လွန်ခဲ့တဲ့ နှစ်သန်း ၉၉ သန်းတုန်းက ရှင်သန်ခဲ့တဲ့ ဒိုင်နိုဆောရဲ့ ေ.သွ.းကိုစုပ်ခဲ့တဲ့ လှေးတွေကို မြန်မာပြည်က ပယင်းကျောက်ထဲမှာ သိပ္ပံပညာရှင်တွေ ရှာတွေ့ခဲ့ပါတယ်။ မြန်မာပြည် ဟူးကောင်းချိုင့်ဝှမ်းကထွက်တဲ့ ဒီပယင်းကျောက် (Amber) ထဲမှာတွေ့ရတဲ့ လှေးတွေဟာ ရှေးဒိုင်နိုဆောရဲ့
အမွှေးကို တွယ်လျက်သားတွေ့ရတာပါ။ ဒါဟာလွန်ခဲ့တဲ့ အတိတ်ကာလက ဒီလှေးတွေဘာစားသုံးပြီး ဘယ်လိုအသက်ရှင်ခဲ့တယ်ဆိုတာ ပထမဆုံးဖော်ပြလိုက်တဲ့ တိကျတဲ့ သက်သေအထောက်အထား ဖြစ်ပါတယ်။ ဒီလှေးကို ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့
အောက်ဆဖို့တ်တက္ကသိုလ် သဘာဝသမိုင်းပြတိုက်က ရီကာဒို ပီယဲ ဖွန်တေးကတော့ ဒါဟာသဘာဝသမိုင်း ပညာရှင်တွေအတွက် အိပ်မက်တစ်ခုပါပဲလို့ ကဗျာဆန်ဆန် ပြောသွားပါတယ်။ အခုတွေ့ရတဲ့ ပယင်းကျောက်မှာ လှေးတွေဟာ တစ်ချိန်က ဒိုင်နိုဆောတွေရဲ့ ေ.သွ.းကို စုပ်ယူစားသုံးပြီး
အသ.က်ရှင်သန်ခဲ့တယ်ဆိုတာ ညွှန်ပြနေတဲ့သဲလွန်စတွေ အများအပြားပါဝင်ပါတယ်။ အထင်ရှားဆုံးတစ်ခုကတော့ ဒီလှေးဟာ ဒိုင်နိုဆောရဲ့အတောင်မွှေးကို ဖက်တွယ်ထားတာပဲ ဖြစ်ပါတယ်။ အခုအတောင်မွှေးဟာ နောင်ငှက်တွေဖြစ်လာမယ့် ဒိုင်နိုဆောရဲ့ အတောင်ပံမွှေးဖြစ်ပါတယ်။
နောက်သဲလွန်စကတော့ ဒိုင်နိုဆောရဲ့အသိုက်ထဲမှာ နေထိုင်ခဲ့တဲ့ ချေးပိုးထိုးကောင်သားလောင်းရဲ့ အမွေးကို လှေးနှစ်ကောင်ကိုယ်ပေါ်မှာ ကပ်နေတာ တွေ့ရတာပါ။ အခုလိုမျိုးလှေးနဲ့ သူေ.သွ.းစုပ်တဲ့အကောင်တို့ကို အတူတကွတွေ့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမျိုးဟာ အလွန်ရှားပါးပြီး
တွေ့ရခဲလှပါတယ်။ အခုကျောက်ဖြစ်ရုပ်ကြွင်းဟာ တစ်ချိန်က လှေးတွေ ဒိုင်နိုဆောေ.သွ.း စုပ်ခဲ့တယ်ဆိုတာပြနေတဲ့ ပထမဆုံး အထောက်အထား ဖြစ်ပါတယ်။ “လှေးတွေဟာ အခုမှ ငှက်တွေရဲ့ေ.သွ.းကို စုပ်ယူစားသုံးနေတာ မဟုတ်ပါဘူး။ ရှေးယခင်ကတည်းက အခုခေတ်ငှက်တွေရဲ့
ဘိုးဘေးတွေကို ေ.သွ.း.စု.ပ်ခဲ့တာပါ” လို့ သူကဆက်ပြောပါတယ်။ အခုတွေ့ရှိချက်ကို ပြီးခဲ့တဲ့ ၂၀၀၇ ဒီဇင်ဘာလထုတ် Nature Communication သိပ္ပံဂျာနယ်မှ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီလှေးတွေတွေ့ရတဲ့ ပယင်းကျောက်ဟာ မြန်မာပြည် ဟူးကောင်ချိုင့်ဝှမ်းက နှစ် ၉၉ သန်း
သက်တမ်းရှိတဲ့ မယင်းကျောက်တွင်းက ထွက်ရှိတာဖြစ်ပါတယ်။ ပယင်းကျောက်ဖြစ်ရုပ်ကြွင်း စုဆောင်းသူ ဝါသနာရှင်တစ်ဦးက ပယင်းပွဲစားဆီမှာတွေ့ရှိလို့ ဝယ်ယူခဲ့တာဖြစ်ပြီး ဒီအောက်စဖို့ သဘာဝသမိုင်းပြတိုက်ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ တွေ့ရတဲ့လှေးတွေထဲက တစ်ကောင်ဟာ
၅ မီလီမီတာလောက်ရှိပြီး ေ.သွ.းတွေနဲ့ ဖောင်းကားနေပါတယ်။ မူလကတော့ ပညာရှင်တွေက ဒီလှေးကနေ ဒိုင်နိုဆော DNA ထုတ်လို့ရနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဒိုင်နိုဆောရဲ့မူလ DNA က ပျ.က်.စီ.းနေပြီဖြစ်လို့ လှေးတွေကိုပဲ အသေးစိတ်လေ့လာခွင့်
ရခဲ့ကြပါတယ်။ အခုတွေ့ရတဲ့လှေးဟာ အရင်ကမတွေ့ဘူးသေးတဲ့ မျိုးစိတ်သစ်တစ်ခုဖြစ်ပြီး သိပ္ပံအမည် Deinocroton draculi လို့ အမည်ပေးထားပါတယ်။ မြန်မာလိုတော့ “ဒ.ရ.က်ကူ.လ.ာရဲ့ေ.ကြ.ာ.က်စရာ လှေး” လို့ အဓိပ္ပါယ်ရပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်.
Zawgyi
လြန္ခဲ့တဲ့ ႏွစ္သန္း ၉၉ သန္းတုန္းက ရွင္သန္ခဲ့တဲ့ ဒိုင္ႏိုေဆာရဲ႕ ေ.သြ.းကိုစုပ္ခဲ့တဲ့ ေလွးေတြကို ျမန္မာျပည္က ပယင္းေက်ာက္ထဲမွာ သိပၸံပညာရွင္ေတြ ရွာေတြ႕ခဲ့ပါတယ္။ ျမန္မာျပည္ ဟူးေကာင္းခ်ိဳင့္ဝွမ္းကထြက္တဲ့ ဒီပယင္းေက်ာက္ (Amber) ထဲမွာေတြ႕ရတဲ့ ေလွးေတြဟာ ေရွးဒိုင္ႏိုေဆာရဲ႕
အေမႊးကို တြယ္လ်က္သားေတြ႕ရတာပါ။ ဒါဟာလြန္ခဲ့တဲ့ အတိတ္ကာလက ဒီေလွးေတြဘာစားသုံးၿပီး ဘယ္လိုအသက္ရွင္ခဲ့တယ္ဆိုတာ ပထမဆုံးေဖာ္ျပလိုက္တဲ့ တိက်တဲ့ သက္ေသအေထာက္အထား ျဖစ္ပါတယ္။ ဒီေလွးကို ရွာေဖြေတြ႕ရွိခဲ့တဲ့ သိပၸံပညာရွင္အဖြဲ႕ရဲ႕ အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့
ေအာက္ဆဖို႔တ္တကၠသိုလ္ သဘာဝသမိုင္းျပတိုက္က ရီကာဒို ပီယဲ ဖြန္ေတးကေတာ့ ဒါဟာသဘာဝသမိုင္း ပညာရွင္ေတြအတြက္ အိပ္မက္တစ္ခုပါပဲလို႔ ကဗ်ာဆန္ဆန္ ေျပာသြားပါတယ္။ အခုေတြ႕ရတဲ့ ပယင္းေက်ာက္မွာ ေလွးေတြဟာ တစ္ခ်ိန္က ဒိုင္ႏိုေဆာေတြရဲ႕ ေ.သြ.းကို စုပ္ယူစားသုံးၿပီး
အသ.က္ရွင္သန္ခဲ့တယ္ဆိုတာ ၫႊန္ျပေနတဲ့သဲလြန္စေတြ အမ်ားအျပားပါဝင္ပါတယ္။ အထင္ရွားဆုံးတစ္ခုကေတာ့ ဒီေလွးဟာ ဒိုင္ႏိုေဆာရဲ႕အေတာင္ေမႊးကို ဖက္တြယ္ထားတာပဲ ျဖစ္ပါတယ္။ အခုအေတာင္ေမႊးဟာ ေနာင္ငွက္ေတြျဖစ္လာမယ့္ ဒိုင္ႏိုေဆာရဲ႕ အေတာင္ပံေမႊးျဖစ္ပါတယ္။
ေနာက္သဲလြန္စကေတာ့ ဒိုင္ႏိုေဆာရဲ႕အသိုက္ထဲမွာ ေနထိုင္ခဲ့တဲ့ ေခ်းပိုးထိုးေကာင္သားေလာင္းရဲ႕ အေမြးကို ေလွးႏွစ္ေကာင္ကိုယ္ေပၚမွာ ကပ္ေနတာ ေတြ႕ရတာပါ။ အခုလိုမ်ိဳးေလွးနဲ႔ သူေ.သြ.းစုပ္တဲ့အေကာင္တို႔ကို အတူတကြေတြ႕ရတဲ့ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ိဳးဟာ အလြန္ရွားပါးၿပီး
ေတြ႕ရခဲလွပါတယ္။ အခုေက်ာက္ျဖစ္႐ုပ္ႂကြင္းဟာ တစ္ခ်ိန္က ေလွးေတြ ဒိုင္ႏိုေဆာေ.သြ.း စုပ္ခဲ့တယ္ဆိုတာျပေနတဲ့ ပထမဆုံး အေထာက္အထား ျဖစ္ပါတယ္။ “ေလွးေတြဟာ အခုမွ ငွက္ေတြရဲ႕ေ.သြ.းကို စုပ္ယူစားသုံးေနတာ မဟုတ္ပါဘူး။ ေရွးယခင္ကတည္းက အခုေခတ္ငွက္ေတြရဲ႕
ဘိုးေဘးေတြကို ေ.သြ.း.စု.ပ္ခဲ့တာပါ” လို႔ သူကဆက္ေျပာပါတယ္။ အခုေတြ႕ရွိခ်က္ကို ၿပီးခဲ့တဲ့ ၂၀၀၇ ဒီဇင္ဘာလထုတ္ Nature Communication သိပၸံဂ်ာနယ္မွ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ဒီေလွးေတြေတြ႕ရတဲ့ ပယင္းေက်ာက္ဟာ ျမန္မာျပည္ ဟူးေကာင္ခ်ိဳင့္ဝွမ္းက ႏွစ္ ၉၉ သန္း
သက္တမ္းရွိတဲ့ မယင္းေက်ာက္တြင္းက ထြက္ရွိတာျဖစ္ပါတယ္။ ပယင္းေက်ာက္ျဖစ္႐ုပ္ႂကြင္း စုေဆာင္းသူ ဝါသနာရွင္တစ္ဦးက ပယင္းပြဲစားဆီမွာေတြ႕ရွိလို႔ ဝယ္ယူခဲ့တာျဖစ္ၿပီး ဒီေအာက္စဖို႔ သဘာဝသမိုင္းျပတိုက္ကို လႉဒါန္းခဲ့တာျဖစ္ပါတယ္။ ေတြ႕ရတဲ့ေလွးေတြထဲက တစ္ေကာင္ဟာ
၅ မီလီမီတာေလာက္ရွိၿပီး ေ.သြ.းေတြနဲ႔ ေဖာင္းကားေနပါတယ္။ မူလကေတာ့ ပညာရွင္ေတြက ဒီေလွးကေန ဒိုင္ႏိုေဆာ DNA ထုတ္လို႔ရႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ဒါေပမယ့္ လက္ေတြ႕မွာေတာ့ ဒိုင္ႏိုေဆာရဲ႕မူလ DNA က ပ်.က္.စီ.းေနၿပီျဖစ္လို႔ ေလွးေတြကိုပဲ အေသးစိတ္ေလ့လာခြင့္
ရခဲ့ၾကပါတယ္။ အခုေတြ႕ရတဲ့ေလွးဟာ အရင္ကမေတြ႕ဘူးေသးတဲ့ မ်ိဳးစိတ္သစ္တစ္ခုျဖစ္ၿပီး သိပၸံအမည္ Deinocroton draculi လို႔ အမည္ေပးထားပါတယ္။ ျမန္မာလိုေတာ့ “ဒ.ရ.က္ကူ.လ.ာရဲ႕ေ.ၾက.ာ.က္စရာ ေလွး” လို႔ အဓိပၸါယ္ရပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္.