ဈေးကြီးပေးဝယ်သောက်နေရတဲ့ ကြက်ပေါင်းရည် ကိုယ်တိုင်ပြုလုပ်နည်း
ကြက်ပေါင်းရည်(ဗမာကြက်)လူမမာ မီးနေသည် လူကြီး ကလေး အားဖြည့်စာကိုယ်တိုင်လုပ်ချင်ရင်အောက်မှာနည်းလေးတွေရေးပေးထားပါတယ်…
ရှိတဲ့အိုးနဲ့ကိုယ့်နည်းကိုယ့်ဟန်ပေါင်းပါသည်….ပေါင်းအိုးထဲရေတဝက်ထည့်ပါ….ပေါင်းအိုးပေါ်ဇကာတင်ပါတယ်…
ဇကာပေါ်ကြွေပန်းကန်ကြီးထည့်ပါ….ဇကာနဲ့ပန်းကန်နဲ့အတိဖြစ်တာရှာထည့်ထားပါတယ်…
ကြွေပန်းကန်ကြီးထဲကြွေပန်းကန်လုံးသေးမှောက်ထည့်ပါတယ်….
အရည်တွေပန်းကန်အောက်စုအောင်ပါ….
ဘေးပါတ်လည်အရေခွံအဆီခွာထားတဲ့ကြက်သားတုံးတွေစီ
ကြက်သွန်ဖြူ ၃ ဥ ဂျင်းလေးနဲနဲထည့် အဖုံးအုပ် ၃ နာရီတည်
ပြီးရင်ကြက်သားတုံးတွေကိုညှပ်နဲ့ယူပြီးဖယ်…
အရည်ကိုဆီမပါအောင်စစ်ယူ….အားအင်ပြည့်ဖြိုးစွမ်းအားတိုး ကြက်ပေါင်းရည်ရပါပြီစင်….။
#ဒေါ်ဒေါ်အိ စားသောက်ကုန်မျာ
မှုရင်းရေးသာဆရာကိုcrd ပေးပါတယ်
Zawgyi