ခွေးအူခြင်းဖြင့် သိနိုင်မည့် က.ပ်ေ.ရာ.ဂါဆိုးကြီးရဲ့ အ.တိ.တ်န.မိတ်များ
ဆက်စပ်အသိပေးတိုက်တွန်းခြင်း
ကပ်ရောဂါနဲ့ ခွေးအူခြင်း နိမိတ်
ယခုတလော ညတိုင်းနီးပါး ခွေးတွေ အူနေကြတဲ့ အကြောင်း နိမိတ်ကောက်အဟောအ-မင်္ဂလာမို့ မရေးခဲ့တာပါ။ မိတ်ဆွေ လေးငါးဦးထံတော့ ဖုံးဆက် ပြောဖြစ်ခဲ့ပါသေး၏။
၁၁ ရက်နေ့ ည ၁ ခွဲ ၂ လောက် ၊ ခွေးတွေ တော်တော်အူပါသည်။ လမ်းမကြီးပေါ်တွေက အူတာပါ။
ဒါပေမဲ့ ခွေးအူသံ ရှည်/ကြာ/စွဲ၍ မအူပါ။အူတာတော့ လမ်းမကြီးတွေဘက်ကဟုသာ ကြားမိပါသည်။ ရုတ်တရက်အူပြီး သိပ်မကြာလိုက် ရပ်သွားပါသည်။
ဂရုတစိုက်နားထောင်ကြည့်ပါသည်။ အသံ…မရှည်ပါ။ မကြာပါ။ စွဲ၍မအူပါ။ ထို့ကြောင့်ပဲ့စင်ကြွေသွားတာတွေ ဖြစ်လာသော်လည်း အူသံစွဲရှည်မကြာ၍ ပဲ့စင်ကြွေလွင့်ခြင်းတို့ ဒီထက်သိပ်မများလောက်ဟု ဆိုချင်ပါသည်။
မှတ်ချက်(၁) လမ်းသွယ် လမ်းကြားတွေမှာအူပါက ယခုထက် အစများစွာဆိုးတတ်ပါသည်။
မှတ်ချက်(၂) ခွေးအူခြင်းသည် ညည့်၏ ပထမယံကျော် ည ၁၀ ကျော်မှ ညည့်၏ဒုတိယယံ ည ၁၂ ကျော်တွင်း သန်းခေါင်ဝန်းကျင် များ၌အူပါက ပို၍ကျက်သရေယုတ်၏ဟု အဆိုရှိ၏။
မှတ်ချက်(၃) ခွေးတို့သည် အရပ် ၈ မျက်နှာ ဗရမ်းပတာလှည့်အူပါက ပို၍ ပို၍ဆိုးစေသည်ဟု အဆိုရှိ၏။
မှတ်ချက်(၄) ခွေးတို့သည် အရပ်မျက်နှာ တစ်မျက်နှာတည်းသို့ ဦးတည်အူပါက အဆိုးအညံ့တို့ များစွာသက်သာ၏ဟု အဆိုရှိ၏။
ယခုသည် ညမထွက်ရအမိန့်ရှိနေ၍ ထွက်မကြည့်လိုက်သဖြင့် အဘယ်အရပ်မျက်နှာမျိုးသို့အူနေ ကြသည်ကိုမသိ မမြင်လိုက်ပါ။လွန်ခဲ့သော ၃ လခန့်က ဘရာဇီးနိုင်ငံမှာ လမ်းမကြီးတွေပေါ်ခွေးအူတာ လူအယောက်များစွာက လောက်လေးဂွဖြင့် ပစ်ကြတာတောင် ခွေးအုပ်စုက အအူမပျက်
ထူးထူးဆန်းဆန်း အူကြပါသတဲ့ သေနတ်မိုးပေါ်ထောင်ဖေါက်သည်အထိ သွားရောက်တားမြစ်သော်လည်း သေနတ်ဖေါက်ချိန် စက္ကန့်ပိုင်းမျှသာ ရပ်သွားပြီး ဆက်လက်၍ အူနေကြပါသတဲ့ ၅ ရက်အတွင်း သောင်းချီသေကြေပျက်စီးပါသတဲ့ . . .
အခုတော့ ရန်ကုန်မြို့တွင်းနှင့် မြို့နယ်အတော်များများမှာ သံဃာတော်အရှင်သူမြတ်များက အစိုးရ၏အစီအစဉ်ဖြင့် ပရိတ်တော်များ လှည့်လည်ရွတ်ဖတ်နေကြပါသည်။
ဆက်စပ်လို့ပြောရရင် ပြီးခဲ့တဲ့ညက ရန်ကုန်မြို့ရဲ့ ကောင်းကင်ယံမှာ မြူခိုးလိုလို ၊ တိမ်လိုလို အစိုင်အခဲတွေ တွေ့နေရတယ်ဆိုတာဟာလည်း ကောင်းသောအတိတ်နိမိတ် မဟုတ်တန်ပါဘူး ။
အတိတ်တဘောင် နိမိတ်ဆောင်တတ်တာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အတိအလင်းတော့ မပြောလိုပါဘူး။ အထူးဂရုစိုက်ကြပါလို့ပဲ သတိပေးပါရေစေ ။
မြတ်စွာဘုရားကို mask တပ်ဆင်တဲ့ပုံ လုပ်ခဲ့ကြတယ် ။ ခုတော့ လူတွေအားလုံး ဘာလုပ်နေကြရသလဲ ?
ကမ္ဘာကြီး စုပ်ပြဲနေတာကိုမြတ်စွာဘုရားက ချုပ်လုပ်ဖာထေးနေပုံ လုပ်ခဲ့ကြတယ်။ ခုတော့ ကမ္ဘာကြီးဟာ တကယ်စုပ်ပြတ်သတ်နေပြီ ။
တခြားသော ဘာသာဝင်တွေကိုလည်း အသိပေးပါရစေမြတ်ဘုရားက ပြုစားနေတာ မဟုတ် ကုစားခြင်းဖြင့်သာ လူသားတွေကို ကယ်တင်ပါလိမ့်မယ်။
နိုင်ငံရေး ဆူပူလှုပ်ရှားမှုမှာ ဖဲဝါသပိတ် ၊ သင်္ချိုင်းသပိတ် ၊ အရိုးခေါင်းသပိတ် ငရဲမင်းသပိတ် ၊ ပန်းခွေသပိတ်အစရှိတဲ့ ဒီလို အ-မင်္ဂလာတွေ လုပ်ခဲ့တာကြောင့် ယနေ့ အ-မင်္ဂလာတွေနဲ့ ကြုံနေကြရပြီ။
ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို အမြဲယုံကြည်စွာ နေထိုင်ပြုမူကြဖို့ တိုက်တွန်းပါရစေ။
ယခုချိန်ခါ အိမ်တွင်းနေရစဉ်အတွင်းရောဂါ ရှိခြင်း ၊ မရှိခြင်းကို တွေးကြောက်မနေကြဘဲတရားမှတ်ခြင်း သဘောတရားအတိုင်း ဝင်လေ ၊ ထွက်လေ ရှုသွင်းမှတ်ခြင်းဖြင့် အဆုပ်တွင်း လေသန့်ရရှိစေပြီး ကိုဗစ်ပိုးကို အနိုင်ယူကြပါလို့ နှိုးဆော်ပါရစေ။ လေးစားစွာဖြင့် ခရက်ဒစ်.
Zawgyi