ပျော်လွန်းလို့မျက်ရည်ကျသလို ၊ ဝမ်းနည်းတဲ့အချိန်ရောက်ရင်လည်း မျက်ရည်ကျတတ်လေ့ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း Armenia နိုင်ငံမှာ နေထိုင်တဲ့ အသက်22နှစ်အရွယ်မိန်းကလေးဟာ
သူမ၏မျက်လုံးကနေ နေ့စဉ်ငိုလိုက်တိုင်း ဖန်ကွဲစလိုအရာတွေ ထွက်ကျလေ့ရှိပါတယ် ။ သူမကတော့ ” မျက်ရည်အစား မျက်လုံထဲကနေ ဖန်စလေးတွေထွက်ကျလာတဲ့အတွက် တော်တော်ဆိုးရွားလွန်းတဲ့ ဝေဒနာမျိုးကိုခံစားနေရပါတယ် ” ဆိုပြီး သူမကပြောပြခဲ့ပါတယ် ။
ပထမဆုံအကြိမ် အဆိုပါလက္ခဏာမျိုးစတင် ခံစားရတဲ့အချိန်က သူမရဲ့မျက်လုံးထဲဖုန်တွေဝင်ရောက်လို့ဖြစ်မယ်လို့သာယူဆပြီး သိပ်ဂရုမစိုက်မိခဲ့ပါဘူး ။ သူမရဲ့မိသားစုဝင်တွေက သူမရဲ့ပါးပေါ်မှာ ဖန်ကွဲစအသေးလေးတွေတွေ့ခဲ့တဲ့အတွက် သံသယဝင်လာခဲ့ပါတယ် ။
နောက်ပိုင်းမှာတော့ သူမရဲ့အခြေအနေဟာပိုမိုဆိုးရွားလာခဲ့ပြီး တစ်ရက်ကိုမျက်လုံးထဲကနေ ဖန်ကွဲစလေးတွေ အခုပေါင်း 50 လောက်ထွက်ကျလာခဲ့ပါတယ် ။ Satenike ကတော့ ” အခုနေ့တိုင်းက ကျွန်မအတွက်ငရဲကျနေသလိုပါပဲ ” ဆိုပြီးသူမရဲ့ခံစားမှုကို ပြောပြသွားခဲ့ပါတယ် ။
ကံဆိုးစွာနဲ့ပဲ သူမအခြေအနေတွေကိုစစ်ဆေးပေးခဲ့တဲ့ဆရာဝန်ဟာ မယုံကြည်နိုင်အောင်ဖြစ်ခဲ့ပြီး သူမ၏အခြေအနေကိုနားမလည်နိုင်အောင်ဖြစ်နေပြီး မကုသပေးနိုင်ခဲ့တဲ့အတွက် မပြင်းထန်တဲ့ဆေးတွေနဲ့
မျက်စင်းခတ်ဆေးတွေကိုသာ သုံးဖို့ညွန်ကြားနိုင်ခဲ့ပါတယ် ။ Armenia နိုင်ငံရဲ့ကျန်းမာရေးဝန်ကြီးဌာနကလည်း သူမရဲ့အခြေအနေကိုစစ်ဆေးပေးဖို့အတွက် ဆက်သွယ်လာခဲ့သဖြင့် စမ်းသပ်စစ်ဆေးဖို့အတွက် နမူနာအနေနဲ့သူမရဲ့ မျက်ရည်စလေးတွေကိုပေးပို့ခဲ့ပါတယ် ။
ရုရှားလူမျိုးမျက်စိပညာရှင်တစ်ယောက်ကတော့ သူမ၏အခြေအနေဟာ မျက်ရည်ထဲမှာရှိတဲ့ဆားဓာတ်တွေကို အစိုင်အခဲအနေနဲ့ပြန်လည်ပုံဆောင်နိုင်သည့် စွမ်းရည်မျိုးပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက်ကြောင့်ဟု ယူဆခဲ့ကြပါတယ် ။
Jasmine (Mckzone Daily)
Source: worldofbuzz
Zawgyi
ေပ်ာ္လြန္းလို႔မ်က္ရည္က်သလို ၊ ဝမ္းနည္းတဲ့အခ်ိန္ေရာက္ရင္လည္း မ်က္ရည္က်တတ္ေလ့႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း Armenia ႏိုင္ငံမွာ ေနထိုင္တဲ့ အသက္22ႏွစ္အရြယ္မိန္းကေလးဟာ
သူမ၏မ်က္လံုးကေန ေန႔စဥ္ငိုလိုက္တိုင္း ဖန္ကြဲစလိုအရာေတြ ထြက္က်ေလ့႐ွိပါတယ္ ။ သူမကေတာ့ ” မ်က္ရည္အစား မ်က္လံုထဲကေန ဖန္စေလးေတြထြက္က်လာတဲ့အတြက္ ေတာ္ေတာ္ဆိုးရြားလြန္းတဲ့ ေဝဒနာမ်ိဳးကိုခံစားေနရပါတယ္ ” ဆိုၿပီး သူမကေျပာျပခဲ့ပါတယ္ ။
ပထမဆံုအႀကိမ္ အဆိုပါလကၡဏာမ်ိဳးစတင္ ခံစားရတဲ့အခ်ိန္က သူမရဲ႕မ်က္လံုးထဲဖုန္ေတြဝင္ေရာက္လို႔ျဖစ္မယ္လို႔သာယူဆၿပီး သိပ္ဂ႐ုမစိုက္မိခဲ့ပါဘူး ။ သူမရဲ႕မိသားစုဝင္ေတြက သူမရဲ႕ပါးေပၚမွာ ဖန္ကြဲစအေသးေလးေတြေတြ႔ခဲ့တဲ့အတြက္ သံသယဝင္လာခဲ့ပါတယ္ ။
ေနာက္ပိုင္းမွာေတာ့ သူမရဲ႕အေျခအေနဟာပိုမိုဆိုးရြားလာခဲ့ၿပီး တစ္ရက္ကိုမ်က္လံုးထဲကေန ဖန္ကြဲစေလးေတြ အခုေပါင္း 50 ေလာက္ထြက္က်လာခဲ့ပါတယ္ ။ Satenike ကေတာ့ ” အခုေန႔တိုင္းက ကြၽန္မအတြက္ငရဲက်ေနသလိုပါပဲ ” ဆိုၿပီးသူမရဲ႕ခံစားမႈကို ေျပာျပသြားခဲ့ပါတယ္ ။
ကံဆိုးစြာနဲ႔ပဲ သူမအေျခအေနေတြကိုစစ္ေဆးေပးခဲ့တဲ့ဆရာဝန္ဟာ မယံုၾကည္ႏိုင္ေအာင္ျဖစ္ခဲ့ၿပီး သူမ၏အေျခအေနကိုနားမလည္ႏိုင္ေအာင္ျဖစ္ေနၿပီး မကုသေပးႏိုင္ခဲ့တဲ့အတြက္ မျပင္းထန္တဲ့ေဆးေတြနဲ႔
မ်က္စင္းခတ္ေဆးေတြကိုသာ သံုးဖို႔ၫြန္ၾကားႏိုင္ခဲ့ပါတယ္ ။ Armenia ႏိုင္ငံရဲ႕က်န္းမာေရးဝန္ႀကီးဌာနကလည္း သူမရဲ႕အေျခအေနကိုစစ္ေဆးေပးဖို႔အတြက္ ဆက္သြယ္လာခဲ့သျဖင့္ စမ္းသပ္စစ္ေဆးဖို႔အတြက္ နမူနာအေနနဲ႔သူမရဲ႕ မ်က္ရည္စေလးေတြကိုေပးပို႔ခဲ့ပါတယ္ ။
႐ု႐ွားလူမ်ိဳးမ်က္စိပညာ႐ွင္တစ္ေယာက္ကေတာ့ သူမ၏အေျခအေနဟာ မ်က္ရည္ထဲမွာ႐ွိတဲ့ဆားဓာတ္ေတြကို အစိုင္အခဲအေနနဲ႔ျပန္လည္ပံုေဆာင္ႏိုင္သည့္ စြမ္းရည္မ်ိဳးပိုင္ဆိုင္ထားတာျဖစ္တဲ့အတြက္ေၾကာင့္ဟု ယူဆခဲ့ၾကပါတယ္ ။
Jasmine (Mckzone Daily)
Source: worldofbuzz