မိုးကောင်းမြို့တွင် မေ့ကျန်နေသော ရတနာပစ္စည်းများနှင့် ငွေကျပ်သိန်း(၄၀)ကျော်အား ပိုင်ရှင်ဖြစ်သူထံပြန်လည်အပ်နှံ။ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆိုင်တွင် ဈေးဝယ်လာသူအမျိုးသမီးတစ်ဦး မေ့ကျန်ခဲ့သောကြွပ်ကြွပ်အိတ်
အထုပ်အတွင်းပါရှိသည့် ငွေသား ကျပ်သိန်း(၄၀)ကျော်နှင့်ရတနာပစ္စည်း(၇)မျိုးတို့အား ဆိုင်ရှင်ဖြစ်သူဇနီးမောင်နှံတို့မှ ပိုင်ရှင်ထံသို့ပြန်လည်ပေးအပ်ခဲ့သည်။ ဖြစ်စဉ်မှာ ဇူလိုင်လ(၈)ရက်နေ့ နေ့လယ် (၂)နာရီအချိန်ခန့်တွင် မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်ရှိ ဦးရဲဇော်လတ်၊
ဒေါ်ခင်သက်သက်ပန်တို့ ဖွင့်လှစ်ထားသည့် ခင်သက်သက်ပန်ကုန်စုံဆိုင်သို့ အမျိုးသမီးတစ်ဦးဈေးဝယ်ရောက်ရှိလာပြီး လိုအပ်သည်များဝယ်ယူကာပြန်သွားခဲ့သည်။ အဆိုပါအမျိုးသမီးဈေးဝယ်လာစဉ်က ကိုင်ဆောင်လာသည့် ကြွပ်ကြွပ်အိတ်အဖြူတစ်လုံးမှာ ဈေးဆိုင်တွင်ကျန်ရစ်
ခဲ့သဖြင့် ဦးရဲဇော်လတ်မှ ကောက်ယူသိမ်းဆည်းခဲ့ပြီး နာရီဝက်ခန့်အကြာတွင် အဆိုပါအမျိုးသမီးမှာ ပြန်လည်ရောက်ရှိလာပြီး ၎င်း၏အထုပ်ကျန်/မကျန်မေးမြန်းသဖြင့် ဦးရဲဇော်လတ်မှ အထုပ်အားပြန်ပေးကာ ပစ္စည်းများအားစစ်ဆေးစေရာ ငွေသားသိန်း(၄၀)ကျော်နှင့်ရတနာ
ပစ္စည်း(၇)မျိုးတို့အား အပြည့်အစုံတွေ့ရှိရပြီးပိုင်ရှင်အမျိုးသမီးမှ ကျေးဇူးတင်စကားပြောကာ ပြန်ထွက်သွားခဲ့သည်။ “ကျွန်တော်တို့ဆိုင်ကို အမျိုးသမီးတစ်ယောက် ဈေးဝယ်လာရင်း ကြွပ်ကြွပ်အိတ်အဖြူတစ်လုံး မေ့ကျန်ခဲ့လို့သိမ်းထားလိုက်ပါတယ်။ ကြွပ်ကြွပ်အိတ်အဖြူထဲမှာ
ကြွပ်ကြွပ်အိတ်အမည်းရောင်နဲ့ထုပ်ထားတဲ့အထဲမှာ ဘာတွေပါမှန်းမသိပါဘူး။ နာရီဝက်လောက်ကြာတော့ အထုပ်ပိုင်ရှင်အမျိုးသမီးပြန်ရောက်လာပြီး သူ့အိတ်တစ်လုံးကျန်/မကျန်မေးတော့ ကျွန်တော်ကထုပ်ပေးပြီးပစ္စည်းတွေစစ်ခိုင်းတော့ ကြွပ်ကြွပ်အိတ်အမည်းထဲကငွေသား
သိန်း(၄၀)ကျော်နဲ့ ရတနာပစ္စည်း(၇)မျိုးပါတာတွေ့ရပါတယ်။ ပိုင်ရှင်ကလည်းသူ့ပစ္စည်းပြန်ရလို့ဝမ်းသာပြီး ကျွန်တော်တို့ကိုကျေးဇူးတင် စကားပြောသွားတော့ ကျွန်တော်တို့လည်း ပီတိဖြစ်ရပါတယ်”ဟု ဦးရဲဇော်လတ်က ပြောပြသည်။ လေးစားစွာဖြင့် ခရက်ဒစ်.
Zawgyi
မိုးေကာင္းၿမိဳ႕တြင္ ေမ့က်န္ေနေသာ ရတနာပစၥည္းမ်ားႏွင့္ ေငြက်ပ္သိန္း(၄၀)ေက်ာ္အား ပိုင္ရွင္ျဖစ္သူထံျပန္လည္အပ္ႏွံ။ ကခ်င္ျပည္နယ္ မိုးညႇင္းခရိုင္ မိုးေကာင္းၿမိဳ႕ နတ္ႀကီးကုန္းရပ္ကြက္ရွိ ကုန္စုံဆိုင္တစ္ဆိုင္တြင္ ေဈးဝယ္လာသူအမ်ိဳးသမီးတစ္ဦး ေမ့က်န္ခဲ့ေသာႂကြပ္ႂကြပ္အိတ္
အထုပ္အတြင္းပါရွိသည့္ ေငြသား က်ပ္သိန္း(၄၀)ေက်ာ္ႏွင့္ရတနာပစၥည္း(၇)မ်ိဳးတို႔အား ဆိုင္ရွင္ျဖစ္သူဇနီးေမာင္ႏွံတို႔မွ ပိုင္ရွင္ထံသို႔ျပန္လည္ေပးအပ္ခဲ့သည္။ ျဖစ္စဥ္မွာ ဇူလိုင္လ(၈)ရက္ေန႔ ေန႔လယ္ (၂)နာရီအခ်ိန္ခန႔္တြင္ မိုးေကာင္းၿမိဳ႕ နတ္ႀကီးကုန္းရပ္ကြက္ရွိ ဦးရဲေဇာ္လတ္၊
ေဒၚခင္သက္သက္ပန္တို႔ ဖြင့္လွစ္ထားသည့္ ခင္သက္သက္ပန္ကုန္စုံဆိုင္သို႔ အမ်ိဳးသမီးတစ္ဦးေဈးဝယ္ေရာက္ရွိလာၿပီး လိုအပ္သည္မ်ားဝယ္ယူကာျပန္သြားခဲ့သည္။ အဆိုပါအမ်ိဳးသမီးေဈးဝယ္လာစဥ္က ကိုင္ေဆာင္လာသည့္ ႂကြပ္ႂကြပ္အိတ္အျဖဴတစ္လုံးမွာ ေဈးဆိုင္တြင္က်န္ရစ္
ခဲ့သျဖင့္ ဦးရဲေဇာ္လတ္မွ ေကာက္ယူသိမ္းဆည္းခဲ့ၿပီး နာရီဝက္ခန႔္အၾကာတြင္ အဆိုပါအမ်ိဳးသမီးမွာ ျပန္လည္ေရာက္ရွိလာၿပီး ၎၏အထုပ္က်န္/မက်န္ေမးျမန္းသျဖင့္ ဦးရဲေဇာ္လတ္မွ အထုပ္အားျပန္ေပးကာ ပစၥည္းမ်ားအားစစ္ေဆးေစရာ ေငြသားသိန္း(၄၀)ေက်ာ္ႏွင့္ရတနာ
ပစၥည္း(၇)မ်ိဳးတို႔အား အျပည့္အစုံေတြ႕ရွိရၿပီးပိုင္ရွင္အမ်ိဳးသမီးမွ ေက်းဇူးတင္စကားေျပာကာ ျပန္ထြက္သြားခဲ့သည္။ “ကၽြန္ေတာ္တို႔ဆိုင္ကို အမ်ိဳးသမီးတစ္ေယာက္ ေဈးဝယ္လာရင္း ႂကြပ္ႂကြပ္အိတ္အျဖဴတစ္လုံး ေမ့က်န္ခဲ့လို႔သိမ္းထားလိုက္ပါတယ္။ ႂကြပ္ႂကြပ္အိတ္အျဖဴထဲမွာ
ႂကြပ္ႂကြပ္အိတ္အမည္းေရာင္နဲ႔ထုပ္ထားတဲ့အထဲမွာ ဘာေတြပါမွန္းမသိပါဘူး။ နာရီဝက္ေလာက္ၾကာေတာ့ အထုပ္ပိုင္ရွင္အမ်ိဳးသမီးျပန္ေရာက္လာၿပီး သူ႔အိတ္တစ္လုံးက်န္/မက်န္ေမးေတာ့ ကၽြန္ေတာ္ကထုပ္ေပးၿပီးပစၥည္းေတြစစ္ခိုင္းေတာ့ ႂကြပ္ႂကြပ္အိတ္အမည္းထဲကေငြသား
သိန္း(၄၀)ေက်ာ္နဲ႔ ရတနာပစၥည္း(၇)မ်ိဳးပါတာေတြ႕ရပါတယ္။ ပိုင္ရွင္ကလည္းသူ႔ပစၥည္းျပန္ရလို႔ဝမ္းသာၿပီး ကၽြန္ေတာ္တို႔ကိုေက်းဇူးတင္ စကားေျပာသြားေတာ့ ကၽြန္ေတာ္တို႔လည္း ပီတိျဖစ္ရပါတယ္”ဟု ဦးရဲေဇာ္လတ္က ေျပာျပသည္။ ေလးစားစြာျဖင့္ ခရက္ဒစ္.