မိုးလင်းလို့ နံနက်ခင်းအိပ်ရာထတာနဲ့ ဒါမှမဟုတ် ညအိပ်ရာမဝင်မီအချိန်မှာ သွားတိုက်တံလှမ်းယူတဲ့အခါ သွားတိုက်တံမှာ ရောဂါပိုးပါနိုင်ကြောင်း ကျွန်တော်တို့မသိကြပါ။
သုံးပြီးသား သွားတိုက်တံတွေမှာ သာမန်မျက်စိနဲ့ မမြင်နိုင် ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ ပါရှိပါတယ်။ဒါ ကြောင့် မိမိသွား တိုက်တံ ကိုရောဂါပိုးကင်းဝေးစေတဲ့နည်းလမ်းတွေကတော့
-သွားတိုက်တံမကိုင်ခင် လက်ကိုဆပ်ပြာ(သို့မဟုတ်)ရေနွေးနဲ့ မဖြစ်နေဆေးကြောပေးပါ
-အဲဒီအပြင်သွားတိုက်တံကိုလည်းအသုံးအပြုပြီး နဲ့အသုံးမပြုမီ ရေနွေးနဲ့ ခေတ္တစိမ်ထားသင့်သည်
-လက်ဖက်ရည်ဇွန်း(၁)ဇွန်းကို ရေ(၁)ခွက်နဲ့ရောစပ်ပြီး သွားတိုက်တံကို အနည်းဆုံး စက္ကန့် ၃၀ ထိုရေထဲ စိမ်ပေးပါ နောက်ပြီးရေနွေးနဲ့ပြန်လည်ဆေးကြောသန့်စင်ပါ
-Hydrogen Peroxide အစား အရက်ပြန်ပါတဲ့ ပလုတ်ကျင်းဆေးရည်ကို အသုံးပြုနိုင်ပါတယ်။
-ရှာလကာရည်စစ်စစ်နဲ့ သွားတိုက်ကိုစိမ်ထားတာက လည်းအလွန်ကောင်းတဲ့နည်းလမ်းတစ်ခုပါ
-နောက်တစ်မျိုးက ပွက်ပွက်ဆူနေတဲ့ ခွက်ထဲမှာ သွားတိုက်တံကို ၃ မိနစ်ကနေ ၅မိနစ် ထားပေးလို့လည်းရပါတယ်
ဒါတွေကတော့ ကိုယ်သွားတိုက်တံကို ရောဂါပိုးကင်းတဲ့ ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းတွေဖြစ်ပါတယ်။
Credit – PoPoLay
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners
Zawgyi
မိုးလင္းလို႔ နံနက္ခင္းအိပ္ရာထတာနဲ႔ ဒါမွမဟုတ္ ညအိပ္ရာမဝင္မီအခ်ိန္မွာ သြားတိုက္တံလွမ္းယူတဲ့အခါ သြားတိုက္တံမွာ ေရာဂါပိုးပါႏိုင္ေၾကာင္း ကြၽန္ေတာ္တို႔မသိၾကပါ။
သုံးၿပီးသား သြားတိုက္တံေတြမွာ သာမန္မ်က္စိနဲ႔ မျမင္ႏိုင္ ပိုးမႊားေတြ၊ ဗိုင္းရပ္စ္ေတြနဲ႔ ဘက္တီးရီးယားေတြ ပါရွိပါတယ္။ဒါ ေၾကာင့္ မိမိသြား တိုက္တံ ကိုေရာဂါပိုးကင္းေဝးေစတဲ့နည္းလမ္းေတြကေတာ့
-သြားတိုက္တံမကိုင္ခင္ လက္ကိုဆပ္ျပာ(သို႔မဟုတ္)ေရေႏြးနဲ႔ မျဖစ္ေနေဆးေၾကာေပးပါ
-အဲဒီအျပင္သြားတိုက္တံကိုလည္းအသုံးအျပဳၿပီး နဲ႔အသုံးမျပဳမီ ေရေႏြးနဲ႔ ေခတၱစိမ္ထားသင့္သည္
-လက္ဖက္ရည္ဇြန္း(၁)ဇြန္းကို ေရ(၁)ခြက္နဲ႔ေရာစပ္ၿပီး သြားတိုက္တံကို အနည္းဆုံး စကၠန႔္ ၃၀ ထိုေရထဲ စိမ္ေပးပါ ေနာက္ၿပီးေရေႏြးနဲ႔ျပန္လည္ေဆးေၾကာသန႔္စင္ပါ
-Hydrogen Peroxide အစား အရက္ျပန္ပါတဲ့ ပလုတ္က်င္းေဆးရည္ကို အသုံးျပဳႏိုင္ပါတယ္။
-ရွာလကာရည္စစ္စစ္နဲ႔ သြားတိုက္ကိုစိမ္ထားတာက လည္းအလြန္ေကာင္းတဲ့နည္းလမ္းတစ္ခုပါ
-ေနာက္တစ္မ်ိဳးက ပြက္ပြက္ဆူေနတဲ့ ခြက္ထဲမွာ သြားတိုက္တံကို ၃ မိနစ္ကေန ၅မိနစ္ ထားေပးလို႔လည္းရပါတယ္
ဒါေတြကေတာ့ ကိုယ္သြားတိုက္တံကို ေရာဂါပိုးကင္းတဲ့ ထိန္းသိမ္းဖို႔ အေကာင္းဆုံးနည္းလမ္းေတြျဖစ္ပါတယ္။
Credit – PoPoLay
မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။
Photo Credit to Owners