ငွက္ေပါက္စေလးကို.သ.တ္တယ္ထင္ၿပီး က်ီးကန္ေတြရဲ႕ 3ႏွစ္ေလာက္ လ.က္.စားေခ် ျခင္းကိုခံေနရတဲ့အမ်ိဳးသား

တိရစ္ဆာန်တွေအပေါ်အမှားတစ်ခုခုလုပ်မိခဲ့ရင် သူတို့တွေမေ့သွားပြီးသင့်ကိုခွင့်လွတ်ကြလိမ့်မယ်လို့ ထင်မိခဲ့ကြမှာပါ ။ ဒါပေမဲ့ အဲ့တိရစ္ဆာန်တွေထဲမှာတော့ ကျီးကန်းဆိုတဲ့ငှက်မပါ ပါဘူး ။

အိန္ဒိယနိုင်ငံက အလုပ်ကြမ်းသမားတစ်ဦးကို ကျီးကန်များကသူတို့၏ရန်သူလို့သတ်မှတ်ထားခဲ့ကြပြီး 3နှစ်တိုင်တိုင် လိုက်လံရန်မူနေခဲ့ကြပါတယ် ။ထို့ကြောင့် Shiva Kewat အမည်ရှိအဆိုပါအမျိုးသားဟာ ကျီးကန်းတွေသူ့ကိုဘယ်အချိန်တိုက်ခိုက်မလဲဆိုတာ မသိနိုင်လို့ အိမ်အပြင်ထွက်ဖို့အတော်လေးကြောက်နေခဲ့ရပါတယ် ။

ထို့ကြောင့် အိမ်အပြင်ထွက်တိုင်း တုတ်ဆောင်ထားရပြီး အိမ်အပြင်ဖက်မှာရန်မူဖို့ဆောင့်နေကြတဲ့ကျီးကန်းတွေ၏ ရန်မှကင်းအောင်လမ်းလျှောက်တိုင်းအမြဲတုတ်ကိုင်ထားရပါတယ် ။ Kewat ၏ပြောပြချက်အရ လွန်ခဲ့တဲ့ 3နှစ်က အသိုက်ထဲမှာညပ်မိနေတဲ့

ကျီးကန်းပေါက်စလေးတစ်ကောင်ကိုကယ်တင်ဖို့အတွက် ကြိုးစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ကံဆိုးစွာနဲ့ပဲ ငှက်ကလေးဟာသူ၏လက်ထဲမှာပင်သေဆုံးသွားခဲ့တဲ့အတွက် ကျီးကန်များကသူတို့၏သားပေါက်ကလေးကို Kewat ကသတ်ပစ်လိုက်တယ်လို့ ထင်သွားခဲ့ကြပါတယ် ။

” ကျီးကန်းပေါက်စလေးက ကျွန်တော့်လက်ပေါ်ရောက်ကတည်းကသေနေပြီးပြီ ။ ကျွန်တော်သူတို့ကိုရှင်းပြလို့ရတာ အဲတာပဲရှိတယ် ၊ ကျွန်တော်က ကူညီဖို့ကြိုးစားခဲ့ရုံပါပဲ ” ဆိုပြီး Kewat ကပြောပြသွားခဲ့ပါတယ် ။

Kewat က ကျီးကန်းပေါက်စလေးကိုသတ်လိုက်တယ်ဆိုတဲ့ စကားက အနီးအနားမှာရှိနေတဲ့ကျီးကန်တွေအကြား အတော်လေးပျံနှံ့သွားခဲ့ပုံရပါတယ် ။ တစ်ခါတလေမှာတော့ ကျီးကန်းအုပ်စုတွေသာမက တစ်ကောင်တည်းလည်း Kewat ကိုမရပ်မနားတမ်းတိုက်ခိုက်လေ့ရှိပါတယ် ။

အစပိုင်းမှာတော့ အမှန်တကယ်တိုက်ခိုက်ကြမယ်လို့မထင်ခဲ့ပေမဲ့ နောက်ပိုင်မှာတော့ တခြားသူတွေကိုတော့တိုက်ခိုက်ခြင်းမျိုးမရှိဘဲ Kewat တစ်ယောက်တည်းကိုသာတိုက်ခိုက်နေခဲ့တာကို သဘောပေါက်သွားခဲ့ပါတယ် ။

Kewat ဟာကျီးကန်းတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရတဲ့အတွက် လက်တွေနဲ့ ဦးခေါင်းတွေမှာ ဒဏ်ရာရရှိခဲ့ပါတယ် ။ Kewat ဟာတုတ်ကိုရမ်းပြီး အပြင်ထွက်လေ့ရှိပေမဲ့ ကျီးကန်းတွေကိုအမှန်တကယ်ရိုက်နှက်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရှိရပါတယ် ။

“သူတို့ထွက်သွားအောင် ခြောက်လန့်ဖို့ကျွန်တော် တုတ်ချောင်းဝှေ့ခဲ့တာပါ ။ ဆိုးဝါးလွန်းတာကတော့ သူတို့ကကျွန်တော်ငှက်ပေါက်စလေးကိုသတ်လိုက်တယ်လို့ ယုံကြည်နေကြလို့ပါပဲ ” ဆိုပြီး Kewat ကပြောဆိုခဲ့ပါတယ် ။

တိရစ္ဆာန်ချစ်သူတွေကတော့ ကျီးကန်းတွေကလူတစ်ယောက်ရဲ့မျက်နှာကိုအချိန်အတော်ကြာ မှတ်မိနေခဲ့ပြီး လက်တုံ့ပြန်ခဲ့ကြတဲ့အတွက် အတော်လေးကိုအံ့သြထိတ်လန့်သွားခဲ့ကြပါတယ် ။

ငှက်တွေအကြောင် လေ့လာပြီးသုတေသနပြုလုပ်နေတဲ့ ပရော်ဖက်ဆာ Ashok Kumar Munjal ပြောပြချက်အရ ကျီးကန်းတွေဟာ အသိဉာဏ်မြင့်မားတဲ့ငှက်အမျိုးအစားဖြစ်ပြီး ၊ လူတွေရဲ့မျက်နှာကိုမှတ်မိနိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးမျိုးပိုင်ဆိုင်ထားကြသောကြောင့် အချိန်အတော်ကြာလူတစ်ယောက်ထဲကိုတိုက်ခိုက်နေခြင်းမျိုးဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

တိရစာၦန္ေတြအေပၚအမွားတစ္ခုခုလုပ္မိခဲ့ရင္ သူတို႔ေတြေမ့သြားၿပီးသင့္ကိုခြင့္လြတ္ၾကလိမ့္မယ္လို႔ ထင္မိခဲ့ၾကမွာပါ ။ ဒါေပမဲ့ အဲ့တိရစာၦန္ေတြထဲမွာေတာ့ က်ီးကန္းဆိုတဲ့ငွက္မပါ ပါဘူး ။

အိႏၵိယႏိုင္ငံက အလုပ္ၾကမ္းသမားတစ္ဦးကို က်ီးကန္မ်ားကသူတို႔၏ရန္သူလို႔သတ္မွတ္ထားခဲ့ၾကၿပီး 3ႏွစ္တိုင္တိုင္ လိုက္လံရန္မူေနခဲ့ၾကပါတယ္ ။ထို႔ေၾကာင့္ Shiva Kewat အမည္႐ွိအဆိုပါအမ်ိဳးသားဟာ က်ီးကန္းေတြသူ႔ကိုဘယ္အခ်ိန္တိုက္ခိုက္မလဲဆိုတာ မသိႏိုင္လို႔ အိမ္အျပင္ထြက္ဖို႔အေတာ္ေလးေၾကာက္ေနခဲ့ရပါတယ္ ။

ထို႔ေၾကာင့္ အိမ္အျပင္ထြက္တိုင္း တုတ္ေဆာင္ထားရၿပီး အိမ္အျပင္ဖက္မွာရန္မူဖို႔ေဆာင့္ေနၾကတဲ့က်ီးကန္းေတြ၏ ရန္မွကင္းေအာင္လမ္းေလ်ွာက္တိုင္းအျမဲတုတ္ကိုင္ထားရပါတယ္ ။ Kewat ၏ေျပာျပခ်က္အရ လြန္ခဲ့တဲ့ 3ႏွစ္က အသိုက္ထဲမွာညပ္မိေနတဲ့

က်ီးကန္းေပါက္စေလးတစ္ေကာင္ကိုကယ္တင္ဖို႔အတြက္ ႀကိဳးစားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ကံဆိုးစြာနဲ႔ပဲ ငွက္ကေလးဟာသူ၏လက္ထဲမွာပင္ေသဆံုးသြားခဲ့တဲ့အတြက္ က်ီးကန္မ်ားကသူတို႔၏သားေပါက္ကေလးကို Kewat ကသတ္ပစ္လိုက္တယ္လို႔ ထင္သြားခဲ့ၾကပါတယ္ ။

” က်ီးကန္းေပါက္စေလးက ကြၽန္ေတာ့္လက္ေပၚေရာက္ကတည္းကေသေနၿပီးၿပီ ။ ကြၽန္ေတာ္သူတို႔ကို႐ွင္းျပလို႔ရတာ အဲတာပဲ႐ွိတယ္ ၊ ကြၽန္ေတာ္က ကူညီဖို႔ႀကိဳးစားခဲ့ရံုပါပဲ ” ဆိုၿပီး Kewat ကေျပာျပသြားခဲ့ပါတယ္ ။

Kewat က က်ီးကန္းေပါက္စေလးကိုသတ္လိုက္တယ္ဆိုတဲ့ စကားက အနီးအနားမွာ႐ွိေနတဲ့က်ီးကန္ေတြအၾကား အေတာ္ေလးပ်ံႏွံ႔သြားခဲ့ပံုရပါတယ္ ။ တစ္ခါတေလမွာေတာ့ က်ီးကန္းအုပ္စုေတြသာမက တစ္ေကာင္တည္းလည္း Kewat ကိုမရပ္မနားတမ္းတိုက္ခိုက္ေလ့႐ွိပါတယ္ ။

အစပိုင္းမွာေတာ့ အမွန္တကယ္တိုက္ခိုက္ၾကမယ္လို႔မထင္ခဲ့ေပမဲ့ ေနာက္ပိုင္မွာေတာ့ တျခားသူေတြကိုေတာ့တိုက္ခိုက္ျခင္းမ်ိဳးမ႐ွိဘဲ Kewat တစ္ေယာက္တည္းကိုသာတိုက္ခိုက္ေနခဲ့တာကို သေဘာေပါက္သြားခဲ့ပါတယ္ ။

Kewat ဟာက်ီးကန္းေတြရဲ႕တိုက္ခိုက္ျခင္းကိုခံခဲ့ရတဲ့အတြက္ လက္ေတြနဲ႔ ဦးေခါင္းေတြမွာ ဒဏ္ရာရ႐ွိခဲ့ပါတယ္ ။ Kewat ဟာတုတ္ကိုရမ္းၿပီး အျပင္ထြက္ေလ့႐ွိေပမဲ့ က်ီးကန္းေတြကိုအမွန္တကယ္႐ိုက္ႏွက္ခဲ့ျခင္းမ်ိဳးမ႐ွိခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။

“သူတို႔ထြက္သြားေအာင္ ေျခာက္လန္႔ဖို႔ကြၽန္ေတာ္ တုတ္ေခ်ာင္းေဝွ့ခဲ့တာပါ ။ ဆိုးဝါးလြန္းတာကေတာ့ သူတို႔ကကြၽန္ေတာ္ငွက္ေပါက္စေလးကိုသတ္လိုက္တယ္လို႔ ယံုၾကည္ေနၾကလို႔ပါပဲ ” ဆိုၿပီး Kewat ကေျပာဆိုခဲ့ပါတယ္ ။

တိရစာၦန္ခ်စ္သူေတြကေတာ့ က်ီးကန္းေတြကလူတစ္ေယာက္ရဲ႕မ်က္ႏွာကိုအခ်ိန္အေတာ္ၾကာ မွတ္မိေနခဲ့ၿပီး လက္တံု႔ျပန္ခဲ့ၾကတဲ့အတြက္ အေတာ္ေလးကိုအံ့ၾသထိတ္လန္႔သြားခဲ့ၾကပါတယ္ ။

ငွက္ေတြအေၾကာင္ ေလ့လာၿပီးသုေတသနျပဳလုပ္ေနတဲ့ ပေရာ္ဖက္ဆာ Ashok Kumar Munjal ေျပာျပခ်က္အရ က်ီးကန္းေတြဟာ အသိဥာဏ္ျမင့္မားတဲ့ငွက္အမ်ိဳးအစားျဖစ္ၿပီး ၊ လူေတြရဲ႕မ်က္ႏွာကိုမွတ္မိႏိုင္တဲ့ ဥာဏ္ရည္ဥာဏ္ေသြးမ်ိဳးပိုင္ဆိုင္ထားၾကေသာေၾကာင့္ အခ်ိန္အေတာ္ၾကာလူတစ္ေယာက္ထဲကိုတိုက္ခိုက္ေနျခင္းမ်ိဳးျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz