လမ်းဘေးလေးမှာ ဈေးရောင်းပြီး မျ.က်မမြ.င်ခင်ပွန်းသည်ကို ရှာကျွေးနေရတဲ့ အသက် ၈၀ အရွယ် အဖွားအို
ဒီလိုကာလကြီးမှာ လူတိုင်း စားဝတ်နေရေးအတွက် အခ.က်အခ.ဲတွေနဲ့ရင်ဆိုင်နေရပါတယ်။
အခြေခံလူတန်းစားတွေအတွက်ကတော့ ထမင်းန.ပ်မှန်ဖို့ အတော်ကို ကြိုးစားနေရတဲ့ အခြေအနေပါ။ အသက်အရွယ်ကြီးရင့်တဲ့ အဖိုးအဖွားတွေဆို အသက်ကြီးလို့ နားနားနေနေ နေရတော့မယ့်အရွယ်မှာတောင် ပ.င်ပ.န်းကြီးစွာ ရု.န်းက.န်ရှာဖွေနေကြရတာပဲ
ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အဖွားကတော့ အသက် ၈၀အရွယ်ရောက်နေပြီဖြစ်ပေမယ့် သူမရဲ့ မ.ျက်မမြ.င်ခင်ပွန်းသည်အတွက် လမ်းဘေးလေးမှာ ဈေးခြင်းတောင်းလေးချပြီး သရက်သီးမှည့်၊ သရက်သီးခြောက်၊ သရက်ပြားအစရှိတာတွေကို ရောင်းချကာ
ရှာဖွေကျွေးမွေးနေရပါတယ်။ အဖွားရဲ့အဖြစ်ကို သိရှိသွားတဲ့ သရုပ်ဆောင် မေနွယ်ထွန်းက အဖွားအတွက် ထောက်ပံ့ငွေ ငါးသောင်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ထို့အပြင် သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာပါ အဖွားအတွက် အလှူရှင်များထပ်မံပေါ်ပေါက်အောင်
ရေးသားဖော်ပြပေးထားပါသေးတယ်။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ “အဖွားက အသက်၈၀ရှိပါပြီ။ အုန်းချောနားက ရွာက လာရောင်းတာတဲ့။ အသက်၇၉နှစ် မျ.က်စိမမြ.င်ရတဲ့ ယောကျာ်းကို ဈေးရောင်းရှာကျွေးနေရှာတာ သားသမီးတွေက
အဖေမျ.က်စိက.ွယ်တာတောင် လာမကြည့်ကြဘူးတဲ့။ အငယ်ဆုံးသမီးကတော့လာတယ်တဲ့ ဆန်ဆီ မီ.းေ.သွးဝယ်ပေးတယ်တဲ့။ သူ့ကို ၅သောင်းလှူတော့ င.ိုရော။ ဘာလို့ င.ိုတာလဲဆိုတော့ ရင်ထဲစ.ို့သွားလို့တဲ့။ ဖိနပ်ကလဲ မ.ှားစီးလာသေးတယ်။
တရောင်စီ အဖွား သ.န.ားပါတယ်။ မန်းလေးကအမျိုးတို့ရေ အဖွားက ၃၇လမ်း ၇၇ ထောင့်က ဒေါ်ဖောင်ခေါက်ဆွဲဆိုင်ဘေးလေးမှာ ဈေးခြင်းလေးနဲ့ချရောင်းတာပါ။ တွေ့ရင်လဲ အားပေးကြပါဦးနော်။ သရက်သီးမှည့်၊ သရက်သီးခြောက် သရက်ပြားတွေရောရပါတယ်။
အလှူရှင်များ ထပ်တူကုသိုလ် ရကြပါစေရှင်။ Edit စဉ့်ကိုင်မြို့နယ် ဧည့်ပြရွာကပါတဲ့”ဆိုပြီး ဖော်ပြပေးထားပါတယ်။ စာဖတ်မိတ်ဆွေတို့လဲ လမ်းမှာ ဈေးရောင်းနေတဲ့အဖိုးအဖွားတွေကိုတွေ့ရင် တတ်နိုင်သမျှ ကူညီပေးကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်.
Zawgyi