အမ်ိဳးသားအ.ဂ.ၤါနဲ႔တူလို႔ အမ်ိဳးသမီးထုႀကီးစိုးရိမ္ေနတဲ့ P-e.n.is ေ.ႁမြ အေၾကာင္းသိေကာင္းစရာ

မိုင်ယာမီ အင်တာနေရှင်နယ်လေဆိပ်မှာ အခုပြောမယ့်အကောင်ကို တွေ့လိုက်ချိန်မှာ အမေရိကန်အမျိုးသမီးထုကြီးအတွက် စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ မကြာသေးခင်ကမှ ကိုလံဘီယာ၊ ဗင်နီဇွဲလားမှာတွေ့ခဲ့လို့ အမျိုးသမီးတွေ စိတ်ဝင်စားနေတဲ့အကောင်ဟာ အမေရိကားကို

ရောက်လာခဲ့ပါပြီ။ လောလောဆယ် ဘာအကောင်လဲမပြောခင်မှာ ပုံစံကမြွေနဲ့ဆင်ပြီး၊ အမျိုးသားအ.ဂ.ၤါနဲ့တူလို့ လွယ်လွယ်ကူကူပဲ Penis Snake လို့ သတ်မှတ်လိုက်ကြပါတယ်။ မြန်မာလိုလှအောင်ပြန်ရင် ေ.ရွှပ.န်းေ.မြွ လို့ဆိုနိုင်ပါတယ်။ တကယ်က ဘိုင်အိုအခေါ်အရ ကေစီလီရန်

(caecilian) လို့ခေါ်ပါတယ်။ အကောင်အရွယ်အစားက တစ်ပေမပြည့်တပြည့်ကနေ ၅ ပေအထိရှိပြီး၊ မျက်စိအမြင်က မရှိသလောက်ပါပဲ။ ကေစီလီရန်လို့ခေါ်တာက မျက်စိအမြင်အာရုံနည်းတဲ့အတွက် လက်တင်ဘာသာစကားနဲ့ မျ.က်က.န်းလေး လို့ဆိုတာဖြစ်ပါတယ်။ ပုံစံအရတော့

ေ.ရွှပ.န်းေ.မြွဆန်ဆန်ပါ။ တကယ်ကေ.မြွမဟုတ်ပါဘူး။ အန်ဖီဘီရန် (Amphibian) အမျိုးအစားဖြစ်တဲ့အတွက် ဖား၊ ကင်းလိပ်ရှော တို့လိုအကောင်တွေနဲ့ မျိုးနွယ်ဝင်ဖြစ်ပါတယ်။ အစာရှာရင် မျက်လုံးနဲ့နှာခေါင်းကြားက အာရုံခံလေးတွေနဲ့ရှာပြီး၊ အစာမှန်းသိတာနဲ့ ကြိတ်ပါတယ်။

သွားတွေက အပ်ချောင်းလေးတွေလိုမျိုးပုံစံ ရှိပါတယ်။ ရေချိုနဲ့ကုန်ပေါ်နှစ်ခုလုံးမှာ အသက်ရှင်နိုင်သလို တီကောင်၊ ပိုးကောင်နဲ့ ဖားသေးသေးလေးတွေ၊ မြွေသေးသေးလေးတွေကို စားပါတယ်။ ထူးဆန်းအကောင် အမျိုးအစားထဲပါတဲ့အတွက် အမေရိကန်မှာတွေ့တာနဲ့

ပြတိုက်တွေထဲမှာ သီးသန့်ထည့်ထားပါတယ်။ လူတွေကလည်း စိတ်ဝင်စားကြပါတယ်။ ရှားပါးတဲ့အတွက် အိမ်မွေးအဖြစ်လည်း မွေးစားကြချိန်မှာ ဈေးကွက်တစ်ခုလည်း ရှိလာပါတယ်။ ဒါပေမယ့် ကေစီလီရန် တစ်နည်း ေ.ရွှ.ပ.န်.းေ.မြွက သဘာဝအတိုင်း ရှင်သန်ရမယ့်

မျိုးစိတ်ပါ။ ဗမာ့စပါးအုံးလို အမေရိကားမှာ အိမ်မွေးတိရစ္ဆာန်လုပ်ရင်းကနေ မလိုလားအပ်တဲ့ပြဿနာတွေ ရှိလာနိုင်ပေမယ့် လက်ရှိမှာတော့ လူတွေကို အန္တရာယ်ပေးတာမျိုး လုံးဝမရှိသေးပါဘူး။ အမျိုးသမီးတွေကတော့ ပုံစံနဲ့တင် လန့်နေကြတယ်လို့ သိရပါတယ်။

Zawgyi

မိုင္ယာမီ အင္တာေနရွင္နယ္ေလဆိပ္မွာ အခုေျပာမယ့္အေကာင္ကို ေတြ႕လိုက္ခ်ိန္မွာ အေမရိကန္အမ်ိဳးသမီးထုႀကီးအတြက္ စိတ္ဝင္စားစရာ ျဖစ္လာပါတယ္။ မၾကာေသးခင္ကမွ ကိုလံဘီယာ၊ ဗင္နီဇြဲလားမွာေတြ႕ခဲ့လို႔ အမ်ိဳးသမီးေတြ စိတ္ဝင္စားေနတဲ့အေကာင္ဟာ အေမရိကားကို

ေရာက္လာခဲ့ပါၿပီ။ ေလာေလာဆယ္ ဘာအေကာင္လဲမေျပာခင္မွာ ပုံစံကေႁမြနဲ႔ဆင္ၿပီး၊ အမ်ိဳးသားအ.ဂ.ၤါနဲ႔တူလို႔ လြယ္လြယ္ကူကူပဲ Penis Snake လို႔ သတ္မွတ္လိုက္ၾကပါတယ္။ ျမန္မာလိုလွေအာင္ျပန္ရင္ ေ.႐ႊပ.န္းေ.ႁမြ လို႔ဆိုႏိုင္ပါတယ္။ တကယ္က ဘိုင္အိုအေခၚအရ ေကစီလီရန္

(caecilian) လို႔ေခၚပါတယ္။ အေကာင္အ႐ြယ္အစားက တစ္ေပမျပည့္တျပည့္ကေန ၅ ေပအထိရွိၿပီး၊ မ်က္စိအျမင္က မရွိသေလာက္ပါပဲ။ ေကစီလီရန္လို႔ေခၚတာက မ်က္စိအျမင္အာ႐ုံနည္းတဲ့အတြက္ လက္တင္ဘာသာစကားနဲ႔ မ်.က္က.န္းေလး လို႔ဆိုတာျဖစ္ပါတယ္။ ပုံစံအရေတာ့

ေ.႐ႊပ.န္းေ.ႁမြဆန္ဆန္ပါ။ တကယ္ကေ.ႁမြမဟုတ္ပါဘူး။ အန္ဖီဘီရန္ (Amphibian) အမ်ိဳးအစားျဖစ္တဲ့အတြက္ ဖား၊ ကင္းလိပ္ေရွာ တို႔လိုအေကာင္ေတြနဲ႔ မ်ိဳးႏြယ္ဝင္ျဖစ္ပါတယ္။ အစာရွာရင္ မ်က္လုံးနဲ႔ႏွာေခါင္းၾကားက အာ႐ုံခံေလးေတြနဲ႔ရွာၿပီး၊ အစာမွန္းသိတာနဲ႔ ႀကိတ္ပါတယ္။

သြားေတြက အပ္ေခ်ာင္းေလးေတြလိုမ်ိဳးပုံစံ ရွိပါတယ္။ ေရခ်ိဳနဲ႔ကုန္ေပၚႏွစ္ခုလုံးမွာ အသက္ရွင္ႏိုင္သလို တီေကာင္၊ ပိုးေကာင္နဲ႔ ဖားေသးေသးေလးေတြ၊ ေႁမြေသးေသးေလးေတြကို စားပါတယ္။ ထူးဆန္းအေကာင္ အမ်ိဳးအစားထဲပါတဲ့အတြက္ အေမရိကန္မွာေတြ႕တာနဲ႔

ျပတိုက္ေတြထဲမွာ သီးသန႔္ထည့္ထားပါတယ္။ လူေတြကလည္း စိတ္ဝင္စားၾကပါတယ္။ ရွားပါးတဲ့အတြက္ အိမ္ေမြးအျဖစ္လည္း ေမြးစားၾကခ်ိန္မွာ ေဈးကြက္တစ္ခုလည္း ရွိလာပါတယ္။ ဒါေပမယ့္ ေကစီလီရန္ တစ္နည္း ေ.႐ႊ.ပ.န္.းေ.ႁမြက သဘာဝအတိုင္း ရွင္သန္ရမယ့္

မ်ိဳးစိတ္ပါ။ ဗမာ့စပါးအုံးလို အေမရိကားမွာ အိမ္ေမြးတိရစာၦန္လုပ္ရင္းကေန မလိုလားအပ္တဲ့ျပႆနာေတြ ရွိလာႏိုင္ေပမယ့္ လက္ရွိမွာေတာ့ လူေတြကို အႏၲရာယ္ေပးတာမ်ိဳး လုံးဝမရွိေသးပါဘူး။ အမ်ိဳးသမီးေတြကေတာ့ ပုံစံနဲ႔တင္ လန႔္ေနၾကတယ္လို႔ သိရပါတယ္။