥမင် တည်ဆောက်ရေးကာလကို တစ်နှစ်သတ်မှတ်ထားပြီး ၂၀၂၁ ခုနှစ်
ဇန်နဝါရီ လကုန်တွင် လုပ်ငန်းများ အားလုံးပြီးဆုံးရန် ခန့်မှန်းထား ခဲ့တာဖြစ်ပြီး အခုချိန် မှပြီးစီးသွားခဲ့တာဖြစ်ပါတယ်။ ဥမင်ဆောက် လုပ်ပြီးစီးသွားတဲ့ ပုံရိပ်တွေနဲ့ အခြေအနေတွေကို ပရိသတ်တွေ အတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Zawgyi
ရန္ကုန္ၿမိဳ႕ေတာ္ႀကီး ဟာ လူေနထူထပ္ၿပီး စီးပြားေရး အခ်က္အခ်ာက်တဲ့ ၿမိဳ႕လည္းျဖစ္ တာေၾကာင့္ ရန္ကုန္ရဲ႕ လမ္းမတိုင္းလိုလိုဟာ အခ်ိန္ျပည့္ကားေတြ ျပည့္က်ပ္ေနေလ့ ရွိပါတယ္။ ရန္ကုန္ ရွိေနရာ တိုင္းလိုလိုမွာ သြားလာေရး
ၾကန႔္ၾကာမႈေတြနဲ႔ ယာဥ္အႏၲရယ္ေတြ မၾကာခဏျဖစ္ေပၚတတ္တာေၾကာင့္ ၿပီးခဲ့တဲ့ NLD အစိုးရ လက္ထက္မွာ ရန္ကုန္ရဲ႕ အခ်က္အခ်ာက်တဲ့ ေနရာတစ္ခုျဖစ္တဲ့ စိုက္ပ်ိဳးေရး မွတ္တိုင္အနီးမွာ ေျမေအာက္ လမ္းကူးဥမင္ကို
ေဆာက္လုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ ၎ ဥမင္ဟာ ရန္ကုန္ တိုင္းေဒသႀကီး၊ အေနာက္ပိုင္းခ႐ိုင္၊ ကမာ႐ြတ္ၿမိဳ႕နယ္၊ စိုက္ပ်ိဳးေရး မွတ္တိုင္အနီး၊ ျပည္လမ္းအေရွ႕ဘက္ရွိ ရန္ကုန္ပညာေရး တကၠသိုလ္၊ ကမာ႐ြတ္(TTC) ႏွင့္
ျပည္လမ္း အေနာက္ဘက္ Juction Square တို႔ကို ဆက္သြယ္ေဖာက္လုပ္ထားတာျဖစ္ပါတယ္။ NLD အစိုးရ လက္ထက္ကတည္းက စတင္တည္ေဆာက္ခဲ့ေသာ ထိုေျမေအာက္ဥမင္ သည္ အျမင့္(၁၁)ေပ၊ ခန္းဖြင့္အက်ယ္ (၄၀)ေပ၊
လူသြားလမ္းအက်ယ္ (၁၉)ေပ (၈)လက္မ၊ စုစုေပါင္း ပင္မဥမင္ အလ်ား (၄၂၇)ေပ (၂) လက္မ၊ ဝင္ထြက္ေပါက္ (၄)ခု၊ စက္ေလွကား သုံးစင္းႏွင့္ ဓာတ္ေလွကားႏွစ္စင္း၊ ပုံမွန္ေလွကားမ်ားလည္းပါဝင္ၿပီး ဖြင့္လွစ္ေရာင္းခ်ႏိုင္မည့္
ဆိုင္ခန္း (၁၈) ခန္းပါဝင္ေၾကာင္းလည္းသိရပါတယ္။ ထို project ကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ မွ တာဝန္ယူ တည္ေဆာက္ေနျခင္းျဖစ္ၿပီး ဥမင္ တည္ေဆာက္ေရးကာလကို တစ္ႏွစ္သတ္မွတ္ထားၿပီး ၂၀၂၁ ခုႏွစ္
ဇန္နဝါရီ လကုန္တြင္ လုပ္ငန္းမ်ား အားလုံးၿပီးဆုံးရန္ ခန႔္မွန္းထား ခဲ့တာျဖစ္ၿပီး အခုခ်ိန္ မွၿပီးစီးသြားခဲ့တာျဖစ္ပါတယ္။ ဥမင္ေဆာက္ လုပ္ၿပီးစီးသြားတဲ့ ပုံရိပ္ေတြနဲ႔ အေျခအေနေတြကို ပရိသတ္ေတြ အတြက္ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။