
ရေမသောက်ဘဲ ရေအစားထိုးပြီးသောက်ပါ….

မြေအိုး သေးသေးလေးထဲကိုရေ မပြည့်တပြည့်ထည့်ပြီးမကျည်းသီး လက်တဆုပ်ခန့် ထန်းလျက် အလုံးသေးသေးလေးတွေ ၁၅လုံးခန့် ဆား ဇွန်းသေးသေး တစ်ဇွန်းခန့်

အဲဒီ ၃မျိုးကို ဒီအတိုင်းထည့်ထားလိုက်တယ် မမွှေနဲ့ မွှေစရာမလိုဘူး မွှေရင် အဖတ်မှုန်တွေထလာလိမ့်မယ်

တစ်ချက်မှမမွှေဘဲ သူ့ဘာသာ ကြည်တက်လာတဲ့ အရည်ကြည်ကိုရေမသောက်ဘဲ ရေအစားထိုးပြီးသောက်တယ်

သောက်ရင် ဘာအကျိုးဖြစ်မလဲဆို အရင် စဉ်းစားကြည့်ရအောင်

မကျည်းသီးကို ကြေးဘုရားကြေးခွက်တွေ အညှိတွေတက်နေတာတွေကိုပွတ်တိုက်ဆေးကြောပေးရင်ပြောင်လက်သွားတယ်

အသားကိုင်ထားတဲ့လက်တွေကို မကျည်းသီးနဲ့ ဆေးပေးရင် အနံ့ပျောက်တယ်

တစ်ချို့က ဆိတ်သားကို အညှီနံ့ ပျောက်အောင် မကျည်းသီးနဲ့ နှယ်ပြီးဆေးတယ်

မကျည်းဖျော်ရည်ကိုရေအစားထိုး သောက်မယ်ဆို အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေ အတွက်ရော ကလေး လူကြီးပါမကျန်သောက်တဲ့ အကျိုးကြောင့်

ဝမ်းတွင်းအေးနေမယ် ကိုယ်တွင်းအဆိပ်အတောက်များကို ဝမ်းအဖြစ်ဖယ်ရှားပေးလို့ အပူအစပ်ကင်းစင်ပြီး မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကိုပါးသထက် ပါးစေမယ်

အမြဲတမ်းသောက်နေလို့ ဝက်ခြံတွေ အမြစ်ပြတ်ပျောက်သွားမယ် ရောဂါမှန်သမျှ အပူကြောင့်ဖြစ်တာ

အခုလိုဥပမာ နဲ့ပြောမယ်ရေခဲသေတ္တာထဲကိုထည့်ထားတဲ့ အသီးအရွက်နဲ့ အပြင်မှာထားတဲ့အသီးအရွက်လိုဘဲ ရင်အေးတယ် ဝမ်းမှန်တယ် ဆီးမှန်တယ် ခံတွင်းရှင်းပြီး အနံ့ပျောက်တယ် မျက်လုံးကြည်တယ် ဝက်ခြံတွေ စင်တယ်

အထူးသဖြင့် သောက်တုန်းက ဝက်ခြံတွေပျောက်ချင်လို့ သောက်ခဲ့တာ ပိုက်ဆံမကုန်လို့ အထင်မသေးဘဲ စမ်းကြည့်ရအောင်

ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ရှေးစကားပုံလည်း ရှိတယ်နော်

အဖိုး အဖွားတွေ အခုလို သဘာဝအသီးတွေကို ကိုယ့်ဘာသာဖျော်သောက်လို့ ဘာရောဂါမှ မဖြစ် တဲ့အပြင်ငွေတွေ အလဟသ မကုန်ခဲ့လို့ ဘုရားတွေတည် ကျောင်းတွေဆောက် လှူဒါန်းပေးကမ်းနိုင်ခဲ့ကြပြီး

အသက်ရှည်ခဲ့ကြတယ်ဆိုတာကို မမေ့နဲ့နော် ။ လေးစားစွာဖြင့် ခရက်ဒစ်.

Zawgyi















