၇ ရက္ၾကာရင္ ျပန္ေကာင္းမယ္လို႔ ယုံၾကည္လိုက္ပါ

၇ ရက္ၾကာရင္ ျပန္ေကာင္းမယ္လို႔ ယုံၾကည္လိုက္ပါ

သတိျပဳရန္မ်ား…

ေခါင္းအရမ္းထိုးကိုက္တာ၊ အပူေငြ႕ေငြ႕နဲ႔ စ ဖ်ားတာဆို သတိဝင္လိုက္ပါေတာ့။

အဲဒါ စ ကူးရင္ ျပတတ္တဲ့ လကၡဏာပါ။ လုံးဝအျပင္မထြက္ပါနဲ႔။ အိမ္ထဲကလူေတြနဲ႔ ခြဲေနၿပီး mask တပ္ပါ။

ဖ်ားၿပီး ၂ ရက္ေလာက္ ၾကာတဲ့အခါ ႐ုတ္တရက္ အနံ႔ေပ်ာက္သြားတတ္ပါတယ္။ အရမ္းစိတ္လႈပ္ရွားတဲ့ အခ်ိန္ပါ။ သတိဝင္ပါ။ စိတ္ကို တည္ၿငိမ္ေအာင္ ထားရမယ္ဆိုတာကို။

အနံ႔ေပ်ာက္ၿပီး ၃ ရက္ခန္႔အၾကာမွာ O2 က်ၿပီး အသက္ရႈရခက္တတ္ပါတယ္။ ေဆး႐ုံမသြားႏိုင္ခဲ့ရင္ covid-19 call centre (2019) ကို ဖုန္းဆက္ပါ။ လိုအပ္တာေတြ လမ္းၫႊန္ေပးပါတယ္။ (ညေန 5 နာရီထိ)

စ ျဖစ္ၿပီး ၇ ရက္ေျမာက္ေန႔ကေန ၁၀ ရက္ေျမာက္ေန႔ထိ ဟာ ျပန္လည္သက္သာလာတတ္တဲ့ recovery ရက္ေတြျဖစ္ပါတယ္။ အဲဒီရက္ေတြမွာ အားပိုရွိေအာင္ လုပ္ပါ။

အနံ႔ေပ်ာက္ျခင္းဟာ ၁၀ ရက္ထက္လည္း ေက်ာ္သြားတတ္သလို အနည္းငယ္ေမာတာဟာလည္း ဆက္ရွိေနတတ္ပါတယ္။ အားရွိဖို႔ကို ဂ႐ုစိုက္ပါ။လည္ေခ်ာင္းနာတဲ့ လကၡဏာဟာ လူတိုင္းမွာ မျပပါဘူး။ ေခ်ာင္းေျခာက္ ေန႔တိုင္းဆိုးႏိုင္ပါတယ္။ ဝမ္းအရည္သြားတတ္ပါေသးတယ္။

ကိုယ့္ကို စိတ္ဓာတ္ခြန္အားေပးႏိုင္မယ့္ မိတ္ေဆြ ၂ ဦး၊ ၃ ဦး နဲ႔ စ ျဖစ္ကတည္းက ဆက္သြယ္ၿပီးခြန္အားယူပါ။ လူေတြအမ်ားႀကီးနဲ႔ အဆက္အသြယ္မလုပ္ပါနဲ႔။ Depression ရႏိုင္ပါတယ္။

တိုက္တြန္းလိုသည္မ်ား

– ေရေႏြးေငြ႕ထဲ ကြမ္း႐ြက္ထည့္ေျခၿပီး ရႉပါ။

– ထမင္းေငြ႕ရႉပါ။

– အသက္ရႉေလ့က်င့္ခန္းလုပ္ပါ။

– Aircon, ပန္ကာ ပိတ္ထားပါ။

– ျပတင္းမ်ား ဖြင့္ထားပါ။

– ၾကက္ေပါင္းရည္/ ငွက္သိုက္ ေသာက္ပါ။

– အသီးအႏွံစားပါ။

– အေစာပိုင္းဖ်ားတဲ့ 2 ရက္ခန္႔မွာ ထမင္း မစားပါနဲ႔။ဓာတ္ဆားရည္ေသာက္ပါ။

– ေရဓာတ္အတတ္ႏိုင္ဆုံး ျဖည့္ပါ။ ေရမ်ားမ်ားေသာက္ပါ။ ေအာက္ဆီဂ်င္ တက္ပါတယ္။

– Multivitamin ေရဆူေဆးျပားေသာက္ပါ။

– အနံ႔မရလို႔ထမင္းမစားဘဲ မေနပါနဲ႔။

– မနက္၊ ေန႔၊ ညေန ဝင္သေလာက္ စားေပးပါ။

– ၾကက္ဥ တစ္ေန႔ေလးလုံး၊ ႏြားႏို႔ ၂ ခြက္ ေသာက္ ေပးပါ။

– အိပ္ေရးဝေအာင္ အိပ္ပါ။ အိပ္မေပ်ာ္ ျဖစ္တတ္ပါသည္။

– တရားနားေထာင္ပါ။ျဖစ္ႏိုင္လ်င္ တရားထိုင္ပါ။

– စိတ္ကို ၿငိမ္ေအာင္ထားပါ။

– အသား၊ ငါး၊ ဥ၊ အသီးအ႐ြက္ ရသေလာက္ စားေပးပါ။

– အသင့္စားအစားအေသာက္ေတြ အတတ္ႏိုင္ဆုံး မစားပါႏွင့္။

– အခ်ိဳရည္ေတြ မေသာက္ပါနဲ႔။

– ပူပူေႏြးေႏြးစားပါ။

– အလုပ္ေတြ တတ္ႏိုင္သေလာက္ မလုပ္ပါနဲ႔။

– ဦးေႏွာက္သုံးစဥ္းစားရမယ့္ကိစၥေတြလည္း ေရွာင္ပါ။ လုပ္ႏိုင္တယ္ဆိုၿပီးလုပ္ရင္ အားကုန္၊ ကိုယ္ခအား က်ပါတယ္။

– အနားယူေနပါ။ စိတ္ရႈပ္မခံပါနဲ႔။

– ဟိုေတြး ဒီေတြး ေတြးေနတတ္ရင္ ဟာသဇာတ္ကားမ်ား ၾကည့္ေနလိုက္ပါ။

– အရင္းႏွီးဆုံး မိတ္ေဆြမ်ားႏွင့္ စကား မၾကာခဏေျပာပါ။ သူတို႔ဆီကလည္း အႀကံေကာင္းေတြ ရႏိုင္ပါတယ္။

– ၇ ရက္ ေက်ာ္လာရင္ ျပန္ေကာင္းေတာ့မွာလို႔ ယုံၾကည္လိုက္ပါ။

– ဖ်ားတာ၊ အနံ႔မရတာက ေတာ္ေတာ္မ်ားမ်ား ျဖစ္တာျဖစ္ၿပီး ေမာတာ၊ ရင္ဘတ္ေအာင့္တာ၊ အသက္ရႈခက္တာေတြဟာ သတိထားရမယ့္ လကၡဏာပါ။ အဲဒီအေျခအေနမွာ လိုအပ္ရင္ ေဆး႐ုံသြားဖို႔ သတိထားပါ။ေမတၱာျဖင့္

Credit :

Unicode

၇ ရက်ကြာရင် ပြန်ကောင်းမယ်လို့ ယုံကြည်လိုက်ပါ

သတိပြုရန်များ…

ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။

အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။ လုံးဝအပြင်မထွက်ပါနဲ့။ အိမ်ထဲကလူတွေနဲ့ ခွဲနေပြီး mask တပ်ပါ။

ဖျားပြီး ၂ ရက်လောက် ကြာတဲ့အခါ ရုတ်တရက် အနံ့ပျောက်သွားတတ်ပါတယ်။ အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်ပါ။ သတိဝင်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားရမယ်ဆိုတာကို။

အနံ့ပျောက်ပြီး ၃ ရက်ခန့်အကြာမှာ O2 ကျပြီး အသက်ရှုရခက်တတ်ပါတယ်။ ဆေးရုံမသွားနိုင်ခဲ့ရင် covid-19 call centre (2019) ကို ဖုန်းဆက်ပါ။ လိုအပ်တာတွေ လမ်းညွှန်ပေးပါတယ်။ (ညနေ 5 နာရီထိ)

စ ဖြစ်ပြီး ၇ ရက်မြောက်နေ့ကနေ ၁၀ ရက်မြောက်နေ့ထိ ဟာ ပြန်လည်သက်သာလာတတ်တဲ့ recovery ရက်တွေဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အားပိုရှိအောင် လုပ်ပါ။

အနံ့ပျောက်ခြင်းဟာ ၁၀ ရက်ထက်လည်း ကျော်သွားတတ်သလို အနည်းငယ်မောတာဟာလည်း ဆက်ရှိနေတတ်ပါတယ်။ အားရှိဖို့ကို ဂရုစိုက်ပါ။လည်ချောင်းနာတဲ့ လက္ခဏာဟာ လူတိုင်းမှာ မပြပါဘူး။ ချောင်းခြောက် နေ့တိုင်းဆိုးနိုင်ပါတယ်။ ဝမ်းအရည်သွားတတ်ပါသေးတယ်။

ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် မိတ်ဆွေ ၂ ဦး၊ ၃ ဦး နဲ့ စ ဖြစ်ကတည်းက ဆက်သွယ်ပြီးခွန်အားယူပါ။ လူတွေအများကြီးနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ Depression ရနိုင်ပါတယ်။

တိုက်တွန်းလိုသည်များ

– ရေနွေးငွေ့ထဲ ကွမ်းရွက်ထည့်ခြေပြီး ရှူပါ။

– ထမင်းငွေ့ရှူပါ။

– အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

– Aircon, ပန်ကာ ပိတ်ထားပါ။

– ပြတင်းများ ဖွင့်ထားပါ။

– ကြက်ပေါင်းရည်/ ငှက်သိုက် သောက်ပါ။

– အသီးအနှံစားပါ။

– အစောပိုင်းဖျားတဲ့ 2 ရက်ခန့်မှာ ထမင်း မစားပါနဲ့။ဓာတ်ဆားရည်သောက်ပါ။

– ရေဓာတ်အတတ်နိုင်ဆုံး ဖြည့်ပါ။ ရေများများသောက်ပါ။ အောက်ဆီဂျင် တက်ပါတယ်။

– Multivitamin ရေဆူဆေးပြားသောက်ပါ။

– အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။

– မနက်၊ နေ့၊ ညနေ ဝင်သလောက် စားပေးပါ။

– ကြက်ဥ တစ်နေ့လေးလုံး၊ နွားနို့ ၂ ခွက် သောက် ပေးပါ။

– အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါသည်။

– တရားနားထောင်ပါ။ဖြစ်နိုင်လျင် တရားထိုင်ပါ။

– စိတ်ကို ငြိမ်အောင်ထားပါ။

– အသား၊ ငါး၊ ဥ၊ အသီးအရွက် ရသလောက် စားပေးပါ။

– အသင့်စားအစားအသောက်တွေ အတတ်နိုင်ဆုံး မစားပါနှင့်။

– အချိုရည်တွေ မသောက်ပါနဲ့။

– ပူပူနွေးနွေးစားပါ။

– အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။

– ဦးနှောက်သုံးစဉ်းစားရမယ့်ကိစ္စတွေလည်း ရှောင်ပါ။ လုပ်နိုင်တယ်ဆိုပြီးလုပ်ရင် အားကုန်၊ ကိုယ်ခအား ကျပါတယ်။

– အနားယူနေပါ။ စိတ်ရှုပ်မခံပါနဲ့။

– ဟိုတွေး ဒီတွေး တွေးနေတတ်ရင် ဟာသဇာတ်ကားများ ကြည့်နေလိုက်ပါ။

– အရင်းနှီးဆုံး မိတ်ဆွေများနှင့် စကား မကြာခဏပြောပါ။ သူတို့ဆီကလည်း အကြံကောင်းတွေ ရနိုင်ပါတယ်။

– ၇ ရက် ကျော်လာရင် ပြန်ကောင်းတော့မှာလို့ ယုံကြည်လိုက်ပါ။

– ဖျားတာ၊ အနံ့မရတာက တော်တော်များများ ဖြစ်တာဖြစ်ပြီး မောတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှုခက်တာတွေဟာ သတိထားရမယ့် လက္ခဏာပါ။ အဲဒီအခြေအနေမှာ လိုအပ်ရင် ဆေးရုံသွားဖို့ သတိထားပါ။မေတ္တာဖြင့်

Credit :