ပါချုပ်ဆရာတော်ဘုရားကြီးရဲ့ ဉာဏ်အမြော်အမြင် ရှိခဲ့ပုံအကြောင်းတွေးရင်း မျက်ရည်ကျမိကြောင်း ဖွင့်ဟလိုက်တဲ့ ဒါယကာတစ်ဦး
မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ ကိုဗစ်ရောဂါတွေ အလျင်အမြန်နဲ့ ကူးစက်နေပြီး ကိုဗစ်ကြောင့် ပြည်သူတွေလည်း နေ့စဉ်နီးပါး ေ.သ.ဆုံ.းနေခဲ့ပါတယ်။ ယခု ကိုဗစ်တတိယလှိုင်းက အခြေအနေတော်တော်လေး ဆိုးရွားနေပြီး အသ.က်ရှူကြ.ပ်လူ.န.ာတွေလည်း အများအပြား
ရှိနေတာကြောင့် အောက်ဆီဂျင်စက်တွေလည်း အမြန်လိုအပ်နေကြပါတယ်။ အောက်ဆီဂျင်စက်မရရှိဘဲ သေဆုံးသွားတဲ့ ပြည်သူတွေလည်းရှိနေပြီး အောက်ဆီဂျင်ဖြည့်ပေးတဲ့ ဆိုင်တွေမှာလည်း လူတွေ တန်းစီစောင့်ဆိုင်းနေရတဲ့ အခြေအနေဖြစ်နေပါတယ်။ ကိုဗစ်ဒုတိယလှိုင်း
တုန်းကတော့ အမေစုအစိုးရနဲ့ အလွှာအသီးသီးက ပြည်သူတွေပူးပေါင်းပြီး တိုက်ထုတ်ခဲ့ကြကာ ကိုဗစ်ရောဂါကို ကောင်းကောင်းထိ.န်.းချု.ပ်.နိုင်ခဲ့ပါတယ်။ မနှစ်ကတော့ ပါချုပ်ဆရာတော်ဘုရားကြီးဟာ အောက်ဆီဂျင်စက်ကြီးတွေ ဝယ်ယူဖို့အတွက် သိန်း (၁၀၀၀) တိတိ လှူဒါန်း
ခဲ့ပါတယ်။ အနီးကပ်ပြုစုနေတဲ့ ဒါယကာတစ်ယောက်က ဉာဏ်အမြော်အမြင်ရှိရှိနဲ့ အောက်ဆီဂျင်စက်ကြီးတွေ ဝယ်ယူဖို့အတွက် သိန်း (၁၀၀၀) လှူဒါန်းခဲ့တဲ့ ပါချုပ်ဆရာတော်ဘုရာကြီးရဲ့ အကြောင်းတွေးရင်း မျက်ရည်ကျမိကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဒါယကာတစ်ဦးက ” Oxygen
ပြတ်တာတွေကြည့်ပြီး ဆရာတော်ဘုရားကြီးရဲ့ ဉာဏ်အမြော်အမြင်ရှိတာလေး ခုမှပြန်စဉ်းစားပြီး ပိုကြည်ညိုရပြန်တယ်။ ကိုဗစ်တွေစဖြစ်ချိန် ဆရာတော်ဘုရားကြီး ၃ လတစ်ခါ မနှစ်ကဝါမဆိုခင် ကျန်းမာရေး ဆေးစစ်ချက်တွေ လုပ်လေ့ရှိတယ်။ အိမ်က ဘိုးတော်ဦးမြင့်သူကလည်း
ဆေးပြဖို့နဲ့ လေယာဉ်အတွက် လှူတယ်။ ဦးဇော်ဇော်ကလည်း ဆေးဖိုးအတွက်လှူတယ်။ နှစ်ယောက်လှူဆိုတော့ ဆေးဖိုးပိုငွေတွေကို ဆရာတော်ကြီး ဆေးဖိုးတွေပြန်ပေးတော့ ဒါကာနှစ်ဦးစလုံးက မယူဘဲ ဆရာတော်ကြီး လိုရာသုံးပါဆိုပြီး ပြန်လှူကြတယ်။ ဒါနဲ့ဆရာတော်ကြီး အများ
လှူဒါန်းတဲ့ နဝကမ္မတွေက ဘုန်းဘုန်းသုံးစရာမှ မလိုတာ အများအတွက် ဖောင်ကြီးက ကိုဗစ်စင်တာမှာလိုအပ်တဲ့ Oxygen စက်ကြီးအတွက် သိန်း (၁၀၀၀) လှူလိုက်တယ်။ ပညာတကယ်ကို ရှိပါပေတယ်။ ဘုန်းဘုန်းက အမြဲပြောလေ့ရှိတဲ့ စကားလေးတစ်ခု ရေရှည်အကျိူးရှိတဲ့
ကုသိုလ်ဘဲ ဘုန်းဘုန်းလုပ်ချင်တယ် သိလား ချမ်းမြေ့ရတယ်တဲ့။ ခုတကယ်ကို အကျိုးရှိလှပါတယ်ဗျာ။ ဆရာတော်ဘုရားကြီးတွေ အသက်ရှည်ရှည်ဖြင့် ပညာအုပ်မိုးကာ အများအတွက် ကုသိုလ်တွေ ထပ်ပြုနိုင်ကြပါစေဘုရား လို့ ရှစ်ခိုးဦးတင်မိတယ်” ဆိုပြီး ရေးသားထားခဲ့ပါတယ်။
Zawgyi