တရားပြဲက်င္းပၿပီး ရရွိတဲ့အလႉေငြမ်ားနဲ႔ ကိုယ္တိုင္လႉဒါန္းခဲ့တဲ့ သၿဂႋဳလ္စက္မွာပဲ ျပန္ၿပီ မီးသၿဂႋဳလ္ခဲ့ရတဲ့ ဂ်လန္းကြၽန္းဆရာေတာ္ (ရုပ္သံ)

မြန်မာနိုင်ငံအတွင်း တနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ ဆလုံတိုင်းရင်းသားများအား ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်လာအောင် သာသနာပြု ဂျလန်းကျွန်းဆရာတော်လို့ ထင်ရှားခဲ့တဲ့ သဒ္ဓမ္မဇောတိကဓဇ အရှင်ကုသလဇောတိကဟာ ဇူလိုင်လ(၂၁)ရက်နေ့က

ကိုဗစ်ရောဂါဖြင့် မွေးဖွားရာဇာတိဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ကဆေရုံးမှာပဲ ဘဝနတ်ထံ ပျံလွန်တော်မှုသွားခဲ့တာ ဖြစ်ပါတယ်။ ဂျလန်းကျွန်းဆရာတော်ဟာ ဇူလိုင်(၅)ရက်နေ့ကနေစတင်ပြီး နေမကောင်းဖြစ်ပြီး (၁၄)ရက်မြောက်နေ့မှာပဲ

ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ပါတယ်။ ဆရာတော် ဘဝနတ်ထံပျံလွန်မှုချိန်မှာတော့ သက်တော် (၄၅) နှစ် ၊ ဝါတော် (၂၅) နှစ် ရှိပြီးလို့လည်း သိရပါတယ်။ ယခုမှာလည်း ဆရာတော် ဘုရားရဲ့ နောက်ဆုံးအချိန်မှာ အဝေးမှာရှိတဲ့ တပည့်၊ဒါယိကာ ဒါယိကာမတွေ

ဖူးမြော်ခွင့်ရအောင် ဗီဒီယိုလေးရိုက်ပြီး ဖော်ပြလာတာတွေ့ရပါတယ်။ ပိုပြီး စိတ်မကောင်းစရာဖြစ်တာကတော့ သုံးနှစ်သုံးကြိမ်တိုင်တိုင် တရားပွဲကျင်းပပြီး ရရှိတဲ့အလှူငွေများဖြင့် လှူဒါန်းတည်ဆောက်ပေးခဲ့တဲ့ ဆရာတော်ရဲ့ မီးသင်္ဂြိုလ်စက်ထဲမှာပဲ ပြန်လည်

သင်္ဂြိုလ်ခဲ့ရတာကြောင့် ပိုပြီး ရင်နင့်ကြေကွဲ ဝမ်းနည်းရပါတယ်။ ယခုလို သာသနာ့အကျိုးကို သယ်ပိုးပြီး ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့တဲ့ ဂျလန်းကျွန်းဆရာတော် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့တာဟာ သာသနာအတွက် ဆုံးရှုံးမှုကြီးတစ်ခုပဲ

ဖြစ်ရပါတယ်။ ဆရာတော်ကို ကိုးကွယ်ပူဇော်ခဲ့တဲ့ အနယ်နယ်အရပ်ရပ်က တပည့်၊ဒယကာဒယကာမတွေ ပြန်လည်ဖူးမြော်ခွင့်ရအောင် နောက်ဆုံးအချိန်လေးကို စိတ်မကောင်းစွာနဲ့ ကူးယူဖော်ပြပေးလိုက်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်.

Zawgyi

ျမန္မာႏိုင္ငံအတြင္း တနသၤာရီတိုင္းေဒသႀကီးမွာရွိတဲ့ ဆလုံတိုင္းရင္းသားမ်ားအား ဗုဒၶဘာသာကို ကိုးကြယ္ယုံၾကည္လာေအာင္ သာသနာျပဳ ဂ်လန္းကြၽန္းဆရာေတာ္လို႔ ထင္ရွားခဲ့တဲ့ သဒၶမၼေဇာတိကဓဇ အရွင္ကုသလေဇာတိကဟာ ဇူလိုင္လ(၂၁)ရက္ေန႔က

ကိုဗစ္ေရာဂါျဖင့္ ေမြးဖြားရာဇာတိျဖစ္တဲ့ မႏၲေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္ကေဆ႐ုံးမွာပဲ ဘဝနတ္ထံ ပ်ံလြန္ေတာ္မႈသြားခဲ့တာ ျဖစ္ပါတယ္။ ဂ်လန္းကြၽန္းဆရာေတာ္ဟာ ဇူလိုင္(၅)ရက္ေန႔ကေနစတင္ၿပီး ေနမေကာင္းျဖစ္ၿပီး (၁၄)ရက္ေျမာက္ေန႔မွာပဲ

ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားခဲ့ပါတယ္။ ဆရာေတာ္ ဘဝနတ္ထံပ်ံလြန္မႈခ်ိန္မွာေတာ့ သက္ေတာ္ (၄၅) ႏွစ္ ၊ ဝါေတာ္ (၂၅) ႏွစ္ ရွိၿပီးလို႔လည္း သိရပါတယ္။ ယခုမွာလည္း ဆရာေတာ္ ဘုရားရဲ႕ ေနာက္ဆုံးအခ်ိန္မွာ အေဝးမွာရွိတဲ့ တပည့္၊ဒါယိကာ ဒါယိကာမေတြ

ဖူးေျမာ္ခြင့္ရေအာင္ ဗီဒီယိုေလး႐ိုက္ၿပီး ေဖာ္ျပလာတာေတြ႕ရပါတယ္။ ပိုၿပီး စိတ္မေကာင္းစရာျဖစ္တာကေတာ့ သုံးႏွစ္သုံးႀကိမ္တိုင္တိုင္ တရားပြဲက်င္းပၿပီး ရရွိတဲ့အလႉေငြမ်ားျဖင့္ လႉဒါန္းတည္ေဆာက္ေပးခဲ့တဲ့ ဆရာေတာ္ရဲ႕ မီးသၿဂႋဳလ္စက္ထဲမွာပဲ ျပန္လည္

သၿဂႋဳလ္ခဲ့ရတာေၾကာင့္ ပိုၿပီး ရင္နင့္ေၾကကြဲ ဝမ္းနည္းရပါတယ္။ ယခုလို သာသနာ့အက်ိဳးကို သယ္ပိုးၿပီး ဗုဒၶဘာသာကို ျပန္႔ပြားေအာင္ လုပ္ေဆာင္ခဲ့တဲ့ ဂ်လန္းကြၽန္းဆရာေတာ္ ဘဝနတ္ထံပ်ံလြန္ေတာ္မူသြားခဲ့တာဟာ သာသနာအတြက္ ဆုံးရႈံးမႈႀကီးတစ္ခုပဲ

ျဖစ္ရပါတယ္။ ဆရာေတာ္ကို ကိုးကြယ္ပူေဇာ္ခဲ့တဲ့ အနယ္နယ္အရပ္ရပ္က တပည့္၊ဒယကာဒယကာမေတြ ျပန္လည္ဖူးေျမာ္ခြင့္ရေအာင္ ေနာက္ဆုံးအခ်ိန္ေလးကို စိတ္မေကာင္းစြာနဲ႔ ကူးယူေဖာ္ျပေပးလိုက္ပါတယ္။

ေလးစားစြာျဖင့္ခရက္ဒစ္.