ျမတ္စြာဘုရားရွင္၏ အ႐ိုးကြင္းဆက္ေတာ္မ်ား အ ေၾကာင္း ဖူးေမွ်ာ္ ဖတ္ရႈႏိုင္ပါရန္ တင္ျပအပ္ပါသည္

မြတ်စွာဘုရားရှင်၊ရဟန္တာများနှင့် အရိုးကွင်းဆက်များ “လူသားတွေရဲ့ အရိုးတစ်ခုနဲ့တစ်ခု ဆက်ပုံက “ကွင်းဆက်| ချိတ်ဆက် | တေ့ဆက် လို့ သုံးမျိုးရှိပါတယ်။အမြင့်မြတ်ဆုံး လူသားတွေရဲ့ အရိုးက “ကွင်းဆက်” ဖြစ်ပြီးအလယ် အလတ်မြင့်မြတ်သူတွေရဲ့ အရိုးက” ချိတ်ဆက် ဖြစ်ပါတယ်။

သာမန် မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေရဲ့ အရိုးကတော့ “တေ့ဆက် တွေချည်းပါ။အမြင့်မြတ်ဆုံးလူသားတွေဆိုတာသစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်လဲသိ | ကျွတ်ထိုက်သမျှ ဝေနေယျတွေကိုလည်း သိအောင်ဟောပြောညွှန် ပြတော်မူနိုင်တဲ့ “သမ္မာ သမ္ဗုဒ္ဓ ဘုရား ရှင်” တွေပါ။

သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ရဲ့ အရိုးတော်တွေ ဟာ တစ်ခုနဲ့တစ်ခု ” ကွင်းဆက် “ဆက်နေ ကြပါ တယ်။ သံကွင်း တစ်ကွင်းနဲ့ တစ်ကွင်းကို ဂဟေဆော်ပြီး တွဲဆက်ထားသလို တစ်လုံးတစ်ခဲတည်း |

တစ်ဆက်တစ်စပ်တည်း ဆက်နေကြပါတယ် အလယ်အလတ်မြင့်မြတ် သူတွေ ဆိုတာကတော့ သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင် သာသိမြင်ပြီး သတ္တဝါ ဝေနေယ တွေကို သိ အောင် ဟောပြတော် မမူနိုင်တဲ့”ပစ္စေက ဗုဒ္ဓါ ဘုရားရှင်” တွေပါ။

ပစ္စေ ကဗုဒ္ဓါ ဘုရားရှင် အားလုံးရဲ့ အရိုးတော်တွေဟာ တစ်ခုနဲ့တစ်ခု “ချိတ်ဆက်” ဆက်နေကြပါတယ်။ ချွန်းချိတ်တွေ အချင်းချင်း ငြိကပ် နေသလိုမျိုး အရိုးကွေးကွေး တစ်ခု ပေါ် အရိုးကောက်ကောက်တစ်ခုက ချိတ်တွယ်ငြိကပ်ဆက်စပ်နေကြပါတယ်။

သာမန်မြင့်မြတ်သူတွေဆိုတာကတော့ သစ္စာလေးပါးအမှန်တရားကို ကိုယ်တိုင်မသိမြင်နိုင်ပဲ၊ ဘုရားဟောတဲ့တရားကိုဘုရားထံက တိုက်ရိုက်ဖြစ်စေ | သာဝက( ဘုရားတပည့် )ထံက ထပ်ဆင့်ဖြစ်စေ နာ ယူရမှ သိမြင် နိုင်တဲ့ သောတပန် | သကဒါဂါမ်| အနာဂါမ်| ရဟန္တာ | အရိယာ ပုဂ္ဂိုလ်ကြီးတွေပါ။

ရိုးရိုးလူသားတွေ ဆိုတာကတော့ ကံနဲ့ ကံရဲ့ အကျိုးကို နှစ်နှစ် ကာကာယုံ ကြည်ပြီးရုပ်နာမ်ဖြစ်ပျက်ကို မြင်နိုင်စွမ်းတဲ့ ကလျာဏ ပုထုဇဉ် ( ပုထုဇဉ်အကောင်း) ပုဂ္ဂိုလ်တွေနဲ့ ကံ ကံရဲ့ အကျိုးကို

မယုံ ကြည်ဘဲ ဗေဒင် / ယတြာ /ဓာတ်ရိုက်ဓာတ်ဆင်စတဲ့ လောကီမင်္ဂလာတွေကို ယုံကြည်တဲ့ ရုပ်နာမ်ဖြစ်ပျက်ကိုမမြင်ဘဲ ပုဂ္ဂိုလ်သတ္တဝါ ပညတ် တွေမှာ အစွဲ အလန်းကြီး နေတဲ့ အန္ဓပုထုဇဉ် ( ပုထုဇဉ်အကန်း ) ပုဂ္ဂိုလ်တွေပါ။

ရဟန္တာပုဂ္ဂိုလ်ကြီးများ အပါအဝင်သာမန်မြင့်မြတ်သူတွေနဲ့ ရိုးရိုးလူသားတွေအားလုံးရဲ့အရိုးတွေဟာ တစ်ခုနဲ့တစ်ခု “တေ့ဆက်” ဆက်နေကြပါတယ်။အရိုးတစ်ခုနဲ့ တစ်ခုရဲ့ ထိပ်နဲ့ တစ်ခြားအရိုးတစ်ခုရဲ့ထိပ် | ထိပ် ထိပ်ချင်း

ထိစပ် ပြီး တေ့တွဲ တွဲပူး ကပ်ဆက်စပ်နေကြပါတယ်။ တရားရိပ်သာနဲ့ ဆေးခန်းပိုစတာတွေမှာပြသထားတဲ့ အဲဒီအရိုးတွေ အားလုံး ဟာ ဘုရား ပစ္စေက ဗုဒ္ဓါမဟုတ်တဲ့ လူသားတွေရဲ့ အရိုးတွေ ချည်းဖြစ်လို့ အရိုးအားလုံးဟာ“တေ့ဆက်”ဆက်နေကြတာချည်းပါ။

အနှစ်ချူပ် ပြော ရရင်သမ္ဗုဒ္ဓ ဘုရားရှင်တို့ရဲ့အရိုးဟာ ” ကွင်းဆက် “| ပစ္စေ ကဗုဒ္ဓါဘုရားရှင်တို့ရဲ့ အရိုးဟာ”ချိတ်ဆက်”|ရဟန္တာအပါအဝင် ကျန် လူသားအားလုံးရဲ့အရိုးဟာ ” တေ့ဆက် ” ဖြစ်ပါတယ်။

မြတ်စွာ ဘုရားရှင် ရဲ့ အရိုးတော်တွေ ဟာ အဆက် ကြီး တစ်ဆယ့်နှစ်ဆက်နဲ့လက်ချောင်းတော်အဆစ်နေရာတွေကလွဲရင် တစ် ကိုယ်တော်လုံး အရိုးဆက်တွေအားလုံး သံကွင်းတွေလို တစ်လုံးတစ်ခဲတည်း တွဲဆက်နေကြပါတယ်။

အဆက်ကြီး တစ်ဆယ့်နှစ်ဆက်ဆိုတာက လက်ဝဲ / လက်ယာ / လက်ကောက်ဝတ်နှစ်ခုနဲ့ လက်ဆက်တဲ့အဆက်နှစ်ခု / လက် ကောက်ဝတ် ကနေ တံတောင်ဆစ် အထိ လက်နဲ့ လက်မောင်းဆက် တဲ့

အဆက် နှစ်ခု ( လက်ဝဲ / လက် ယာ ) | လက် မောင်းနဲ့ လက်ပြင်ရိုး ( ညှပ်ရိုး ) ဆက်တဲ့အဆက်နှစ်ခု ( ဝဲ / ယာ ) | ခြေဖမိုးတော်နဲ့ ခြေသလုံးတော် ဆက်တဲ့ အဆက်နှစ်ခု( ဝဲ | ယာ ) | ခြေသလုံးရိုးနဲ့ပေါင်ရိုးဆက်တဲ့ အဆက်နှစ်ခု ( ဝဲ / ယာ)ပေါင်ရိုးနဲ့ တင်ပါးဆုံရိုးဆက်တဲ့ အဆက်နှစ်ခု ( ဝဲ / ယာ ) တို့ပါ။

မြတ်စွာဘုရားရှင် ရဲ့ လည်ပင်းအရိုးတော်တွေဟာ သံကွင်းဆက်တွေ ဂဟေဆော်ထားသလို တစ်လုံးတစ်ခဲတည်း တွဲဆက်နေတဲ့အတွက် တစ်နေရာရာကို နောက်ပြန်လှည့်ကြည့် တော့မယ် ဆိုရင် လည်ပင်းတော်ချည်း သက်သက်လှည့်ကြည့်လို့ မရပါဘူး ။

တစ်ကိုယ်တော်လုံး လှည့်ကြည့်မှ ရပါတယ်။“အရိုးကွင်းဆက်” ဆိုတာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တွေနဲ့သာ သက်ဆိုင်တဲ့ သီးခြားဂုဏ်ထူးတစ်ခုဖြစ်သလို”အရိုးချိတ်ဆက်” ဆိုတာလည်း ပစ္စေ ကဗုဒ္ဓါ

ဘုရားရှင်တို့နဲ့သာ သက်ဆိုင်တဲ့ သီးခြားဝိသေသတစ်ခု ဖြစ်ပါတယ်။ရဟန္တာ ဆိုတာ ဘုရား | ပစ္စေကဗုဒ္ဓါတို့နဲ့နှိုင်းယှဉ်ရင် ပါရမီချင်းရော အသိဉာဏ်ချင်းရော အဆင့်အတန်းအများကြီး နိမ့်တာမို့ သာမန် လူတွေ လို ” အရိုးတေ့ဆက် ” လို့ ပဲပိဋကတ်တော်နဲ့ အညီ သံသယမရှိ မှတ်သားထားသင့်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်.

Zawgyi

ျမတ္စြာဘုရားရွင္၊ရဟႏၲာမ်ားႏွင့္ အ႐ိုးကြင္းဆက္မ်ား “လူသားေတြရဲ႕ အ႐ိုးတစ္ခုနဲ႔တစ္ခု ဆက္ပုံက “ကြင္းဆက္| ခ်ိတ္ဆက္ | ေတ့ဆက္ လို႔ သုံးမ်ိဳးရွိပါတယ္။အျမင့္ျမတ္ဆုံး လူသားေတြရဲ႕ အ႐ိုးက “ကြင္းဆက္” ျဖစ္ၿပီးအလယ္ အလတ္ျမင့္ျမတ္သူေတြရဲ႕ အ႐ိုးက” ခ်ိတ္ဆက္ ျဖစ္ပါတယ္။

သာမန္ ျမင့္ျမတ္သူေတြနဲ႔ ႐ိုး႐ိုးလူသားေတြရဲ႕ အ႐ိုးကေတာ့ “ေတ့ဆက္ ေတြခ်ည္းပါ။အျမင့္ျမတ္ဆုံးလူသားေတြဆိုတာသစၥာေလးပါး အမွန္တရားကို ကိုယ္တိုင္လဲသိ | ကြၽတ္ထိုက္သမွ် ေဝေနယ်ေတြကိုလည္း သိေအာင္ေဟာေျပာၫႊန္ ျပေတာ္မူႏိုင္တဲ့ “သမၼာ သမၺဳဒၶ ဘုရား ရွင္” ေတြပါ။

သမၼာသမၺဳဒၶ ဘုရားရွင္ရဲ႕ အ႐ိုးေတာ္ေတြ ဟာ တစ္ခုနဲ႔တစ္ခု ” ကြင္းဆက္ “ဆက္ေန ၾကပါ တယ္။ သံကြင္း တစ္ကြင္းနဲ႔ တစ္ကြင္းကို ဂေဟေဆာ္ၿပီး တြဲဆက္ထားသလို တစ္လုံးတစ္ခဲတည္း |

တစ္ဆက္တစ္စပ္တည္း ဆက္ေနၾကပါတယ္ အလယ္အလတ္ျမင့္ျမတ္ သူေတြ ဆိုတာကေတာ့ သစၥာေလးပါး အမွန္တရားကို ကိုယ္တိုင္ သာသိျမင္ၿပီး သတၱဝါ ေဝေနယ ေတြကို သိ ေအာင္ ေဟာျပေတာ္ မမူႏိုင္တဲ့”ပေစၥက ဗုဒၶါ ဘုရားရွင္” ေတြပါ။

ပေစၥ ကဗုဒၶါ ဘုရားရွင္ အားလုံးရဲ႕ အ႐ိုးေတာ္ေတြဟာ တစ္ခုနဲ႔တစ္ခု “ခ်ိတ္ဆက္” ဆက္ေနၾကပါတယ္။ ခြၽန္းခ်ိတ္ေတြ အခ်င္းခ်င္း ၿငိကပ္ ေနသလိုမ်ိဳး အ႐ိုးေကြးေကြး တစ္ခု ေပၚ အ႐ိုးေကာက္ေကာက္တစ္ခုက ခ်ိတ္တြယ္ၿငိကပ္ဆက္စပ္ေနၾကပါတယ္။

သာမန္ျမင့္ျမတ္သူေတြဆိုတာကေတာ့ သစၥာေလးပါးအမွန္တရားကို ကိုယ္တိုင္မသိျမင္ႏိုင္ပဲ၊ ဘုရားေဟာတဲ့တရားကိုဘုရားထံက တိုက္႐ိုက္ျဖစ္ေစ | သာဝက( ဘုရားတပည့္ )ထံက ထပ္ဆင့္ျဖစ္ေစ နာ ယူရမွ သိျမင္ ႏိုင္တဲ့ ေသာတပန္ | သကဒါဂါမ္| အနာဂါမ္| ရဟႏၲာ | အရိယာ ပုဂၢိဳလ္ႀကီးေတြပါ။

႐ိုး႐ိုးလူသားေတြ ဆိုတာကေတာ့ ကံနဲ႔ ကံရဲ႕ အက်ိဳးကို ႏွစ္ႏွစ္ ကာကာယုံ ၾကည္ၿပီး႐ုပ္နာမ္ျဖစ္ပ်က္ကို ျမင္ႏိုင္စြမ္းတဲ့ ကလ်ာဏ ပုထုဇဥ္ ( ပုထုဇဥ္အေကာင္း) ပုဂၢိဳလ္ေတြနဲ႔ ကံ ကံရဲ႕ အက်ိဳးကို

မယုံ ၾကည္ဘဲ ေဗဒင္ / ယၾတာ /ဓာတ္႐ိုက္ဓာတ္ဆင္စတဲ့ ေလာကီမဂၤလာေတြကို ယုံၾကည္တဲ့ ႐ုပ္နာမ္ျဖစ္ပ်က္ကိုမျမင္ဘဲ ပုဂၢိဳလ္သတၱဝါ ပညတ္ ေတြမွာ အစြဲ အလန္းႀကီး ေနတဲ့ အႏၶပုထုဇဥ္ ( ပုထုဇဥ္အကန္း ) ပုဂၢိဳလ္ေတြပါ။

ရဟႏၲာပုဂၢိဳလ္ႀကီးမ်ား အပါအဝင္သာမန္ျမင့္ျမတ္သူေတြနဲ႔ ႐ိုး႐ိုးလူသားေတြအားလုံးရဲ႕အ႐ိုးေတြဟာ တစ္ခုနဲ႔တစ္ခု “ေတ့ဆက္” ဆက္ေနၾကပါတယ္။အ႐ိုးတစ္ခုနဲ႔ တစ္ခုရဲ႕ ထိပ္နဲ႔ တစ္ျခားအ႐ိုးတစ္ခုရဲ႕ထိပ္ | ထိပ္ ထိပ္ခ်င္း

ထိစပ္ ၿပီး ေတ့တြဲ တြဲပူး ကပ္ဆက္စပ္ေနၾကပါတယ္။ တရားရိပ္သာနဲ႔ ေဆးခန္းပိုစတာေတြမွာျပသထားတဲ့ အဲဒီအ႐ိုးေတြ အားလုံး ဟာ ဘုရား ပေစၥက ဗုဒၶါမဟုတ္တဲ့ လူသားေတြရဲ႕ အ႐ိုးေတြ ခ်ည္းျဖစ္လို႔ အ႐ိုးအားလုံးဟာ“ေတ့ဆက္”ဆက္ေနၾကတာခ်ည္းပါ။

အႏွစ္ခ်ဴပ္ ေျပာ ရရင္သမၺဳဒၶ ဘုရားရွင္တို႔ရဲ႕အ႐ိုးဟာ ” ကြင္းဆက္ “| ပေစၥ ကဗုဒၶါဘုရားရွင္တို႔ရဲ႕ အ႐ိုးဟာ”ခ်ိတ္ဆက္”|ရဟႏၲာအပါအဝင္ က်န္ လူသားအားလုံးရဲ႕အ႐ိုးဟာ ” ေတ့ဆက္ ” ျဖစ္ပါတယ္။

ျမတ္စြာ ဘုရားရွင္ ရဲ႕ အ႐ိုးေတာ္ေတြ ဟာ အဆက္ ႀကီး တစ္ဆယ့္ႏွစ္ဆက္နဲ႔လက္ေခ်ာင္းေတာ္အဆစ္ေနရာေတြကလြဲရင္ တစ္ ကိုယ္ေတာ္လုံး အ႐ိုးဆက္ေတြအားလုံး သံကြင္းေတြလို တစ္လုံးတစ္ခဲတည္း တြဲဆက္ေနၾကပါတယ္။

အဆက္ႀကီး တစ္ဆယ့္ႏွစ္ဆက္ဆိုတာက လက္ဝဲ / လက္ယာ / လက္ေကာက္ဝတ္ႏွစ္ခုနဲ႔ လက္ဆက္တဲ့အဆက္ႏွစ္ခု / လက္ ေကာက္ဝတ္ ကေန တံေတာင္ဆစ္ အထိ လက္နဲ႔ လက္ေမာင္းဆက္ တဲ့

အဆက္ ႏွစ္ခု ( လက္ဝဲ / လက္ ယာ ) | လက္ ေမာင္းနဲ႔ လက္ျပင္႐ိုး ( ညႇပ္႐ိုး ) ဆက္တဲ့အဆက္ႏွစ္ခု ( ဝဲ / ယာ ) | ေျခဖမိုးေတာ္နဲ႔ ေျခသလုံးေတာ္ ဆက္တဲ့ အဆက္ႏွစ္ခု( ဝဲ | ယာ ) | ေျခသလုံး႐ိုးနဲ႔ေပါင္႐ိုးဆက္တဲ့ အဆက္ႏွစ္ခု ( ဝဲ / ယာ)ေပါင္႐ိုးနဲ႔ တင္ပါးဆုံ႐ိုးဆက္တဲ့ အဆက္ႏွစ္ခု ( ဝဲ / ယာ ) တို႔ပါ။

ျမတ္စြာဘုရားရွင္ ရဲ႕ လည္ပင္းအ႐ိုးေတာ္ေတြဟာ သံကြင္းဆက္ေတြ ဂေဟေဆာ္ထားသလို တစ္လုံးတစ္ခဲတည္း တြဲဆက္ေနတဲ့အတြက္ တစ္ေနရာရာကို ေနာက္ျပန္လွည့္ၾကည့္ ေတာ့မယ္ ဆိုရင္ လည္ပင္းေတာ္ခ်ည္း သက္သက္လွည့္ၾကည့္လို႔ မရပါဘူး ။

တစ္ကိုယ္ေတာ္လုံး လွည့္ၾကည့္မွ ရပါတယ္။“အ႐ိုးကြင္းဆက္” ဆိုတာ သမၼာသမၺဳဒၶ ဘုရားရွင္ေတြနဲ႔သာ သက္ဆိုင္တဲ့ သီးျခားဂုဏ္ထူးတစ္ခုျဖစ္သလို”အ႐ိုးခ်ိတ္ဆက္” ဆိုတာလည္း ပေစၥ ကဗုဒၶါ

ဘုရားရွင္တို႔နဲ႔သာ သက္ဆိုင္တဲ့ သီးျခားဝိေသသတစ္ခု ျဖစ္ပါတယ္။ရဟႏၲာ ဆိုတာ ဘုရား | ပေစၥကဗုဒၶါတို႔နဲ႔ႏႈိင္းယွဥ္ရင္ ပါရမီခ်င္းေရာ အသိဉာဏ္ခ်င္းေရာ အဆင့္အတန္းအမ်ားႀကီး နိမ့္တာမို႔ သာမန္ လူေတြ လို ” အ႐ိုးေတ့ဆက္ ” လို႔ ပဲပိဋကတ္ေတာ္နဲ႔ အညီ သံသယမရွိ မွတ္သားထားသင့္ပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္.