လှေကားပေါ်ကနေတောင် ဆင်းဖို့ပျင်းနေတဲ့ကြောင်လေးရဲ့ ချစ်ဖို့ကောင်းတဲ့ (ရုပ်/သံ)
ဒီကြောင်လေးကတော့ တော်တော်လေးကိုဉာဏ်ကောင်းတယ်လို့ပြောရမှာပါပဲ ။ လှေကားပေါ်ကနေ ဆင်းဖို့ပျင်းလွန်းလို့ လှေကားထိပ်နားမှာထားထားတဲ့ အဝတ်ခြင်းတောင်းအလွတ်ထဲ
ဝင်စီးပြီး လှေကားပေါ်ကနေလျှောစီးဆင်းသွားခဲ့ပါတယ် ။အဆိုပါကြောင်လေးဟာ အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ်မှာနေထိုင်တဲ့
Erie အမည်ရတဲ့ကြောင်လေးဖြစ်ပြီး Video ထဲမှာတော့ မီခိုးရောင်နဲ့ကြောင်လေးဟာ လှေကားအရင်နားသို့ လမ်းလျှောက်သွားခဲ့ပြီး စပ်စပ်စုစုဟိုနားဒီနား တစ်ချက်ကြည့်ကာ သူသွားလိုသည့်နေရာကို
တစ်ချက်ကြည့်လိုက်ပြီးနောက် အဝတ်ခြင်တောင်းထဲသို့ခုန်ဝင်သွားခဲ့ပါတယ် ။ ထို့နောက် အဝတ်ခြင်တောင်၏လှေကားအောက်ဖက်သို့ အားယူပြီးလျှောစီးဆင်းသွားခဲ့ပြီး
အောက်ဖက်သို့ရောက်ပြီး တံခါးပေါက်နဲ့ရိုက်မိတဲ့ချိန်မှာတော့ ဘာမှမဖြစ်သလို သူစီးနေကျပုံစံလေးအတိုင်း ခြင်းတောင်းထဲကနေထထွက်သွားခဲ့ပါတယ် ။
ကြောင်လေးဟာ ပျင်းလွန်းပေမဲ့လည်း သူ့ရဲ့အထင်ကြီးလောက်တဲ့ လှည့်ကွက်တွေကို လှေကားထိပ်မှာရှိနေခဲ့တဲ့ လူတစ်ယောက်က အမိအရရိုက်ကူးပေးနိုင်ခဲ့ပါတယ် ။
Jasmine (Mckzone Daily)
Source:dailymail
Zawgyi
Jasmine (Mckzone Daily)
Source:dailymail