ဇရပ္ပ်က္ထဲမွာ သားအရင္းနဲ႔ေခြၽးမတို႔ေပါင္းၿပီး အသက္ႀကီးေနတဲ့ မိခင္အိုႀကီးကို လာေရာက္စြန႔္ပစ္

သားအရင်းနဲ့ချွေးမတို့ပေါင်းပြီး အသက်ကြီးနေတဲ့မိခင်အိုကြီးကို ဇရပ်ထဲမှာ လာရောက်စွန့်ပစ်ထားရစ်ခဲ့။ မင်္ဂလာပါ ပရိသတ်ကြီးရေဒီပုံထဲက အဘွားကို သေချာကြည့်ပေးကြပါ။ နာမည်ဒေါ်ယဉ်လှိုင် အသက် 80 သားနာမည်ကိုဝင်းနိုင် ချွေးမနာမည်မမိုမို

နေရပ်လိပ်စာ မော်လမြိုင်၊ ကျွန်းတောလမ်း သူ့သားကကားမောင်းတယ် မြေးလေးတွေလဲရှိတယ်လို့ ကြားသိရပါတယ်။ ဒါတွေကဒီအဘွားကို မေးထားခြင်းဖြစ်ပါတယ်။ အသက်လဲကြီးနားကလဲ မကြားတော့ မနည်းအော်ဟစ်ပြီး မေးထားရပါတယ်။

ဒီနေ့ညနေ 4:00 ဝန်းကျင်လောက်က ကျွန်တော်တို့ ပဲခူးတိုင်း၊ ပဲခူးမြို့၊ သာယာအေးကျေးရွာ ဇရပ်မှာ အဖြူရောင်ကားတစ်စီးထဲက အမျိုးသားတစ်ဦးက ပွေ့ချီပြီး အမျိုးသမီးက စားစရာအဝတ်အထည် ထည့်ထားသောခြင်းကို သယ်ယူပြီး လာပစ်သွားခြင်း

ဖြစ်ကြောင်း ရွာမှ ဦးလေးတစ်ဦးမှမြင်တွေ့ခဲ့ခြင်းဖြစ်သည်။ မိုးချုပ်ရင် လာပြန်ခေါ်မယ်လို့ သူ့သားက ပြောသွားတယ်တဲ့ အာ့ကိုယုံစားပြီး အိပ်ရာခင်းကိုတောင်မခင်းနိုင်ပဲ ခေါင်းအုံးသဖွယ်အုံးပြီး စောင့်နေရှာတယ်။ မေးကြမြန်းကြတော့ အဘွားမှ

ာမျက်ရည်တွေကျနေတယ် မျက်ဝန်းမှာ အားငယ်ခြင်း ဝမ်းနည်းခြင်းတွေ ပြည့်နေတယ်။ ကျွန်တော့်ရဲ့ fri တွေထဲက မော်လမြိုင်နေသူတွေ အခုကျွန်တော်တင်ထားတဲ့ လိပ်စာနဲ့ သားချွေးမနာမည်တွေရှိမရှိ မော်လမြိုင်နေသူတွေရှိခဲ့ရင် စုံစမ်းပေးပါဗျာ။

တကယ်သာဆို အခုလိုရောဂါကာလ စစ်ကာလကြီးမှာ အသက် 80 အမေအိုကို အခုလို မစွန့်ပစ်သင့်ပါဘူးဗျာ။ အဘွားပုံကို မတင်သင့်မှန်းသိပေမယ့် တင်လိုက်ရပါတယ်နော်။ မကျွေးနိုင်တော့ရင် ဘိုးဘွားရိပ်သာသွားပြီး အကူအညီတောင်းကြပါခင်ဗျာ။

Zawgyi

သားအရင္းနဲ႔ေခြၽးမတို႔ေပါင္းၿပီး အသက္ႀကီးေနတဲ့မိခင္အိုႀကီးကို ဇရပ္ထဲမွာ လာေရာက္စြန႔္ပစ္ထားရစ္ခဲ့။ မဂၤလာပါ ပရိသတ္ႀကီးေရဒီပုံထဲက အဘြားကို ေသခ်ာၾကည့္ေပးၾကပါ။ နာမည္ေဒၚယဥ္လႈိင္ အသက္ 80 သားနာမည္ကိုဝင္းႏိုင္ ေခြၽးမနာမည္မမိုမို

ေနရပ္လိပ္စာ ေမာ္လၿမိဳင္၊ ကြၽန္းေတာလမ္း သူ႔သားကကားေမာင္းတယ္ ေျမးေလးေတြလဲရွိတယ္လို႔ ၾကားသိရပါတယ္။ ဒါေတြကဒီအဘြားကို ေမးထားျခင္းျဖစ္ပါတယ္။ အသက္လဲႀကီးနားကလဲ မၾကားေတာ့ မနည္းေအာ္ဟစ္ၿပီး ေမးထားရပါတယ္။

ဒီေန႔ညေန 4:00 ဝန္းက်င္ေလာက္က ကြၽန္ေတာ္တို႔ ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕၊ သာယာေအးေက်း႐ြာ ဇရပ္မွာ အျဖဴေရာင္ကားတစ္စီးထဲက အမ်ိဳးသားတစ္ဦးက ေပြ႕ခ်ီၿပီး အမ်ိဳးသမီးက စားစရာအဝတ္အထည္ ထည့္ထားေသာျခင္းကို သယ္ယူၿပီး လာပစ္သြားျခင္း

ျဖစ္ေၾကာင္း ႐ြာမွ ဦးေလးတစ္ဦးမွျမင္ေတြ႕ခဲ့ျခင္းျဖစ္သည္။ မိုးခ်ဳပ္ရင္ လာျပန္ေခၚမယ္လို႔ သူ႔သားက ေျပာသြားတယ္တဲ့ အာ့ကိုယုံစားၿပီး အိပ္ရာခင္းကိုေတာင္မခင္းႏိုင္ပဲ ေခါင္းအုံးသဖြယ္အုံးၿပီး ေစာင့္ေနရွာတယ္။ ေမးၾကျမန္းၾကေတာ့ အဘြားမွ

ာမ်က္ရည္ေတြက်ေနတယ္ မ်က္ဝန္းမွာ အားငယ္ျခင္း ဝမ္းနည္းျခင္းေတြ ျပည့္ေနတယ္။ ကြၽန္ေတာ့္ရဲ႕ fri ေတြထဲက ေမာ္လၿမိဳင္ေနသူေတြ အခုကြၽန္ေတာ္တင္ထားတဲ့ လိပ္စာနဲ႔ သားေခြၽးမနာမည္ေတြရွိမရွိ ေမာ္လၿမိဳင္ေနသူေတြရွိခဲ့ရင္ စုံစမ္းေပးပါဗ်ာ။

တကယ္သာဆို အခုလိုေရာဂါကာလ စစ္ကာလႀကီးမွာ အသက္ 80 အေမအိုကို အခုလို မစြန႔္ပစ္သင့္ပါဘူးဗ်ာ။ အဘြားပုံကို မတင္သင့္မွန္းသိေပမယ့္ တင္လိုက္ရပါတယ္ေနာ္။ မေကြၽးႏိုင္ေတာ့ရင္ ဘိုးဘြားရိပ္သာသြားၿပီး အကူအညီေတာင္းၾကပါခင္ဗ်ာ။