“၃ ပျောက်လို့ ၅ ကွယ် ၆ ရွာနဲ့လွဲ ပျိုတို့မောင် ရွှေရောင်လွဲတယ် ၄ ရွာက ဆွဲ” အဓိပ္ပါယ်
“၃ ပျောက်” ဆိုတာက ရတနာသုံးပါးကို မေ့မေ့ပျောက်ပျောက် နေတာ။ (ရတနာသုံးပါး- ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး)
“၅ ကွယ်” ဆိုတာက ငါးပါးသီလ မပြည့်စုံတာ။ အဲဒီလို ၃ ပျောက်ပြီးတော့ ၅ ကွာသွားရင်
“၆ ရွာနဲ့လွဲ” ဆိုတာက နတ်ပြည်ခြောက်ထပ်နဲ့ လွဲရင် နောက်ကအဆက်ဖြစ်တဲ့
“ပျိုတို့မောင် ရွှေရောင်လွဲတယ်” ဆိုတာက ပျိုတွေ မောင်တွေမယ်တွေ ဖြစ်လေရာဘဝတိုင်းမှာ ရွှေလိုတန်ဖိုးရှိလှတဲ့ သာသနာတော်ကြီးနဲ့ လွဲချော်ပြီး
“၄ ရွာက ဆွဲ” ဆိုတာက အပါယ်လေးဘုံမှာ ခံံရမှာ အသေအချာပါ (အပါယ်လေးဘုံ – ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်)။ လေးစားစွာဖြင့် ခရက်ဒစ်.
Zawgyi
“၃ ေပ်ာက္လို႔ ၅ ကြယ္ ၆ ႐ြာနဲ႔လြဲ ပ်ိဳတို႔ေမာင္ ေ႐ႊေရာင္လြဲတယ္ ၄ ႐ြာက ဆြဲ” အဓိပၸါယ္
“၃ ေပ်ာက္” ဆိုတာက ရတနာသုံးပါးကို ေမ့ေမ့ေပ်ာက္ေပ်ာက္ ေနတာ။ (ရတနာသုံးပါး- ဘုရား၊ တရား၊ သံဃာ ရတနာျမတ္သုံးပါး)
“၅ ကြယ္” ဆိုတာက ငါးပါးသီလ မျပည့္စုံတာ။ အဲဒီလို ၃ ေပ်ာက္ၿပီးေတာ့ ၅ ကြာသြားရင္
“၆ ႐ြာနဲ႔လြဲ” ဆိုတာက နတ္ျပည္ေျခာက္ထပ္နဲ႔ လြဲရင္ ေနာက္ကအဆက္ျဖစ္တဲ့
“ပ်ိဳတို႔ေမာင္ ေ႐ႊေရာင္လြဲတယ္” ဆိုတာက ပ်ိဳေတြ ေမာင္ေတြမယ္ေတြ ျဖစ္ေလရာဘဝတိုင္းမွာ ေ႐ႊလိုတန္ဖိုးရွိလွတဲ့ သာသနာေတာ္ႀကီးနဲ႔ လြဲေခ်ာ္ၿပီး
“၄ ႐ြာက ဆြဲ” ဆိုတာက အပါယ္ေလးဘုံမွာ ခံံရမွာ အေသအခ်ာပါ (အပါယ္ေလးဘုံ – ငရဲ၊ တိရိစာၦန္၊ ၿပိတၱာ၊ အသူရကယ္)။ ေလးစားစြာျဖင့္ ခရက္ဒစ္.