အလုံပိတ္ အခန္းထဲ အပင္ထည့္ၿပီး အိပ္သင့္ မအိပ္သင့္
အပင္က သက္ရွိျဖစ္တဲ့ အတြက္ Respiration လုပ္တယ္။ လူေတြလိုပဲ ေအာက္ဆီဂ်င္ ရႉပါတယ္။
ဒါဆို အပင္က ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ရႉၿပီး ေအာက္ဆီဂ်င္ ထုတ္ေပးတယ္ဆို??? ဟုတ္ပါတယ္ ရႉ တာေတာ့ မဟုတ္ဘူး။
ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို အသုံးျပဳၿပီး အလင္းနဲ႔ အစာခ်က္တဲ့ ျဖစ္စဥ္ (Photosynthesis) မွာေအာက္ဆီဂ်င္ ကို ျပန္ထုတ္ေပးတာပါ။
အစိမ္းေရာင္ရွိတဲ့ အပင္ေတြမွာ အစိမ္းေရာင္ျခယ္ပစၥည္း ကလို႐ိုဖဲလ္ (Chlorophyll) ပါတဲ့ အတြက္ ေန႔ အလင္းေရာင္ ရွိတဲ့ အခ်ိန္မွာ အစာခ်က္လုပ္ႏိုင္ပါတယ္။
ေန႔ဘက္မွာ ေအာက္ဆီဂ်င္ ထုတ္ေပးႏိုင္ပါတယ္။ေနေရာင္ျခည္ မရွိတဲ့ ညအခါမွာေတာ့ သူလဲ လူေတြလိုပဲေအာက္ဆီဂ်င္ ရႉတဲ့ Respiration ျဖစ္စဥ္တစ္မ်ိဳးသာ လုပ္ပါတယ္။
ကာဗြန္ဒိုင္ ေအာက္ဆိုဒ္ ျပန္ထုတ္ပါတယ္။
ဒါေၾကာင့္ ညအခါ ေတာအရပ္ေတြမွာ အပင္ႀကီးႀကီးေအာက္မွာ အိပ္တဲ့သူေတြ တခါတရံ ေအာက္ဆီဂ်င္ ျပတ္လပ္ၿပီး ဂေယာင္ေျခာက္ျခား ျဖစ္ကာ ေသဆုံးတာေတြအထိ ရွိပါတယ္။
ျမန္မာလို နတ္ကိုင္တယ္ေပါ့။ အခုေျပာခ်င္တာကေအာက္ဆီဂ်င္ ထုတ္ေပးမယ္ ထင္ၿပီး အပင္ေတြကို အခန္းထဲ ထည့္အိပ္တဲ့ ကိစၥပါ။
ေအာက္ဆီဂ်င္ မရတဲ့ အျပင္ ရွိတဲ့ ေအာက္ဆီဂ်င္ကို သူနဲ႔ လု ရႉေနရတဲ့အတြက္ ပိုၿပီး ေအာက္ဆီဂ်င္ ရရွိမႈ႕နဲပါမယ္။
သူက ထုတ္လိုက္တဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ရႉမိၿပီး အႏၲရာယ္မ်ား ႏိုင္ပါတယ္။ ဒါေၾကာင့္ အလုံပိတ္ အခန္းထဲ အပင္ေတြ ထည့္အိပ္တာမ်ိဳး မလုပ္သင့္ပါဘူး။
( Photosynthesis and Respiration ကို မွတ္မိေနေအာင္ သင္ၾကားေပးခဲ့ေသာ Biology ဆရာႀကီး ဦး Soe Nyunt. အား ဦးထိပ္ထားလ်က္) Crd
Unicoe
အလုံပိတ် အခန်းထဲ အပင်ထည့်ပြီး အိပ်သင့် မအိပ်သင့်
အပင်က သက်ရှိဖြစ်တဲ့ အတွက် Respiration လုပ်တယ်။ လူတွေလိုပဲ အောက်ဆီဂျင် ရှူပါတယ်။
ဒါဆို အပင်က ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူပြီး အောက်ဆီဂျင် ထုတ်ပေးတယ်ဆို??? ဟုတ်ပါတယ် ရှူ တာတော့ မဟုတ်ဘူး။
ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသုံးပြုပြီး အလင်းနဲ့ အစာချက်တဲ့ ဖြစ်စဉ် (Photosynthesis) မှာအောက်ဆီဂျင် ကို ပြန်ထုတ်ပေးတာပါ။
အစိမ်းရောင်ရှိတဲ့ အပင်တွေမှာ အစိမ်းရောင်ခြယ်ပစ္စည်း ကလိုရိုဖဲလ် (Chlorophyll) ပါတဲ့ အတွက် နေ့ အလင်းရောင် ရှိတဲ့ အချိန်မှာ အစာချက်လုပ်နိုင်ပါတယ်။
နေ့ဘက်မှာ အောက်ဆီဂျင် ထုတ်ပေးနိုင်ပါတယ်။နေရောင်ခြည် မရှိတဲ့ ညအခါမှာတော့ သူလဲ လူတွေလိုပဲအောက်ဆီဂျင် ရှူတဲ့ Respiration ဖြစ်စဉ်တစ်မျိုးသာ လုပ်ပါတယ်။
ကာဗွန်ဒိုင် အောက်ဆိုဒ် ပြန်ထုတ်ပါတယ်။
ဒါကြောင့် ညအခါ တောအရပ်တွေမှာ အပင်ကြီးကြီးအောက်မှာ အိပ်တဲ့သူတွေ တခါတရံ အောက်ဆီဂျင် ပြတ်လပ်ပြီး ဂယောင်ခြောက်ခြား ဖြစ်ကာ သေဆုံးတာတွေအထိ ရှိပါတယ်။
မြန်မာလို နတ်ကိုင်တယ်ပေါ့။ အခုပြောချင်တာကအောက်ဆီဂျင် ထုတ်ပေးမယ် ထင်ပြီး အပင်တွေကို အခန်းထဲ ထည့်အိပ်တဲ့ ကိစ္စပါ။
အောက်ဆီဂျင် မရတဲ့ အပြင် ရှိတဲ့ အောက်ဆီဂျင်ကို သူနဲ့ လု ရှူနေရတဲ့အတွက် ပိုပြီး အောက်ဆီဂျင် ရရှိမှု့နဲပါမယ်။
သူက ထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူမိပြီး အန္တရာယ်များ နိုင်ပါတယ်။ ဒါကြောင့် အလုံပိတ် အခန်းထဲ အပင်တွေ ထည့်အိပ်တာမျိုး မလုပ်သင့်ပါဘူး။
( Photosynthesis and Respiration ကို မှတ်မိနေအောင် သင်ကြားပေးခဲ့သော Biology ဆရာကြီး ဦး Soe Nyunt. အား ဦးထိပ်ထားလျက်) Crd